Jack Ma … လူငယ်တွေကို ဘာပြောခဲ့သလဲ….။ (ကိုရီးယားမှာ)
------------------
Jack Ma ဆိုတဲ့ပုဂိ္ဂုလ်အကြောင်း အကျယ်ဖွင့်ပြီး ပြောနေစရာလိုလိမ့်မယ် မထင်တော့ပါဘူး။ Alibaba Group လို့ခေါ်တဲ့ တရုတ် E-commence ကုမ္ပဏီတစ်ခုရဲ့  CEO ဆိုတာ အားလုံးနီးပါးသိပြီးကြလောက် ပါပြီ။ သူရဲ့  ဒီထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အကောင်အထည်ဖော်နိုင်ခဲ့ပြီး အင်အားကောင်းလာခဲ့ တဲ့ Alibaba ဟာ ပြိုင်ဘက် ကမ္ဘာကျော် E-commence လုပ်ငန်းကြီးများဖြစ်တဲ့ Amazon, Ebayတို့ကို ကျော်ဖြတ်ကာ 2014 စက်တင်ဘာလထဲမှာ New York Stock Exchange (NYSE) ရဲ့  ကမ္ဘာ့စံချိန်ချိုး အကြီးမားဆုံးသော စတော့ရှယ်ယာ ထုတ်ရောင်းနိုင်ဆုံး ကုမ္ပဏီအဖြစ် မှတ်တမ်းတင်ခံ ခဲ့ရပါသေးတယ်။
Jack Ma ဟာ မြန်မာများနှင့် မျက်နှာမစိမ်းလှပါဘူး။ ဘာလို့လဲ ဆိုတော့သူဟာ မြန်မာ့လူရွင်တော် ဗေလုဝနဲ့ အတော်လေး ရုပ်ဆင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းပဲ သူကို inspire အတော်လေးဖြစ်ခဲ့သူပါ။ ဒီဆောင်းပါးလေးရေးမယ်ဆိုပြီးဖြစ်ပေါ်လာပုံက ဒီလိုပါ။ DMA Page ပေါ်က ကိုရီးယားမှာလုပ်တဲ့ Jack Ma ဟောပြောပွဲ Video Clip ကလေးကြည့်မိပြီး inspire ဖြစ်လွန်းလို့ လူငယ်တွေအတွက် ပြန်လည်မျှဝေချင်လို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ခုချိန်က စလို့ သူပြောတာလေးကို သူ့ပြောနေဟန်နဲ့ ရေးပါရစေ။
Jack Ma က ပြောပါတယ်….
စိတ်မပူကြပါနဲ့။ အမှားဆိုတာကို လုပ်လိုက်ရမှာကို စိတ်မပူကြပါနဲ့။ အမှားဆိုတာ - ကိုယ်ရလိုက်တဲ့ ပိုက်ဆံလို မြင်ပေးကြပါ။ အဲတော့ ကျွန်တော့်ကို ကျွန်တော်ရော၊ ကျွန်တော့်လူတွေကိုရော ကျွန်တော် ကတော့ ဒီအတိုင်းပြောထားတယ်။
ဟေ့ကောင်... မင်း အသက် ၂၀ မပြည့်သေးဘူးလား။ သွား အသက် ၂၀ မပြည့်သေးရင် “ကျောင်းသားကောင်း တစ်ယောက်” ကိုယ့်ကိုယ်ကို ဖြစ်အောင် အရင်လုပ်။ ကိုယ်က Entrepreneur တစ်ယောက်ဖြစ်ချင်တဲ့သူဆို အဲအချိန် အတွေ့အကြုံရအောင်ယူထား။
မင်း အသက် ၃၀ မပြည့်သေးဘူးလား။ သွား အသက် ၃၀ မပြည့်သေးရင် အောင်မြင်နေတဲ့ ကိုယ်သိပ်အားကျ၊ အတုယူရတဲ့ သူတစ်ယောက် လုပ်တဲ့ အတိုင်း လိုက်နာပြီး လုပ်ကွာ။
