Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, June 23, 2015

စကားအရာကျွမ်းကျင်လှပြီး ပညာရှိပီပီဖြေသွားလိုက်တာ

 
 
စကားအရာကျွမ်းကျင်လှပြီး
ပညာရှိပီပီဖြေသွားလိုက်တာ

သတင်းထောက်တွေရဲ့ ချောင်ပိတ်မေးခွန်းတွေကို
ပညာသားပါပါ ဖြေထားပါတယ်...


အားလုံး ဖတ်သင့် လေ့လာသင့်သဖြင့်
ပြန်လည်ဝေမျှပါသည်
-----

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝါရှင်တန်ပိုစ့် အင်တာဗျူး (၁၆-၆-၂၀၁၅)
.
မေး။ တရုတ်ခရီးစဉ်ကနေဘာတွေရခဲ့ပါသလဲ။
ဖြေ။ ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးပွဲလေးတစ်ခုပါဘဲ။ အိမ်နီးချင်းဆိုတာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညီညီ ညွတ်ညွတ် နေကြရမယ်ဆိုတာ ကျွန်မတို့ အားလုံးနားလည်ထားကြပြီးသားပါဘဲ။
-
မေး။ အခုဖမ်းဆီးထောင်ချခံထားရတဲ့ တရုတ်နိုင်ငံက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo အကြောင်းခင်ဗျားဆွေးနွေးခဲ့သေးလား။


ဖြေ။ ကျွန်မအနေနဲ့ အစိုးရခေါင်းဆောင်တွေ အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ ကျွန်မနဲ့ကြားပြောတဲ့ စကား တွေကိုတစ်ခါမှ အသေးစိတ်ပြန်မဆွေးနွေးဘူး။ ဒါတွေကိုကိုယ်ရေးကိုယ်တာအဖြစ် သတ်မှတ် ထားတယ်။
-
မေး။ ခင်ဗျားနေအိမ်အကျယ်ချုပ်နေနေစဉ်ကာလမှာ တရုတ်ကခင်ဗျားကိုထောက်ပံ့မှုမရှိခဲ့ဘူး၊ နောက်ပြီး ခင်ဗျားနေအိမ်အကျယ်ချုပ် ချခံရတာကိုထုတ်ဖော်ပြောဆိုတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကိုလည်း ခင်ဗျားကလက်ခံကြိုဆိုခဲ့တယ်နော်။

ဖြေ။ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုတာ နိုင်ငံတစ်ခုချင်းစီတိုင်းမှာ ပြည်သူတွေကကိုယ်တိုင်ဖန်တီးယူရတာပါ။ ကျွန်မတို့နဲ့ တရုတ်နိုင်ငံကြားဆက်ဆံရေးကလွတ်လပ်မှုအပေါ်မှာ အခြေခံပြီးတည်ဆောက်ထားတာဖြစ် တယ်။ ကျွန်မတို့ ကိုယ့်နိုင်ငံအသီးသီးမှာကိုယ်လက်ခံကျင့်သုံးချင်တဲ့ နိုင်ငံရေးဝါဒတွေ မတူညီကြပေမဲ့ ဒီ ဆက်ဆံရေးကို ကျွန်မတို့ ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ယုံကြည်တယ်။
-
မေး။ ဒါဆိုဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုတာ နိုင်ငံတစ်ခုချင်းစီတိုင်းမှာ ပြည်သူတွေက ကိုယ်တိုင် ဖန်တီးယူရတာလို့ ခင်ဗျားပြောခဲ့တယ်နော်။ ဒါက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်အနေနဲ့ ကျင့်သုံးသင့်တဲ့ သဘောထားများလား။

ဖြေ။ ကျွန်မယူဆတာကတော့ လူတိုင်းက သူတို့နိုင်ငံအတွက် သူတို့ဆန္ဒရှိတာကို လုပ်ဆောင်ကြတာ ချည်းပါဘဲ။ ဒါပေမဲ့သူတို့ မိတ်ဆွေတွေရဲ့ ကူညီမှုကိုဖြစ်နိုင်ရင်တော့ လိုချင်ကြတာဘဲလေ။
-
မေး။ ခင်ဗျားနိုင်ငံအကြောင်း ကျွန်တော့ကို မေးခွင့်ပြုပါခင်ဗျာ့။

