Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Showing posts with label အောင်ဆန်းစုကြည်. Show all posts
Showing posts with label အောင်ဆန်းစုကြည်. Show all posts

Saturday, November 25, 2017

ဖတ်ရင်းနဲ့မျက်ရည်အလိုလိုကျလာတယ်...... ဒေါ်စု နိုင်ငံပြင်ပမှာပြောတဲ့ မိန့်ခွန်းမှန်သမျှကို ဘာသာပြန်ပြပီး ဖေ့ဘုတ်ပေါ် တင်ပေးကြသူတွေ အထဲ အာဘော်အမိဆုံး ဆောင်းပါးရှင်ရဲ့ စာမွန်


Tun Win added 4 new photos.

(ကြိုက်လွန်းလို့ copy မလာတာ)
ဖတ်ရင်းနဲ့မျက်ရည်အလိုလိုကျလာတယ်......
ဒေါ်စု နိုင်ငံပြင်ပမှာပြောတဲ့ မိန့်ခွန်းမှန်သမျှကို
ဘာသာပြန်ပြပီး ဖေ့ဘုတ်ပေါ် တင်ပေးကြသူတွေ
အထဲ အာဘော်အမိဆုံး ဆောင်းပါးရှင်ရဲ့ စာမွန်
=================================

Written by Spring Flowers
ဒီနေ့ အန်တီပြုံးနေပုံက တကယ့်ကို လှိုက်လှိုက်လှဲလှဲဘဲ ။
အဲဒီအပြုံးအတွက် ပေးခဲ့ရတဲ့တန်ဖိုး ဘယ်လောက်များသလဲ တိတိကျကျ မှန်းဆဖို့ ခက်လိုက်တာ ။
အဲဒီအပြုံးထဲမှာ
-၁၀ နှစ်အရွယ် ကင်မ်ရဲ့ အမေကို လွမ်းလို့ ငိုတဲ့ ညတွေ ဘယ်လောက်များခဲ့မလဲ ။
-မကြာခင်ပြန်လာမယ်လို့ ပြောခဲ့ပြီး လုံးဝပြန်မလာတော့တဲ့အမေအပေါ်
နားမလည်နိုင်ဖြစ်နေတဲ့ ၁၂ အရွယ် အလက်ဇန်းဒါးရဲ့ ကရုဏာဒေါသတွေ ဘယ်လောက်များခဲ့မလဲ ။
-ရာနဲ့ချီရေးပို့ပြီး မရောက်ခဲ့တဲ့ မိုက်ကယ်လ်ရဲ့ စာတွေထဲက အားပေးစကားတွေ ၊ လွမ်းဆွတ်ခြင်းတွေ ဘယ်လောက်များခဲ့မလဲ ။

Tuesday, September 19, 2017

အမေ့စုမိန့်ခွန်း အင်္ဂလိပ် / မြန်မာပြန်အပြည့်အစုံ



Myanmar State Counsellor Office added 10 new photos.

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော် အစိုးရမှဆောင်ရွက်လျက် ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် စပ်လျဉ်း၍ သံတမန်များအား အသိပေးပြောကြားချက်
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
နေပြည်တော် စက်တင်ဘာ ၁၉
ယမန်နှစ်က ရွေးကောက်တင်မြောက်ပြီးခါစ မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ကိုယ်စားလှယ်အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တုန်းကကျွန်မတို့အစိုးရအနေနဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ ရည်ရွယ်ချက်တွေနဲ့ အခြေခံမူတွေအပေါ်မှာ ထားရှိတဲ့ ယုံကြည်မှုတွေကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။
နိုင်ငံများအနေနဲ့ ပိုမိုငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ကမ္ဘာ၊ လူသားများအားလုံးအတွက် ပိုမိုကြင်နာ မေတ္တာထားသောနေရာ တစ်နေရာအဖြစ် ဝိုင်းဝန်းတည်ထောင်နေတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့၊ ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင် ကြိုးပမ်းချက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းကို မျှဝေလိုပါတယ်။