ကိုယ်က အလုပ်လုပ်ရမယ့်သူဆိုရင် - ကုမ္ပဏီအသေးလေးကို ရွေးလုပ်။ ဘာလို့လဲ ဆိုတော့ မင်းတို့ ကုမ္ပဏီကြီးမှာ လုပ်မယ်ဆိုရင် ကုမ္ပဏီကြီးတွေမှာ အဓိက မင်းတို့ သင်ယူလို့ ရမှာက - Processing ကောင်းတွေပဲ သင်ယူရရှိနိုင်တယ်။ အဲတော့ကိုယ်က စက်ယန္တရားကြီးတစ်ခု ရဲ့  အစိတ်အပိုင်းတစ်ခုပဲ ဖြစ်နေမှာ။ မင်းတို့ လူငယ်တွေ ကုမ္ပဏီအသေးတွေမှာ လုပ်မယ်ဆိုရင် ကုမ္ပဏီသေးလေးရဲ့  Passion, Dream နဲ့ အဲဒီကုမ္ပဏီမှာ ရှိနေသမျှ အကုန်လုပ်နိုင်အောင်။ လုပ်တတ်အောင် အကုန်သင်ယူလို့ ရတယ်။ အကုန်ရမှာ။ ဆိုလိုတာ… အသက် ၃၀မပြည့်သေးခင်မှာ ဘယ်လိုကုမ္ပဏီမှာ မင်းအလုပ်လုပ်တယ်ဆိုတာ အရေးမကြီးဘူး။ မင်းဘယ်လို သူဌေးမျိုးအောက်မှာ အလုပ်လုပ်တယ်သာ အရေးကြီးတယ်။ သူဌေးကောင်းနဲ့တွေ့ရင် ပညာကောင်းကောင်းရလိမ့်မယ်။
မင်းအသက် ၃၀-၄၀ ကြားကို ရောက်လာပြီဆိုရင်တော့… သေချာစဉ်းစားဖို့လိုလာပြီ။ တကယ်တမ်း Entrepreneur ဖြစ်ချင်တယ်ဆိုရင်တော့ အဲဒီအသက်အပိုင်းအခြားမှာ ကိုယ့်ကိုယ်ပိုင် အလုပ်အတွက် စလုပ်ဖို့လိုလာပြီ။
မင်း အသက် ၄၀-၅၀ ကြားကိုရောက်လာရင် … ကိုယ်ကျွမ်းကျင်တဲ့ အရာတွေပဲ လုပ်သင့်တော့တယ်။ အဲအချိန်ကျတော့မှ တခြားနယ်ပယ်သစ်ကို ခြေလှမ်းဖို့ စဉ်းစားမနေနဲ့တော့။ သိပ်နောက်ကျသွားပြီ။ ကံကောင်းလို့သာ မင်းအဲဒီ နယ်ပယ်အသစ်ထဲမှာ အောင်မြင်ချင် အောင်မြင်လိမ့်မယ်… ဒါပေမယ့် အောင်မြင်နိုင်ခြေသိပ်နည်းလွန်းတယ်။ အဲဒီတော့ ဒီအသက်အရွယ်ရောက်လာရင် ကိုယ်ပိုင်နိုင်တဲ့ နယ်ပယ်မှာပဲ အသေအချာ အာရုံစိုက် စောက်ချ လုပ်ပါ။
မင်း အသက် ၅၀-၆၀ နှစ်လောက်ကြရင်… မင်းတို့လုပ်သမျှ အလုပ်တိုင်းဟာ “လူငယ်” တွေအတွက်ဖြစ်ပါစေ။ ဘာလို့လဲ ဆိုတော့ အဲဒီအသက်အရွယ်ရောက်နေတဲ့ မင်းထက် လူငယ်တွေက ပိုကောင်းအောင်လုပ်နိုင်လို့ ပဲ။ သူတို့ကို အားကိုးပါ။ သူတို့အတွက် ရင်းနှီးမြုပ်နှံပါ။ သူတို့လေးတွေ ကောင်းလာဖို့အတွက် လုပ်ပါ။
မင်းတို့ အသက် ၆၀ ကျော်သွားပြီဆိုရင်တော့…. ကိုယ့်အတွက်ပဲ အချိန်ရအောင် ယူပါ။ ကိုယ့်အတွက် အချိန်ဖြုန်းပါ။ ခရီးတွေထွက်… ပင်လယ်ကမ်းခြေတွေမှာ အပန်းဖြေ… ပျော်လို့ပါးလို့ပေါ့။..
