"နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်...."
========================== ============
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
မြန်မာတစ်ပြည်လုံးက ဥယျာဉ်တိုင်းမှာ ပန်းတွေပွင့်လို့
ပန်းရနံတွေလည်း သင်းပြန့်လို့နေမှာ …
သူတို့ရှိခဲ့တော့ -
ပန်းတွေ ညှိုးခြောက်ပြီး
ယမ်းငွေ့တွေသာ ပျံလွင့်နေရတယ် …

လယ်သမားတွေက လယ်ထဲမှာ စပါးစိုက်လို့
ကျောင်းသားတွေက စာသင်ခန်းထဲမှာ ပညာသင်လို့ နေမှာ …
သူတို့ရှိခဲ့တော့ -
လယ်သမားတွေခမျာ ထောင်ထဲမှာ ထောင်ထမင်းစားနေကြရ
ကျောင်းသားတွေလည်း ထောင်နံရံမှာ ကဗျာရေးနေကြရ
တချို့လည်း တမလွန်မှာ ပညာသင်နေကြရတယ် …

ကချင်ပြည်နယ်မှာ ခေါင်ရည်သောက်ပြီး မနောပွဲမှာ ပျော်ပျော်ပါးပါး ကနေကြမှာ …
ကချင်ရိုးရာတေးသံသာတွေက နားဝင်ချိုလို့ အေးမြစေမှာ
သူတို့ရှိနေခဲ့တော့ -
ခေါင်ရည်နေနေသာသာ ရေတောင်မှန်မှန်မသောက်ရ
ဘယ်အချိန်သေမလဲလို့ အမြဲစိတ်နှလုံးငြှိုးငယ်စွာ နဲ့
ရိုးရာတေးသံအစား သေနတ်သံ ဗုံးသံတွေကြားမှာ အသက်လု ပြေးနေကြရရှာတယ် …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
ဧရာဝတီမြစ်ကြီးရဲ့ တောင်နှင့်မြောက် စီးဆင်းနေတဲ့အသံတွေဟာ အထက်ကောင်းကင်ယံကတောင်
ကြားနေရမှာ
သူတို့ရှိခဲ့တော့ -
ဧရာဝတီဟာ နွေရာသီမှာ လမ်းလျှောက်ကူးလို့တောင် ရနေပြီ …

မြန်မာတစ်ပြည်လုံး စိမ်းစိုလို့
ရာသီဥတုကလည်း သာယာလွန်းလို့ ၊ မှန်ကန်လွန်းလို့
ရေမြောသေတဲ့လူ၊ ရေနစ်သေတဲ့လူဆိုတာ ကြားဖူးမှာတောင် မဟုတ်ဘူး …
သူတို့ရှိနေခဲ့တော့ …
သစ်တောတွေလည်း ပြောင် … တောင်တွေလည်းပြောင်ပြီး
ရာသီဥတုက ဖောက်ပြန်
ရေနှစ်စဉ်ကြီးရေလျှံ … ပြည်သူအပေါင်း ဒုက္ခကောင်းကောင်းကြီး
ရောက်ခဲ့ကြရတယ်

ကျူးကျော်ဆိုတဲ့အဓိပ္ပာယ် မြန်မာအဘိဓာန်မှာ ရှာလို့မရနိုင် …
စစ်ဘေးရှောင်ဒုက္ခသည်ဆိုတာ ပုံပြင်ထဲကလို့ မှတ်ရမယ်
ရေမဆေးကျောက်ရှာတဲ့သူဆိုတဲ့ စကားလုံး ပေါ်ပေါက်လာမှာ မဟုတ်ဘူး …
မြေစာပုံပြိုလို့ သေတဲ့ပြည်သူ ရှိမှာမဟုတ်ဘူး …
သူတို့ရှိနေခဲ့တော့ …
ကျူးကျော်ဆိုတာ ရောက်လေရာအရပ်မှာ ရှိနေတယ်
စစ်ဘေးရှောင်ဒုက္ခသည်ဆိုတာ ပေါများလွန်းနေတယ်
အသက်နဲ့ရင်းပြီး ရေမဆေးကျောက်ရှာသူတွေက အများအပြား …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
မန္တလေးမြို့လယ်ခေါင်မှာ တရုတ်တွေကို တွေ့ရမှာမဟုတ်ဘူး
မန္တလေးမြို့စွန်က တဲစုတ်တွေထဲမှာ မြန်မာတွေကို တွေ့ရမှာမဟုတ်ဘူး
ရေမြောင်းထဲကရေကို ပြည်သူတွေ သုံးရမှာ မဟုတ်ဘူး …
သူတို့ရှိခဲ့တော့ …
မန္တလေးတစ်မြို့လုံး တရုတ်တွေလွှမ်းနေပြီ
မန္တလေးမြို့စွန်က တဲစုတ်တွေထဲမှာ မြန်မာတွေ စားစရာမရှိ …

