“အသက် (၇၀)ဆိုတော့ နောင်ကျွန်မတို့ နေရတယ်ဆိုလို့ရှိရင် နှစ်(၂၀)လောက် နေရတယ်ဆိုလို့ရှိရင်တောင် အင်မတန်အသက်ရှည်တယ်လို့ ပြောရမှာပါ။ ဒီ နောင်နေနိုင်မယ့် နှစ်(၂၀)လောက်အတွင်းမှာ ဒီနိုင်ငံ တိုးတက်တာ၊ ဖွံ့ဖြိုးတာ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေဟာတကယ့် ကို ကမ္ဘာကနေပြီးတော့ လေးစားရမယ့်၊ တန်ဖိုးထားရမယ့်ပုဂ္ဂိုလ်မျာ
----- ----- ----- -----...
ကျွန်မအပေါ် စေတနာ မေတ္တာထားတဲ့ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ခြင်းအားဖြင့် စ ပါရစေ။
အသက် (၇၀)ဆိုတော့ ဒီလောကထဲမှာ အနှစ်(၇၀)နီးပါးနေခဲ့ရပြီပေ
ဒါကြောင့်မို့လို့လည်း ပြည်သူတွေရဲ့ မေတ္တာ၊ ကျွန်မတို့ကို ထောက်ခံသူများရဲ့ စေတနာဟာ ကျွန်မတို့ရဲ့အင်အား ဖြစ်ခဲ့တယ်ဆိုတာကို ငြင်းလို့မရပါဘူး။ ဒါကြောင်မို့လို့ ကျွန်မတို့ အခုဒီနိုင်ငံ ဘယ်သွားမလဲလို့ ဆက်ပြီးတော့ ကြည့်တဲ့အခါ ကျွန်မတို့ပြည်သူများဟာ ညီညီညွတ်ညွတ်နဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးလမ်းစဉ်ကို သွားစေချင်ပါတယ်။ သန့်ရှင်းတဲ့နိုင်ငံရေးဆိုတ
နိုင်ငံရေးဆိုတာ လူတွေနဲ့လုပ်နေရတဲ့အလုပ်ဆို
ပြီးတော့ မွေးနေ့အတွက်ပြောတဲ့စကားတွေ
ဒါပေမဲ့ လုပ်ပုံကိုင်ပုံဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျွန်မတို့ ကျင်းပမလဲ၊ ဒီရွေးကောက်ပွဲရဲ့ ရလဒ်တွေ ဘယ်လိုဖြစ်မလဲ၊ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက်မှာ ကျွန်မတို့နိုင်ငံဟာ ဘယ်လိုအခြေအနေမှာ ရှိမှာလဲဆို တာတွေဟာ ဒီနှစ်အတွက် မဟုတ်ဘူး၊ နောက်နှစ်အတွက် မဟုတ်ဘူး။ နောက် နှစ်ပေါင်းများစွာအတွက်၊ ကျွန်မတို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဥပမာဆိုလို့ရှိရင် လူတယောက်ရဲ့ အသက်နဲ့ လူတယောက်ရဲ့ ဘ၀နဲ့နှိုင်းယှဉ်မယ်ဆိုရင် ကျွန်မရဲ့ဘ၀နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘ၀တခုဆိုတာ နေ့ချင်း၊ ညချင်းဖြစ်လာတာ မဟုတ်ပါဘူး။ တဖြည်းဖြည်း တစ်နှစ်ပြီး တစ်နှစ် တစ်နှစ်ပြီး တစ်နှစ် တည်ဆောက်လာရတာပါ။ ကျွန်မက ကံကောင်းထောက်မလို့ ကျွန်မကို ကောင်းကောင်း ဆုံးမမယ့် မိဘဆရာများနဲ့ ကြီးပြင်းခဲ့ရပါတယ်။
မှန်မှန်ကန် ကန်လုပ်ဖို့၊ မှန်မှန်ကန်ကန်စဉ်းစားဖို့ အားပေးတဲ့၊ သင်ပေးတဲ့ မိဘတွေ၊ ဆရာတွေနဲ့ ကြီးပြင်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဘယ်လိုပဲ၊ ဘယ်သူကပဲသင်သင် ကိုယ်က သင်ယူမှပဲ ကိုယ့်ကိုယ်ကိုယ် ပြင်နိုင်မှာပါ။ ဒီအတိုင်းပဲ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေကလည်း နိုင်ငံရေးပါတီတွေက ဘယ်လိုပဲပြောပြော၊ နိုင်ငံရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုပဲပြောပြော၊ ပြင်ပကမ္ဘာက ဘယ်လိုပဲပြောပြော ကိုယ့်ကိုယ်ကိုယ် ပြင်ယူမှ ရမှာပါ။ ကျွန်မတို့တွေဟာ ကျွန်မတို့အမြင်တွေ၊ ကျွန်မတို့ဖြစ်စေချင်တာတွေ ပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့ ဆန္ဒအိမ်မက်တွေကိုသာ တင်ပြနိုင်တာပါ။ ဒီဟာတွေကို တကယ်အကောင်အထည်ဖော်ဖို့ဆိုတ