Sunday, June 4, 2017

မစု ရဲ့ ဒိုင်ယာရီ

 
 
စာရေးအားကောင်းတဲ့ရတီရဲ့ စာကိုဖတ်စေ့ချင်ပါတယ်
///////////////////////////////////////////////////////////////////////

ရှည်တယ်ဆိုပြီး ကျော်မသွားကြပါနဲ့....
အစ အဆုံးဖတ်စေချင်ပါတယ်...
အရမ်းကောင်းတဲ့ ပို့စ်မို့ share လုပ်ပေးတာပါ...😊
..........
မစု ရဲ့ ဒိုင်ယာရီ
--------------------
cridit - မူရင်းရေးသူ
အမေစုရဲ့ Diary လေးပါခံစားပေးပါဦး.....................

( ဒီပို့စ်လေးကို ကျော်မသွားပါနဲ့)
သူမကို နားလည်မပေးနိုင်တောင် သူမအကြောင်းကိုတော့ ဖတ်ကြည့်လိုက်ပါ..

ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်.
ဩော်…ဒီနေ့ ငါ့မွေးနေ့ပဲလေ…

Sunday, May 14, 2017

တိုက်ချီတိုး


Mi Mi Tun added 2 new photos — with Mi Mi Tun.

တိုက်ချီတိုး
🐕🐕🐕🐕
တိုက်ချီတိုး နှင့် သူမ ဆုံစည်းဖို့ အကြောင်းဖန်လာခဲ့သည်မှာလည်း ရှေးရေစက်ကြောင့်ပင် ဖြစ်မည်။
သူ ရောက်လာသည့်အချိန်က ၂၀၁၀ ခုနှစ် သူမ အကျဉ်းစံ ဘ၀မှ လွတ်မြောက်လာရချိန် ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။
ကာလကြာမြင့်စွာ မိခင်နှင့် တွေ့ခွင့်မရ၊ ဖုန်းနှင့်ပင် စကားပြောခွင့်မရရှာသော သားငယ် ဖြစ်သူမှ သူမကို အပြေးလာတွေ့ရင်း တဖက်ကလည်း မိခင်ဖြစ်သူအား မှတ်မှတ်ရရ လက်ဆောင်ပေးချင်၍ ရန်ကုန်မြို့ မင်္ဂလာဈေး မှ သူ့အား အပြီးအပိုင်ဝယ်ယူကာ သူမကို လက်ဆောင်အဖြစ် ပေးခဲ့ရာမှ တိုက်ချီတိုးသည် သူ့ဘ၀ထဲ ၀င်ရောက်လာခဲ့ရခြင်းလည်း ဖြစ်သည်။

Friday, April 14, 2017

" ကြေကွဲဖွယ် မနက်စာ " - အောင်ဆန်းစုကြည်

" ကြေကွဲဖွယ် မနက်စာ " - အောင်ဆန်းစုကြည်

ဒီကနေ့ မြန်မာပြည်မှာ လူတွေ စကားစမြည် ပြောကြပြီဆိုရင် အများဆုံးပြောတဲ့ အကြောင်းအရာကတော့ တရိပ်ရိပ် တက်နေတဲ့ ကုန်ဈေးနှုန်းအကြောင်းပါပဲ။ လူစုမိပြီး တိုင်းရေးပြည်ရေး အကြောင်း ဆွေးနွေးကြတဲ့အခါ ဒီကနေ့ ကုန်ဈေးနှုန်းနဲ့ ၁၉၉၀ ပြည့်နှစ် မတိုင်မီက ကုန်ဈေးနှုန်းတွေအကြောင်း နှိုင်းယှဉ်ပြီး ပြောကြ တဲ့ဘက်ကို ရောက်သွားကြပါတယ်။

Tuesday, April 11, 2017

ဖတ်ရင်းနဲ့ရင်ထဲဆို့နင့်သွားတာပါပဲဗျာ ဒေါ်စု နိုင်ငံပြင်ပမှာပြောတဲ့ မိန့်ခွန်းမှန်သမျှကို ဘာသာပြန်ပြပီး ဖေ့ဘုတ်ပေါ် တင်ပေးကြသူတွေ အထဲ အာဘော်အမိဆုံး ဆောင်းပါးရှင်ရဲ့ စာမွန်


ပြောင်းလဲကြဖို့ အချိန်တန်ပြီ added 2 new photos.

