Zawana Shen with ကို လင်း and 6 others
·
ကော်စေ့ဖြင့်ချက်ထားသော ထမင်း
______________________
ဦးခင်ညွန့်
လက်မတထောင်ထောင်နဲ့ ဗီဒီယိုဖိုင်
တက်လာတုန်းက ပိုအံ့သြမိတာ
သူ ပြောတာကို ထောက်ခံနေသူတွေပါ။
ဦးခင်ညွှန့်အပါအဝင်
စစ်ခေါင်းဆောင်တော်တော်များများဟာ
'မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ'
ဆိုတာကို ပြောလေ့ရှိကြပါတယ်။
သူတို့ဟာ
ယဉ်ကျေးမှုနဲ့ နိုင်ငံရေး
မတူတဲ့ ဘာသာရပ်နှစ်ခုကို
ရောချနေကြခြင်း ဖြစ်ပါတယ်။
မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီဆိုတာ
မရှိပါဘူး။
ဒီလိုပါပဲ
ကုလားနည်း ကုလားဟန်ဒီမိုကရေစီ
တရုတ်နည်း တရုတ်ဟန်ဒီမိုကရေစီ
ဆိုတာတွေလည်း မရှိပါဘူး။
ဒီမိုကရေစီဟာ
နိုင်ငံရေးစနစ်တစ်ခုသာလျှင်ဖြစ်ပါတယ်။
______________________
ဦးခင်ညွန့်
လက်မတထောင်ထောင်နဲ့ ဗီဒီယိုဖိုင်
တက်လာတုန်းက ပိုအံ့သြမိတာ
သူ ပြောတာကို ထောက်ခံနေသူတွေပါ။
ဦးခင်ညွှန့်အပါအဝင်
စစ်ခေါင်းဆောင်တော်တော်များများဟာ
'မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ'
ဆိုတာကို ပြောလေ့ရှိကြပါတယ်။
သူတို့ဟာ
ယဉ်ကျေးမှုနဲ့ နိုင်ငံရေး
မတူတဲ့ ဘာသာရပ်နှစ်ခုကို
ရောချနေကြခြင်း ဖြစ်ပါတယ်။
မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီဆိုတာ
မရှိပါဘူး။
ဒီလိုပါပဲ
ကုလားနည်း ကုလားဟန်ဒီမိုကရေစီ
တရုတ်နည်း တရုတ်ဟန်ဒီမိုကရေစီ
ဆိုတာတွေလည်း မရှိပါဘူး။
ဒီမိုကရေစီဟာ
နိုင်ငံရေးစနစ်တစ်ခုသာလျှင်ဖြစ်ပါတယ်။
ယဉ်ကျေးမှုနဲ့ ရောယှက်လို့မရပါ။
ဂျင်းဘောင်းဘီဝတ်ခြင်းဟာ
ဒီမိုကရေစီမဟုတ်သလို
ကိုယ်တုံးလုံးချွတ်ခြင်းဟာလည်း
ဒီမိုကရေစီ မဟုတ်ပါဘူး။
ကမ္ဘာပေါ်မှာ
ဒီမိုကရေစီနိုင်ငံတွေ အများကြီးပါပဲ။
ကိုယ်တုံးလုံးချွတ်တဲ့နိုင်ငံရှိနိုင်သလို
ဆာရီဝတ်တဲ့နိုင်ငံလည်း ရှိပါမယ်။
အဲဒါ ဒီမိုကရေစီနဲ့ဘာမှမဆိုင်ပါ။
စကားပမာ
စာရေးဆရာတွေ အရက်ကြိုက်သူများတယ်။
ဒီတော့ ကျနော်ကဖြင့်
အရက်ရှောင်ထားတာကြောင့်
စာပေနဲ့ကင်းအောင်နေတယ်ဆိုရင်
အဓိပ္ပါယ်မရှိသလိုပါပဲ။
အနောက်နိုင်ငံဒီမိုကရေစီဆိုပြီး
ဒီက အာဏာရှင်တွေ လက်ညှိုးထိုးကြတာက
သူတို့ရဲ့ယဉ်ကျေးမှုကိုချည်းဖြစ်နေပါတယ်။
သူတို့ယဉ်ကျေးမှုလိုက်လုပ်တိုင်းလည်း
ဒီမိုကရေစီမဖြစ်ပါ။
ထပ်ပြောပါဦးမယ်
ဒီမိုကရေစီဟာ
နိုင်ငံရေးစနစ်တစ်ခုသာလျှင်ဖြစ်ပါတယ်။
