ဒေါ်အောင်ဆန်းစုကြည် (သို့ မဟုတ် ) နေရာမှားပွင့်တဲ့ပန်းတစ်ပွင့်
@@@@@@@@@@@@@@@@@@@
မြန်မာနိုင်ငံတွင်ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတ်သက်လာလျင် အများအားဖြင့် အမြင်နှစ်မျိုး ၊ ရှုထောင့်.နှစ်သွယ်ဖြင့်.သာချဉ်းကပ်ကြတာတွေ့.မြင်ရသည် ။ ထိုသဘောထားအမြင်နှစ်မျိုးမှာ သိပ်ပြီးအကောင်းမြင်လွန်းခြင်းနှင့် သိပ်ပြီးအဆိုးမြင်လွန်းခြင်းဖြစ်သည် ။
လူတစ်ရာလျင် ၉၀ ရာခိုင်နှုန်းလောက်ကဒေါ်အောင်ဆန်းစုကြည်အပေါ်ထောက်ခံကြသည် ။ပုဂ္ဂိုလ်ရေးဆန်ဆန်ကိုးကွယ်ကြသည် ။ဒေါ်အောင်ဆန်းစုကြည်သည်တာဝတိံသာနတ်ပြည်မှနတ်သက်ကြွေကာလူ့ ပြည်တွင်ဖွားလာသောကောင်းကင်ဘုံ၏လက်ဆောင်လောက်နီးပါးယုံကြည်ကိုးကွယ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်သူသည် ဒီမိုကရေစီကိုမလိုလားသူ ၊ အမျိုးသားသစ္စာဖောက်ဘ၀သို့ ကျရောက်သွားလေ့ရှိသည် ။ဤကားပထမအမြင်ဖြစ်သည် ။
မြန်မာနိုင်ငံ၏ ၉ ရာခိုင်နှုန်းခန့်.ရှိသော လူထုသည် ဒေါ်အောင်ဆန်းစုကြည်ဆန့်.ကျင်ရေးသမားများဖြစ်သည် ။ သူတို့သည်ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင်အဆိုးမြင်လွန်းသူများဖြစ်သည် ။
သူတို့ထဲမှအများစုမှာ ယခင်အစိုးရလက်ထက်က ရာထူး ၊အာဏာနှင့်လုပ်ပိုင်ခွင့်.ကြီးကြီးရခဲ့.ကြသူများ ၊ စစ်အစိုးရ၏ဒေါက်တိုင်များ ၊ တပ်မတော်သားအချို့ ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်.ဖွံ့.ဖြိုးရေးပါတီဝင် များ ၊ ဗုဒ္ဓဘာသာနှင့်ပါတ်သက်၍ အစွန်းရောက်မျိုးချစ်များဖြစ်သည် ။
သူတို့၏စွတ်စွဲချက်များ မှာ အများအားဖြင့် ဥာဏ်ပညာဖြင့်မယှဉ်သော တစ်ဖက်သတ်ဝါဒဖြန့်.စကားများသာဖြစ်နေတတ်သည်။်ဒေါ်အာင်ဆန်းစုကြည်ဆန့်ကျင်ရေးသမားတစ်ယောက်၏ လေသံကို ဥပမာအနေဖြင့် ခေတ္တခဏ နားထောင်ကြည်.ကြပါစို့. ။
သူတို့ကအောက်ပါအတိုင်းပြောဆိုဝါဒဖြန့်လေ့.ရှိပေသည် ။
“ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်သွားပါက မြန်မာအိမ်ဖြူတော်တွင် နိုင်ငံခြားသား မိသားစု ချက်ခြင်း ရောက်လာတော့မည်။ နိုင်ငံတော် အခမ်းအနားများတွင် မြန်မာ စကားမတတ်သော ဒေါ်စု သားများ တောင်ရှည်ပုဆိုး မဝတ်တက်ဝတ်တက်ဖြင့် အခမ်းအနား တက်တော့မည်။