ဖြေ။ ရပါတယ်။ မေးပါ။ ကျွန်မလဲ ကျွန်မနိုင်ငံအကြောင်းပြောရတာပိုအားရတယ်။

မေး။ ရွေးကောက်ပွဲတွေက ပြည်သူကိုကိုယ်စားပြုတဲ့ အစိုးရတစ်ခုထွက်ပေါ်လာဖို့ ဘယ်လောက်ထိ ဖြစ်နိုင်ချေရှိလဲ။
ဖြေ။ ကျွန်မတို့က အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ကာလအပိုင်းအခြားတစ်ခုထဲကိုဝင်ရောက်လာနေ ပြီဖြစ် ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်မတို့ လွှတ်တော်ထဲမှာအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းတွေကို စဆွေးနွေး ခဲ့တယ်။ ရွေးကောက်ပွဲတွေ ဘယ်လောက် တရားမျှတမှုရှိတယ်၊ လွတ်လပ်တယ်ဆိုတာက အခြေခံ ဥပဒေကို မည်သူမဆိုတန်းတူညီမျှ ဝင်ရောက်ရွေးကောက်ခံ နိုင်ခွင့်ရအောင် ပြင်ဆင်ခြင်းရှိ/ မရှိဆိုတာနဲ့ သက်ဆိုင် ပါလိမ့်မယ်။
-
မေး။ ဒါဆိုရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေကို ပြင်ဆင်ဖို့ အခွင့်အရေးရှိသေးလားခင်ဗျာ။

ဖြေ။ အခွင့်အရေးဆိုတာအမြဲတမ်းရှိပါတယ်။ ကျွန်မတို့ ဒါကိုထိုင်စောင့်နေမှာမဟုတ်ပါဘူး၊ ကျွန်မတို့က အခြေခံဥပဒေဘယ်တော့ပြင်မလဲဆိုတာကို မျှော်တလင့်လင့်စောင့်ရင်းနဲ့ ရွေးကောက်ပွဲတွေဝင်ပြိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ အခွင့်အလမ်းတွေကိုတော့ လုံးဝပိတ်မပစ်ပါဘူး။
-
မေး။ အဲ့လိုမဖြစ်ခဲ့ဘူးဆိုရင် ရွေးကောက်ခံရတဲ့လွှတ်တော်နဲ့ သမ္မတက လူထုဆန္ဒကို ထင်ဟပ်နိုင်ပါ့မလား။

ဖြေ။ ရွေးကောက်ပွဲတွေကလွတ်လပ်ပြီးတရားမျှတရင်တော့ လွှတ်တော်က ပြည်သူကိုကိုယ်စားပြုတဲ့ လွှတ်တော်ဖြစ်လာမှာဘဲလေ။ သမ္မတနေရာကတော့ အခြေခံဥပဒေ ပြင်/ မပြင် အပေါ်မှာမူတည်ပါလိမ့်မယ်။
-
မေး။ ဒါဆိုလွှတ်တော်ထဲမှာ ချုပ်ကိုင်လွှမ်းမိုးနေတဲ့ လေးပုံတစ်ပုံသောတပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကရော။

ဖြေ။ လွှတ်တော်ထဲမှာတပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလွှမ်းမိုးထားတယ်ဆိုတာကို ကျွန်မတို့ သိပါတယ်။ ဒါပေမဲ့ ဒါကအမြဲတမ်းမဟုတ်ပါဘူး။ လွှတ်တော်ထဲမှာသူတို့ အမြဲတမ်းရှိနေဖို့မှ မလိုအပ်တာ။ နောက်ပြီး ချုပ်ကိုင်တယ်ဆိုတာကလည်းလူတွေပြောနေကြသလို တစ်ချိန်ချိန်မှာအဆုံးသတ်ဖို့ အတွက်ပဲ မဟုတ်လား။
-
မေး။ ဒါဆိုရွေးကောက်ပွဲမတိုင်မီအပြောင်းအလဲမရှိဘူးဆိုရင် ရှိလာအောင် လုပ်ဖို့အတွက် NLD အနေနဲ့ နိုင်ငံရေးအရအားသာမှုတွေ ရှိနေပြီလား။

