ကြွက်တစ်ကောင်..(ဖတ်ကြည့်စေ ချင်တယ်)
ဦးဘုန်း (ဓာတု)
" ဗိုလ်ချုပ်အောင်ဆန်း ရဲ့ လက်မှာ လက်စွပ်ဝတ်ထားတာ မင်းတို့တွေ့ဖူးလား ..... ငါတော့ မတွေ့ဖူးဘူး "
ငါဖတ်ဖူးတဲ့ စာအုပ်ထဲမှာတော့ " ဗိုလ်ချုပ်အောင်ဆန်းမှာ ကိုယ်ပိုင်လက်စွပ်တစ်ကွင်းရှိဖို့
နေနေသာသာ သမီးအတွက် "နား" မှာ ဆင်ဖို့ စိန်ခြယ်နားကပ်တောင် မရှိရှာဘူးတဲ့
သူ့အမေ ဒေါ်စုဆီကိုပြန်ပြီး သူ့သမီးလေးအတွက် နားကပ်တောင်းရသတဲ့ "
" ငါကြားဖူးတာရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းမှာ ရွှေလက်စွပ်မပြောနဲ့ သူ့ခန္ဓာကိုယ်မှာ ဘာမှ မတွေ့ဖူးဘူး "
" ဒီလိုတော့ မပြောနဲ့ ဗိုလ်ချုပ်ရဲ့ ခန္ဓာကိုယ်ထဲက နှလုံးသားဟာ ရတနာကွ။ ရွှေရောင်နှလုံးသား ပြည်တန်ပတ္တမြားနှလုံးသား "
" တို့ ဗိုလ်ချုပ်က ကိုယ်ကျိုးမရှာဘူး။ အများကောင်းကျိုးကို အသက်စွန့်ပြီးဆောင်ရွက်တယ်။ ဘာမှယူမသွားဘူး ...."
စစ်ကိုင်းကောင်းမှုတော် ဘုရားကြီး၏ စနေထောင့် သစ်ပင်ရိပ်တွင် ကျွန်တော်က စာဖတ်ရင်း အနားယူနေသည်။ ကျွန်တော်နှင့် မလှမ်းမကမ်း တစ်နေရာ၌ ဘုရားဖူးထွက်လာသော လူငယ်တစ်စုက သစ်ပင်ရိပ်မှာ နားခိုကြရင်း " ဗိုလ်ချုပ်အောင်ဆန်း " အကြောင်း သူတို့ သိသလောက်
ပြောနေကြသည်။ သူတို့ပြောနေသည့် စကားကို ကြားလိုက်ရသဖြင့် ဖတ်လက်စ စာအုပ်ကို ဘေးတွင်ချပြီး နားစွင့်မိလိုက်မိသည်။
အသက်ကြီးကြီးကျောင်းသားတစ်ေ ယာက်က ဦးဆောင်ပြီး ပြောသည်။ တစ်ချို့က ၀င်ပြီးဆွေးနွေးကြသည်။
" ဗိုလ်ချုပ်သေတော့ နတ်ပြည်ရောက်တယ် "
" သေတယ်လို့ မပြောပါနဲ့ ..... ကျဆုံးတာပါ "
" အေး ၊ ဟုတ်တယ်။ ဆောရီးပဲ "
" ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတော့ နတ်ပြည်ရောက်တယ် "
" မင်းဘယ်လိုလုပ်ပြီး သိတာလဲ "
" မင်းတို့ပဲ စဉ်းစားကြည့်လေ "
" မစဉ်းစားတက်ပါဘူး "
" ကဲ .... ငါပြောပြမယ် "
" ဗိုလ်ချုပ်အောင်ဆန်း ဟာ ငါတို့ တစ်မျိုးသားလုံးရဲ့ အာဇာနည်။ ငါတို့ တိုင်းပြည်ရဲ့ သူရဲကောင်း၊ အဲ့ဒါ မင်းတို့ လက်ခံသလား "
" အေး .... ဟုတ်တယ်လေ။ အဲ့ဒါ ဘာဖြစ်လဲ ....."
" ဗိုလ်ချုပ်အောင်ဆန်း " ကိုယ်တိုင် အာဇာနည် သူရဲကောင်းတစ်ယောက် ဖြစ်သွားမှန်း သိသွားရဲ့လား.....
" ဘယ်သိမှာလဲ ....."
" ငါပြောချင်တာ အဲ့ဒါပဲ ......"
" ဗိုလ်ချုပ်အောင်ဆန်း " ကို ငါတို့ တိုင်းပြည်ရဲ့ အာဇာနည် သူရဲကောင်းအဖြစ် ငါတို့က သတ်မှတ်တယ်။ နေရာပေးတယ်။ သူက အာဇာနည်
ဖြစ်ဖို့၊ သူရဲကောင်းဖြစ်ဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ သမိုင်းရဲ့ တောင်းဆိုမှုအတိုင်း နိုင်ငံသား တစ်ယောက်အနေနဲ့
လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား စွန့်စွန့်စားစား လုပ်သွားခဲ့တဲ့သူ။ သူ ကိုယ်တိုင်က အာဇာနည်ဖြစ်သွားမှန်း၊ သူရဲကောင်းဖြစ်သွား
မှန်း မသိရှာဘူး ......"
" အဲ့ဒါနဲ့ ဗိုလ်ချုပ်အောင်ဆန်းက နတ်ပြည်ရောက်ရောလား ......"
" ငါ့စကား မဆုံးသေးဘူး .... မင်းတို့နားထောင်ကြည့်ဦး ....."
