Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, June 17, 2015

ဝဲယားနာအကြောင်း သိကောင်းစရာအဖြာဖြာ

 
 
ဝဲယားနာအကြောင်း သိကောင်းစရာအဖြာဖြာ
------------------------------------------

ဝဲစွဲတယ်၊ ၀ဲကုတ်နေရတယ် ဆိုတာဟာ စာရေးသူတို့ နေ့တစ်ဓူဝ ပတ်ဝန်းကျင်မှာ ရှိတတ်ပါတယ်။ တိုးတက်ဆဲနိုင်ငံဖြစ်နေတဲ့ အတွက် ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ၀ဲဖြစ်တာ အင်မတန် များကြပါတယ်။ ၀ဲရောဂါဖြစ်ပြီဆိုရင် ဒီလူ မသန့်ရှင်းလို့ပဲဆိုပြီး လူအများက သတ်မှတ်တတ်ကြပေမဲ့ တကယ်တမ်းပြောရရင် ၀ဲ ဖြစ်တိုင်းလည်း ညစ်ပတ်လို့မဟုတ်နိုင်ပါဘူး။ ဘာလို့လည်းဆိုရင် ၀ဲ ဟာ ကူးစက်လွယ်တဲ့ အရေပြားရောဂါ တစ်ခုဖြစ်နေတာမို့ ၀ဲ တွေနဲ့ပါလားဆိုပြီး နှာခေါင်းရှံ့ချင်ရင်တောင်မှ မရှံ့ကြပါနဲ့၊ မကူးစက်အောင်နေထိုင်ကြပါ၊ ဖြစ်နေသူကိုလည်း ကျန်းမာရေး ဗဟုသုတ အသိလေးတွေ မျှဝေပေးပါလို့ တိုက်တွန်းရင်းနဲ့ ဒီတစ်ပတ် အရေပြားမှာဖြစ်တတ်တဲ့ ၀ဲ Scabies အကြောင်းလေး လေ့လာကြည့်ကြရအောင်။
>> ၀ဲ ဘာကြောင့် ဖြစ်ရသလဲ
ဝဲဖြစ်တာဟာ သဲ တွေကိုင်လို့ ဖြစ်ပါတယ်၊ ရွှံ့တွေပေလို့ ဖြစ်ပါတယ်လို့ တစ်ချို့တွေ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုသာ ဖြစ်ကြေးဆိုရင် ပင်လယ်ကမ်းခြေကို အပန်းဖြေ ခရီးသွား၊ သဲတွေ ရွှံ့တွေနဲ့ ရေကူးလာတဲ့သူတွေအားလုံးလိုလို ပြန်လာတာနဲ့ ၀ဲစွဲလာမယ်နဲ့တူတယ်နော်။ ဒါပေမဲ့ ဒီလို မဖြစ်နိုင်ပါဘူး၊ ဘာလို့်ပါလဲဆိုရင်တော့ ၀ဲ ဟာ ဒီလို သဲကိုင်ရုံ၊ ရွှံ့ကိုင်ရုံကြောင့် ဖြစ်ရတာထက် ၀ဲ ရောဂါကို ဖြစ်စေတဲ့ ပိုးမွှားတစ်မျိုးဖြစ်တဲ့ Sarcoptes scabei ဆိုတဲ့ မိုက်တ် (Mite) ပိုးမွှားတစ်မျိုးကြောင့်ပဲ ဖြစ်ပါတယ်။
နောက်ပြီး ဒီဝဲပိုးဟာ လူ့အရေပြားမှာ ခဏပဲနေပြီး ပြန်ဆင်းတက်တဲ့ ပိုးမွှားမဟုတ်ပြန်ပါဘူး။ ဆက်ပြီး အိမ်ထောင်သားမွေးပြုပါတော့တယ်။ ဒါကြောင့် ၀ဲပိုးတို့ရဲ့ အိမ်ထောင် သားမွေးပြုရာနေရာကောင်းတစ်ခုကို ပြပါဆိုရင်တော့ စာရေးသူတို့ လူတွေရဲ့ နူးညံ့လှတဲ့ အရေပြားပါလို့ ဆိုရပါမယ်။ ဒီလို အိမ်ထောင်ကျပြီးခါစ ၀ဲစုံတွဲမှာဆိုရင် ၀ဲထီးက အရေပြားပေါ်မှာပဲ ဟန်ကျကျ ဆက်နေတာပေမဲ့ ၀ဲမကတော့ ကိုယ်ဝန်လွယ်တာနဲ့ ဥတွေဥဖို့ဆိုပြီး အရေပြားအတွင်းထဲကို ပင်ပင်ပန်းပန်းတွင်းတူးပါတော့တယ်။ ဒီလိုတွင်းတူးတာဟာလည်း ၀ဲ ယားလို့ ဘရိတ်ဒန့်ကသလိုပဲ ကုတ်နေရပါတယ်ဆိုတဲ့ အကြောင်းရင်းတစ်ချက်ထဲမှာ ပါပါတယ်။ (နောက်ပြီး ၀ဲ နဲ့ လူ့ခန္ဓာကိုယ်က ကိုယ်ခံစွမ်းအားတွေ တိုက်ခိုက်ကြတဲ့ အတွက်လည်း ယား တယ်ဆိုတာ ဖြစ်ပါတယ်။)