ဖတ်ရင်းနဲ့ရင်ထဲဆို့နင့်သွားတာပါပဲဗျာ
ဒေါ်စု နိုင်ငံပြင်ပမှာပြောတဲ့ မိန့်ခွန်းမှန်သမျှကို
ဘာသာပြန်ပြပီး ဖေ့ဘုတ်ပေါ် တင်ပေးကြသူတွေ
အထဲ အာဘော်အမိဆုံး ဆောင်းပါးရှင်ရဲ့ စာမွန်
=================================

Written by Spring Flowers
ဒီနေ့ အန်တီပြုံးနေပုံက တကယ့်ကို လှိုက်လှိုက်လှဲလှဲဘဲ ။
အဲဒီအပြုံးအတွက် ပေးခဲ့ရတဲ့တန်ဖိုး ဘယ်လောက်များသလဲ တိတိကျကျ မှန်းဆဖို့ ခက်လိုက်တာ ။
အဲဒီအပြုံးထဲမှာ
-၁၀ နှစ်အရွယ် ကင်မ်ရဲ့ အမေကို လွမ်းလို့ ငိုတဲ့ ညတွေ ဘယ်လောက်များခဲ့မလဲ ။
-မကြာခင်ပြန်လာမယ်လို့ ပြောခဲ့ပြီး လုံးဝပြန်မလာတော့တဲ့အမေအပေါ်
နားမလည်နိုင်ဖြစ်နေတဲ့ ၁၂ အရွယ် အလက်ဇန်းဒါးရဲ့ ကရုဏာဒေါသတွေ ဘယ်လောက်များခဲ့မလဲ ။
-ရာနဲ့ချီရေးပို့ပြီး မရောက်ခဲ့တဲ့ မိုက်ကယ်လ်ရဲ့ စာတွေထဲက အားပေးစကားတွေ ၊ လွမ်းဆွတ်ခြင်းတွေ ဘယ်လောက်များခဲ့မလဲ ။