ရန်ကုန်မှာ တစ်နေရာသွားဖို့ ၃ နာရီလောက်ကြာမှာမဟုတ် …
မြို့ထဲမှာ ခေါင်းရွက်ဈေးသည်တွေ မှိုလိုပေါက်နေမှာ မဟုတ်
မြို့လယ်ခေါင်မှာ စိတ်သွားတိုင်း ကား(Car)ပါအောင် မောင်းလို့ရမှာ …
သူတို့ရှိခဲ့တော့ …
တစ်နေရာနဲ့ တစ်နေရာသွားဖို့ အချိန်တွေစတေးနေရတယ်
မြို့ထဲမှာ လိပ်နှင့်ကား အပြေးပြိုင်ရင် လိပ်ပဲနိုင်လိမ့်မယ် …

အဖိုးအို အဖွားအိုတွေ တစ်လမ်းဝင်တစ်လမ်းထွက် ဈေးရောင်းရမှာမဟုတ် …
အဖိုးအရွယ် အဖွားအရွယ်တွေ ဆင်းဆင်းရဲရဲနေရမှာမဟုတ် …
အဖိုးအို အဖွားအိုတွေ အာဟာရ ချို့တဲ့ကြမှာမဟုတ် …
သူတို့ရှိနေခဲ့တော့ -
အဖိုးအို အဖွားအိုတွေ ကိုယ့်ဆေးဖိုးကိုယ် ရှာနေကြရတယ်
ချို့တဲ့တဲ့ အစားအစာတွေကို စားသုံးနေကြရတယ် …
ဆေးမကုနိုင်လို့ အသက်ဆုံးရှုံးနေကြရတယ် …

ကျောင်းနေအရွယ်တိုင်း ကျောင်းနေလို့
တတ်သင့်တဲ့ပညာရပ်တွေ သင်ယူလို့
အရွယ်ရောက်တော့ မိမိတို့ကျွမ်းကျင်ရာနဲ့ ပြည်သူကို အလုပ်အကျွေးပြုနေကြမှာ …
သူတို့ရှိခဲ့တော့ …
ကျောင်းနေအရွယ်ကလေးတွေ လမ်းဘေးမှာ အမှိုက်ကောက်နေကြရတယ် …
စားပွဲထိုးနေကြရတယ် …
အဖြူအစိမ်းနဲ့ကျောင်းသားလေး တွေကို ငေးမောအားကျရင်းပေါ့ …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
တပ်မတော်သားဟောင်းတွေ ဧည့်ခန်းထဲက နံရံမှာချိတ်ဆွဲထားတဲ့ သူရဘွဲ့ကြီးကို ငေးကြည့်ရင်း အပြုံးတွေဝေလို့ နေမှာပေါ့
သူတို့ရှိခဲ့တော့ -
အသက်မပေးရတဲ့ အထက်ကကောင်တွေ ချမ်းသာပြီး
အသက်စတေးရတဲ့ အောက်ခြေစစ်သားတွေ
မျက်စိမှုန်ဝါးဝါး … ခြေထောက်ထော့ကျိုးနဲ့ ပြက္ခဒိန်၊ စာအုပ် လည်ရောင်းနေရတယ် …

အလုပ်သမားအားလုံး တန်းတူညီမျှလို့
ပျော်လို့ရွှင်လို့ နေမှာ …
သူတို့ရှိခဲ့တော့ -
တစ်နေ့ ၃၆၀၀ ရဖို့ ကျွဲလို နွားလို ရုန်းကန်နေကြရတယ် …

သယံဇာတတွေ မြေကြီးထဲမှာ ထာဝရတည်ရှိလိမ့်မယ် …
သူတို့ရှိခဲ့တော့
တောင်ကုန်းက ချောက်ဖြစ် …
မြေပေါ်မြေအောက်အကုန်လုံး တရုတ်ဆီ သူခိုးဈေးနဲ့ ရောက်ခဲ့ရတယ်