အစ္စလာမ်ဘာသာဝင်အများဆုံး ပါဝင်သည့် NLD ပါတီမှ သမ္မတဖြစ်လာခြင်းကြောင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်အရ နိုင်ငံအနှံ့ ဗလီများ မှိုလိုပေါက်လာတော့မည်။ OIC ရုံးဖွင့်ခွင့်ရသွားမည်။
ဘင်္ဂါလီများ ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်သွားကာ ပြည်ထောင်စုနေ့တွင် ပါဝင်ဆင်နွှဲတော့မည်။
လူ့အခွင့်အရေး အရ မယား ယူနိုင်သလောက် ယူကြတော့မည်။ အမျိုးသမီး အခွင့်အရေးအရ ကလေး မွေးနိုင်သလောက် မွေးကြတော့မယ်။ မြို့တိုင်း၏ အလယ်တွင် ဗလီ များ နေရာယူလာကာ ဘုန်းကြီးကျောင်းများ မြို့ပြင် ရောက်သွားကြမည်။ (အခုတောင် မြို့အချို့မှာ ဖြစ်နေပြီးဖြစ်သည်)။ မြို့လည်တွင် ဘုန်းကြီးကျောင်းမှ ပဌာန်းသံမကြားရတော့ ကြေးစည်သံမကြားရတော့။
ကုလားအော်သံတွေသာ ကြားရတော့မည်။ NLD မထောက်ခံသည့် အမျိုးစောင့်ဥပဒေမှာလည်း အလိုလို ပျက်ပြယ်သွားပြီး အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဆရာတော်များ ဖိနှိပ်ခံရကာ ဘာသာ၊ သာသနာ တဖြည်းဖြည်း ပျောက်သွားမည်။ Time မဂ္ဂဇင်းသာမက ပြည်တွင်းမှာ အသစ်ထွက်ပေါ်လာမည့် ဂျာနယ် မျက်နှာဖုံး တိုင်းတွင် ဗုဒ္ဓဘုန်းကြီးများကို အကြမ်းဖက်သမား ဟု နေ့တိုင်း ဖော်ပြခံရတော့မယ်။
ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရမည်။ ဘုန်းကြီးများ သတ်ခံရမည်။ ဗုဒ္ဓဘာသာကျေးရွာများ မီးရှို့ခံရသည်။ မွတ်ဆလင်တို့ အနိုင်ကျင့်တာမခံနိုင်လို့ သွားတိုင်ပါက တရားသူကြီးချုပ် ဦးကိုနီ နှင့်တွေ့လိမ့်မည်။ နိုင်ငံရေး စီးပွားရေးတွေ တိုးတက်သွားပြီး အမျိုးသားရေးနဲ့ သာသနာရေးတွေ ထိုးကျသွားမည်။
သမ္မတကို စံယူ၍ မြန်မာအမျိုးသမီးများ နိုင်ငံခြားသားများနှင့် လက်ထက်ခြင်းက အစ္စလမ်ဘာသာဝင်တို့ အကြိုက်ဖြစ်လာမည်။ ရုပ်ဝတ္ထုတွေ များစွာ အဆင့်မြင့်သွားလိမ့်မည်။
စိတ်ဓာတ်တွေ ကတော့ အောက်ကျ သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးများ စိန်တွေ၊ ရွှေတွေ ဖြင့် တစ်ကိုယ်လုံး အလှဆင်နိုင်ပြီဖြစ်သည်။ သို့သော် ဘာသာခြား မယားဖြစ်နေမည်။ ငွေကြေးတွေ ချမ်းသာသွားကြမည်။ စာရိတ္တတွေ ဆင်းရဲသွားကြမည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတသမ်းတမ်း ၅ နှစ်အတွင်း လွှတ်တော်ထဲက အင်အားအများဆုံး NLD ပါတီဝင်များ စိတ်ကြိုက်ပြင်ဆင်အပြီး ၂၀၂၀ တွင် သမ္မတအရည်အချင်း ကန့်သက်ချက်မှာ မရှိသလောက် ဖြစ်သွားတာကြောင့် တရုတ်၊ ကုလား၊ မည်သူမဆို မြန်မာနိုင်ငံတွင် သမ္မတလုပ်ခွင့် ရတော့မည်ဖြစ်သည်။
လွှတ်လပ်ရေးရပြီး ၆၇ နှစ်အကြာ တိုင်းတပါး၏ အုပ်ချုပ် မင်းလုပ်တာ ပြန်လည် ခံရတော့မည်။ အရှင်းဆုံး နားလည်အောင် ပြောရလျှင် သင်တို့ ရေးထိုးမည့် လက်မှတ်တစ်ခုသည် ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအား နောင် အနှစ် ၂၀ အတွင်း ဘာသာ၊ သာသနာ ကွယ်ပျောက် ကာ တိုင်းတပါး ကျွန်ဘဝ အလိုလိုပြန်ရောက်သွားစေမည့် စီမံကိန်း အတွက် အထောက်အပံ့တစ်ခု ဖြစ်သွားလိမ့်မည် “
စသည်ဖြင့်ဖြစ်သည် ။ထိုအချက်များကို ကျွန်တော်သည် အယုံအကြည်မရှိပါ ၊ လက်သင့်လဲမခံပါ ။စဉ်းစားတွေးခေါ်တတ်သောပညာတတ်တော်တော်များများကလည်းဤ၀ါဒဖြန့်ချက်ကိုလက်မခံပါ ။
အခြေအမြစ်မရှိလှသောလှိမ့်လုံးခြောက်လုံးမျာဖြင့် လူထုကို ဘာသာရေးမှိုင်းတိုက်ကာ မရိုးမသားစည်းရုံးနေသည်ဟုမြင်ပါသည် ။
ထိုကဲ့သို့ထောက်ခံသူ ၊ဆန်းကျင်သူ အုပ်စုနှစ်စုကြားတွင် အရေအတွက်နည်းပါးလှသည့် (၁) ရာခိုင်နှုန်းသော မြန်မာနိုင်ငံသားတို့မှာကား ဒေါ်အောင်ဆန်းစုကြည်နှင့်.ပါတ်သက်လာလျင် အကောင်းမြင်လွန်းခြင်း ၊အဆိုးမြင်လွန်းခြင်း အစွန်းနှစ်ပါးမှကင်းဝေးကြသည် ။
သူတို့သည် အရှိကိုအရှိအတိုင်း သုံးသပ်ရှုမြင်သော ဓမ္မဓိဌာန်ဝါဒီများ (၀ါ) Realists များဖြစ်သည် ။
ကျွန်တော်သည် အထက်ပါ ၁ ရာခိုင်နှုန်းသော သူများထဲတွင်ပါဝင်သည် ဟု ထင်ပါသည် ။
အောက်ပါအချက်များသည်ကျွန်တော် ဘယ်ဘက်မှမလိုက်ပဲမြင်သောအမြင်များဖြစ်ပါသည် ။
ဒေါ်အောင်ဆန်းစုကြည်၏ အားသာချက်တစ်ခုမှာ အင်္ဂလန်နိုင်ငံသားတစ်ယောက်နှင့်လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ၊ အားနည်းချက်တစ်ခုမှာလည်းထိုအချက်ကြောင့်ပင်ပေါ်ပေါက်ခဲ့ပါသည် ။ ခေတ်သစ်မြန်မာ့.သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးသန့်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုသော သူရဲကောင်းသုံးယောက်ပေါ်ထွန်းခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးသန့်ကိုကမ္ဘာကတုန့်ပြန်ပုံမှာ ခပ်မှန်မှန် ခပ်အေးအေးပင်ဖြစ်သည် ။