ဖြေ။ ရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ်တွေသည် ဒီမိုကရေစီနည်းလမ်းမကျတဲ့အတွက်ကြောင့် ပြင်ဆင်ရမယ်ဆိုတာကို NLD က ရှင်းရှင်းလင်းလင်းပြောထားပြီးသားပါ။ ဒါပေမဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအလို့ငှာဒီကိစ္စကိုတစ်ဆင့်ချင်းဆွေးနွေးသွားမယ်လို့ ကျွန်မတို့ ပြောထားပါတယ်။ နောက်ပြီး ကျွန်မတို့ကရွေးကောက်ခံမဟုတ်တဲ့ကိုယ်စားလှယ်အားလုံးကိုလွှတ်တော်ထဲကထွက်သွားဖို့ဇွတ်အတင်း ပြောနေတာလဲမဟုတ်ပါဘူး။
-
မေး။ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေအပေါ် ခင်ဗျားရဲ့ ယေဘုယျ အမြင်လေး သိချင်ပါတယ်။

ဖြေ။ ကျွန်မတို့ မျှော်လင့်တာကတော့ ဒီမိုကရေစီဖေါ်ဆောင်ရေးလုပ်ငန်းစဉ်ဟာတစ်ကယ် အစစ်အမှန် ဆောင်ရွက်နေတယ်ဆိုရင် အစိုးရဘက်ကဒါကိုစစ်မှန်တဲ့ ဆွေးနွေးပွဲတွေပြုလုပ်ပြီးတော့ အတည်ပြုပေး စေချင်တာဘဲဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ချင်ဘူးဆိုတာပိုပြီးသိသာလာပါတယ်။ ကျွန်မတို့ဘက်ကလဲဒီခရီးလမ်းတစ်လျှောက် ဆူးခလုပ်တွေရှိမယ်ဆိုတာမျှော်လင့်ထား ပြီးသားပါ။
-
မေး။ အစိုးရကပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို အခုအခြေအနေမှာရပ်တန့်လိုက်ပြီး ဥပမာလက်ရှိ ကမ္ဘောဒီယားမှာလိုဘဲ အစိုးရက အပေါ်ယံဒီမိုကရေစီလောက်ပဲ ပေးထားမျိုး ဖြစ်သွားနိုင်ပါသလား။ စစ်ဗိုလ်ချုပ်ဟောင်းတွေက နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပါဝါအများစုကို ဆက်လက်ထိန်းချုပ်ထားတဲ့ အခြေအနေမှာဘဲရှိနေတယ်မဟုတ်လား။

ဖြေ။ ပြုပြင်ပြောင်းလဲရေးတွေက အတုအယောင်တွေဖြစ်နေမှာကို ကျွန်မတို့ စိုးရိမ်မိတယ်။ နောက်ပြီး ဒီမိုကရေစီဖေါ်ဆောင်ရေးလုပ်ငန်းစဉ်တွေ သေချာဖို့ဆိုရင် ဒီ့ထက်ပိုပြီးခိုင်မာတဲ့ အဆင့်တွေဆက် တည်ဆောက်ဖို့ လိုအပ်ပါသေးတယ်။ ဒါပေမဲ့ ကျွန်မတို့က ကမ္ဘောဒီးယားနဲ့ လုံးဝမတူပါဘူးရှင်။ ကျွန်မတို့ကြုံတွေ့နေရတဲ့ ပြဿနာတွေက ကမ္ဘောဒီယားမှာ ကြုံနေရတဲ့ပြဿနာတွေထက် အများကြီး ပိုဖြေရှင်းရခက်ပါတယ်။ နိုင်ငံအရွယ်အစား၊ လူဦးရေနဲ့ ကာလရှည်ကြာဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှ အများကြီးဘဲ။
-
မေး။ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒတွေ ဘာကြောင့် မြင့်တက်လာရတာလဲခင်ဗျ။