စကားကို ဦးဆောင်ပြောနေသည့် လူငယ်က အသက်ရှိလှမှ နှစ်ဆယ်ကျော်ပေါ့။ သူငယ်ချင်းတွေ အားလုံးကို သူက " ပွဲထိန်း " ထားသည်။
မနီးမဝေးမှာရှိတဲ့ ကျွန်တော်ကိုလည်း စိတ်ဝင်စားအောင် စည်းရုံးနေသလိုဖြစ်နေသည်။ သူ့စကားကို ကျွန်တော်က ဆက်ပြီး နားစွင့်လိုက်သည်။
" ဒီလိုရှိတယ်.....ဟေ့ကောင် မင်းအောင် "
" မင်းအဖေ သေတာ ဘယ်နှစ်လရှိပြီလဲ ......"
ဆံပင်ရှည်ရှည်နဲ့ အသားညိုညို လူငယ်တစ်ယောက်ကို သူကမေးလိုက်သည်။
" ငါ့အဖေသေတာနဲ့ ဒီကိစ္စ ဘာဆိုင်လို့လဲ ...."
" ငါမေးတာ ဖြေစမ်းပါ ... ပြီးရင် ငါရှင်းပြမှာပေါ့ ......."
" ခြောက်လလောက် ရှိပြီ ...."
" မင်းအဖေ သေတော့ နတ်ပြည်ရောက်သလား..... ငရဲပြည် ရောက်သလား ....."
" ငါ့ အဖေက နတ်ပြည်ရောက်မှာကွ ....."
" ဒါဖြင့်ရင် မင်းအဖေကို ငါက ငရဲပြည်ရောက်တယ်လို့ ပြောမယ်ကွာ .... မင်းလက်ခံမလား ..."
" လုံးဝမဖြစ်နိုင်ဘူး.... ငါ့အဖေက လူကောင်း။ စိတ်ကောင်းရှိတယ်၊ ငါတို့ မိသားစုအတွက် နေမင်းကြီး၊
ငါ့အဖေကို ငရဲပြည်ရောက်တယ်လို့ ပြောရဲပြောကြည့် ငါစိတ်ဆိုးမှာ ....."
" အေးပါ ငါကလည်း ဥပမာ ပြောပြတာပါ ......"
သူတို့၏ စကားဝိုင်းသည် ပျော်စရာကောင်းနေလေ၏။ မေးသူကမေး ၊ ဖြေသူကဖြေ၊ ကျွန်တော်လည်း စိတ်ဝင်တစား နားစိုက်နေမိသည်။
ဒီလိုရှိတယ်။ " ကိုယ့်အတွက် အနစ်နာခံပေးသူတိုင်းကို ကိုယ်ကချစ်တယ်။ အများအတွက် အနစ်နာခံပေးသူတွေကိုတော့ အများကချစ်တယ်။
ဒါဆိုရင် ကိုယ်ချစ်တဲ့သူ သေတယ်ဆိုကြပါစို့ ...... ကိုယ်ချစ်တဲ့သူကို ကိုယ်က ချစ်လို့မ၀ဘူး ....။ ဒီတော့ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့စိတ်က အားကြီးလွန်းနေတော့ သေလွန်သွားတာတောင် ဘယ်နေရာမှာထားပြီး ချစ်ရရင် ကောင်းမလဲကို ငါတို့က တွေးတောကြစမြဲပါ .....။ အဲ့ဒီတော့ ကိုယ်ချစ်တဲ့သူအတွက် နေရာကောင်းကောင်းလေး စဉ်းစားကြရင်းနဲ့ နတ်ပြည်ကို ငါတို့က ပို့ပြီးချစ်လိုက်ကြတော့တာပဲ ....။ သေတဲ့သူ
ကိုယ်တိုင်က နတ်ပြည်ရောက်သလား။ ငရဲပြည်ရောက်သလား မသိရှာပါဘူး။ ကျန်ခဲ့တဲ့ ငါတို့က ကိုယ်ချစ်တဲ့သူအတွက် အဲ့ဒီလို နေရာပေးပြီး
ချစ်လိုက်ရမှ စိတ်အလိုပြည့်တော့တယ်လေ.... ..."