စင်္ကာပူ၊ ဂျပန်၊ ကိုရီးယား ဆိုတာ မြန်မာ့နောက်မှာ …
သူတို့ရှိခဲ့တော့ -
မြန်မာဆိုတာ အားလုံးရဲ့နောက်မှာ …

အမေရိကန်ဆိုတာ မြန်မာနဲ့ စီးပွားပြိုင်ဘက် …
သူတို့ရှိနေခဲ့တော့ -
ဆိုမာလီဟာ မြန်မာရဲ့ပြိုင်ဘက် …

မြန်မာဆိုတာ ချမ်းသာတဲ့နိုင်ငံတွေထဲမှာ ကမ္ဘာ့နံပါတ် ( ၁ ) ဖြစ်နေမှာ …
သူတို့ရှိခဲ့တော့ …
မြန်မာဆိုတာ ကမ္ဘာ့အဆင်းရဲဆုံး နံပါတ် ( ၂ ) ဖြစ်ခဲ့ရတယ်
ဖြစ်နေရတယ် …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင် ………

အရာအားလုံးဟာ ပြည့်စုံနေလိမ့်မယ်
သူတို့ရှိနေခဲ့တော့ -
အရာအားလုံးဟာ လိုအပ်ချက်တွေ ဖြစ်နေပြီ …
~ ဒါတွေအားလုံးဟာ တစ်ဖက်သတ် အပြစ်တင်နေတာ မဟုတ်ပါဘူး …
~ တရားမျှတစွာ အပြစ်တင်နေတာပါ …
သမိုင်းကတော့ ရိုင်းခဲ့ပြီးပြီ …
အနာဂတ်တွေ ထပ်မရိုင်းစေဖို့ …
နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်လို လူမျိုးတွေ နောက်ထပ် မပေါ်ပေါက်ဖို့လိုပြီ …
ထို့ကြောင့် နောက်ဖပ်မပေါ်ပေါက်ဖို့ … အာဏာရူးများ မျိုးတုံးပျောက်ကွယ်ပါစေဗျ …
Thomson Yar Pyae
27 / September / 2016
==========================
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
မြန်မာတစ်ပြည်လုံးက ဥယျာဉ်တိုင်းမှာ ပန်းတွေပွင့်လို့
ပန်းရနံတွေလည်း သင်းပြန့်လို့နေမှာ …
သူတို့ရှိခဲ့တော့ -
ပန်းတွေ ညှိုးခြောက်ပြီး
ယမ်းငွေ့တွေသာ ပျံလွင့်နေရတယ် …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
လယ်သမားတွေက လယ်ထဲမှာ စပါးစိုက်လို့
ကျောင်းသားတွေက စာသင်ခန်းထဲမှာ ပညာသင်လို့ နေမှာ …
သူတို့ရှိခဲ့တော့ -
လယ်သမားတွေခမျာ ထောင်ထဲမှာ ထောင်ထမင်းစားနေကြရ
ကျောင်းသားတွေလည်း ထောင်နံရံမှာ ကဗျာရေးနေကြရ
တချို့လည်း တမလွန်မှာ ပညာသင်နေကြရတယ် …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
ကချင်ပြည်နယ်မှာ ခေါင်ရည်သောက်ပြီး မနောပွဲမှာ ပျော်ပျော်ပါးပါး ကနေကြမှာ …
ကချင်ရိုးရာတေးသံသာတွေက နားဝင်ချိုလို့ အေးမြစေမှာ
သူတို့ရှိနေခဲ့တော့ -
ခေါင်ရည်နေနေသာသာ ရေတောင်မှန်မှန်မသောက်ရ
ဘယ်အချိန်သေမလဲလို့ အမြဲစိတ်နှလုံးငြှိုးငယ်စွာ
ရိုးရာတေးသံအစား သေနတ်သံ ဗုံးသံတွေကြားမှာ အသက်လု ပြေးနေကြရရှာတယ် …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
ဧရာဝတီမြစ်ကြီးရဲ့ တောင်နှင့်မြောက် စီးဆင်းနေတဲ့အသံတွေဟာ အထက်ကောင်းကင်ယံကတောင်
ကြားနေရမှာ
သူတို့ရှိခဲ့တော့ -
ဧရာဝတီဟာ နွေရာသီမှာ လမ်းလျှောက်ကူးလို့တောင် ရနေပြီ …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