ဒေါ်အောင်ဆန်းစုကြည်လောက် အူလှိုက်သည်းလှိုက် အားပေးထောက်ခံမှုမရှိဟုဆိုလိုချင်ပါသည် ။
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသမီးတစ်ယောက်ဖြစ်နေခြင်း ၊ လက်နက်အားကိုးအနိုင်ကျင့်.နေသော စစ်အာဏာရှင်များကို ရဲရဲဝံ့ဝံ့ဖီဆန်အံတုနေခြင်း ၊
မကြာခနနေအိမ်အကျယ်ချုပ်ကျခံနေရခြင်း ၊ ခင်ပွန်းနှင့်သားသမီးများကိုခွဲကာ မိသားစုအရေးထက် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကို ဘ၀နှင့် ပုံ၍ဆောင်ရွက်ခဲ့.ခြင်း ၊
ပြည်တွင်းသို့ပြန်လည်ဝင်ရောက်ခွင့်ငြင်းပယ်ခံရမှာစိုးသောကြောင့်ကွယ်လွန်အံ့ဆဲဆဲ ခင်ပွန်းဖြစ်သူကိုပင် သွားရောက်ကြည့်ရှုခြင်းမပြုပဲ မြန်မာ ပြည်တွင်းမှမထွက်မခွာနေခဲ့ခြင်း ၊
ငြိမ်းချမ်းရေးနိုဘဲလ်ဆုရခြင်း များသည် ကမ္ဘာက လေးစားကရုဏာသက်ခဲ့ရသောအကြောင်းများဖြစ်သော်လည်း
ကျွန်တော့်အမြင်တွင် အင်္ဂလန်နိုင်ငံသားတစ်ယောက်၏ ဇနီးဖြစ်နေခြင်းက
်ဒေါ်အောင်ဆန်းစုကြည်တွင် သွယ်ဝိုက်သောအားဖြင့် အထောက်အကူဖြစ်စေခဲ့သည်ဟုထင်ပါသည် ။
ပထမအချက်အနေဖြင့် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အပေါ်ကိုင်တွယ်ရာ၌ ပြည်တွင်းမှအညတရ အမျိုးသမီးနိုင်ငံရေးသမားများကိုစိတ်ထင်တိုင်း ဖိနှိပ် ခြေမှုန်းခဲ့သလို လုပ်ကိုင်နိုင်ခြင်းမရှိခဲ့ပဲ U.K နိုင်ငံမှ ၀င်ရောက်ကန့်.ကွက် ရှုတ်ချလာမည်ကိုစိုးရိမ်စိတ်ဖြင့်မသိမသာ အခွင့်အရေးပေးထားခဲ့သည် ။ဦးဝင်းတင်အပါအ၀င် ထိပ်တန်း နိုင်ငံရေးသမားများ အား စစ်ထောက်လှမ်းရေးမှလူမဆန်စွာဖမ်းဆီးနှိပ်စက်ပြီး
စစ်ကြောရေးစခန်းများ ၊ အကျဉ်းထောင်များ သို့ပိုဆောင်ခဲ့.သော်လည်း ဒေါ်
်အောင်ဆန်းစုကြည်သည် ဂျွန်ယက်တောအမှုတွင်ခေတ္တခဏ အင်းစိန်ထောင်အထူး
အဆောက်အဦးတွင် ကာလတိုထိမ်းသိမ်းခံခဲ့.ရသည်မှတစ်ပါး မိမိအိမ်မှာပင် အကျဉ်းကျခံခဲ့.ရသည် ။ အကျဉ်းကျနေစဉ် မိသားစုဆရာဝန်ဖြင့်ဆေးဝါးကုသခွင့်ရခဲ့သည် ။
နိုင်ငံတကာမှရံဖန်ရံခါရောက်လာသော အထူးဧည့်သည်တော်များနှင့်တွေ့.ဆုံခွင့်ရခဲ့သည် ။ ဤအခွင့်အရေးများသည် သာမန်မြန်မာ နိုင်ငံရေးသမားများမရရှိသော အခွင့်ထူးဖြစ်သည် ။