ကျွန်တော့်နားထဲတွင် စကားအဆန်းများကို ကြားလိုက်ရည်။ တော်တော်အတွေးဆန်းတဲ့ လူငယ်လေးပါလား .....။
" ဒီလိုပဲ ... ကိုယ့်အတွက် အနစ်နာမခံတဲ့ သူတိုင်းကို ကိုယ်ကမုန်းမိတယ်။ အများအတွက် အနစ်နာခံစိတ် မရှိသူတွေကိုလည်း အများက
မုန်းကြမှာပဲ...။ ကိုယ်မုန်းတဲ့ သူသေရင် သူတို့က မုန်းလွန်းနေတော့ မုန်းနေတဲ့ စိတ်က အတောမသတ်နိုင်ပါဘူး။ ဒီတော့ အဲ့ဒီ မုန်းနေတဲ့
စိတ်ကြောင့် ငါတို့က ကိုယ်မုန်းတဲ့သူကို ဘယ်နေရာထားပြီး မုန်းရရင် ကောင်းမလဲ စဉ်းစားကြတယ်....။ ဒီလိုနဲ့ .... ငရဲပြည်မှာ ထားလိုက်ကြ
တော့တယ်။ ဒီတော့မှ ငါတို့ စိတ်ကဖြေသာတော့တယ်။ သေသွားတဲ့ သူကတော့ ငရဲပြည်ရောက်ချင်မှလည်း ရောက်မယ်။ သူ ဘယ်ရောက်သွား မှန်း ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ် လူတွေအမုန်းခံရတဲ့ သူတစ်ယောက်သေရင်တော့ ကျန်ရစ်ခဲ့သူတွေက သူ့ကို ငရဲပြည်ပို့ပြီး စိတ်ကျေနပ်
မှုကို ရယူကြတယ်....။ "
သူ့စကားကြောင့် ကျွန်တော့စိတ်ထဲတွင် တွေးစရာများ ရလိုက်သည်။ တွေးလိုက်မိသည်။
ကျွန်တော်လည်း သေမည်။
ခင်ဗျားလည်း သေမည်။
သူတို့ .... သူတို့လည်းသေမည်။
မသေတဲ့တူ လူပြည်မှာ မရှိ။ ကိုယ်သေရင် ဘယ်ကို ရောက်မှာလဲ။ ကိုယ်ကိုတိုင် မသိတာတော့ သေချာသည်။ သို့သော် ကျန်ရစ်တဲ့
လူအများစုက သူတို့စိတ်ထဲမှာ ရှိတဲ့ " အချစ် အမုန်း " ရဲ့ အထူးအပါး အပေါ်မှာ မူတည်ပြီး သေဆုံးသူကို နေရာပေးကြလိမ့်မည်။
လူအများရဲ့ ချစ်ခင်ခြင်းကို ခံရတဲ့သူတစ်ယောက်ကို ၊ လူ့လောက အလယ်က ထွက်ခွါသွားတဲ့အခါ သူကို နှမျောကြသည်။ နှမျောပေမပေါ့။
သူက ကိုယ်ကျိုးမရှာဘူး။ အများကောင်းကျိုး ကြည့်သည်။ ကိုယ့် မိသားစု အကျိုးထက် ကိုယ်နဲ့ ပတ်သက်နေတဲ့ လောကကောင်းကျိုးကို ဆောင်ရွက်သည်။ အတ္တနည်း၏။ မာနမကြီး။ အများကောင်းကျိုး၊ လောကအကျိုးကို အနစ်နာခံပြီး သယ်ပိုးသည်။ ဒီတော့ သူ့ကို လူတွေက
ချစ်ကြသည်။ ချစ်ရလွန်းသူတစ်ယောက် သေဆုံးသွားတော့ လွန်စွာဝမ်းနည်းကြသည်။ ယူကြုံးမရဖြစ်ကြသည်။ သူ့ကို ချစ်လွန်းတော့ ကျန်ရစ်ခဲ့တဲ့ ကျွန်တော်တို့တတွေက နတ်ပြည်ပို့ပြီး ချစ်လိုက်ရမှ စိတ်ထဲတွင် အလွမ်းပြေလေတော့သည်။ စိတ်ကျေနပ်မှု ရလေတော့သည်။
ဒီလိုပါပဲ......
လူအများစုရဲ့ မုန်းတီးခြင်းကို ခံရတဲ့သူတစ်ယောက် လူ့လောက အလယ်က ထွက်ခွါသွားတဲ့အခါ အားလုံးက ပျော်ကြသည်။ ပျော်ပေမပေါ့။
သူက ကိုယ်ကျိုးရှာသူ၊ အများအကျိုးကို ပစ်ပယ်သူ၊ ကိုယ်နဲ့ ပတ်သက်နေတဲ့ လောကအကျိုးကို ဆောင်ရွက်ဖို့ထက် ကိုယ့်မိသားစု အကျိုးကို
ကြည့်တက်သူ။ အတ္တကလည်း ကြီးသလားမမေးနဲ့။ မြင်မြင်သမျှ ငါ့ဥစ္စာလို့ ထင်မှတ်သူ။ အများကောင်းကျိုး၊ လောကကောင်းကျိုးဆိုတာ
သူ့ဘ၀မှာ မရှိ။ အနစ်နာခံဖို့ဝေးစွ။ ဒီတော့ သူ့ကို လူတွေက မုန်းတီးကြလေတော့သည်။ မုန်းရလွန်းသူတစ်ယောက် သေဆုံးသွားတော့ အားလုံးကတိုင်ပင်မထားပဲ ပျော်ရွှင်ကြတော့သည်။ ကျန်ရစ်ခဲ့တဲ့ ကျွန်တော်တို့တတွေရဲ့ စိတ်ထဲမှာ သူ့ကိုနာကြည်းတဲ့ စိတ်က မကုန်နိုင်ဘူး။
ဒီတော့ ဘယ်နေရာထားပြီး မုန်းရမလဲလို့ စဉ်းစားကြတော့သည်။ ကျန်ရစ်သူ လူများစုက သူ့ကို ငရဲပြည်ပို့ပြီးထားလိုက်ရမှာ စိတ်ထဲတွင်
ဖြေသာတော့သည်။ ထိုလူငယ်တစ်သိုက် ပြောနေသော စကားနောက်တွင် ကျွန်တော်အတွေးများက ဆက်တိုက်ပါသွားလေ၏။
" ဒီတော့ ငါမေးမယ်...."