ဖြေ။ ကျွန်မထင်တယ် ကျွန်မတို့ အမျိုးသားရေးဝါဒနဲ့ အစွန်းရောက်ဝါဒကိုရှင်းရှင်းလင်းလင်းခွဲခြားရပါမယ်။ နောက်ပြီး ကျွန်မတို့ စိုးရိမ်တာကလည်းအစွန်းရောက်ဝါဒကို စိုးရိမ်မိတာဘဲဖြစ်ပါတယ်။ အမျိုးသားရေး ဝါဒဆိုတာ နည်းမှန်လမ်းမှန်နဲ့ ထိန်းချုပ်အသုံးပြုရင်တော့ ဆိုးဝါးတဲ့ ဝါဒတစ်ခုမဟုတ်ပါဘူး။ အစွန်းရောက် မှသာ ပြဿနာရှိတာပါ။
-
မေး။ ဒါဆို မြန်မာပြည်မှာ ဒီအနေအထားနဲ့ပတ်သက်ပြီး ပြဿနာရှိနေပြီလား။

ဖြေ။ အစွန်းရောက်ဝါဒဆိုတာ မြန်မာပြည်မှာတင်မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးကမည်သည့် လူ့အဖွဲ့ အစည်းအတွက်မဆို ပြဿနာတစ်ခုဘဲဖြစ်တယ်လို့ ကျွန်မထင်တယ်။
-
မေး။ မြန်မာပြည်မှာအစွန်းရောက်ဝါဒဘယ်ကနေအစပြုမြစ်ဖျားခံလာတာလဲ။ ကျွန်တော်တို့ ဘာကြောင့် မြန်မာပြည်မှာအစွန်းရောက်ဝါဒကိုအခု မြင်တွေ့နေရတာလဲခင်ဗျ။

ဖြေ။ ဒါကတော့ ကျွန်မလဲသိချင်နေတဲ့ကိစ္စဘဲရှင့်။ ဒါပေမဲ့ ရှင်က ရခိုင်ဒေသအကြောင်းကို ပြောနေတာ ဆိုရင်တော့ ဒီပြဿနာတွေကလွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တာပါဘဲ။ ဒါတွေက တအုံနွေးနွေးတည်ရှိနေခဲ့တာ၊ နောက်ပြီးအစိုးရကလည်း နှစ်ဘက်အဖွဲ့အစည်းကြား တင်းမာမှုတွေ လျော့သွား အောင် အလုံအလောက် မဆောင်ရွက်ပေးနိုင်သေးတဲ့အပြင် ပဋိပက္ခရဲ့ ဇစ်မြစ်တွေကိုလည်း မရှင်းပစ်နိုင်သေးဘူး။
-
မေး။ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်သင့်တယ်လို့ ခင်ဗျားထင်လား။

ဖြေ။ အစိုးရကအခု ၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ရှိ/မရှိကိုစိစစ်နေပါပြီ။ ဒီကိစ္စကို မြန်မြန်ဆောင်ရွက်သင့်တယ်လို့ ကျွန်မထင်တယ်။ နောက်ပြီးတော့ ပွင့်လင်းမြင်သာမှုရှိဖို့လဲလိုတယ်။ ဒါတွေပြီးတော့မှ နောက်တစ်ဆင့် ဘာဆက်လုပ်သင့်တယ်ဆိုတာကိုဆုံးဖြတ်ရမယ်။
-
မေး။ ရိုဟင်ဂျာအရေးနဲ့ တခြားလူနည်းစုလူမျိုးရေးကိစ္စတွေမှာခင်ဗျား ဒီ့ထက်ပိုပါဝင်သင့်တယ်လို့ ပြောနေကြတဲ့ ခင်ဗျားရဲ့ နိုင်ငံခြားက မိတ်ဆွေတွေကိုခင်ဗျားဘယ်လိုပြန်ပြောလဲ။