ဟုတ်ကဲ့ပါ ဒါတွေက တော့ ကျွန်တော် အကြံပြုတာပါ။ အသက် ၂၅ နှစ်အရွယ်မှာတော့ … အမှားကို မကြောက်ပဲ… လုပ်ရဲကိုင်ရဲနဲ့ လုပ်ချပစ်ပါ။ ဘာမှ ပူပန်မနေနဲ့။ လဲကျ သွားလိမ့်မယ်… ကျပါစေ။ ပြန်ထ။ ထပ်ကျလိမ့်မယ်… ပြန်ထ။ ဘာဖြစ်လဲ… လဲလိုက်ထလိုက်၊ လဲလိုက်ထလိုက်။ အဲဒီ အဖြစ်အပျက် ထိုင်ကြည့် ...အပျင်းတောင်ပြေသေးတယ်။
Xxxxxxxxxxxxx xxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxx
ကျောင်းသားတစ်ယောက်က မေးပါတယ်။ ဘယ်အရာတွေကို ခုချိန်မှာနောင်တ ရနေပါသလဲတဲ့။
သူက….
ကျွန်တော် နောင်တ ရတာကတော့… တခြားသူတွေကို မျက်ရည်ကျအောင်လုပ်မိတာပါပဲ ။
ကျွန်တော့်ဘ၀မှာ နောင်တ ရစရာတွေအများကြီးပါ။
မီဒီယာတွေနဲ့ စောစော မတွေ့ရလို့လဲ နောင်တရဖူးပါတယ်။ လူပုံအလယ်မှာ ဒီလို စကားပြောတတ်ဖို့ မလေ့ကျင့်ခဲ့မိတာကိုလည်း နောင်တရမိပါတယ်။ ခုဆိုရင် … ကိုယ့်တစ်ဦးတည်း တစ်ယောက်တည်း အချိန်ဆိုတာ မရှိသလောက်ရှာလာပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ … အလုပ်တွေ မီးကုန်ယမ်းကုန်ကြိုးစားခဲ့ ချိန်တွေမှာ မိသားစုကို လှည့်ကြည့်ချိန်မရခဲ့တဲ့အတွ က်လည်း အင်မတန်မှ နောင်တရမိပါတယ်။ ဖြစ်နိုင်လို့ရှိရင်… ဘ၀ကအသစ်ကပြန်စရရင်…ဒီလိုမျိုးလုပ်မိမယ်မထင်ပါဘူး။ ကျွန်တော့် မိန်းမဆိုအမြဲပြောတယ်။ ရှင်က… ကျွန်မတို့ရဲ့ မိသားစုလို့တောင် ပြောလို့မရဘူး။ ရှင်ဟာ အလီဘာဘာရဲ့ မိသားစုဝင်ဖြစ်သင့်တာလို့ေ တာင် ပြောဖူးပါတယ်။
အဲတော့ မင်းတို့သိကြတဲ့အတိုင်းပဲ။ ဘ၀ဆိုတာ သိပ်ကို တိုတောင်းလွန်းပါတယ်။ အဓိက ကဘာလဲဆိုတော့… အတွေ့အကြုံပဲ။ ဖြတ်ကျော်ခြင်းတွေပဲ။ ဒီနေရာမှာ အမြင်တွေမတူကြဘူး။ တချို့ ကပြောမယ်… ချမ်းသာရင် အောင်မြင်ပြီတဲ့။ အောင်မြင်မှုကို ချမ်းသာကြွယ်ဝမှုနဲ့ တိုင်းတာသူပေါ့။ ဒါကိုတော့ ကျွန်တော်မှန်တယ်မထင်ဘူး။ ဘ၀ဟာ ရွေးချယ်ခြင်းပဲ။ သူ့ရွေးချယ်မှုအလိုက် အောင်မြင်မှုဟာလည်း ကွဲပြားမှာပဲ။