ဆဲတဲ့သူကို ပြုံးပြီးကြည့်ရဲတဲ့သတ္တိ


Daw Aung San Suu Kyi

ဆဲတဲ့သူကို ပြုံးပြီးကြည့်ရဲတဲ့သတ္တိ
~~~~~~~~~~~~~~~
``ဂျုတီကျ ဗိုလ်မှုး ပြောပြတဲ့ အမေစုမိန့်ခွန်း´´
ပြည်လုံးကျွတ်နဲ့သတင်းစာကနေ
ဆဲပွဲကြီး လုပ်နေချိန်ကပါ။
လူထုဆဲပွဲအပြန် ဘတ်စ်ကားတစ်စီး
သံဆူးကြိုးတွေဖွင့်ဝင်လာကာ အိမ်ရှေ့ရပ်
ဆဲကြပါသည်။
"ကုလား………ဘီလူး
ပြည်ဖျက် တိုင်းပြည်က ထွက်သွား ငါ………………"
စုံနေအောင် အုပ်လိုက် တပျော်တပါးကြီး
အကျယ်ကြီး ဆဲကြတာ...
အနားမှာ စစ်သားတွေဘဲ ရှိတယ်။
ဘယ်သူမှ ပေးမဝင်ထားတဲ့နေရာမှာ
(သင်ဆိုဘာလုပ်မလဲ)

Thursday, April 6, 2017

■ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သီးသန့်တွေ့ဆုံ မေးမြန်းခန်း ■



Myanmar State Counsellor Office added 3 new photos.

■ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သီးသန့်တွေ့ဆုံ မေးမြန်းခန်း ■
British Broadcasting Corporation - BBC သတင်းဌာနမှ ထုတ်လွှင့်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား BBC သတင်းဌာနမှ သတင်းထောက် Fergal Keane က တွေ့ဆုံမေးမြန်းမှု(အင်္ဂလိပ်ဘာသာ) အား မြန်မာဘာသာသို့ပြန်ဆိုချက်နှင့် အတူဖော်ပြအပ်ပါသည်။
(Fergal Keane, BBC News) : ပြောင်းလဲမှုကိုပြောရမယ်ဆိုရင် သာမာန်ပြည်သူတွေရဲ့ဘဝမှာပေါ့ ၊ တောင်အာဖရိကမှာ တွေ့ကြုံခဲ့ရတဲ့ အခြေအနေမျိုးပေါ့၊ လွတ်မြောက်ရေးလှုပ်ရှားမှုတစ်ရပ်အပြီး အာဏာရ လာတဲ့အချိန်မှာ စိတ်တိုင်းမကျဖြစ်တဲ့ အနေအထားမျိုးတွေရှိနေတယ်လို့ ခံစားမိပါသလား။ ပြည်သူတွေရဲ့ဘဝတွေပိုမိုကောင်းမွန်ဖို့ ဘာတွေများလုပ်ပေးပြီးပါပြီလဲ။

Saturday, April 1, 2017

B2B သူတို့ပြောတဲ့တွေးစရာလေးတွေ

B2B သူတို့ပြောတဲ့တွေးစရာလေးတွေ
++++++++++++++++++++++++++

# “ယဉ်ကျေးတဲ့ သူတိုင်းဟာ အမှန်တရားဟာ အင်အားလို့သတ်မှတ်ပြီးတော့ သတ်မှတ်တဲ့အတိုင်း လုပ်ကိုင်ပြောဆိုကြပါတယ်။ လူရိုင်းတွေကတော့ အင်အားဟာ အမှန်တရား လို့ ပြောကြပါတယ်။ အင်အားဟာ အမှန်တရားလို့ ထင်ရင်း ထင်ရင်းနဲ့ အမှန်တရား ဆိုတာ ဘာမှန်းတောင် မသိကြတော့ပါဘူး။ အင်အားကိုပဲ အားကိုးလာကြပါတယ်”။

ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်

Sunday, February 26, 2017

အမေပြောတဲ့မျိုးချစ်စိတ်ဆိုတာ

 
 
#အမေပြောတဲ့မျိုးချစ်စိတ်ဆိုတာ

"ကျွန်မ သိပ်ပြီးတော့
မျိုးချစ်စိတ်ဓာတ်တွေ ဘာတွေအကြောင်း မပြောချင်ဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ အခုဆိုလို့ရှိရင် ဒီမျိုးချစ်စိတ်၊ မျိုးချစ်စိတ် ဆိုပြီးတော့