ဖြေ။ ကျွန်မတို့နိုင်ငံမှာလူနည်းစုတိုင်းရင်းသားတွေ အများကြီးရှိပါတယ်။ နောက်ပြီး ကျွန်မအမြဲပြောတာက လူနည်းစုအခွင့်အရေးရယ်၊ ငြိမ်းချမ်းရေးရယ်၊ ညီညွတ်မှုရှိဖို့ရယ်၊ ညီမျှဖို့ရှိဖို့ရယ် စသဖြင့်ပေါ့လေ၊ အဲဒီ ဒီမိုကရေစီစံနှုန်းတွေအတွက် NLD နဲ့ တခြားညီနောင် မိတ်ဆွေတွေ တိုက်ပွဲဝင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း သုံးဆယ်ရှိလာပါပြီ။ အဲဒီကာလတွေထဲမှာကျွန်မတို့ဟာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အများကြီး ကျူးလွန်ခံခဲ့ကြရတယ်။ တခြားသူတွေလည်းဒီလိုဘဲ။ သူတို့ အခွင့်အရေးကိုကာကွယ်မပေးထားတဲ့အတွက် လက်နက်စွဲကိုင်ခဲ့ကြတဲ့ တိုင်းရင်းသားလူနည်းစုတွေ အများကြီးမှ အများကြီးဘဲ။ လူနည်းစုအခွင့်အရေးကို ကာကွယ်ဖို့ကိစ္စက အင်မတန်မှကို ဂရုတစိုက်ဖြေရှင်းဆောင်ရွက်ရမဲ့ ကိစ္စပါ။ ဒါ့အပြင် တတ်နိုင်သမျှ အမြန်ဆုံးနဲ့ ထိရောက်မှုရှိအောင် ဆောင်ရွက်ရပါမယ်။ အစိုးရကဒါတွေကိုလုံလောက်အောင် ဆောင်ရွက်နေ ရဲ့လားဆိုတာတော့ကျွန်မလဲသေချာမသိဘူး။ အချက်အလက်အရ အစိုးရကလုံလောက်စွာ ဆောင်ရွက်ခြင်း မရှိဘူးလို့ကျမထင်ပါတယ်။
-
မေး။ “အင်မတန်မှကိုဂရုစိုက်ရမယ် ” ဆိုတာခင်ဗျားဘာကိုဆိုလိုတာလဲ။

ဖြေ။ ကျွန်မဆိုလိုတာက ဒါကထိလွယ်ရှလွယ်တဲ့ ပြဿနာဖြစ်တယ်လို့ ပြောချင်တာပါ။ နောက်ပြီးလူမျိုး၊ ဘာသာရေးအဖွဲ့တွေက အများကြီးဘဲ။ အဖွဲ့တစ်ဖွဲ့အပေါ် ကျွန်မတို့ရဲ့ အပြုအမူက တခြားအဖွဲ့တွေ အပေါ်မှာလည်း သက်ရောက်မှုတစ်ခုရှိသွားမှာဘဲလေ။ဒါကြောင့် ဒါကအင်မတန်ရှုပ်ထွေးတဲ့ အခြေအနေ ကြီးပါ။ နောက်ပြီးနေ့ချင်းညချင်းဖြေရှင်းလို့ရတဲ့ ကိစ္စလဲမဟုတ်ပါဘူး။
-
မေး။ အစွန်းရောက်အဖွဲ့အစည်းတွေက NLD ကို နိုင်ငံရေးအခက်တွေ့စေသလား။ ဒီလိုဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ အစွန်းရောက်အယူအဆတွေကို လှုံ့ဆော်နေတာမျိုးရောဖြစ်နိုင်ပါသလား။