ကျွန်တော်တို့ဆီမှာလည်း လူတွေမမြင်နိုင်တဲ့ နောက်ကွယ်က ပြသနာတွေ အများကြီးရှိခဲ့ကြတာပဲ။ ကျွန်တော်ငိုတာပဲ။ ဘာဖြစ်လဲ။
ကုမ္ပဏီတစ်ခုကို အုပ်ချုပ်တာ လွယ်တာမှတ်လို့။ လူငယ် ၃၄,၀၀၀ အပါအ၀င် နဲ့ ၀န်ထမ်းပေါင်း ဦးရေ သိန်း ၅၀၀ ရှိတဲ့ အဲဒီကုမ္ပဏီမှာ ၁%လောက်ကပဲ ပြသနာထရှာအုံး။ ၅သိန်းနော်။ ခေါင်းကိုက်စရာကြီး။ တကယ်လို့သာ … နောင်တရကြကြေးဆိုရင်… အတော်လေးတောင် နောက်ကျနေပြီ။
အဲတော့… နောင်တရခြင်းကို မေ့ထားလိုက်စမ်းပါ။ နောင်တ ရဖို့ စဉ်းစားမနေနဲ့တော့။ အဲတာ နောင်တရဖို့ ထိုင်စဉ်းစားမယ့်အစား … နောင်လာမယ့် ၄ - ၅ နှစ်ကိုပဲ ထိုင်ပြီး ကြည့်ကြရင် မကောင်းဘူးလား။
Cradit : Via Sebastian Bo (စီမံခန့်ခွဲနည်းများဆွေးနွေးကြမယ်)
ဗိုလ်ဗိုလ်ကျော်
၀၂.ဇွန်လ.၂၀၁၅
------------------
Jack Ma ဆိုတဲ့ပုဂိ္ဂုလ်အကြောင်း အကျယ်ဖွင့်ပြီး ပြောနေစရာလိုလိမ့်မယ် မထင်တော့ပါဘူး။ Alibaba Group လို့ခေါ်တဲ့ တရုတ် E-commence ကုမ္ပဏီတစ်ခုရဲ့  CEO ဆိုတာ အားလုံးနီးပါးသိပြီးကြလောက်
Jack Ma ဟာ မြန်မာများနှင့် မျက်နှာမစိမ်းလှပါဘူး။ ဘာလို့လဲ ဆိုတော့သူဟာ မြန်မာ့လူရွင်တော် ဗေလုဝနဲ့ အတော်လေး ရုပ်ဆင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းပဲ
Jack Ma က ပြောပါတယ်….
စိတ်မပူကြပါနဲ့။ အမှားဆိုတာကို လုပ်လိုက်ရမှာကို စိတ်မပူကြပါနဲ့။ အမှားဆိုတာ - ကိုယ်ရလိုက်တဲ့ ပိုက်ဆံလို မြင်ပေးကြပါ။ အဲတော့ ကျွန်တော့်ကို ကျွန်တော်ရော၊ ကျွန်တော့်လူတွေကိုရော ကျွန်တော် ကတော့ ဒီအတိုင်းပြောထားတယ်။
ဟေ့ကောင်... မင်း အသက် ၂၀ မပြည့်သေးဘူးလား။ သွား အသက် ၂၀ မပြည့်သေးရင် “ကျောင်းသားကောင်း တစ်ယောက်” ကိုယ့်ကိုယ်ကို ဖြစ်အောင် အရင်လုပ်။ ကိုယ်က Entrepreneur တစ်ယောက်ဖြစ်ချင်တဲ့သူဆို အဲအချိန် အတွေ့အကြုံရအောင်ယူထား။
မင်း အသက် ၃၀ မပြည့်သေးဘူးလား။ သွား အသက် ၃၀ မပြည့်သေးရင် အောင်မြင်နေတဲ့ ကိုယ်သိပ်အားကျ၊ အတုယူရတဲ့ သူတစ်ယောက် လုပ်တဲ့ အတိုင်း လိုက်နာပြီး လုပ်ကွာ။
