Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 29, 2015

အောင်မြင်မှုအတွက် ပတ်ဝန်းကျင်ကောင်း


အောင်မြင်မှုအတွက် ပတ်ဝန်းကျင်ကောင်း
============================

- ကောင်းဆက်နိုင်

လူတစ်ယောက် ထူးထူးခြားခြား အောင် မြင်ဖို့က ပတ်ဝန်းကျင်ကောင်းတစ်ခု တော့လိုတယ်။ အောင်မြင်မယ့်သူဟာ အဲဒီပတ်ဝန်းကျင် သူ့မှာ အရင်ကမရှိခဲ့ရင်လည်း ရှိအောင် ဖန်တီးဖို့ ကြိုးစားကြတယ်။ တစ်ခါတစ်ရံ ကိုယ်မသိလိုက် ဘဲနဲ့တောင် အဲဒီလို ပတ်ဝန်းကျင်ကောင်းကို မသိစိတ် ရဲ့ဦးဆောင်မှုနဲ့ ဖန်တီးတတ်ကြတယ်။ အဲဒါကိုပဲ ကံတ ရားလို့ ခေါ်ကြတယ်။

ဘုရားတောင်မှ အမှီရှိမှဖြစ်တယ်ဆိုတဲ့ စကား ရယ်၊ အရှင်အာနန္ဒာကို ဗုဒ္ဓက ဟောဖူးတဲ့ 'မိတ်ဆွေ ကောင်းရရှိခြင်းဟာ အောင်မြင်မှုအတွက် ၁ဝဝ ရာခိုင် နှုန်း သေချာတယ်'လို့ ဟောကြားချက်ရယ်၊ တွေးကြည့် လိုက်တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်း၊ မိသားစုကောင်း နဲ့ မိတ်ဆွေကောင်းတွေဟာ လူတစ်ယောက်အောင်မြင် မှုအတွက် အထောက်အကူဖြစ်တာ သေချာတယ်။

အောင်မြင်နေတဲ့ တိုင်းပြည်တစ်ခုဟာ ဆင်း ရဲနိမ့်ကျနေတဲ့ တိုင်းပြည်တစ်ပြည်နဲ့ ဘာကွာခြားသလဲ။ အောင်မြင်တဲ့ တိုင်းပြည်တစ်ပြည်မှာ လူတွေအောင်မြင် ဖို့ ပတ်ဝန်းကျင်ကောင်းတွေ အများကြီးဖန်တီးပေးနိုင် တာ တွေ့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန် တီးပေးနိုင်တယ်။ ပညာရေးအခင်းအကျင်းတွေ ပြည်သူ တွေ ကျန်းမာသန်စွမ်းနေဖို့ အားကစားလုပ်နိုင်ဖို့ နေရာ ထိုင်ခင်းတွေ၊ အဆောက်အအုံတွေ၊ လူတွေ ဘဝလုံခြုံ စိတ်ချပြီး စိတ်အေးလက်အေးနေနိုင်ဖို့ လူ့အခွင့်အရေး အပြည့်အဝရှိနေဖို့ အစစအရာရာ ဖန်တီးပြီး ဖြစ်နေ တယ်။ မပြည့်စုံတာတွေကိုလည်း ထပ်ထပ်ပြီး ဖြည့်နေ ကြတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုဆီကို တွန်းတင်ပေးတယ်။ တချို့က ကိုယ့် ကိုယ်ကိုယ် အနာခံပြီးတောင် တင်ပေးတယ်။ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တာ လက်တွေ့ပြပြီး ကြိုးပမ်းကြတာဖြစ်တယ်။

ဆင်းရဲတဲ့နိုင်ငံတွေမှာ ဒါတွေ တစ်ခုမှမရှိဘူး။ တစ်ယောက်ကိုတစ်ယောက် တွန်းတင်မပေးတဲ့အပြင် တစ်ယောက်ပေါ်တစ်ယောက် တက်နင်းကြတယ်။ ချမ်း သာတဲ့နိုင်ငံတွေနဲ့ ကြီးကြီးမားမား ကွာခြားသွားတဲ့နေရာ ရှိတယ်။ သိသိသာသာကြီး ကွာခြားနေတာ။ အဲဒါက သူတို့ဆီမှာ ပညာရေးစနစ်က ဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေကို သိသိသာသာ တွန်းတင်ပေးနိုင် တယ်။ စိတ်ရောကိုယ်ပါနှစ်ပြီး တွန်းတင်ပေးတယ်။ သူ တို့နိုင်ငံတွေက အောင်မြင်သူတိုင်းရဲ့ အောင်မြင်ခဲ့တဲ့ အကြောင်းရင်းထဲမှာ ဆရာ၊ ဆရာမတွေရဲ့ တွန်းအားက အဓိကနေရာက ပါဝင်တယ်။ ဥပမာ ဘီလ်ဂိတ်၊ ဘီလ် ဂိတ်ကို သူ့ရဲ့ ဆရာ၊ ဆရာမတွေက အားတက်သရော မြေတောင်မြှောက်လာခဲ့ကြတယ်။