>> ၀ဲတို့ရဲ့ဘ၀၊ ၀ဲတို့ရဲ့ သဘာဝ
ဝဲမတွေရဲ့ သက်တမ်းဟာ ၄ ပတ်ကနေ ၆ ပတ်လောက်ထိ ရှိတတ်ပါတယ်။ တစ်နေ့ကို ဥ သုံးဥလောက်ထိဥတတ်ပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ ၀ဲဖြစ်သူတွေ (Classic Scabies) မှာဆိုရင် ၀ဲအကောင်ရေ ၅ ကောင်ကနေ ၁၅ ကောင်လောက်ရှိတတ်မှာဖြစ်ပြီး ဆိုးဆိုးရွားရွား ၀ဲထူသူ (Crusted Scabies) တွေမှာဆိုရင်တော့ ၀ဲအကောင်ရေဟာ ရာချီ ထောင်ချီ သောင်းချီ ပြီးရှိသွားနိုင်ပါတယ်။ ဒါကြောင့်လည်း သူတို့ သိပ်မပွားခင် စောစောစီးစီး ကုနိုင်တာ ပိုကောင်းမယ်ဆိုတဲ့ အချက်ကို သဘောပေါက်လောက်မယ်ထင်ပါတယ်။
ဒါကြောင့် ဆက်ပြောရမယ်ဆိုရင် ၀ဲအကောင်အသစ်တွေ ဥကနေပေါက်တာကတော့ ၃ ရက်၊ ၄ ရက် အတွင်းဖြစ်ပါတယ်။ အကောင်သစ်ကလေးတွေဟာ အရွယ်ရောက်တဲ့အချိန်အထိ အရေပြားပေါ်မှာပဲ ဆက်နေနေမှာဖြစ်ပြီး ဥ ဥချိန်ကနေ အရွယ်ရောက်ချိန်အထိဆိုရင် ၁၀ ရက်ကနေ ၁၃ ရက်လောက်အထိပဲ ကြာနိုင်ပါတယ်။ ဒါကြောင့် ဆေးသေချာမကုပဲ ဆေးမြီးတိုနဲ့ ၀ဲ ကို ကြာရှည်အောင်မွေးသလိုဖြစ်နေသူတွေမှာ ၀ဲကောင်ရေဟာ စဖြစ်ဖြစ်ချင်းကနေကြည့်လိုက်ရင် ၁ လဆိုရင် ဘယ်နှစ်ကောင်လောက်တောင် ပွားလောက်ပြီဆိုတာကို စာဖတ်သူတော့ မှန်းဆနိုင်လောက်ပြီတော့ထင်ပါတယ်။ စာရေးသူ ၀ဲ အကောင်တွေအကြောင်းကို ဋီကာချဲ့နေရတာလည်း ဒါကို မြင်စေချင်လို့ပဲ ဖြစ်ပါတယ်။
>> ၀ဲ ရောဂါ ဘယ်လိုကူးစက်တတ်သလဲ
ဝဲအကောင်တွေဟာ အရေပြားချင်း ထိမိတာကနေ ကူးလာနိုင်ပါတယ်။ ဒါကတော့ တိုက်ရိုက်ကူးတဲ့ နည်းပါ။ နောက်ကူးနိုင်တဲ့နည်းတွေကတော့ ၀ဲ ရှိသူရဲ့ အ၀တ်အစားတွေ၊ အိပ်ယာခင်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် ၀ဲ ကို ကုသရင် အိမ်သူ၊ အိမ်သားအားလုံး၊ ဒါမှမဟုတ်ရင် အတူနေသူအားလုံး ပြိုင်တူကုသရပါမယ်။ အထူးသဖြင့် အများနဲ့နေရတဲ့ သူတွေမှာ ပိုကူးစက်တာလွယ်မှာပါ။ ဥပမာပြရရင် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ကိုရင်တစ်ယောက် ၀ဲ ဖြစ်ပြီဆိုတာနဲ့ သူ့ကျောင်းက ကိုယ်တော်တွေကို လိုက်ကူးဖို့က များနေတာမို့ အတူသီတင်းသုံးတဲ့ ကိုယ်တော်တွေကိုပါ ဆေး ကုပေးရတာမျိုး လိုအပ်တတ်ပါတယ်။
>> ၀ဲ ကို ဘယ်လိုကုသရသလဲ
စာရေးသူတို့ ဟိုးယခင်ခေတ်ကတော့ ၀ဲ ဆိုရင် နံမည်ကြီး လိမ်းဆေး ဘာစကေဘီ လို လိမ်းဆေးနံနံကြီးတွေ လူးကြရတာကို ကြုံရပါတယ်။ ခုတော့ တိုးတက်လာတာမို့ Permethrin ပါတဲ့ ခရင်မ်နဲ့ အဓိကထား ကုသလာကြပါတယ်။ လူးရတာလည်း လွယ်ကူတာမို့ သုံးစွဲသူတွေလည်း မပျက်မကွက် သုံးစွဲဖြစ်ကြပါတယ်။ ဆိုးဆိုးရွားရွား ၀ဲတွေဆိုရင်တော့ သောက်ဆေးတွေကိုပါ ဆရာဝန်က လိုအပ်သလို ညွှန်ကြားရတတ်ပါတယ်။ ဒါပေမဲ့ အဓိကအားဖြင့် သုံးတဲ့ လိမ်းဆေးတွေကို အကျိုးရှိစေဖို့ အကြမ်းဖျဉ်းအားဖြင့် ဘယ်လို လိမ်းသင့်တယ်ဆိုတာကို အနည်းငယ် ဖော်ပြလိုပါတယ်။