ဟိုလူ့တိုက်လိုက် ၊ ဒီလူ့တိုက်လိုက် လုပ်နေကြတယ်။
ဒါကြောင့်မို့လို့ ,
မျိုးချစ်စိတ်ကို ဈေးကျအောင် လုပ်တာပဲ မျိုးချစ်စိတ်ကို အပေါစားဖြစ်အောင် လုပ်တာပဲ။"

Sunday, January 1, 2017

သူလိုလူ"သို့မဟုတ်"ဒီမိုကရေစီ ခရီးကြမ်း

သူလိုလူ"သို့မဟုတ်"ဒီမိုကရေစီ ခရီးကြမ်း
--------------------------------------------------------

(ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လွယ်လွယ်နဲ့ဖြစ်
လာတယ်လို့ မထင်လိုက်ကြပါနဲ့။အခုရေးပြထား
တာတွေဟာ တစ်စိတ်တစ်ပိုင်းလေးပဲ ရှိပါသေး
တယ်)

အမေစုဟာဘယ်လိုခက်ခဲကြမ်းတမ်းတဲ့လမ်းကို
လျှောက်ခဲ့ရသလဲဆိုတာမသိမမှီလိုက်ရတဲ့သူတွေ
လည်းသိရအောင်သိပြီးသူများလည်းပြန်အမှတ်ရ
အောင်(remind)ပေါ့။

Sunday, December 25, 2016

၁၂ နှစ်သမီး၏ ဒဿန


Thant Zaw Oo added 2 new photos.

၁၂ နှစ်သမီး၏ ဒဿန
🔺🔺🔺🔺🔺🔺🔺🔺🔺
လူထုချစ်သော ဒေါ်အောင်ဆန်းစုကြည် အသက် ၁၂ နှစ် သမီး အရွယ် ကျောင်းသူဘဝက သူငယ်ချင်း တစ်ဦး၏ "အော်တို" မှတ်တမ်း စာအုပ်တွင် ရေးသားခဲ့သော အမှတ်တရ စာတမ်းကလေး...
မျက်စိ မမြင်သော မိန်းကလေးသည် ကြားနိုင်သေး၏။
နားမကြားသော မိန်းကလေးသည် မြင်နိုင်သေး၏။
သဖက်မပါသော မိန်းကလေးသည် အေးမြမှုကို ခံစားနိုင်သေး၏။
သို့သော်...
ရည်မှန်းချက်မရှိသော မိန်းကလေးမူကား အရူးပမာသာတည်း။

Sunday, November 27, 2016

“In The Quiet Land”"အသံတိတ် တိုင်းပြည်ထဲမှာ"

"အသံတိတ် တိုင်းပြည်ထဲမှာ"
▄▄▄▄▄▄▄▄▄▄▄▄▄
ဒေါ်အောင်ဆန်းစုကြည်(မြန်မာ-အင်္ဂလိပ်)
အသံတိတ် တိုင်းပြည်ထဲမှာ
တဦးတယောက်ကများ ချောင်းနားထောင်နေရင်ဘဲ
ဆက်မပြောရဲကြတော့ဘူးလေ။

သတင်းပေးဆိုသူတွေက လျှို့ဝှက်ချက်တွေကို ရောင်းစားကြတယ်လေ။
ပြည်သူတွေရဲ့ အသက်သွေးတွေကို ဖောက်သောက်နေကြတာလေ။

မင်းဆိုးမင်းယုတ်တွေ မကြိုက်တာဆို
ဘယ်သူကမှ မပြောရဲကြဘူးလေ။

Friday, November 4, 2016

မတူကွဲပြားခြင်းနှင့် ညီညွှတ်ခြင်းတို့ကို မိမိဆန္ဒရှိသလို ဆောင်ရွက်ရန်မှာ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို

 
 
မတူကွဲပြားခြင်းနှင့် ညီညွှတ်ခြင်းတို့ကို မိမိဆန္ဒရှိသလို ဆောင်ရွက်ရန်မှာ မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို
------------------

ဒေါ်အောင်ဆန်းစုကြည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ခေတ္တ ပညာသင်ယူခဲ့သည့် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်သည် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။ ထိုချီးမြှင့်ခဲ့သည့် လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ဆောင်ရွက်သည့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ကျိုတိုတက္ကသိုလ်က ပထမဆုံး အကြိမ် ချီးမြှင့်ခြင်းဖြစ်သည်။