အိုင်းစတိုင်းဟာ ငယ်စဉ်က စကားနည်းတဲ့ အပြင် ပြောရင် ထုံထုံထိုင်းထိုင်းနဲ့ ဥာဏ်ရည်မပြည့်တဲ့ ကလေးတစ်ယောက်များလားလို့တောင် ထင်မှတ်ကြရ တယ်။ သူ့အတွက် ပတ်ဝန်းကျင်တွန်းအားကတော့ အင် ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ဦးလေးနဲ့ မိတ်ဆွေ ဆေးကျောင်းသားလေးတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ Relativity သီအိုရီဟာ သူ့ရဲ့ရူပဗေဒပတ် ဝန်းကျင်ကောင်းတွေ သုတေသီကောင်းတွေ ကြားထဲ မှာ တောက်ပြောင်လင်းလက်ခဲ့ပါတယ်။ သူ့ရဲ့အောင် မြင်မှုအတွက် ပတ်ဝန်းကျင်ကောင်းကိုလည်း သူဖန်တီး တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ကို တစ်ယောက် တွန်းတင်ရင်းနဲ့ သူတို့အားလုံး မြင့်တက် လာကြတယ်။

အမေရိကန်နိုင်ငံဟာလည်း တစ်ယောက်နဲ့ တစ်ယောက် တွန်းတင်ခဲ့တဲ့နိုင်ငံထဲမှာ အပါအဝင်ဖြစ် တယ်။ သူတို့ဆီမှာ တကယ်တော်ပြီး အကျင့်စာရိတ္တ ကောင်းရင် ဆင်းရဲသားလည်း သမ္မတဖြစ်နိုင်တယ်။ လူ မည်းလည်း သမ္မတဖြစ်နိုင်တယ်ဆိုတာ ပြခဲ့ပြီ။

အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ ဂျော့ရှ်ဝါရှင်တန်ဆိုရင် ကျောင်းစာ ဖြစ်ဖြစ်မြောက်မြောက် မသင်ခဲ့ရပါဘူး။ မြေတိုင်းပညာရပ်ကို ဝါသနာပါတဲ့အ တွက် သချာင်္ကိုပဲ အသေအချာ လေ့လာသင်ကြားခဲ့တာ ပါ။ သူဟာ အမေရိကန်နိုင်ငံကို အင်္ဂလိပ်လက်အောက် က လွတ်မြောက်အောင် ကြိုးပမ်းခဲ့တဲ့ သူရဲကောင်းလည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ လွတ်လပ်စ အမေ ရိကန်နိုင်ငံကို အမေရိကန်ပြည်ထောင်စုရယ်လို့ ပျိုး ထောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သတ္တမမြောက် အမေရိကန်သမ္မတဟာ ငယ် ရွယ်စဉ်ဘဝက တော်လှန်ရေးတပ်ဖွဲ့မှာ တပ်သားလေး ပါ။ နောက်ပိုင်းတိုက်ပွဲတွေမှာ အောင်ပွဲရ စစ်ဗိုလ်ချုပ် တစ်ဦးဖြစ်လာပြီးနောက်ပိုင်း ရွေးကောက်ပွဲဝင်ပြိုင်ရာ မှာ ပထမအကြိမ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယအကြိမ်ရွေး ကောက်ပွဲကျမှ ရွေးကောက်ပွဲမှာ အနိုင်ရပြီးသမ္မတ ဖြစ် ခဲ့ပါတယ်။ သူ့အရင် လူချမ်းသာတွေချည်း သမ္မတဖြစ်ခဲ့ တဲ့အတွက် အုပ်ချုပ်ရေးဟာ လူချမ်းသာတွေအတွက် သီး သန့်နေရာလို ဖြစ်ခဲ့တာပါ။ သေနတ်နဲ့ပစ်ပြီး လုပ်ကြံခံ ရပေမယ့် မသေခဲ့ပါဘူး။ သူကတော့ သမ္မတအင်ဒရူး ဂျက်ဆင် ဖြစ်ပါတယ်။