ငါမေးမယ် ဆိုပါလား ........။
ဘာတွေများ မေးကြဦးမှာပါလိမ့် ....။
" ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတော့ အားလုံးဝမ်းနည်းသလား။ ပျော်သလား.....။"
" မေးနေရသေးလား။ အားလုံးဝမ်းနည်းကြတယ်။ "
" ငါ့အဘိုး ပြောဖူးတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတော့ တိုင်းပြည်တစ်ပြည်လုံး ထမင်းမစားနိုင်လောက်အောင်ကို ကြေကွဲကြတာတဲ့"
" အေး...ဟုတ်ပြီ။ ဗိုလ်ချုပ်အောင်ဆန်း က အများအကျိုးကို သယ်ပိုးတယ်။ လောကအတွက် အများကြီး လုပ်ပေးသွားတယ်။ လောကထဲက
ဘာကိုမှ ယူမသွားဘူး။ ဗိုလ်ချုပ်အောင်ဆန်း ဘ၀တစ်လျှောက်လုံးမှာ အိန္ဒိယနိုင်ငံက နေရူး ချုပ်ပေးတဲ့ စစ်ဝတ်စုံရယ်၊ ကရင်-ဗမာ ချစ်ကြည်ရေး သွားတုန်းက ကရင်လူငယ်လေးတွေ ရေးသားစပ်ဆိုပေးခဲ့တဲ့ ငွေသော်တာရောင်ခြည် ဆိုတဲ့ "ဆရာမ" သီချင်းတစ်ပုဒ်ရယ် အဲ့ဒီနှစ်ခုပဲ
ဗိုလ်ချုပ်က လက်ဆောင်အဖြစ် လက်ခံခဲ့ဖူးတယ်။ ရယူခဲ့ဖူးတယ်။ လောကကောင်းကျိုး၊ မြန်မာပြည်အကျိုးကို သယ်ပိုးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း သူကျဆုံးတော့ နတ်ပြည်ပဲရောက်မှာပေါ့ကွ မင်းတို့ပဲ စဉ်းစားကြည့်။ ငါတို့က ချစ်တာကိုး .....။ "
စကားကို ဦးဆောင်ပြောနေသူ လူငယ်လေးက သူ့စကားကို "ရေကူးညှာတင်" ပြောလိုက် " ကောက်ပင်ရိတ်လှီး" ပုံစံဖြင့် ပြောလိုက် နားထောင် နေသူ သူငယ်ချင်းတစ်သိုက်မှာ တပြုံးပြုံးနှင့်။ အဝေးမှ နားထောင်နေသူ ကျွန်တော်သည်ပင် သူတို့၏ စကား၌ မျောပါသွားခဲ့ရသည်။
ဒီလိုပဲ " မြန်မာ့မြေပေါ်က ပစ္စည်းတွေကို ရသလောက်ယူတယ်။ များများယူတယ်။ နည်းနည်းလေး ပြန်ပေးတယ်။ ပြန်ပေးချင်ယောင်
ဆောင်တယ်။ ဒီတော့ သူတို့တတွေကို လူတွေက ချစ်လို့မရဘူး။ စစ်မှန်တဲ့ အချစ်၊ စစ်မှန်တဲ့ မေတ္တာစစ်မှန်တဲ့ အရိုအသေပေးခြင်း၊
ဦးညွှတ်ခြင်းဆိုတာ အနစ်နာခံခြင်းနဲ့သာ တည်ဆောင်ယူလို့ရတာ။ စိုက်ပျိုးယူလို့ရတာ။ များများစားပြီး နည်းနည်းလေး ပေးတက်တဲ့
ခေါင်းဆောင်ကို လူအများစုရဲ့ အချစ်ကို မခံရဘူးဆိုတော့ သူတို့သေခဲ့ရင် ကျန်ရစ်ခဲ့တဲ့ သူတွေက ငရဲပြည်ကို ပို့ပစ်ကြမှာ သေချာတယ်" လို့ စကားကို အမူအရာလေးနဲ့ ပြောနေသည်။
" ငါ...စဉ်းစားပြမယ်။ မင်းတို့ ငါတို့အိမ်မှာ ကြွက်ရှိတယ်။ ကြောင်ရှိတယ်။ ခွေးရှိတယ်။ ကြောင်တွေ ခွေးတွေက အိမ်မှာ အသုံးဝင်တယ်။ အိမ်ကိုစောင့်ရှောက်တယ်။ တနည်းပြောရရင် အိမ်ရဲ့အကျိုးကို သယ်ပိုးတယ်။ ဒီတော့ ကြောင်လေးတွေ၊ ခွေးလေးတွေ သေရင် ငါတို့ကနှမျောကြတယ်။ ၀မ်းနည်းကျတယ်။ ဒီလိုပဲ ကြွက်တွေကိုကြည့် ၊ ကြွက်တွေကတော့ သူခိုးတွေ။ တန်ဖိုးကြီးတဲ့ စာအုပ်တွေကို ကိုက်တယ်။ အိမ်ကို ဒုက္ခပေးတယ်။ ရောဂါကို သယ်ဆောင်တယ်။ ဒီတော့ ကြွက်တွေသေရင် ငါတို့က ပျော်တယ်.....။"
သူတို့ရဲ့ စကားကို ကြားရသဖြင့် ကျွန်တော်ကိုယ် ကျွန်တော် ကြွက်လား၊ ကြောင်လား ဟု စိတ်ထဲမှ မေးလိုက်မိသည်။
" ကဲ....ဒီတော့ ငါတို့တတွေဟာ လောကအတွက် ကြွက်လိုလူတွေ မဖြစ်သင့်ဘူး။ ကြွက်လိုလူတွေ သေရင်တော့ လူတွေက
ပျော်ကြမှာ သေချာတယ်....။"
သူတို့အဖွဲ့က စကားပြောပြီး ကောင်းမှုတော် ဘုရားကြီးမှ ထွက်ခွါသွားကြလေ၏။ ကောင်းမှုတော် ဘုရားကြီးသည်လည်း လူငယ်တစ်စု၏ ပြောစကားများကို ကြားရပေလိမ့်မည်။ ထုံးရောင်ဖွေးဖွေးဘ၀မှ ရွှေရောင် မှိန်မှန်ဘ၀သို့ ပြောင်းလဲသွားရသော ကောင်းမှုတော် ဘုရားကြီးက
နေ၀င်ဆည်းဆာကို ငေးကြည့်ပြီး ကျွန်တော်ကို ညှိုးငယ်စွာဖြင့် နှုတ်ဆက်စကားဆိုသည်။
" ဒီဘုရားကို ရောက်လာကြတဲ့ သူတွေထဲမှာ " ကြွက်လိုလူ"
တွေက အများစု။ သူတို့က တော့ " ကြွက်သေ " သေကြလိမ့်မယ် .....။"
မင်းကကော.........