ဖြေ။ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် NLD အနေနဲ့ကတော့ ဘယ်အစွန်းရောက်ဝါဒကိုမှ တစ်ခါမှ မထောက်ခံခဲ့ဖူးပါဘူး။ ဒါကြောင့် အစွန်းရောက်အဖွဲ့အစည်းတွေက NLD ကို သူတို့မိတ်ဆွေလို့ သတ်မှတ်ပုံ မရပါဘူး။ နောက်ပြီးဘာသာရေးလှုပ်ရှားမှုတွေရဲ့နောက်မှာ နိုင်ငံရေးရည်ရွယ်ချက်တွေ ရှိနေတာသိပ် သေချာသလောက်ရှိပါတယ်။
-
မေး။ မဲစာရင်းပြဿနာက ဘယ်လောက်ထိ သက်ရောက်မှုရှိနိုင်သလဲ။

ဖြေ။ ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၁၀ မြို့နယ်ကိုလေ့လာခဲ့ပါတယ်။ တချို့မြို့နယ်တွေမှာ ၈၀ ရာခိုင်နှုန်းလောက်အထိမှားနေတာကို တွေ့ရပါတယ်။ အင်မတန်ဆိုးဝါးပါတယ်။ တချို့နေရာတွေမှာတော့ ၃၀ ရာခိုင်နှုန်းအောက် ရှိတာတွေ့ရပါတယ်။ ရွေးကောက်ပွဲအချိန်မီ ဒီမဲစာရင်းအမှားတွေကို ကျွန်မတို့ ဘယ်လိုပြင်ကြမလဲ။ နောက်ပြီးရန်ကုန်မှာတောင် ဒီလောက် အခြေအနေဆိုးနေတယ်ဆိုရင် ဥပမာ နယ်စပ်ဒေသတွေဆိုရင် ဘယ်လောက်များဆိုးလိုက်မလဲ။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကတော့ဒီအမှား တွေအကုန်လုံးကိုပြင်ဆင်ချင်စိတ်အလေးအနက်ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာအချိန်မီပြင်ဆင်ဖို့ အချိန်နဲ့ နည်းပညာကျွမ်းကျင်မှု အလုံအလောက်ရှိပါ့မလားလို့ ကျွန်မလဲသိချင်မိတယ်။
-
မေး။ အစောပိုင်းဖြေလျှော့မှုတွေပေးပြီး နောက်ပိုင်းအခြေခံလွတ်လပ်ခွင့်တွေ ကိုပြန်လျှော့ချထားတာ မျိုးရှိလား။

ဖြေ။ အစိုးရကမီဒီယာလွတ်လပ်ခွင့်ကို ပြန်ပိတ်ဆို့တာကို ကျွန်မတို့ စ သတိထားမိတာတစ်နှစ်ကျော်ပါပြီ။ တချို့ဂျာနယ်လစ်တွေ ဘယ်လိုအဖမ်းခံရတယ်၊ ဘယ်လို နှစ်ရှည်ထောင်ဒဏ်ချခံရတယ်ဆိုတာကို ရှင်လည်း ကြားမိမှာဘဲ။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေက တန့်နေရုံတင်မကဘူး နောက်ပြန်ဆုတ် နေတယ် လို့ ကျွန်မတို့ကခံစားနေရတာပါ။
-
မေး။ ပြုပြင်ပြောင်းလဲရေးတွေက နောက်ကြောင်းပြန်နေတုန်းဘဲလား။

ဖြေ။ ရွေးကောက်ပွဲမတိုင်ခင်တော့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကလွဲရင် တခြားဘာမှမဖြစ်လာနိုင်ဘူးလို့ ကျွန်မထင်တယ်။ နောက်ပြီး ကျွန်မအထင်တော့ အစိုးရကအခြေခံဥပဒေပြင်ဆင်ဖို့ကို လုံးဝဆန့်ကျင်နေတယ်။ ဒါကနောက်ကြောင်းပြန်ခြင်းဘဲမဟုတ်လား။
-
မေး။ အသက် ၇၀ ပြည့်ပြီဆိုတော့ ဘယ်လိုခံစားရတုန်းဗျ။

ဖြေ။ သိပ်ထူးထူးခြားခြားမရှိလှပါဘူး။ ဒါပေမဲ့ ကျွန်မဒီလောက်ထိခရီးပေါက်ခဲ့တာကတော့ စိတ်ဝင်စားစရာဘဲ။

Credit - Myet Chell

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။