အတိုက်အခံခေါင်းဆောင်တစ်ယောက်မို့ထိုသို့.သော အခွင့်အရေးများရခြင်းဟုပြော၍ရသော်လည်း စင်စစ် တွင် ဒေါက်တာမိုက်ကယ်အဲရစ်နှင့်ဆက်စပ်ပြီး United Kingdom အပါအ၀င် အနောက်ကမ္ဘာ နှင့်ပြသနာမတက်ချင်သော စစ်ဗိုလ်ချုပ်ကြီးများ၏ အကြောက်တရားကြောင့်လဲပါပေသည် ။
ဥပမာ ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်းသာ ဦးဖြူ ဟုခေါ်သော မြန်မာတစ်ယောက်ဆိုပါစို့ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှုများအတွက်
ဦးဖြူကိုအရင်ဆုံးဖမ်းဆီး နှိပ်စက်မည် ။ ဦးဖြူနှင့်ဒေါ်စု၏
သားနှစ်ယောက်ဖြစ်သော ကျောင်းသားလေးနှစ်ယောက်ကို အပြစ်မရှိအပြစ်ရှာဖမ်းဆီးမည် ။
စစ်ကြောရေးတွင်လူမဆန်စွာနှိပ်စက်မည် ။ နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်ကိုလဲဖမ်းဆီး နှိပ်စက်ကာ နှစ်ရှည်ထောင်ဒဏ်ချမည် ။
ထောင်ထဲတွင် ကျန်းမာရေးစောင့်.ရှောက်မှုမပေးပဲ နှိပ်စက်ညဉ်းပန်းခြင်းဖြင့်အခြား ရာပေါင်းများစွာသော မြန်မာအမျိုးသမီး နိုင်ငံရေးအကျဉ်းသမားများလိုပင် ထောင်ထဲ၌ လူမသိသူမသိကွယ်လွန်ပေမည် ။
သို့သော် ဒေါ်အောင်ဆန်းစုကြည်ထိုဒုက္ခများမကြုံတွေ့ခဲ့ရခြင်းမှာတရားဝင်လက်ထပ်ပေါင်းသင်းနေသော ခင်ပွန်းမှာအင်္ဂလန်နိုင်ငံသားဖြစ်နေခြင်းကြောင့်ဖြစ်သည် ။ ဒေါက်တာ မိုက်ကယ်အဲရစ်ကြောင့်သာလျင်ဒေါ်အောင်ဆန်းစုကြည်သည် နိုဗယ်လ်ဆုရွေးချယ်ရေးကော်မတီအပါအ၀င် အနောက်ကမ္ဘာမှ သတိထားမိလာကြခြင်းဖြစ်သည် ။
နောက်ပိုင်းတွင်တော့ကမ္ဘာ့မီဒီယာ Highlight ရကာ စစ်အစိုးရထင်သလိုလုပ်ခွင့်မသာခဲ့ခြင်းဖြစ်သည် ။စစ်အစိုးရ၏သဘောထားအမှန်ကိုသိလိုပါက ၂၀၀၃ ခု ၊ ဒီပဲယင်းအရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်အားအသေသတ်ရန်ကြံစည်အားထုတ်ခဲ့ခြင်းကိုကြည့်.ခြင်းဖြင့်သိနိုင်ပါသည် ။
ဤကား ဗြိတိန်နိုင်ငံသားခင်ပွန်းကြောင့်.ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့သောအားသာချက်များဖြစ်သည်
။အားနည်းချက်များမှာကား စစ်အစိုးရနှင့်.တကွ ဆန့်ကျင်ဖက်အုပ်စုများက မျို
းစောင့်သူ ၊ နိုင်ငံခြားသားကိုလက်ထပ်သူ စသည်ဖြင့်.ကြံဖန် ပြစ်တင်ဝေဖန်ကာ