ကြွက်တစ်ကောင်လား စဉ်းစား........။
ဦးဘုန်း
ဦးဘုန်း (ဓာတု)
" ဗိုလ်ချုပ်အောင်ဆန်း ရဲ့ လက်မှာ လက်စွပ်ဝတ်ထားတာ မင်းတို့တွေ့ဖူးလား ..... ငါတော့ မတွေ့ဖူးဘူး "
ငါဖတ်ဖူးတဲ့ စာအုပ်ထဲမှာတော့ " ဗိုလ်ချုပ်အောင်ဆန်းမှာ ကိုယ်ပိုင်လက်စွပ်တစ်ကွင်းရ
" ငါကြားဖူးတာရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်းမှာ ရွှေလက်စွပ်မပြောနဲ့ သူ့ခန္ဓာကိုယ်မှာ ဘာမှ မတွေ့ဖူးဘူး "
" ဒီလိုတော့ မပြောနဲ့ ဗိုလ်ချုပ်ရဲ့ ခန္ဓာကိုယ်ထဲက နှလုံးသားဟာ ရတနာကွ။ ရွှေရောင်နှလုံးသား ပြည်တန်ပတ္တမြားနှလုံးသား "
" တို့ ဗိုလ်ချုပ်က ကိုယ်ကျိုးမရှာဘူး။ အများကောင်းကျိုးကို အသက်စွန့်ပြီးဆောင်ရွက်တယ်။
စစ်ကိုင်းကောင်းမှုတော် ဘုရားကြီး၏ စနေထောင့် သစ်ပင်ရိပ်တွင် ကျွန်တော်က စာဖတ်ရင်း အနားယူနေသည်။ ကျွန်တော်နှင့် မလှမ်းမကမ်း တစ်နေရာ၌ ဘုရားဖူးထွက်လာသော လူငယ်တစ်စုက သစ်ပင်ရိပ်မှာ နားခိုကြရင်း " ဗိုလ်ချုပ်အောင်ဆန်း " အကြောင်း သူတို့ သိသလောက်
ပြောနေကြသည်။ သူတို့ပြောနေသည့် စကားကို ကြားလိုက်ရသဖြင့် ဖတ်လက်စ စာအုပ်ကို ဘေးတွင်ချပြီး နားစွင့်မိလိုက်မိသည်။
အသက်ကြီးကြီးကျောင်းသားတစ်ေ
" ဗိုလ်ချုပ်သေတော့ နတ်ပြည်ရောက်တယ် "
" သေတယ်လို့ မပြောပါနဲ့ ..... ကျဆုံးတာပါ "
" အေး ၊ ဟုတ်တယ်။ ဆောရီးပဲ "
" ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတော့ နတ်ပြည်ရောက်တယ် "
" မင်းဘယ်လိုလုပ်ပြီး သိတာလဲ "
" မင်းတို့ပဲ စဉ်းစားကြည့်လေ "
" မစဉ်းစားတက်ပါဘူး "
" ကဲ .... ငါပြောပြမယ် "
" ဗိုလ်ချုပ်အောင်ဆန်း ဟာ ငါတို့ တစ်မျိုးသားလုံးရဲ့ အာဇာနည်။ ငါတို့ တိုင်းပြည်ရဲ့ သူရဲကောင်း၊ အဲ့ဒါ မင်းတို့ လက်ခံသလား "
" အေး .... ဟုတ်တယ်လေ။ အဲ့ဒါ ဘာဖြစ်လဲ ....."
" ဗိုလ်ချုပ်အောင်ဆန်း " ကိုယ်တိုင် အာဇာနည် သူရဲကောင်းတစ်ယောက် ဖြစ်သွားမှန်း သိသွားရဲ့လား.....
" ဘယ်သိမှာလဲ ....."
" ငါပြောချင်တာ အဲ့ဒါပဲ ......"
" ဗိုလ်ချုပ်အောင်ဆန်း " ကို ငါတို့ တိုင်းပြည်ရဲ့ အာဇာနည် သူရဲကောင်းအဖြစ် ငါတို့က သတ်မှတ်တယ်။ နေရာပေးတယ်။ သူက အာဇာနည်
ဖြစ်ဖို့၊ သူရဲကောင်းဖြစ်ဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ သမိုင်းရဲ့ တောင်းဆိုမှုအတိုင်း နိုင်ငံသား တစ်ယောက်အနေနဲ့
လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား စွန့်စွန့်စားစား လုပ်သွားခဲ့တဲ့သူ။ သူ ကိုယ်တိုင်က အာဇာနည်ဖြစ်သွားမှန်း၊ သူရဲကောင်းဖြစ်သွား
မှန်း မသိရှာဘူး ......"
" အဲ့ဒါနဲ့ ဗိုလ်ချုပ်အောင်ဆန်းက နတ်ပြည်ရောက်ရောလား ......"
" ငါ့စကား မဆုံးသေးဘူး .... မင်းတို့နားထောင်ကြည့်ဦး ....."
စကားကို ဦးဆောင်ပြောနေသည့် လူငယ်က အသက်ရှိလှမှ နှစ်ဆယ်ကျော်ပေါ့။ သူငယ်ချင်းတွေ အားလုံးကို သူက " ပွဲထိန်း " ထားသည်။
မနီးမဝေးမှာရှိတဲ့ ကျွန်တော်ကိုလည်း စိတ်ဝင်စားအောင် စည်းရုံးနေသလိုဖြစ်နေသည်။ သူ့စကားကို ကျွန်တော်က ဆက်ပြီး နားစွင့်လိုက်သည်။
" ဒီလိုရှိတယ်.....ဟေ့ကောင် မင်းအောင် "
" မင်းအဖေ သေတာ ဘယ်နှစ်လရှိပြီလဲ ......"