➢ လိမ်းဆေးများကို ပုံမှန်အားဖြင့်တော့ မျက်နှာနဲ့ လည်ပင်း ဦးခေါင်းပိုင်းမှတစ်ပါး ကျန်တဲ့နေရာ တစ်ကိုယ်လုံးကို ရေမိုးချိုး၊ သန့်စင်ပြီး ခြောက်သွေ့နေတဲ့ အရေပြားပေါ်ကို လိမ်းပေးရပါမယ်။ အထူးသဖြင့် လက်ချောင်းကြား၊ ခြေချောင်းကြားတွေ မကျန်ခဲ့ပါစေနဲ့။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ဆရာဝန်ညွှန်ကြားချက်အရ မျက်နှာတစ်ဝိုက်ကို လူးရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကိုတော့ မသုံးခင်မှာ မိမိဆရာဝန်ကို ရှင်းလင်းအောင် မေးနိုင်ပါတယ်။
➢ လက်သည်းတွေရှည်နေမယ်၊ ချီးတွေ ရှိနေမယ်ဆိုရင်လည်း အရင် လက်သည်း၊ ခြေသည်းညှပ်၊ ချီးတွေ ဖယ်ရှားပြီးမှ လိမ်းဆေးတွေ စလူးပါ။
➢ Permethrin ပါတဲ့ ဆေးမျိုးဆိုရင်တော့ ၁၂ နာရီလောက် လိမ်းထားပေးပြီး ရေမစိုစေရပါ။ ရေစိုစရာရှိမယ်ဆိုရင်လည်း စိုပြီးတာနဲ့ ဆေးပြန်ဖြည့်လူးလိုက်ပါ။
➢ လိမ်းဆေးတွေကို Course တစ်ခါ ပြည့်သွားပြီဆိုရင် နောက် တစ် Course ကို ၁ ပတ်လောက်ကြာရင် ထပ်လိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် Permethrin ပါတဲ့ လိမ်းဆေးမျိုးပါ။
➢ Benzyl Benzoate လို ယခင်ကသုံးလေ့ရှိတဲ့ လိမ်းဆေးမျိုးဆိုရင် ၂၄ နာရီခြားကို တစ်ခါလောက် ပြန်ပြန်လူးပေးပြီး သုံးရက်လောက် လိမ်းထားပေးရပါတယ်။
➢ လိမ်းဆေးတွေလိမ်းတာအပြင် အိပ်ယာခင်း အသုံးအဆောင် ပစ္စည်းတွေနဲ့ အ၀တ်အထည်တွေကို ရေနွေးနဲ့ပြုတ်လျှော်တာမျိုး၊ သေချာသန့်စင်အောင် လျှော်တာမျိုး တစ်ချိန်တည်းမှာ ပြုလုပ်ရပါမယ်။ လိမ်းဆေးလူးတာက သပ်သပ်၊ နောက်မှ တစ်အိမ်လုံး အ၀တ်တွေ ထပြီးလျှော်တာက သပ်သပ်ဆိုရင် သိပ်မထိရောက်တတ်ပါဘူး။
ဒါကြောင့် နိဂုံးချုပ်ရရင် ၀ဲ ဖြစ်တဲ့ သူကို မြင်တာနဲ့ လန့်စရာတော့ မလိုပါဘူး၊ ဒါပေမဲ့ ဘယ်လောက်တောင် ကူးစက်နိုင်တယ်ဆိုတာကို သိထားရပါလိမ့်မယ်။ ဒါအပြင် ၀ဲ ရောဂါဖြစ်တဲ့သူတွေကိုလည်း ကုသမှုစနစ်တကျရှိစေအောင် လမ်းညွှန်ပေးမယ်၊ သေချာကုသပေးမယ်ဆိုရင်တော့ ၀ဲရောဂါဟာ နာတာရှည်မဖြစ်နိုင်ပါဘူး၊ လန့်စရာ မဖြစ်နိုင်ပါဘူး၊ ရှက်စရာ မဟုတ်ပါဘူးဆိုတာကိုလည်း ပြောရင်းနဲ့ ဒီတစ်ပတ် “၀ဲယားနာအကြောင်း တစ်စေ့တစ်ဆောင်း” ဆောင်းပါးကို ဒီမှာပဲနိဂုံးချုပ်လိုက်ရပါတယ်။
အားလုံး ကျန်းမာရွှင်လန်းကြပါစေ။
နေခြည် (ဆေး-၁)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။