ဒီမိုကရေစီစတာ ဂရိကဖြစ်ပါတယ်။
ဟာ ဂရိကဟာကြီး
ငါတို့ဆီ သယ်မလာနဲ့လို့
ဘယ်အမေရိကန်မှ မပြောခဲ့ပါ။
စိန်ကို ဘယ်က တူးလာတူးလာ
စစ်မှန်မှသာ တန်ဘိုးရှိပါတယ်။
ရွှေကို ဘယ်ကရလာလာ
ဘယ်လောက် ပဲရေ ဆိုတာကိုပဲ
ကျနော်တို့ နှိုင်းယှဉ်ကြပါတယ်။
၁နဲ့၁ ပေါင်းရင် ၂ ဖြစ်တယ်ဆိုတာ
အင်္ဂလိပ်က စပြောတာမို့
တရုတ်က စပြောတာမို့
ငါတို့က လိုက်မယူဘူး
တို့ကတော့
တစ်နဲ့တစ်ပေါင်းရင် သုညပဲဟေ့လို့
လုပ်လို့ မရပါ။
အင်ဂျင်နီယာပညာဆိုတာ
အနောက်တိုင်းက လာတာ
ဒါကြောင့် ငါတို့လိုက်မယူဘူး
ငါတို့ကတော့
မြန်မာ့နည်းမြန်မာ့ဟန်ပဲဟေ့ဆိုပြီး
ဖဝါးနဲ့ မျက်မှန်းနဲ့
တွက်ဆတည်ဆောက်နေလို့မရတော့ပါ။
လေယာဉ်ပျံကို လောင်စာဆီနဲ့မောင်းတာ
အနောက်နိုင်ငံတွေကလုပ်တာကွ
ငါတို့ကတော့
နွားနဲ့ဆွဲမယ်ဆိုလို့ မရပါ။
ပို ကောင်းမွန်တဲ့စနစ်တစ်ခု
မှန်ကန်တဲ့နည်းလမ်းတစ်ခုကို
ဘယ်ကပဲရှာလာ ရှာလာ
ဘယ်သူပဲ စတင်ခဲ့စတင်ခဲ့
ကောင်းရင် မှန်ရင် အောင်မြင်ရင်
လိုက်သုံးရမှာဖြစ်ပါတယ်။
မြန်မာ့နည်းမြန်မာ့ဟန်ဆိုတာမျိုးက
ယဉ်ကျေးမှုနယ်ပယ်မှာပဲ
လုပ်လို့ ကောင်းပါတယ်။
မြန်မာ့နည်းမြန်မာ့ဟန်ပေါ့ပ်ဖျော်ဖြေပွဲမို့
မဖော်ရမချွတ်ရဘူး။
မြန်မာ့ရေမြေက ဟစ်ဟော့သီချင်းတွေမို့
ဖရုဿ ဝါစာတွေ တင်းကြမ်းမဖြစ်ရဘူး
… စသဖြင့် ထိန်းကျောင်းလို့ကောင်းပါတယ်။
ဒီမိုကရေစီဆိုတဲ့ အုပ်ချုပ်ရေးစနစ်
နိုင်ငံရေးနည်းလမ်းကိုတော့
မြန်မာ့နည်း မြန်မာ့ဟန်တွေ
စည်းကမ်းပြည့်ဝသောတွေ
လျှောက်ရွှီးပြီး
လုပ်ချင်သလို လျှောက်ပုံဖျက်ပစ်လို့မရပါ။
အဲဒါဆို
ဒီမိုကရေစီကို မဟုတ်တော့ပါဘူး။
အခုက ပြည်သူက သောင်းသောင်းဖျဖျ
ဒီမိုကရေစီကို တောင်းတယ်။
သူတို့က ပေးချင်တာကြီးပေးပြီး
ဒီမိုကရေစီလို့ နာမည်တပ်တယ်။
ငှက်ရုပ် ထုပါတယ်ဆို
အတောင်တွေအလက်တွေ
နှုတ်သီးတွေ ခြေထောက်တွေ
တစ်ခုမှပါမလာအောင် ရိုက်ချိုးပြီးမှ
'မြန်မာ့နည်းမြန်မာ့ဟန် ငှက်ကလေး'
အော်လို့မရ။
သင်္ကြန်ပါဆိုမှ ရေမပက်ရ
ရေမစိုစေရ လုပ်ပြီး
စည်းကမ်းပြည့်ဝသော အတာသင်္ကြန်
လုပ်ချင်လို့ အဓိပ္ပါယ်ရှိမည်
မဟုတ်ပါကြောင်း။
ဒီမိုကရေစီဆိုကတည်းကိုက
ပြည်သူ့လက် အာဏာပေးရန်ဖြစ်ပြီး
'မဝေဖန်နဲ့ကွ'
'ငါတို့ပြောသလိုလုပ်ကွ'
ဆိုတဲ့အချိုး လုပ်မရတော့ပဲ
ပြည်သူ့စိတ်ကြိုက်သာ
လိုက်လုပ်ရတော့မှာ ဖြစ်ပါကြောင်း …
ဆရာThorn Nay Soe ဆီမှ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။