ဆံပင်ရှည်ရှည်နဲ့ အသားညိုညို လူငယ်တစ်ယောက်ကို သူကမေးလိုက်သည်။
" ငါ့အဖေသေတာနဲ့ ဒီကိစ္စ ဘာဆိုင်လို့လဲ ...."
" ငါမေးတာ ဖြေစမ်းပါ ... ပြီးရင် ငါရှင်းပြမှာပေါ့ ......."
" ခြောက်လလောက် ရှိပြီ ...."
" မင်းအဖေ သေတော့ နတ်ပြည်ရောက်သလား..... ငရဲပြည် ရောက်သလား ....."
" ငါ့ အဖေက နတ်ပြည်ရောက်မှာကွ ....."
" ဒါဖြင့်ရင် မင်းအဖေကို ငါက ငရဲပြည်ရောက်တယ်လို့ ပြောမယ်ကွာ .... မင်းလက်ခံမလား ..."
" လုံးဝမဖြစ်နိုင်ဘူး.... ငါ့အဖေက လူကောင်း။ စိတ်ကောင်းရှိတယ်၊ ငါတို့ မိသားစုအတွက် နေမင်းကြီး၊
ငါ့အဖေကို ငရဲပြည်ရောက်တယ်လို့ ပြောရဲပြောကြည့် ငါစိတ်ဆိုးမှာ ....."
" အေးပါ ငါကလည်း ဥပမာ ပြောပြတာပါ ......"
သူတို့၏ စကားဝိုင်းသည် ပျော်စရာကောင်းနေလေ၏။ မေးသူကမေး ၊ ဖြေသူကဖြေ၊ ကျွန်တော်လည်း စိတ်ဝင်တစား နားစိုက်နေမိသည်။
ဒီလိုရှိတယ်။ " ကိုယ့်အတွက် အနစ်နာခံပေးသူတိုင်းကို ကိုယ်ကချစ်တယ်။ အများအတွက် အနစ်နာခံပေးသူတွေကိုတော့ အများကချစ်တယ်။
ဒါဆိုရင် ကိုယ်ချစ်တဲ့သူ သေတယ်ဆိုကြပါစို့ ...... ကိုယ်ချစ်တဲ့သူကို ကိုယ်က ချစ်လို့မ၀ဘူး ....။ ဒီတော့ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့စိတ်က အားကြီးလွန်းနေတော့ သေလွန်သွားတာတောင် ဘယ်နေရာမှာထားပြီး ချစ်ရရင် ကောင်းမလဲကို ငါတို့က တွေးတောကြစမြဲပါ .....။ အဲ့ဒီတော့ ကိုယ်ချစ်တဲ့သူအတွက် နေရာကောင်းကောင်းလေး စဉ်းစားကြရင်းနဲ့ နတ်ပြည်ကို ငါတို့က ပို့ပြီးချစ်လိုက်ကြတော့တာပ
ကိုယ်တိုင်က နတ်ပြည်ရောက်သလား။ ငရဲပြည်ရောက်သလား မသိရှာပါဘူး။ ကျန်ခဲ့တဲ့ ငါတို့က ကိုယ်ချစ်တဲ့သူအတွက် အဲ့ဒီလို နေရာပေးပြီး
ချစ်လိုက်ရမှ စိတ်အလိုပြည့်တော့တယ်လေ....
ကျွန်တော့်နားထဲတွင် စကားအဆန်းများကို ကြားလိုက်ရည်။ တော်တော်အတွေးဆန်းတဲ့ လူငယ်လေးပါလား .....။
" ဒီလိုပဲ ... ကိုယ့်အတွက် အနစ်နာမခံတဲ့ သူတိုင်းကို ကိုယ်ကမုန်းမိတယ်။ အများအတွက် အနစ်နာခံစိတ် မရှိသူတွေကိုလည်း အများက
မုန်းကြမှာပဲ...။ ကိုယ်မုန်းတဲ့ သူသေရင် သူတို့က မုန်းလွန်းနေတော့ မုန်းနေတဲ့ စိတ်က အတောမသတ်နိုင်ပါဘူး။ ဒီတော့ အဲ့ဒီ မုန်းနေတဲ့
စိတ်ကြောင့် ငါတို့က ကိုယ်မုန်းတဲ့သူကို ဘယ်နေရာထားပြီး မုန်းရရင် ကောင်းမလဲ စဉ်းစားကြတယ်....။ ဒီလိုနဲ့ .... ငရဲပြည်မှာ ထားလိုက်ကြ