ကိုယ်က အလုပ်လုပ်ရမယ့်သူဆိုရင် - ကုမ္ပဏီအသေးလေးကို ရွေးလုပ်။ ဘာလို့လဲ ဆိုတော့ မင်းတို့ ကုမ္ပဏီကြီးမှာ လုပ်မယ်ဆိုရင် ကုမ္ပဏီကြီးတွေမှာ အဓိက မင်းတို့ သင်ယူလို့ ရမှာက - Processing ကောင်းတွေပဲ သင်ယူရရှိနိုင်တယ်။ အဲတော့ကိုယ်က စက်ယန္တရားကြီးတစ်ခု ရဲ့  အစိတ်အပိုင်းတစ်ခုပဲ ဖြစ်နေမှာ။ မင်းတို့ လူငယ်တွေ ကုမ္ပဏီအသေးတွေမှာ လုပ်မယ်ဆိုရင် ကုမ္ပဏီသေးလေးရဲ့  Passion, Dream နဲ့ အဲဒီကုမ္ပဏီမှာ ရှိနေသမျှ အကုန်လုပ်နိုင်အောင်။ လုပ်တတ်အောင် အကုန်သင်ယူလို့ ရတယ်။ အကုန်ရမှာ။ ဆိုလိုတာ… အသက် ၃၀မပြည့်သေးခင်မှာ ဘယ်လိုကုမ္ပဏီမှာ မင်းအလုပ်လုပ်တယ်ဆိုတာ အရေးမကြီးဘူး။ မင်းဘယ်လို သူဌေးမျိုးအောက်မှာ အလုပ်လုပ်တယ်သာ အရေးကြီးတယ်။ သူဌေးကောင်းနဲ့တွေ့ရင် ပညာကောင်းကောင်းရလိမ့်မယ်။
မင်းအသက် ၃၀-၄၀ ကြားကို ရောက်လာပြီဆိုရင်တော့… သေချာစဉ်းစားဖို့လိုလာပြီ။ တကယ်တမ်း Entrepreneur ဖြစ်ချင်တယ်ဆိုရင်တော့ အဲဒီအသက်အပိုင်းအခြားမှာ ကိုယ့်ကိုယ်ပိုင် အလုပ်အတွက် စလုပ်ဖို့လိုလာပြီ။
မင်း အသက် ၄၀-၅၀ ကြားကိုရောက်လာရင် … ကိုယ်ကျွမ်းကျင်တဲ့ အရာတွေပဲ လုပ်သင့်တော့တယ်။ အဲအချိန်ကျတော့မှ တခြားနယ်ပယ်သစ်ကို ခြေလှမ်းဖို့ စဉ်းစားမနေနဲ့တော့။ သိပ်နောက်ကျသွားပြီ။ ကံကောင်းလို့သာ မင်းအဲဒီ နယ်ပယ်အသစ်ထဲမှာ အောင်မြင်ချင် အောင်မြင်လိမ့်မယ်… ဒါပေမယ့် အောင်မြင်နိုင်ခြေသိပ်နည်းလ
မင်း အသက် ၅၀-၆၀ နှစ်လောက်ကြရင်… မင်းတို့လုပ်သမျှ အလုပ်တိုင်းဟာ “လူငယ်” တွေအတွက်ဖြစ်ပါစေ။ ဘာလို့လဲ ဆိုတော့ အဲဒီအသက်အရွယ်ရောက်နေတဲ့ မင်းထက် လူငယ်တွေက ပိုကောင်းအောင်လုပ်နိုင်လို
မင်းတို့ အသက် ၆၀ ကျော်သွားပြီဆိုရင်တော့…. ကိုယ့်အတွက်ပဲ အချိန်ရအောင် ယူပါ။ ကိုယ့်အတွက် အချိန်ဖြုန်းပါ။ ခရီးတွေထွက်… ပင်လယ်ကမ်းခြေတွေမှာ အပန်းဖြေ… ပျော်လို့ပါးလို့ပေါ့။..
