ဘားမားကမှ လိပ်ပြာသန့်တယ်..။
မြန်မာကို ကမ္ဘာက သိတဲ့အထဲမှာ ယဉ်ကျေးမှု ရှေးဟောင်း အနုပညာလက်ရာတွေပါတယ်ဆိုပေမယ့် ၁၉၉၀ကျော် နောက်ပိုင်း ကမ္ဘာ့ လူတော်တော်များများ သိတာကတော့ ဒေါ်အောင်ဆန်းစုကြည်နာမည်ဆိုတာလည်း ငြင်းလို့မရပါဘူး။
ဘားမားလို့ ပြောရင် တိုင်းတပါးသားတွေက အူကြောင်ကြောင်တွေနဲ့..အောင်ဆန်းစုကြည်..နိုဘယ်လ်ဝင်းနား လို့ပြောမှ..အို့..ရက်စ်..ဘားမား..ဒီမိုကရေစီ..ဆိုပြီး သူတို့ သိတဲ့အကြောင်း နောက်ဆက်တွဲ ၀ိသေသနနဲ့ တွေ တွဲပြီးပြောလာတယ်။
...

ဒါပေမယ့် မွတ်စလင်နိုင်ငံတွေနဲ့ မွတ်စလင်တော်တော်များများကလည်း မြန်မာပြည်ကို သိနေပါတယ်။
သူတို့သိပုံက ထူးခြားတယ်။
၃ခါမက တိုက်ဆိုင်နေလို ဒီတစ်ခါတော့ ပြောပရစေ.။
ဒီလိုပါ...
ဒီကနေ့ တက္ကစီဒရိုင်ဘာတယောက်က ဘယ်နိုင်ငံကလာတာလဲလို့ မေးတော့ Burma လို့ဖြေတာကို အူကြောင်ကြောင်နဲ့..မသိဘူး။
ဒါကြောင့် Myanmar လို့ ပြန်ပြင်ပြောလိုက်တော့..အိုး..မြန်နမာ..မြန်နမာ..နဲ့ ရေရွတ်ပြီး သဘောပေါက်သွားတယ်။ အဲဒီလူက အီရန်ကပါ။ သူကချက်ချင်း မွတ်စလင်တွေနဲ့ ပြဿနာဖြစ်တဲ့ သတင်းတွေ သူမကြာခဏ ကြည့်ရကြောင်း၊ မြန်မာပြည်ကို သိနေကြောင်းပြောတယ်။ ခင်ဗျားတို့ မွတ်စလင်တော်တော်များများ မြန်မာပြည်ကို သိသလားမေးတော့ ..ရီမောပြီး ခေါင်းငြိမ့်ပြတယ်။
တလောတုံးကလည်း ပါလက်စတိုင်းက ကျောင်းဆရာမတစ်ယောက်က ဘားမားလို့ ပြောတာ..အူကြောင်ကြောင်လုပ်နေတာနဲ့ မြန်မာလို့ ပြောပြလိုက်တော့..ဟာ့..မရမ်နမာ..မရန်နမာ နဲ့ သိသွားတဲ့ မျက်နှာ အမူအရာပြပြီး ရေရွတ်သွားတယ်။
တစ်ချိန်ကစစ်အာဏာရှင်တွေက ဘားမား..ကို မြန်မာလို့ ပြောင်းတာ ကျနော်တို့မကြေနပ်ခဲ့ဖူး။ မြန်မာကို ဘားမားလို့ပဲ ခေါ်စေ့ချင်တယ်။
ကျနော်ကတော့..
ဒီနေ့အထိ မြန်မာ..ဆိုတဲ့နာမည်သစ်ကို အသိအမှတ်လည်း မပြု၊ ပါးစပ်ကလည်း ရေရွတ်ပြောဆိုလေ့မရှိဘူး။ ဘားမားမှ ဘားမားပဲ..။
ဘားမားခေတ်တုန်းက အဲလောက်နာမည်မပျက်ခဲ့တာကို
အခုမှ ပိုပြီး ဂုဏ်ယူရမှန်းသိလာပြီလေ.။
ဘယ်သူတွေ မြန်မာလို့ ပြောပြော..
ကျုပ်ကတော့ ဘားမားဘဲ..။
ဘားမားက မဆိုးဘူး။ ဂုဏ်သိက္ခာရှိသေးတယ်။
နာမည်မပျက်ဘူး။
နာမည်ဆိုးနေတာကို ကယ်တင်တဲ့ ပြည်ပက ကြွေးကြော်သံတွေတောင် မှတ်မိကြမယ်ထင်ပါရဲ့..။
ဖရီး ဘားမား ...ဖရီး အောင်ဆန်းစုကြည် ဆိုတာလေး..။
ဖရီးဖြစ်ဖြစ် မဖြစ်ဖြစ်..
ဘားမားကမှ လိပ်ပြာသန့်သေးတယ်....။
ကိုညို( အော်စလို)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။