တော့တယ်။ ဒီတော့မှ ငါတို့ စိတ်ကဖြေသာတော့တယ်။ သေသွားတဲ့ သူကတော့ ငရဲပြည်ရောက်ချင်မှလည်း ရောက်မယ်။ သူ ဘယ်ရောက်သွား မှန်း ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ် လူတွေအမုန်းခံရတဲ့ သူတစ်ယောက်သေရင်တော့ ကျန်ရစ်ခဲ့သူတွေက သူ့ကို ငရဲပြည်ပို့ပြီး စိတ်ကျေနပ်
မှုကို ရယူကြတယ်....။ "
သူ့စကားကြောင့် ကျွန်တော့စိတ်ထဲတွင် တွေးစရာများ ရလိုက်သည်။ တွေးလိုက်မိသည်။
ကျွန်တော်လည်း သေမည်။
ခင်ဗျားလည်း သေမည်။
သူတို့ .... သူတို့လည်းသေမည်။
မသေတဲ့တူ လူပြည်မှာ မရှိ။ ကိုယ်သေရင် ဘယ်ကို ရောက်မှာလဲ။ ကိုယ်ကိုတိုင် မသိတာတော့ သေချာသည်။ သို့သော် ကျန်ရစ်တဲ့
လူအများစုက သူတို့စိတ်ထဲမှာ ရှိတဲ့ " အချစ် အမုန်း " ရဲ့ အထူးအပါး အပေါ်မှာ မူတည်ပြီး သေဆုံးသူကို နေရာပေးကြလိမ့်မည်။
လူအများရဲ့ ချစ်ခင်ခြင်းကို ခံရတဲ့သူတစ်ယောက်ကို ၊ လူ့လောက အလယ်က ထွက်ခွါသွားတဲ့အခါ သူကို နှမျောကြသည်။ နှမျောပေမပေါ့။
သူက ကိုယ်ကျိုးမရှာဘူး။ အများကောင်းကျိုး ကြည့်သည်။ ကိုယ့် မိသားစု အကျိုးထက် ကိုယ်နဲ့ ပတ်သက်နေတဲ့ လောကကောင်းကျိုးကို ဆောင်ရွက်သည်။ အတ္တနည်း၏။ မာနမကြီး။ အများကောင်းကျိုး၊ လောကအကျိုးကို အနစ်နာခံပြီး သယ်ပိုးသည်။ ဒီတော့ သူ့ကို လူတွေက
ချစ်ကြသည်။ ချစ်ရလွန်းသူတစ်ယောက် သေဆုံးသွားတော့ လွန်စွာဝမ်းနည်းကြသည်။ ယူကြုံးမရဖြစ်ကြသည်။ သူ့ကို ချစ်လွန်းတော့ ကျန်ရစ်ခဲ့တဲ့ ကျွန်တော်တို့တတွေက နတ်ပြည်ပို့ပြီး ချစ်လိုက်ရမှ စိတ်ထဲတွင် အလွမ်းပြေလေတော့သည်။ စိတ်ကျေနပ်မှု ရလေတော့သည်။
ဒီလိုပါပဲ......
လူအများစုရဲ့ မုန်းတီးခြင်းကို ခံရတဲ့သူတစ်ယောက် လူ့လောက အလယ်က ထွက်ခွါသွားတဲ့အခါ အားလုံးက ပျော်ကြသည်။ ပျော်ပေမပေါ့။
သူက ကိုယ်ကျိုးရှာသူ၊ အများအကျိုးကို ပစ်ပယ်သူ၊ ကိုယ်နဲ့ ပတ်သက်နေတဲ့ လောကအကျိုးကို ဆောင်ရွက်ဖို့ထက် ကိုယ့်မိသားစု အကျိုးကို
ကြည့်တက်သူ။ အတ္တကလည်း ကြီးသလားမမေးနဲ့။ မြင်မြင်သမျှ ငါ့ဥစ္စာလို့ ထင်မှတ်သူ။ အများကောင်းကျိုး၊ လောကကောင်းကျိုးဆိုတာ
သူ့ဘ၀မှာ မရှိ။ အနစ်နာခံဖို့ဝေးစွ။ ဒီတော့ သူ့ကို လူတွေက မုန်းတီးကြလေတော့သည်။ မုန်းရလွန်းသူတစ်ယောက် သေဆုံးသွားတော့ အားလုံးကတိုင်ပင်မထားပဲ ပျော်ရွှင်ကြတော့သည်။ ကျန်ရစ်ခဲ့တဲ့ ကျွန်တော်တို့တတွေရဲ့ စိတ်ထဲမှာ သူ့ကိုနာကြည်းတဲ့ စိတ်က မကုန်နိုင်ဘူး။
ဒီတော့ ဘယ်နေရာထားပြီး မုန်းရမလဲလို့ စဉ်းစားကြတော့သည်။ ကျန်ရစ်သူ လူများစုက သူ့ကို ငရဲပြည်ပို့ပြီးထားလိုက်ရမှ
ဖြေသာတော့သည်။ ထိုလူငယ်တစ်သိုက် ပြောနေသော စကားနောက်တွင် ကျွန်တော်အတွေးများက ဆက်တိုက်ပါသွားလေ၏။
" ဒီတော့ ငါမေးမယ်...."