ဆင်းရဲသားမိသားစုက သမ္မတဖြစ်တဲ့ နောက် တစ်ယောက်က မာတင်ဗန်ဗြူရင်ဖြစ်ပါတယ်။ ဒတ်ခ်ျ (နယ်သာလန်)မျိုးရိုး ဖြစ်ပါတယ်။ အင်္ဂလိပ်မျိုးနွယ် မဟုတ်တဲ့အထဲမှာ ပထမဆုံးသော အမေရိကန်သမ္မတ လည်းဖြစ်ပါတယ်။ နယူးယောက်မြို့နားက ရွာကလေး တစ်ရွာမှာ မွေးဖွားခဲ့တာပါ။ သူ့မိသားစုမှာ လယ်မြေ လေးတစ်ကွက်နဲ့ ဆိုင်ငယ်လေးတစ်ဆိုင်ပဲ ပိုင်ဆိုင်ခဲ့ပါ တယ်။ ရွာကျောင်းမှာနေရာကနေ ၁၄ နှစ်သားမှာ တ ရားရုံးမှာ ဝင်အလုပ်လုပ်ရင်း အသက် ၂၁ နှစ်အရွယ် မှာ ရှေ့နေဖြစ်ပါတယ်။ အောင်မြင်တဲ့ ရှေ့နေဘဝက နေ နိုင်ငံရေးဘက်မှာ လေ့လာလိုက်စားရာကနေ ဥပဒေ အရာရှိ၊ တရားသူကြီး အထက်လွှတ်တော်အမတ်၊ နိုင်ငံ ခြားရေးဝန်ကြီး၊ ဒုသမ္မတ စတဲ့ ရာထူးတွေ အဆင့်ဆင့် တက်လှမ်းရာကနေ နောက်ဆုံး အမေရိကန်နိုင်ငံရဲ့ အဋ္ဌမမြောက် သမ္မတဖြစ်ခဲ့တာပါ။

၁၃ ယောက်မြောက် အမေရိကန်သမ္မတဖြစ် တဲ့ 'မီလတ်ဖီးလ်မိုး' ကို နယူးယောက်အနောက်ဘက် က သစ်လုံးအိမ်လေးမှာ မွေးဖွားခဲ့ပါတယ်။ ကျောင်း မနေဖူးခဲ့တဲ့ အမေရိကန်သမ္မတပါ။ ၁၄ နှစ်အရွယ်မှာ စက်ချုပ်ဆိုင်တစ်ဆိုင်မှာ ဝင်ကူညီ လုပ်ကိုင်ပေးရင်းနဲ့ ဥပဒေပညာကို စိတ်ဝင်တစား လေ့လာလိုက်စားရင်း ၂၃ နှစ်အရွယ်မှာ ရှေ့နေဖြစ်နေပါပြီ။ ကိုယ်ထူးကိုယ် ချွန်ခဲ့ရသူ ဖြစ်ပါတယ်။ နောက်တစ်ဆင့် နိုင်ငံရေးလော က ထဲဝင်ရောက်ကြိုးစားရင်း ဒုသမ္မတဖြစ်လာတယ်။

၁၅ ယောက်မြောက် အမေရိကန်သမ္မတဟာ လည်း စစ်သားဘဝကနေ ကြိုးစားရင်း အောင်မြင်တဲ့ ရှေ့နေဖြစ်လာရာကနေ ပြည်နယ်လွှတ်တော်၊ အောက် လွှတ်တော်၊ အထက်လွှတ်တော်ကနေ တစ်ဆင့်ပြီးတစ်ဆင့် တက်လာရင်း နောက်ဆုံး သမ္မတရာထူး ရခဲ့ပါတယ်။

နောက်တစ်ဦးကတော့ ၁၆ ယောက်မြောက် သမ္မတဖြစ်တဲ့ 'အေဗရာဟင်လင်ကွန်း'ပါ။ ဂျော့ခ်ျဝါ ရှင်တန်ပြီးရင် နာမည်အကျော်ကြားဆုံး သမ္မတပါ။ နိုင်ငံ တကာကအစ မသိတဲ့သူ မရှိသလောက်ပါ။ ငယ်စဉ် မှာ အလွန်ဆင်းရဲ နုံချာခဲ့ပါတယ်။ အမေဖြစ်သူက သူ ကိုးနှစ်သားအရွယ်မှာ ဆင်းဆင်းရဲရဲ သေဆုံးခဲ့ရပါတယ်။ အမေကဆင်းရဲပေမယ့် အသိမဆင်းရဲတော့ သားဖြစ် သူကို ပညာသင်ယူဖို့နဲ့ ကမ္ဘာမှာ ကျော်ကြားအောင်ကြိုး စားဖို့ မကွယ်လွန်မီ မှာကြားသွားပါတယ်။ မိထွေးရလာ ပြန်တော့လည်း လင်ကွန်းကို အကျင့်စာရိတ္တကောင်း မွန်ရေးအတွက် လမ်းပြရင်း တွန်းတင်ခဲ့ပါတယ်။

