Phyo Min Shein added 5 new photos.Follow
**သူ့နာမည် တိုက်ချီဒို**
ဟိုး..အရင်သူ့အကြောင်းမသိခင်က ဒီခွေးကဘာလဲကွာဆိုပြီး တော်တော်အမြင်ကပ်ခဲ့တာ။
ဒေါ်အောင်ဆန်းစုကြည်ကလည်းသွားလေရာအမြဲခေါ်တယ်။(အလုပ်ကိစ္စနဲ့သွားရတဲ့နေရာမျိုးတော့ မခေါ်ပါဘူး)
အန်တီစုလွှတ်တော်တတ်ဖို့နေပြည်တော် သွားရင်သူအမြဲပါတတ်တယ်။ အန်တီပြည်ပခရီးရှည်ထွက်ပြီးလို့
ပြန်လာပြီဆို အန်တီနားကတစ်ဖဝါးမှ မခွါတော့ဘူး။
ညရောက်ရင်အန်တီခြေထောက်ကိုဖတ်ပြီးအိပ်တယ်လို့
အန်တီကပြောဖူးတယ်။
ပြီးတော့အန်တီကဆက်ပြောသေးတယ်``ကျမထင်တယ် သူကဒီခြေထောက်တွေကိုဖတ်ထားတာဟာ ဒီ
ခြေထောက်ကပဲ သူ့ကိုထားထားသွားလွန်းလို့ ကျမဘယ်မှ သွားမရအောင်ဖတ်ထားတာ လို့ထင်တယ်´´
လို့ဆောင်ပါးထဲမှာရေးဖူးတယ်။
နောက်တစ်ခါအန်တီထမင်းစားပြီဆို ရစ်သီရစ်သီလာလုပ်ပြန်ပြီ၊ အဲဒီအခါကျရင် အန်တီကထမင်းစားတာ ခဏရပ်ပြီး သူ့ကိုထမင်းကျွေးဖို့လုပ်ရပြန်ပြီ။
အန်တီခင်မျာထမင်းကိုကောင်းကောင်းမစားရရှာဘူး။
ဘာကြောင့်အန်တီက ဒီခွေးလေးကိုဒီလောက်ဂရုစိုက်နေရတာသိလိုက်ရတော့ တိုက်ချီဒို ကိုအမြင်ကပ်တဲ့စိတ်
တွေမရှိတော့တဲ့အပြင် ချစ်ပါချစ်သွားမိတယ်။
တိုက်ချီဒိုဆိုတာ အန်တီရဲ့သားအငယ်လေးကမြန်မာပြည်ကို ခဏအလည်လာပြီး နိုင်ငံခြားကိုပြန်ရတော့မယ့်အချိန်မှာ သူ့အမေနားမှာသက်တော်စောင့်ထားခဲ့မယ်ဆိုပြီ လသားအရွယ်သာရှိသေးတဲ့ တိုက်ချီဒိုကိုဝယ်လာပြီး သူ့အမေကိုလက်ဆောင်ပေးခဲ့တာတဲ့။
ဒီလိုသိလိုက်ရတော့မှ အားလုံးကိုသဘောပေါက်နားလည်သွားတော့တယ်။
အန်တီစုတစ်ယောက် သူ့ရင်ထဲမှာဘယ်လိုခံစားချက်နဲ့
တိုက်ချီဒိုလေးကို ဆက်ဆံနေတယ်ဆို တာတွေးတွေးကြည့်တိုင်း စိတ်မကောင်းဘူးဗျာ။ ။
Credit Zaw'Lin Oo

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။