ငါမေးမယ် ဆိုပါလား ........။
ဘာတွေများ မေးကြဦးမှာပါလိမ့် ....။
" ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတော့ အားလုံးဝမ်းနည်းသလား။ ပျော်သလား.....။"
" မေးနေရသေးလား။ အားလုံးဝမ်းနည်းကြတယ်။ "
" ငါ့အဘိုး ပြောဖူးတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတော့ တိုင်းပြည်တစ်ပြည်လုံး ထမင်းမစားနိုင်လောက်အောင်ကိ
" အေး...ဟုတ်ပြီ။ ဗိုလ်ချုပ်အောင်ဆန်း က အများအကျိုးကို သယ်ပိုးတယ်။ လောကအတွက် အများကြီး လုပ်ပေးသွားတယ်။ လောကထဲက
ဘာကိုမှ ယူမသွားဘူး။ ဗိုလ်ချုပ်အောင်ဆန်း ဘ၀တစ်လျှောက်လုံးမှာ အိန္ဒိယနိုင်ငံက နေရူး ချုပ်ပေးတဲ့ စစ်ဝတ်စုံရယ်၊ ကရင်-ဗမာ ချစ်ကြည်ရေး သွားတုန်းက ကရင်လူငယ်လေးတွေ ရေးသားစပ်ဆိုပေးခဲ့တဲ့ ငွေသော်တာရောင်ခြည် ဆိုတဲ့ "ဆရာမ" သီချင်းတစ်ပုဒ်ရယ် အဲ့ဒီနှစ်ခုပဲ
ဗိုလ်ချုပ်က လက်ဆောင်အဖြစ် လက်ခံခဲ့ဖူးတယ်။ ရယူခဲ့ဖူးတယ်။ လောကကောင်းကျိုး၊ မြန်မာပြည်အကျိုးကို သယ်ပိုးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း သူကျဆုံးတော့ နတ်ပြည်ပဲရောက်မှာပေါ့ကွ မင်းတို့ပဲ စဉ်းစားကြည့်။ ငါတို့က ချစ်တာကိုး .....။ "
စကားကို ဦးဆောင်ပြောနေသူ လူငယ်လေးက သူ့စကားကို "ရေကူးညှာတင်" ပြောလိုက် " ကောက်ပင်ရိတ်လှီး" ပုံစံဖြင့် ပြောလိုက် နားထောင် နေသူ သူငယ်ချင်းတစ်သိုက်မှာ တပြုံးပြုံးနှင့်။ အဝေးမှ နားထောင်နေသူ ကျွန်တော်သည်ပင် သူတို့၏ စကား၌ မျောပါသွားခဲ့ရသည်။
ဒီလိုပဲ " မြန်မာ့မြေပေါ်က ပစ္စည်းတွေကို ရသလောက်ယူတယ်။ များများယူတယ်။ နည်းနည်းလေး ပြန်ပေးတယ်။ ပြန်ပေးချင်ယောင်
ဆောင်တယ်။ ဒီတော့ သူတို့တတွေကို လူတွေက ချစ်လို့မရဘူး။ စစ်မှန်တဲ့ အချစ်၊ စစ်မှန်တဲ့ မေတ္တာစစ်မှန်တဲ့ အရိုအသေပေးခြင်း၊
ဦးညွှတ်ခြင်းဆိုတာ အနစ်နာခံခြင်းနဲ့သာ တည်ဆောင်ယူလို့ရတာ။ စိုက်ပျိုးယူလို့ရတာ။ များများစားပြီး နည်းနည်းလေး ပေးတက်တဲ့
ခေါင်းဆောင်ကို လူအများစုရဲ့ အချစ်ကို မခံရဘူးဆိုတော့ သူတို့သေခဲ့ရင် ကျန်ရစ်ခဲ့တဲ့ သူတွေက ငရဲပြည်ကို ပို့ပစ်ကြမှာ သေချာတယ်" လို့ စကားကို အမူအရာလေးနဲ့ ပြောနေသည်။
" ငါ...စဉ်းစားပြမယ်။ မင်းတို့ ငါတို့အိမ်မှာ ကြွက်ရှိတယ်။ ကြောင်ရှိတယ်။ ခွေးရှိတယ်။ ကြောင်တွေ ခွေးတွေက အိမ်မှာ အသုံးဝင်တယ်။ အိမ်ကိုစောင့်ရှောက်တယ်။ တနည်းပြောရရင် အိမ်ရဲ့အကျိုးကို သယ်ပိုးတယ်။ ဒီတော့ ကြောင်လေးတွေ၊ ခွေးလေးတွေ သေရင် ငါတို့ကနှမျောကြတယ်။ ၀မ်းနည်းကျတယ်။ ဒီလိုပဲ ကြွက်တွေကိုကြည့် ၊ ကြွက်တွေကတော့ သူခိုးတွေ။ တန်ဖိုးကြီးတဲ့ စာအုပ်တွေကို ကိုက်တယ်။ အိမ်ကို ဒုက္ခပေးတယ်။ ရောဂါကို သယ်ဆောင်တယ်။ ဒီတော့ ကြွက်တွေသေရင် ငါတို့က ပျော်တယ်.....။"
သူတို့ရဲ့ စကားကို ကြားရသဖြင့် ကျွန်တော်ကိုယ် ကျွန်တော် ကြွက်လား၊ ကြောင်လား ဟု စိတ်ထဲမှ မေးလိုက်မိသည်။
" ကဲ....ဒီတော့ ငါတို့တတွေဟာ လောကအတွက် ကြွက်လိုလူတွေ မဖြစ်သင့်ဘူး။ ကြွက်လိုလူတွေ သေရင်တော့ လူတွေက
ပျော်ကြမှာ သေချာတယ်....။"
သူတို့အဖွဲ့က စကားပြောပြီး ကောင်းမှုတော် ဘုရားကြီးမှ ထွက်ခွါသွားကြလေ၏။ ကောင်းမှုတော် ဘုရားကြီးသည်လည်း လူငယ်တစ်စု၏ ပြောစကားများကို ကြားရပေလိမ့်မည်။ ထုံးရောင်ဖွေးဖွေးဘ၀မှ ရွှေရောင် မှိန်မှန်ဘ၀သို့ ပြောင်းလဲသွားရသော ကောင်းမှုတော် ဘုရားကြီးက
နေ၀င်ဆည်းဆာကို ငေးကြည့်ပြီး ကျွန်တော်ကို ညှိုးငယ်စွာဖြင့် နှုတ်ဆက်စကားဆိုသည်။
" ဒီဘုရားကို ရောက်လာကြတဲ့ သူတွေထဲမှာ " ကြွက်လိုလူ"
တွေက အများစု။ သူတို့က တော့ " ကြွက်သေ " သေကြလိမ့်မယ် .....။"
မင်းကကော.........
ကြွက်တစ်ကောင်လား စဉ်းစား........။
ဦးဘုန်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။