အဓိက က ပြည်သူတွေပါပဲ။ ကျွန်မတို့နိုင်ငံဟာ အသက်ဟာဆိုလို့ရှိရင် ကျွန်မအသက်ထက် တနည်းအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် နှစ်နှစ်ပဲ ငယ်တယ်လို့ ပြောရမှာပေါ့နော်။ သုံးနှစ်ပေါ့။ နှစ်နှစ်ခွဲ၊ သုံးနှစ်ငယ်တယ်လို့ ဆိုပါတော့။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးရတဲ့အချိန်မှာဆို
ဒီတော့ ကျွန်မတို့နိုင်ငံ ဘယ်အခြေအနေ ရောက်နေပြီလဲ၊ ဘယ်အခြေအနေကို ဆက်သွားမလဲဆိုတာဟာ ဒီနှစ်မှာ ကျွန်မတို့ ပြည်သူလူထုတွေရဲ့ လုပ်ရပ်များကနေပြီးတော့ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် ရေရှည်ကိုကြည့်ပြီးတော့ လုပ်ကြပါ။ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုပ
ဒီကမ္ဘာဟာ ပြင်ပ ကမ္ဘာကြီးနဲ့ ဆက်စပ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူ၊ ပြည်သားများဟာ ကိုယ့်ရဲ့အခြေအနေကို ကြည့်တဲ့အခါကျရင် ကမ္ဘာ့အခြေအနေ၊ ကမ္ဘာ့ရဲ့အမြင်၊ ကမ္ဘာ့ရဲ့သဘောထားတွေကိုလည်း ထည့်သွင်းပြီး တော့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အသက်(၇၀)…… အသက် (၇၀)ဆိုတော့ နောင်ကျွန်မတို့ နေရတယ်ဆိုလို့ရှိရင် နှစ်(၂၀)လောက် နေရတယ်ဆိုလို့ရှိရင်တောင် အင်မတန်အသက်ရှည်တယ်လို့ ပြောရမှာပါ။ ဒီ နောင်နေနိုင်မယ့် နှစ်(၂၀)လောက်အတွင်းမှာ ဒီနိုင်ငံ တိုးတက်တာ၊ ဖွံ့ဖြိုးတာ ကျွန်မတို့နိုင်ငံသူ နိုင်ငံသားတွေဟာတကယ့် ကို ကမ္ဘာကနေပြီးတော့ လေးစားရမယ့်၊ တန်ဖိုးထားရမယ့်ပုဂ္ဂိုလ်မျာ
နိုင်ငံရေးမှာဆိုလို့ရှိရင်
ယူတာကိုပဲ ယူနိုင်မှာ ဒါကိုပဲ စဉ်းစားနေလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ပြည်သူလူထုဟာ ငါတို့ဒီလောကကြီးကို ဘာပေးနိုင်သလဲဆိုတာကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ အဲဒီလိုစဉ်းစားမှ ကိုယ့်ရဲ့တန်ဖိုးကိုလည်း သိမှာပါ။ အခု ကျွန်မ တို့အားလုံး ပြောနေတာ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးဆိုတာ ဘာဖြစ်လို့ ကျွန်မတို့ ယုံကြည်သလဲဆိုတာ လူတိုင်း လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာ ပါလာတယ်။ လူတိုင်း လူတိုင်းဟာ တန်ဖိုးရှိတယ်ဆိုတာကို ယုံကြည်လို့ လူ့အခွင့်အရေးကြေညာစာတမ်းကြ
အဲဒီတော့ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို တကယ်ပထမ စ အသိအမှတ်ပြုရမှာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့တန်ဖိုး မြင့်စေမယ့် ကိစ္စတွေကို အဓိကထားပြီးတော့လုပ်ဆောင်သွ
အဲဒါဟာ အခြားသူတွေနဲ့ မဆိုင်ပါဘူး။ လူတိုင်း လူတိုင်း တဦးချင်း တဦးချင်းရဲ့ ဆုံးဖြတ်ချက်၊ တဦးချင်း တဦးချင်းရဲ့ ခံစားချက်၊ တဦးချင်း တဦးချင်းရဲ့ စိတ်ထဲမှာရှိတဲ့ နိုင်ငံပေါ်မှာထားတဲ့ မေတ္တာ၊ စေတနာအပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ကျွန်မတို့အပေါ်မှာ ကျွန်မအပေါ်မှာပေါ့နော်၊ ဒီနှစ် (၇၀)အတွင်း စေတနာ၊ မေတ္တာ ထားခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ပြောရင်းနဲ့
ဇွန် ၁၉၊ ၂၀၁၅ (သောကြာနေ့)
လင်းလင်းအောင်
Credit - NLD CHAIRPERSON
News Watch(စောင့်ကြည့်သတင်းဂျာန
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။