ငယ်စဉ်မှာ ဖခင်ရဲ့ လက်သမားအလုပ်ကိုလည်း အရွယ်နဲ့မမျှအောင် ဝင်ကူညီခဲ့ရပါတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်လာမယ့် လင်ကွန်းလေးဟာ မီးခွက်၊ ဖယောင်း တိုင်တောင်မတတ်နိုင်လို့ မီးလင်းဖိုဘေးမှာ ရတဲ့အလင်း ရောင်လေးနဲ့ စာဖတ်ခဲ့ရပါတယ်။ ပျဉ်ချပ်ပေါ်မှာ မီးသွေး ခဲနဲ့ စာရေးကျင့်ခဲ့သူပါ။ ကုန်စုံဆိုင်အရောင်းသမား၊ မြေ တိုင်းစာရေး ဝင်လုပ်ရင်း ရှေ့နေစာမေးပွဲ ဖြေဆိုအောင် မြင်ခဲ့ပါတယ်။ နောက်တစ်ဆင့်က လွှတ်တော်အမတ် လုပ်ခဲ့ပါတယ်။ စကားပြောကောင်းတဲ့ ရှေ့နေအဖြစ် လည်း နာမည်ကြီးနေပါပြီ။ နောက်ဆုံး မဲအပြတ်အသတ် နဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ ဒုတိယအကြိမ်မှာလည်း လင်ကွန်းဟာ သမ္မတအဖြစ် အရွေးခံခဲ့ရပြန်ပါတယ်။

ပြည်တွင်းစစ်ဖြစ်တဲ့အထိ သမ္မတလင်ကွန်း ဟာ အသားအရောင်ခွဲခြားမှုနဲ့ ကျွန်စနစ်ကို ပြတ်ပြတ် သားသား ဆန့်ကျင်ခဲ့လို့ ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီအ ကြောင်းကြောင့်ပဲ သမ္မတလင်ကွန်းဟာ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ပေမယ့် နာမည်မသေခဲ့တဲ့ သမ္မတဖြစ်တယ်။

၁၇ ဦးမြောက် အမေရိကန်သမ္မတလည်း ထူး ခြားပါတယ်။ သမ္မတလင်ကွန်း လုပ်ကြံခံရလို့ ဒုသမ္မတ ကနေ သမ္မတဖြစ်ခဲ့သူပါ။ သူ့ရဲ့ထူးခြားချက်က သူဟာ စာတတ်ပေတတ် တစ်ယောက်မဟုတ်ခဲ့ဘဲ အသက် ၂ဝ ရောက်မှသာ ဇနီးဖြစ်သူ ကူညီသင်ကြားပေးလို့ စာရေး တတ် ဖတ်တတ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ သို့သော် သူ့ ကို ဥာဏ်ကောင်းသူတစ်ယောက်အဖြစ် အသိအမှတ်ပြု ကြရပါတယ်။ သူ့နာမည်က 'အင်ဒရူးဂျွန်ဆင်'ဖြစ်ပါတယ်

၂ဝ ယောက်မြောက်သမ္မတက 'ဂျိမ်းစ်အေဂါ ဖီး'ဖြစ်ပါတယ်။ သူလည်း ဆင်းရဲသားဘဝကလာတဲ့ သမ္မတပါ။ သစ်လုံးအိမ်နဲ့ ကြီးပြင်းခဲ့ရတဲ့ မုဆိုးမသား တစ်ယောက် ဖြစ်ပါတယ်။ အလုပ်ကြမ်းသမား၊ ဆင်းရဲ သားဘဝကနေ အပတ်တကုတ် ကြိုးစားအားထုတ်လို့ ပါမောက္ခဖြစ်လာသူ။ နောက်ပိုင်း ဗိုလ်ချုပ်၊ အောက်လွှတ် တော်အမတ်ကနေ သမ္မတဖြစ်လာခဲ့ပါတယ်။

