ကိုဂျီလတ် ပြောပြတဲ့
"သူ့ရဲ့  ဂီတသမားဘဝ အကြောင်းများ"
.
.
.
"ကျွန်တော် ဆယ်တန်းဖြေပြီးတဲ့အချိန်မှာ ပဲ သီချင်းတွေ စလုပ်ခဲ့ရတယ်။ အဲဒီတုန်းက အသက်က (၁၉)နှစ်တောင် မပြည့်သေးပါဘူး။ အဲဒီလိုနဲ့ပဲ သီချင်းတွေရေးလိုက် တီးလိုက်နဲ့ ကိုယ့်ဘာသာကိုယ် သီချင်းတွေလုပ်ဖြစ်တယ်။ အဲဒီမှာ ကျောင်းတွေက ပိတ်ထားလို့ ကျောင်းက မတက်ဖြစ်ဘူး။ ယောင်တောင်တောင် ဖြစ်နေတာပေါ့။ ဘာလုပ်ရမှန်းမသိဘူး။ ကိုယ်ကလည်း ငယ်သေးတော့ ကိုယ့်ဘာသာ မဆုံးဖြတ်တတ်သေးဘူး။ အဲဒီမှာ ဘုရားကျောင်းက သီချင်းတွေနဲ့တွေ့ပြီး သီချင်းလေး စလုပ်ဖြစ်တယ်။ အဲဒီကနေ တစ်ဆင့် ဘုရားကျောင်းက သူငယ်ချင်းတွေက အဖွဲ့လေး ဖွဲ့ပြီး သီချင်းခွေလုပ်ကြမယ်လို့ပြောတယ်။ ပိုက်ဆံစုကြမယ်ဆိုပြီး ပိုက်ဆံတွေစုကြတယ်။ ကိုယ်ကျတော့ အလုပ်အကိုင်လည်း မရှိတော့ ပိုက်ဆံကမစုနိုင်ဘူး။ အဲဒီမှာတင် အခုလန်ဒန်ရောက်တဲ့ အစ်ကိုက နေပြီးတော့ ငါပိုက်ဆံပေးမယ်။ လုပ်မယ်ဆိုရင်တော့ ဖြစ်အောင်လုပ်ဆိုပြီးတော့ ပိုက်ဆံထုတ်ပေးတယ်။ အဲဒီမှာတင် ကိုယ်တွေလည်း စပြီးလုပ်ကြတယ်။ ၁၉၉၉ ခုနှစ်လောက်ကနေပြီးတော့ သီချင်းတွေ စသွင်းတယ်။ သီချင်းတွေရေးကြတီးကြနဲ့ ပျော်စရာလည်း ကောင်းပါတယ်။ မှတ်မှတ်ရရ ၂၀၀၁ ခုနှစ်၊ ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ရဲ့  ပလိန်းကိတ် ဆိုတဲ့ သီချင်းခွေလေး ထွက်နိုင်ခဲ့တယ်။ အဲဒါကတော့ အမှတ်တရပါပဲ။ ကိုယ်တွေ လူငယ်အားလေးနဲ့ တစ်နိုင်တစ်ပိုင်လုပ်ခဲ့တဲ့ အခွေလေးပါ။ အဲဒီလိုနဲ့ပဲ ဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီအခွေထွက်ပြီးတော့ ဘာမှ ဆက်မလုပ်လိုက်ဖြစ်သေးဘူး။ အဲဒီလိုပဲ သီချင်းတွေရေးလိုက် စုလိုက်နဲ့ပဲ လုပ်ဖြစ်နေတယ်။ ကျွန်တော်က ကျောက်မြောင်းမှာ နေတာဆိုတော့ အဲဒီတုန်းက အောင်လတို့ကလည်း ကျွန်တော်တို့နားမှာ နေတယ်။ သူကလည်း ဂီတဝါသနာပါတယ်။ ကျွန်တော်တို့လမ်းထိပ်မှာ အမြဲဂစ်တာလာတီးတယ်။ အဲဒါနဲ့ပဲ သူနဲ့ခင်ပြီးတော့ အောင်လနဲ့အတူ
NC -13 ဆိုတဲ့ အဖွဲ့လေး ဖွဲ့ပြီးတော့ သီချင်းတွေ ဆိုခဲ့တယ်။ အဲဒီလိုနဲ့ "ဘာလာလာ" ဆိုတဲ့ အခွေလေးမှာ ကျွန်တော် ပါဝင်သီဆိုဖြစ်ခဲ့တယ်။ အဲဒီအခွေလေးတွေ အကုန်လုံးက ကောင်းတယ်။ သီချင်းတွေအားလုံး ပေါက်တာ ကံကောင်းတယ်လို့ ပြောလို့ရမယ်။ ကျွန်တော်ဆိုထားတဲ့ "ခဏတာ" သီချင်းလည်း ပေါက်သွားတယ်။ "ခဏတာ"သီချင်းနဲ့ "ဂျီလတ်"ဆိုပြီး ပရိသတ်တွေသိသွားတာလို့ ပြောလို့ရပါတယ်။ အဲဒီအချိန်တုန်းက အခက်အခဲဆိုရင်တော့ ခွေထုတ်ဖို့အတွက်ဆိုရင် ငွေရေးကြေးရေးနဲ့ မီးခဏခဏ ပျက်တာပါပဲ။ အသံသွင်းနေတဲ့အချိန်တွေဆို မီးက ခဏခဏ ပျက်တယ်။ ပြီးတော့ ဂီတသမားတွေ ကြုံရတဲ့ အခက်အခဲတွေလည်း ကြုံရပါတယ်။ ကျွန်တော်က အရင်ကတည်းက သီချင်းဆိုရတာကို ဝါသနာပါတယ်။ အဆိုတော်ဖြစ်ချင်တာ မဟုတ်ဘူး။ သီချင်းဆိုနေရရင် ပြီးရောဆိုတဲ့ စိတ်ပဲရှိခဲ့တယ်။ ငယ်ငယ်ကတည်းက အမြဲလမ်းလျှောက်ရင် နားကြပ်ကြီးတပ် သီချင်းနားထောင်ပြီး သီချင်းတွေ အော်ဆိုသွားတတ်တယ်။ မှတ်မှတ်ရရဆိုရင် ကျွန်တော်တို့ အိမ်နားမှာ ဦးဇော်မင်းလေး၊ ကိုခူဆဲ(စောခူဆဲ) တို့တွေရှိတယ်။ သူတို့ဆိုရင် ကျွန်တော့်ကို ကြီးလာရင် အဆိုတော်ဖြစ်မှာလို့ ပြောကြတယ် (ရယ်လျက်) လက်ဦးဆရာတွေ အများကြီးပါပဲ။ ကျွန်တော့်အစ်ကိုဆိုရင် သူလည်း ဂီတကို အရမ်းဝါသနာပါတယ်။ ကျွန်တော်ငယ်ငယ်ကဆိုရင် သူက သီချင်းတွေ ပေးနားထောင်တယ်။ အဲဒီလိုနဲ သီချင်းတွေ နားထောင်ဖြစ်ခဲ့တယ်။ စိတ်ထဲက အသွေးအသားထဲကို ဂီတ စီးဝင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော့်အစ်ကိုဆိုရင် ကျွန်တော် ဂီတလောကထဲရောက်တဲ့အထိ အကူအညီတွေ အများကြီးပေးတယ်။ ပြီးတော့ ဆရာကျောင်း လို့ လူသိများတဲ့ ဒီဇိုင်းမျိုးဆွေသန်းပါပဲ။ သူကလည်း ကျွန်တော် ဂီတလောကထဲ ဝင်တဲ့အခါ အကူအညီတွေ ပေးတယ်။ သူမိတ်ဆက်ပေးလို့ပဲ ကိုမြင့်မိုးအောင်၊ ကိုရွှေဂျော်ဂျော် တို့နဲ့ သိခဲ့တယ်။ သူတို့လည်း ကျွန်တော့်ဆရာတွေပါပဲ။ ကိုမောင်မောင်ဇော်လတ်ဆိုလည်း ပြောပြပေးတာတွေ ရှိတယ်။ ကိုငှက် (ထူးအိမ်သင်) ဆိုရင် ကျွန်တော့်အိမ်မှာ ဂီတနဲ့ပတ်သက်တဲ့ သင်တန်းတောင် ဖွင့်ဖူးပါတယ်။ ကိုငှက်က အဲဒီသင်တန်းကို အလကားသင်ပေးတာပါ။ သင်တန်းကြေး မပေးရဘူး။ ဒါပေမယ့် သင်တန်းပျက်ရင်တော့ ပိုက်ဆံပေးရတယ် (ရယ်လျက်) ကိုငှက်လည်း ကျွန်တော့်ဆရာထဲမှာ ပါ,ပါတယ်။ ကိုလေး (လေးဖြူ) ဆိုရင်လည်း ကျွန်တော့်ကို စိတ်ဓာတ် ခွန်အားတွေ ပေးခဲ့တယ်။ အားလုံးကတော့ ကျွန်တော့်ရဲ့  မြင်ဆရာ၊ ကြားဆရာတွေပါပဲ။ အဓိကကတော့ ဂီတမှာ တကယ်အောင်မြင်ချင်ရင် ဂီတကိုဝါသနာပါပြီး ရူးသွပ်ဖို့ပါပဲ။ ဂီတကို တကယ်ဝါသနာမပါဘဲ ပေါ်ပင်လုပ်ချင်တယ်ဆိုရင်တော့  ပရိသတ်က ဆုံးဖြတ်ပေးမှာပါ။
Credit - Oasis Journal
----------။-----------
RESPECT * KO G LATT
\m/ Welcome to Rock 'n' Roll \m/
"သူ့ရဲ့  ဂီတသမားဘဝ အကြောင်းများ"
.
.
.
"ကျွန်တော် ဆယ်တန်းဖြေပြီးတဲ့အချိန်မှာ
NC -13 ဆိုတဲ့ အဖွဲ့လေး ဖွဲ့ပြီးတော့ သီချင်းတွေ ဆိုခဲ့တယ်။ အဲဒီလိုနဲ့ "ဘာလာလာ" ဆိုတဲ့ အခွေလေးမှာ ကျွန်တော် ပါဝင်သီဆိုဖြစ်ခဲ့တယ်။ အဲဒီအခွေလေးတွေ အကုန်လုံးက ကောင်းတယ်။ သီချင်းတွေအားလုံး ပေါက်တာ ကံကောင်းတယ်လို့ ပြောလို့ရမယ်။ ကျွန်တော်ဆိုထားတဲ့ "ခဏတာ" သီချင်းလည်း ပေါက်သွားတယ်။ "ခဏတာ"သီချင်းနဲ့ "ဂျီလတ်"ဆိုပြီး ပရိသတ်တွေသိသွားတာလို့ ပြောလို့ရပါတယ်။ အဲဒီအချိန်တုန်းက အခက်အခဲဆိုရင်တော့ ခွေထုတ်ဖို့အတွက်ဆိုရင် ငွေရေးကြေးရေးနဲ့ မီးခဏခဏ ပျက်တာပါပဲ။ အသံသွင်းနေတဲ့အချိန်တွေဆို
Credit - Oasis Journal
----------။-----------
RESPECT * KO G LATT
\m/ Welcome to Rock 'n' Roll \m/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။