မြန်မာတစ်ပြည်လုံး စိမ်းစိုလို့
ရာသီဥတုကလည်း သာယာလွန်းလို့ ၊ မှန်ကန်လွန်းလို့
ရေမြောသေတဲ့လူ၊ ရေနစ်သေတဲ့လူဆိုတာ ကြားဖူးမှာတောင် မဟုတ်ဘူး …
သူတို့ရှိနေခဲ့တော့ …
သစ်တောတွေလည်း ပြောင် … တောင်တွေလည်းပြောင်ပြီး
ရာသီဥတုက ဖောက်ပြန်
ရေနှစ်စဉ်ကြီးရေလျှံ … ပြည်သူအပေါင်း ဒုက္ခကောင်းကောင်းကြီး
ရောက်ခဲ့ကြရတယ်
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
ကျူးကျော်ဆိုတဲ့အဓိပ္ပာယ် မြန်မာအဘိဓာန်မှာ ရှာလို့မရနိုင် …
စစ်ဘေးရှောင်ဒုက္ခသည်ဆိုတာ ပုံပြင်ထဲကလို့ မှတ်ရမယ်
ရေမဆေးကျောက်ရှာတဲ့သူဆိုတဲ့
မြေစာပုံပြိုလို့ သေတဲ့ပြည်သူ ရှိမှာမဟုတ်ဘူး …
သူတို့ရှိနေခဲ့တော့ …
ကျူးကျော်ဆိုတာ ရောက်လေရာအရပ်မှာ ရှိနေတယ်
စစ်ဘေးရှောင်ဒုက္ခသည်ဆိုတာ ပေါများလွန်းနေတယ်
အသက်နဲ့ရင်းပြီး ရေမဆေးကျောက်ရှာသူတွေက အများအပြား …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
မန္တလေးမြို့လယ်ခေါင်မှာ တရုတ်တွေကို တွေ့ရမှာမဟုတ်ဘူး
မန္တလေးမြို့စွန်က တဲစုတ်တွေထဲမှာ မြန်မာတွေကို တွေ့ရမှာမဟုတ်ဘူး
ရေမြောင်းထဲကရေကို ပြည်သူတွေ သုံးရမှာ မဟုတ်ဘူး …
သူတို့ရှိခဲ့တော့ …
မန္တလေးတစ်မြို့လုံး တရုတ်တွေလွှမ်းနေပြီ
မန္တလေးမြို့စွန်က တဲစုတ်တွေထဲမှာ မြန်မာတွေ စားစရာမရှိ …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
ရန်ကုန်မှာ တစ်နေရာသွားဖို့ ၃ နာရီလောက်ကြာမှာမဟုတ် …
မြို့ထဲမှာ ခေါင်းရွက်ဈေးသည်တွေ မှိုလိုပေါက်နေမှာ မဟုတ်
မြို့လယ်ခေါင်မှာ စိတ်သွားတိုင်း ကား(Car)ပါအောင် မောင်းလို့ရမှာ …
သူတို့ရှိခဲ့တော့ …
တစ်နေရာနဲ့ တစ်နေရာသွားဖို့ အချိန်တွေစတေးနေရတယ်
မြို့ထဲမှာ လိပ်နှင့်ကား အပြေးပြိုင်ရင် လိပ်ပဲနိုင်လိမ့်မယ် …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
အဖိုးအို အဖွားအိုတွေ တစ်လမ်းဝင်တစ်လမ်းထွက် ဈေးရောင်းရမှာမဟုတ် …
အဖိုးအရွယ် အဖွားအရွယ်တွေ ဆင်းဆင်းရဲရဲနေရမှာမဟုတ် …
အဖိုးအို အဖွားအိုတွေ အာဟာရ ချို့တဲ့ကြမှာမဟုတ် …
သူတို့ရှိနေခဲ့တော့ -
အဖိုးအို အဖွားအိုတွေ ကိုယ့်ဆေးဖိုးကိုယ် ရှာနေကြရတယ်
ချို့တဲ့တဲ့ အစားအစာတွေကို စားသုံးနေကြရတယ် …
ဆေးမကုနိုင်လို့ အသက်ဆုံးရှုံးနေကြရတယ် …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
ကျောင်းနေအရွယ်တိုင်း ကျောင်းနေလို့
တတ်သင့်တဲ့ပညာရပ်တွေ သင်ယူလို့
အရွယ်ရောက်တော့ မိမိတို့ကျွမ်းကျင်ရာနဲ့ ပြည်သူကို အလုပ်အကျွေးပြုနေကြမှာ …
သူတို့ရှိခဲ့တော့ …