၃၃ ယောက်မြောက် သမ္မတလည်း ကျော် ကြားပါတယ်။ သူ့နာမည်က 'ဟာရီထရူးမင်း'ဖြစ်ပါတယ်။ သူလည်း ငယ်စဉ်က တောင်သူလယ်သမားသား ဖြစ်ခဲ့ တာပါ။ မိဘတွေကို ကူညီလုပ်ကိုင်ရင်း အထက်တန်း ကျောင်းမှာ ကျောင်းတက်ခဲ့ပါတယ်။ သူလည်း အလုပ် စုံအောင်လုပ်ရင်း ဘဝကို ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ မီးရထားအလုပ်သမား၊ သတင်းစာခေါက်သူ၊ ဘဏ် စာရေးစာရင်းကိုင် အလုပ်တွေအပြင် ဖခင်ကွယ်လွန် တော့ မိခင်ထံပြန်လာပြီး လယ်ယာလုပ်ငန်းခွင်ဝင်ရတဲ့ လယ်သမား စတာတွေဟာ သူဖြတ်သန်းခဲ့ရတဲ့ ဘဝတွေ ဖြစ်ပါတယ်။

နောက်ပိုင်းလည်း အလှည့်ကျစစ်မှုထမ်း အပြင် ဗိုလ်ကြီးဘဝ၊ အထည်ဆိုင်သမား ပြီးမှနိုင်ငံ ရေးလောကထဲဝင် တရားသူကြီးကနေ တရားသူကြီး ချုပ်၊ နောက်ပိုင်း အထက်လွှတ်တော်အမတ်၊ ဒုသမ္မတ ကနေ သူ့ရှေ့က ရုစဗဲ့ကွယ်လွန်တော့ သူသမ္မတဖြစ် လာပါတယ်။ ဒုတိယအကြိမ်မှာလည်း သမ္မတအ ဖြစ် အရွေးခံခဲ့ရပြန်ပါတယ်။ လူသတ်သမားရဲ့လုပ် ကြံတာခံရပေမယ့် မသေခဲ့တဲ့သမ္မတဖြစ်ပါတယ်။

'ဂျင်မီကာတာ'ကတော့ ၃၉ယောက်မြောက် အမေရိကန်သမ္မတဖြစ်ပါတယ်။ သူလည်း ငယ်စဉ် က ဆင်းရဲတဲ့ဘဝကိုဖြတ်သန်းခဲ့ရတာပါ။ ဂျင်မီကာ တာလေးဟာ မိသားစုမြေပဲခင်း၊ ထင်းရှူးတောနဲ့ လယ်ကူလီတွေကြားမှာ လူလားမြောက်ခဲ့ရတဲ့တော သားလေးတစ်ဦးပါ။ ပတ်ဝန်းကျင်ကောင်းအဖြစ် အဖေ ဆီကနေ အလုပ်ကြိုးစားမှု၊ ချွေတာစုဆောင်းတတ် မှုနဲ့ စီးပွားရေးမှာ လာဘ်မြင်မှုတွေကို တွန်းအားတစ် ရပ်အဖြစ် လက်ခံရရှိခဲ့ပါတယ်။

မေတ္တာတရားနဲ့ စာပေလိုက်စားမှုကို မိခင် ဆီကသူရခဲ့ပါတယ်။ တိုင်းပြည်စီးပွားရေးကပ်ဆိုက် ချိန်မှာ ကာတာဟာ အထက်တန်းအောင်ပေမယ့် ကော လိပ်တက်ဖို့ ငွေကြေးအဆင်မပြေပါဘူး။ ပြည်နယ် ကောလိပ်မှာ နှစ်နှစ်အခမဲ့တက်လို့ရတဲ့ ရေတပ်ဗိုလ် သင်တန်းကို သူဝင်ခွင့်ရခဲ့ပါတယ်။ ရေငုပ်သင်္ဘော မှာ တာဝန်ထမ်းဆောင်ရင်း ပြည်ထောင်စုကောလိပ် မှာ အဏုမြူဘာသာရပ်နဲ့ စက်မှုဘာသာရပ်တွေသင် ယူဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဖခင်ရဲ့လယ်ယာမြေ ကို စက်မှုလယ်ယာပြောင်းလုပ်ရာက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေး လောကထဲဝင်ပြီး အထက်လွှတ်တော်အမတ်ဖြစ်၊ ဂျော်ဂျီယာ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီး နောက် ဆုံး သမ္မတရာထူးကိုရရှိခဲ့ပါတယ်။

ဒါတွေကတော့ ငယ်စဉ်ဆင်းရဲတဲ့ဘဝက နေ ကိုယ့်ခြေပေါ်ကိုယ်ရပ်ပြီး သမ္မတဖြစ်တဲ့အထိ အောင်မြင်အောင်ကြိုးစားခဲ့သူတွေဖြစ်ပါတယ်။ သူ တို့မှာလည်း ပတ်ဝန်းကျင်ကောင်းတွေ ကိုယ်စီကြုံတွေ့ ရင်း တွန်းအားတွေဖြစ်ခဲ့မယ်ဆိုတာ သေချာပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။