ဖွဲ့စည်းပုံအခြေခံဥပဒေ တွင်ပင် ပုဒ်မ ၅၉ (စ) ဖြင့်ဒေါ်
်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့်မရအောင် ညစ်ခြင်းကိုခံနေရခြင်းဖြစ်သည် ။
သမာသမတ်ကျကျပြောရလျင် နိုင်ငံသားတစ်ယောက်သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပိုင်ခွင့်.ရှိသည်ဆိုလျင် သမ္မတလဲဖြစ်ပိုင်ခွင့်ရှိစေရမည် ။
ပြည်ပစွက်ဖက်မှုဖြစ်လာလိမ့်မည်ဆိုသောအကြောင်းပြချက်သက်သက်ဖြင့်လူတော် လူကောင်းတစ်ယောက်ကို နိုင်ငံတော်က မဆုံးရှုံးစေသင့်ပါချေ ။သမ္မတလုပ်မည့်.သူ၏မိဘနှစ်ပါးသည် မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ရမည်ဆိုလျင် လုံလောက်ပေပြီ ။
ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်းမှာလဲ ကွယ်လွန်ခဲ့ပြီဖြစ်၍ ကမ္ဘာကလက်မခံသော စည်းကမ်းချက်တစ်ခုကိုဖျက်သင့်ပါသည် ။
မြန်မာပြည်သည်အကြိမ်ကြိမ်ကံဆိုးခဲ့သောနိုင်ငံဖြစ်သည် ။ ရာဇ၀င်ထဲတွင်လူတော်များသည်တိုင်းပြည်အတွက်စွမ်းအားပြည့်.ပေးဆပ်ခွင့်မရခဲ့ပဲ နိုင်ငံရေးလုပ်ကြံမှု အကွက်ဆင်ချောက်တွန်းမှုများကိုသာကြုံ တွေ့ခဲ့.ကြရသည် ။
မြန်မာ့ရေတပ်ကိုခေတ်မီတပ်မတော်ဖြစ်စေချင်ခဲ့သော ကနောင်မင်းသားကြီးသည် တူတော်သူ မြင်ကွန်း ၊ မြင်းခုံတိုင်မင်းသားနှစ်ပါး၏ လုပ်ကြံမှုကြောင့် အသက်ပေးခဲ့ရသည် ။
အောင်ဆန်းဆိုသောအလွန်ထက်မြက်၍ အလွန်တရာရိုးသားဖြောင့်မတ်သော လူငယ်နိုင်ငံရေးသမားတစ်ဦးသည် ဂဠုန်ဦးစောဟူသော အာဏာရူးမသမာသူတစ်ဦးလက်ချက်ဖြင့်ကျဆုံးခဲ့ရ၏ ။ ကမ္ဘာတွင်မြန်မာဟေ့ဟုဝင့်ကြွားနိုင်စေခဲ့.သော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဦးသန့်ကိုတစ်ကမ္ဘာလုံးကလေးစားခဲ့သော်လည်း စစ်အာဏာရှင်ဗိုလ်ချုပ်နေ၀င်းကမနာလိုမုန်းတီးမှုများ ကြီးထွားခဲ့သည် ။
အမေရိကန်ပြည်ထောင်စုသည်ကမ္ဘာ့အလည်တွင်ဘာကြောင့် စူပါ ပါဝါအဖြစ်ရပ်တည်နေနိုင်သလဲဆိုတာသုံးသပ်ကြည့်သောအခါ မည်သည့်နိုင်ငံသား ၊ မည်သည့်လူမျိုး၊မည်သည့်အသားရောင်ဆိုတာကိုမကြည့် တော်သူတတ်သူကိုနေရာပေးချီးမြှောက်ကြသဖြင့် အိုင်းစတိုင်းကဲ့သို့နိုင်ငံခြားသားများသည် အမေရိကန် သိပ္ပံပညာရှင်များဖြစ်လာကြ၏ ။ ဂျာမန်ဆေးပညာနှင့် သိပ္ပံပညာရှင်များကိုလက်ခံခြင်းဖြင့်အမေရိကန်ဆေးလောကနှင့်သိပ္ပံပညာတစ်ခေတ်ဆန်းစေ၏ ။