ဟုတ်ကဲ့ပါ ဒါတွေက တော့ ကျွန်တော် အကြံပြုတာပါ။ အသက် ၂၅ နှစ်အရွယ်မှာတော့ … အမှားကို မကြောက်ပဲ… လုပ်ရဲကိုင်ရဲနဲ့ လုပ်ချပစ်ပါ။ ဘာမှ ပူပန်မနေနဲ့။ လဲကျ သွားလိမ့်မယ်… ကျပါစေ။ ပြန်ထ။ ထပ်ကျလိမ့်မယ်… ပြန်ထ။ ဘာဖြစ်လဲ… လဲလိုက်ထလိုက်၊ လဲလိုက်ထလိုက်။ အဲဒီ အဖြစ်အပျက် ထိုင်ကြည့် ...အပျင်းတောင်ပြေသေးတယ်။
Xxxxxxxxxxxxx xxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxx
ကျောင်းသားတစ်ယောက်က မေးပါတယ်။ ဘယ်အရာတွေကို ခုချိန်မှာနောင်တ ရနေပါသလဲတဲ့။
သူက….
ကျွန်တော် နောင်တ ရတာကတော့… တခြားသူတွေကို မျက်ရည်ကျအောင်လုပ်မိတာပါပဲ
ကျွန်တော့်ဘ၀မှာ နောင်တ ရစရာတွေအများကြီးပါ။
မီဒီယာတွေနဲ့ စောစော မတွေ့ရလို့လဲ နောင်တရဖူးပါတယ်။ လူပုံအလယ်မှာ ဒီလို စကားပြောတတ်ဖို့ မလေ့ကျင့်ခဲ့မိတာကိုလည်း နောင်တရမိပါတယ်။ ခုဆိုရင် … ကိုယ့်တစ်ဦးတည်း တစ်ယောက်တည်း အချိန်ဆိုတာ မရှိသလောက်ရှာလာပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ … အလုပ်တွေ မီးကုန်ယမ်းကုန်ကြိုးစားခဲ့
အဲတော့ မင်းတို့သိကြတဲ့အတိုင်းပဲ။ ဘ၀ဆိုတာ သိပ်ကို တိုတောင်းလွန်းပါတယ်။ အဓိက ကဘာလဲဆိုတော့… အတွေ့အကြုံပဲ။ ဖြတ်ကျော်ခြင်းတွေပဲ။ ဒီနေရာမှာ အမြင်တွေမတူကြဘူး။ တချို့ ကပြောမယ်… ချမ်းသာရင် အောင်မြင်ပြီတဲ့။ အောင်မြင်မှုကို ချမ်းသာကြွယ်ဝမှုနဲ့ တိုင်းတာသူပေါ့။ ဒါကိုတော့ ကျွန်တော်မှန်တယ်မထင်ဘူး။ ဘ၀ဟာ ရွေးချယ်ခြင်းပဲ။ သူ့ရွေးချယ်မှုအလိုက် အောင်မြင်မှုဟာလည်း ကွဲပြားမှာပဲ။
ကျွန်တော်တို့ဆီမှာလည်း လူတွေမမြင်နိုင်တဲ့ နောက်ကွယ်က ပြသနာတွေ အများကြီးရှိခဲ့ကြတာပဲ။ ကျွန်တော်ငိုတာပဲ။ ဘာဖြစ်လဲ။
ကုမ္ပဏီတစ်ခုကို အုပ်ချုပ်တာ လွယ်တာမှတ်လို့။ လူငယ် ၃၄,၀၀၀ အပါအ၀င် နဲ့ ၀န်ထမ်းပေါင်း ဦးရေ သိန်း ၅၀၀ ရှိတဲ့ အဲဒီကုမ္ပဏီမှာ ၁%လောက်ကပဲ ပြသနာထရှာအုံး။ ၅သိန်းနော်။ ခေါင်းကိုက်စရာကြီး။ တကယ်လို့သာ … နောင်တရကြကြေးဆိုရင်… အတော်လေးတောင် နောက်ကျနေပြီ။
အဲတော့… နောင်တရခြင်းကို မေ့ထားလိုက်စမ်းပါ။ နောင်တ ရဖို့ စဉ်းစားမနေနဲ့တော့။ အဲတာ နောင်တရဖို့ ထိုင်စဉ်းစားမယ့်အစား … နောင်လာမယ့် ၄ - ၅ နှစ်ကိုပဲ ထိုင်ပြီး ကြည့်ကြရင် မကောင်းဘူးလား။
Cradit : Via Sebastian Bo (စီမံခန့်ခွဲနည်းများဆွေးနေ
ဗိုလ်ဗိုလ်ကျော်
၀၂.ဇွန်လ.၂၀၁၅
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။