"သံမဏိနှင်းဆီ...အမေ"
(၁၉-၆-၂၀၁၅)
ကဗျာတံခွန်
မင်းသုဝဏ်၏
နွေရာသီတွင်း
ပူရှိန်ညှင်းသည့်
ပျဉ်းမငုတ်တို
သစ်ပင်အိုသည်
စစ်ကိုလည်းကြုံ
ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ
နေလျှံလည်းခိုက်
လေပြင်းတိုက်လည်း
မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းကျကြွေ
ရွက်သစ်ဝေလျက်
လေပြေထဲတွင်
ငယ်ရုပ်ဆင်သို့...
တိုင်းခွင်မြန်မာ
တိုးတက်သာဘို့
ရောက်လာသည့်ဒဏ်
ကြံ့ကြံ့ခံသည့်
နိုင်ငံချစ်သည့်
သံမဏိနှင်းဆီ...အမေ။
အမေစုတွက်
မွေးနေ့ရက်မှာ
သက်ရာကျော်ကာ
ကျန်းမာစေကြောင်း
အောင်စေကြောင်းလို့
ဆုတောင်းလိုက်ပါ၏။
................Aye Lin
(မွေးနေ့ဆုတောင်း ကဗျာတွေထဲက ကြိုက်နှစ်သက်မိတဲ့ ကဗျာတပုဒ်)
(၁၉-၆-၂၀၁၅)
ကဗျာတံခွန်
မင်းသုဝဏ်၏
နွေရာသီတွင်း
ပူရှိန်ညှင်းသည့်
ပျဉ်းမငုတ်တို
သစ်ပင်အိုသည်
စစ်ကိုလည်းကြုံ
ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ
နေလျှံလည်းခိုက်
လေပြင်းတိုက်လည်း
မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းကျကြွေ
ရွက်သစ်ဝေလျက်
လေပြေထဲတွင်
ငယ်ရုပ်ဆင်သို့...
တိုင်းခွင်မြန်မာ
တိုးတက်သာဘို့
ရောက်လာသည့်ဒဏ်
ကြံ့ကြံ့ခံသည့်
နိုင်ငံချစ်သည့်
သံမဏိနှင်းဆီ...အမေ။
အမေစုတွက်
မွေးနေ့ရက်မှာ
သက်ရာကျော်ကာ
ကျန်းမာစေကြောင်း
အောင်စေကြောင်းလို့
ဆုတောင်းလိုက်ပါ၏။
................Aye Lin
(မွေးနေ့ဆုတောင်း ကဗျာတွေထဲက ကြိုက်နှစ်သက်မိတဲ့ ကဗျာတပုဒ်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။