လူမည်းများကိုကျွန်အဖြစ်မှလွတ်လပ်ခွင့်ပေးခဲ့သောသမ္မတလင်ကွန်းလိုပုဂ္ဂိုလ်မျိုးကြောင့် ဘားရက်အိုဘားမားလို အာဖရိကန်သွေးနှောသော လူမည်းသမ္မတတစ်ယောက်အမေရိကန်မှာပေါ်ပေါက်လာ၏ ။
အရာရာသည် သဘောထားကြီးမြတ်မှုနှင့်အမြင်ကျယ်မှုကိုသာအခြေခံကာ နိုင်ငံတော်တိုးတက်ကြီးပွားရလေသည် ။ ဒေါ်အောင်ဆန်းစုကြည်သာအမေ၇ိကန်တွင်လူဖြစ်ခဲ့.ပါက အမေရိကန်စစ်တပ်နှင့်.တကွ နိုင်ငံရေး၊ အသိုင်းအ၀ိုင်းတစ်ခုလုံးက သူ့အရည်အချင်းနှင့်သူရသတ္တိကြောင့် နိင်ငံအတွက်အသင့်တော်ဆုံးနေရာတစ်ခုကိုပေး၍ အမေရိကန်ပြည်ထောင်စုကြီးအကျိုးရှိအောင်ဆောင်ရွက်ကြပေလိမ့်မည် ။ မြန်မာပြည်မှာကား ဒဏ္ဍာရီထဲမှပန်းပဲမောင်တင့်တယ်တို့ခေတ်မှစကာ ယနေ့.အချိန်အထိ အာဏာပိုင်တို.့သည် ငါနှင့်မတူငါ့ရန်သူစာရင်းသွင်းနေခဲ့.သောနိုင်ငံဖြစ်သဖြင်.တိုင်းပြည်ကောင်းကွက်ကားဖြစ်မလာနိုင်တော့ ။
ဒဂုန်တာရာ၏မေ၀တ္တုဇာတ်သိမ်း ခန်းထဲကစာသားကိုသာပြန်၍ပြောရပေတော့မည် ။
အကောင်းကိုရှာ၏
အကောင်းကားမရှိတော့။
creditး ဦးညီ သရဝဏ် (ပြည်)
creditးစောင့်ကြည့်
creditး The First Week
@@@@@@@@@@@@@@@@@@@
မြန်မာနိုင်ငံတွင်ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတ်သ
လူတစ်ရာလျင် ၉၀ ရာခိုင်နှုန်းလောက်ကဒေါ်အောင်ဆန်းစုကြည်အပေါ်ထောက်ခ
ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်
မြန်မာနိုင်ငံ၏ ၉ ရာခိုင်နှုန်းခန့်.ရှိသော လူထုသည် ဒေါ်အောင်ဆန်းစုကြည်ဆန့်.ကျင်ေ
သူတို့ထဲမှအများစုမှာ ယခင်အစိုးရလက်ထက်က ရာထူး ၊အာဏာနှင့်လုပ်ပိုင်ခွင့်.ြ
သူတို့၏စွတ်စွဲချက်များ မှာ အများအားဖြင့် ဥာဏ်ပညာဖြင့်မယှဉ်သော တစ်ဖက်သတ်ဝါဒဖြန့်.စကားများ
သူတို့ကအောက်ပါအတိုင်းပြောဆ
“ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်သွားပါက မြန်မာအိမ်ဖြူတော်တွင် နိုင်ငံခြားသား မိသားစု ချက်ခြင်း ရောက်လာတော့မည်။ နိုင်ငံတော် အခမ်းအနားများတွင် မြန်မာ စကားမတတ်သော ဒေါ်စု သားများ တောင်ရှည်ပုဆိုး မဝတ်တက်ဝတ်တက်ဖြင့် အခမ်းအနား တက်တော့မည်။