ကျောင်းနေအရွယ်ကလေးတွေ လမ်းဘေးမှာ အမှိုက်ကောက်နေကြရတယ် …
စားပွဲထိုးနေကြရတယ် …
အဖြူအစိမ်းနဲ့ကျောင်းသားလေး
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
တပ်မတော်သားဟောင်းတွေ ဧည့်ခန်းထဲက နံရံမှာချိတ်ဆွဲထားတဲ့ သူရဘွဲ့ကြီးကို ငေးကြည့်ရင်း အပြုံးတွေဝေလို့ နေမှာပေါ့
သူတို့ရှိခဲ့တော့ -
အသက်မပေးရတဲ့ အထက်ကကောင်တွေ ချမ်းသာပြီး
အသက်စတေးရတဲ့ အောက်ခြေစစ်သားတွေ
မျက်စိမှုန်ဝါးဝါး … ခြေထောက်ထော့ကျိုးနဲ့ ပြက္ခဒိန်၊ စာအုပ် လည်ရောင်းနေရတယ် …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
အလုပ်သမားအားလုံး တန်းတူညီမျှလို့
ပျော်လို့ရွှင်လို့ နေမှာ …
သူတို့ရှိခဲ့တော့ -
တစ်နေ့ ၃၆၀၀ ရဖို့ ကျွဲလို နွားလို ရုန်းကန်နေကြရတယ် …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
သယံဇာတတွေ မြေကြီးထဲမှာ ထာဝရတည်ရှိလိမ့်မယ် …
သူတို့ရှိခဲ့တော့
တောင်ကုန်းက ချောက်ဖြစ် …
မြေပေါ်မြေအောက်အကုန်လုံး တရုတ်ဆီ သူခိုးဈေးနဲ့ ရောက်ခဲ့ရတယ်
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
စင်္ကာပူ၊ ဂျပန်၊ ကိုရီးယား ဆိုတာ မြန်မာ့နောက်မှာ …
သူတို့ရှိခဲ့တော့ -
မြန်မာဆိုတာ အားလုံးရဲ့နောက်မှာ …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
အမေရိကန်ဆိုတာ မြန်မာနဲ့ စီးပွားပြိုင်ဘက် …
သူတို့ရှိနေခဲ့တော့ -
ဆိုမာလီဟာ မြန်မာရဲ့ပြိုင်ဘက် …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင်
မြန်မာဆိုတာ ချမ်းသာတဲ့နိုင်ငံတွေထဲမှာ ကမ္ဘာ့နံပါတ် ( ၁ ) ဖြစ်နေမှာ …
သူတို့ရှိခဲ့တော့ …
မြန်မာဆိုတာ ကမ္ဘာ့အဆင်းရဲဆုံး နံပါတ် ( ၂ ) ဖြစ်ခဲ့ရတယ်
ဖြစ်နေရတယ် …
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင် ………
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင် ………
* နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်တို့သာ မရှိခဲ့ရင် ………
အရာအားလုံးဟာ ပြည့်စုံနေလိမ့်မယ်
သူတို့ရှိနေခဲ့တော့ -
အရာအားလုံးဟာ လိုအပ်ချက်တွေ ဖြစ်နေပြီ …
~ ဒါတွေအားလုံးဟာ တစ်ဖက်သတ် အပြစ်တင်နေတာ မဟုတ်ပါဘူး …
~ တရားမျှတစွာ အပြစ်တင်နေတာပါ …
သမိုင်းကတော့ ရိုင်းခဲ့ပြီးပြီ …
အနာဂတ်တွေ ထပ်မရိုင်းစေဖို့ …
နေဝင်း၊ ခင်ညွန့်၊ သန်းရွှေ၊ သိန်းစိန်လို လူမျိုးတွေ နောက်ထပ် မပေါ်ပေါက်ဖို့လိုပြီ …
ထို့ကြောင့် နောက်ဖပ်မပေါ်ပေါက်ဖို့ … အာဏာရူးများ မျိုးတုံးပျောက်ကွယ်ပါစေဗျ …
Thomson Yar Pyae
27 / September / 2016
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။