Friday, September 23, 2016

ဟားဗတ်မိန့်ခွန်း { ဒေါ်အောင်ဆန်းစုကြည် }

ဟားဗတ်မိန့်ခွန်း { ဒေါ်အောင်ဆန်းစုကြည် }

Translated By Spring Flowers

ဒီဆုကို ကျမဆောင်ရွက်ခဲ့တာတွေအတွက် အသိအမှတ်ပြုပြီးပေးတာလို့ရော ၊ အနာဂတ်မှာ ကျမတို့ ရအောင်ကြံဆောင်ရမယ့်အရာတွေအတွက် အတိတ်နိမိတ်ကောင်းအဖြစ်ပါ ကျမ သဘောထားပါတယ် ။ ဘာလို့လည်းဆိုတော့ ကျမတို့ ပြည်သူတွေ လွပ်လပ်မှုရော ၊ လုံခြုံမှုရော ရှိနေပြီလို့ ပြောနိုင်တဲ့အထိရောက်ဖို့ အဝေးကြီးလိုသေးလို့ပါ ။ လွတ်လပ်ခြင်းနဲ့လုံခြုံခြင်းကို မျှမျှတတရဖို့ ဆိုတာ ဘ၀မှာ လူတွေ အတောင့်တဆုံးအရာတွေဘဲလို့ ကျမ ခဏခဏ ပြောခဲ့ပါတယ် ။ ဒါကြောင့် ဒီနေ့ ကျမဒီလိုလာနိုင်အောင် အခွင့်အရေးပေးခဲ့ကြတဲ့လူကြီးမင်းတွေရော ၊ ကျမကို ချီးကျူးပြောဆိုခဲ့သူတွေရော အားလုံးကို ကျေးဇူးတင်ပါရစေ ။

Wednesday, September 21, 2016

အမေစုရဲ့မိန့်ခွန်း_မြန်မာဘာသာပြန်

#အမေစုရဲ့မိန့်ခွန်း_မြန်မာဘာသာပြန်
#ညကမကြည့်ဖြစ်သူတွေအတွက်ရောဘာသာပြန်မထိသူတွေအတွက်ရော
အရမ်းကောင်းပြီး သိပ်ပြတ်သားလွန်းတဲ့ မိန့်ခွန်းပါ။
လိုရင်းနဲ့ ထိထိရောက်ရောက်ပြောနိုင်တယ်
ရခိုင်အရေးကိစ္စပြောသွားတာ အကြိုက်ဆုံးပဲ
********************************
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းမှအဓိကအချက်များ-
နိဒါန်း
- မြန်မာနိုင်ငံ၏အစိုးရသစ်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်၏ ရည်မှန်းချက်များနှင့် ရပ်တည်ချက်များအပေါ်ထားရှိသည့် မိမိတို့၏ ယုံကြည်လေးစားမှုကို ထပ်လောင်းအတည်ပြုလိုကြောင်း၊

Wednesday, September 14, 2016

**သူ့နာမည် တိုက်ချီဒို**


Phyo Min Shein added 5 new photos.Follow

**သူ့နာမည် တိုက်ချီဒို**
ဟိုး..အရင်သူ့အကြောင်းမသိခင်က ဒီခွေးကဘာလဲကွာဆိုပြီး တော်တော်အမြင်ကပ်ခဲ့တာ။
ဒေါ်အောင်ဆန်းစုကြည်ကလည်းသွားလေရာအမြဲခေါ်တယ်။(အလုပ်ကိစ္စနဲ့သွားရတဲ့နေရာမျိုးတော့ မခေါ်ပါဘူး)
အန်တီစုလွှတ်တော်တတ်ဖို့နေပြည်တော် သွားရင်သူအမြဲပါတတ်တယ်။ အန်တီပြည်ပခရီးရှည်ထွက်ပြီးလို့
ပြန်လာပြီဆို အန်တီနားကတစ်ဖဝါးမှ မခွါတော့ဘူး။
ညရောက်ရင်အန်တီခြေထောက်ကိုဖတ်ပြီးအိပ်တယ်လို့
အန်တီကပြောဖူးတယ်။

Saturday, September 3, 2016

"ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော ၂၁ ရာစုပင်လုံ ပထမအစည်းအဝေး နောက်ဆုံးနေ့ အပိတ်မိန့်ခွန်းအပြည့်အစုံ"

"ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော ၂၁ ရာစုပင်လုံ ပထမအစည်းအဝေး နောက်ဆုံးနေ့ အပိတ်မိန့်ခွန်းအပြည့်အစုံ"

ကျွန်မတို့ဒီညီလာခံကြီးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဖြစ်စဉ်တစ်ခုဆိုတာ အစဉ်တစိုက် လုပ်နေဖို့အရာဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဒီညီလာခံထဲမှာရောက်နေတဲ့ အချိန်မှာပဲ ငြိမ်းချမ်းရေးကိစ္စ စဉ်းစားဖို့မဟုတ်ပါဘူး။ အစည်းအဝေးတွေကျင်းပနေချိန်မှသာ ငြိမ်းချမ်းရေးကို စဉ်းစားနေဖို့ မဟုတ်ပါဘူး။ တချိန်လုံး ကျမတို့ဟာငြိမ်းချမ်းရေးကို ဘယ်လိုရအောင်ယူကြမလဲ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီး ခိုင်ခံအောင်ချမ်းသာအောင်လို့ဘယ်လိုလုပ်ကြမလဲဆိုတာ အစဉ်တစိုက် ကျွန်မတို့ စဉ်းစားနေကြရမယ့်ကိစ္စဖြစ်ပါတယ်။

Tuesday, August 23, 2016

ကျွန်မ အောင်ဆန်းစုကြည် ( စ/ ဆုံး )

ကျွန်မ အောင်ဆန်းစုကြည် ( စ/ ဆုံး )
**************************
( ၁ )
ကျွန်မကအဖေ့သမီးပဲ
ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တယ်
ဘယ်နှစ်ခါမှတ်ကျောက်တင်ပြရဦးမှာလဲ
ရှင်တို့တွေပဲ ပွန်းပဲ့ကုန်ပြီ
...
ကျွန်မလား ...
လက်နဲ့ထိလိုက်လို့ရွှေဖြစ်မသွားပေမယ့်
လက်ခုပ်တစ်ချက်တီးတိုင်း
ချိုးငှက်တစ်ကောင်ထပျံမယ်
ပန်းပွင့်တစ်ပွင့် ရှင်တို့ရှေ့မှာထပွင့်မယ်

Friday, August 5, 2016

#ဒေါ်အောင်ဆန်းစုကြည်ပြောဆိုချက်တွေဟာစိတ်ဝင်စားစရာအင်မတန်ကောင်းပါတယ်။အစအအဆုံးဖတ်သင့်ပါတယ်။

#ဒေါ်အောင်ဆန်းစုကြည်ပြောဆိုချက်တွေဟာစိတ်ဝင်စားစရာအင်မတန်ကောင်းပါတယ်။အစအအဆုံးဖတ်သင့်ပါတယ်။
■■■■■■■

UNFC စည်းလုံးညီညွတ်သော တိုင်းရင်းသားဖက်ဒရယ်ကောင်စီခေါင်းဆောင် များအား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော မှတ်သားဖွယ်ရာ ဆွေးနွေးချက်များ

သျှမ်းသံတော်ဆင့်
သြဂတ်စ်လ ၄ ရက် ၂၀၁၆

အဖွင့်မိန့်ခွန်း

ကျမကိုအခုလိုလာပြီးတွေ့တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ဒီလိုတွေ့ဆုံမှုအတွက်လဲကျမတို့မျှော်လင့်ခဲ့တာကြာပါပြီ။တွေ့ဆုံခြင်းအားဖြင့်လဲကျမတို့အားလုံးအတွက်တိုးတက်မှုတွေအကျိုးကောင်းတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျမတို့ တွေမိသားစုလိုတွေ့တယ်ဆိုတော့ ကျမတခုမေးချင်ပါတယ်။
ဒီအထဲမှာဘယ်သူအသက်အကြီးဆုံးလဲ ? ဦးကျော်တင့်ဆွေအပါအ၀င်ပေါ့။ ဦးကျော်တင့်ဆွေက ကျမထက် ၃ လငယ်တယ်။ကျန်တဲ့ဧည့်သည်တွေကော ကျမထက်ကြီးတဲ့သူပါလား။