အစ္စလာမ်ဘာသာဝင်အများဆုံး ပါဝင်သည့် NLD ပါတီမှ သမ္မတဖြစ်လာခြင်းကြောင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်အရ နိုင်ငံအနှံ့ ဗလီများ မှိုလိုပေါက်လာတော့မည်။ OIC ရုံးဖွင့်ခွင့်ရသွားမည်။
ဘင်္ဂါလီများ ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်သွားကာ ပြည်ထောင်စုနေ့တွင် ပါဝင်ဆင်နွှဲတော့မည်။
လူ့အခွင့်အရေး အရ မယား ယူနိုင်သလောက် ယူကြတော့မည်။ အမျိုးသမီး အခွင့်အရေးအရ ကလေး မွေးနိုင်သလောက် မွေးကြတော့မယ်။ မြို့တိုင်း၏ အလယ်တွင် ဗလီ များ နေရာယူလာကာ ဘုန်းကြီးကျောင်းများ မြို့ပြင် ရောက်သွားကြမည်။ (အခုတောင် မြို့အချို့မှာ ဖြစ်နေပြီးဖြစ်သည်)။ မြို့လည်တွင် ဘုန်းကြီးကျောင်းမှ ပဌာန်းသံမကြားရတော့ ကြေးစည်သံမကြားရတော့။
ကုလားအော်သံတွေသာ ကြားရတော့မည်။ NLD မထောက်ခံသည့် အမျိုးစောင့်ဥပဒေမှာလည်း အလိုလို ပျက်ပြယ်သွားပြီး အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဆရာတော်များ ဖိနှိပ်ခံရကာ ဘာသာ၊ သာသနာ တဖြည်းဖြည်း ပျောက်သွားမည်။ Time မဂ္ဂဇင်းသာမက ပြည်တွင်းမှာ အသစ်ထွက်ပေါ်လာမည့် ဂျာနယ် မျက်နှာဖုံး တိုင်းတွင် ဗုဒ္ဓဘုန်းကြီးများကို အကြမ်းဖက်သမား ဟု နေ့တိုင်း ဖော်ပြခံရတော့မယ်။
ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရမည်။ ဘုန်းကြီးများ သတ်ခံရမည်။ ဗုဒ္ဓဘာသာကျေးရွာများ မီးရှို့ခံရသည်။ မွတ်ဆလင်တို့ အနိုင်ကျင့်တာမခံနိုင်လို့ သွားတိုင်ပါက တရားသူကြီးချုပ် ဦးကိုနီ နှင့်တွေ့လိမ့်မည်။ နိုင်ငံရေး စီးပွားရေးတွေ တိုးတက်သွားပြီး အမျိုးသားရေးနဲ့ သာသနာရေးတွေ ထိုးကျသွားမည်။
သမ္မတကို စံယူ၍ မြန်မာအမျိုးသမီးများ နိုင်ငံခြားသားများနှင့် လက်ထက်ခြင်းက အစ္စလမ်ဘာသာဝင်တို့ အကြိုက်ဖြစ်လာမည်။ ရုပ်ဝတ္ထုတွေ များစွာ အဆင့်မြင့်သွားလိမ့်မည်။
စိတ်ဓာတ်တွေ ကတော့ အောက်ကျ သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးများ စိန်တွေ၊ ရွှေတွေ ဖြင့် တစ်ကိုယ်လုံး အလှဆင်နိုင်ပြီဖြစ်သည်။ သို့သော် ဘာသာခြား မယားဖြစ်နေမည်။ ငွေကြေးတွေ ချမ်းသာသွားကြမည်။ စာရိတ္တတွေ ဆင်းရဲသွားကြမည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတသမ်းတမ်း ၅ နှစ်အတွင်း လွှတ်တော်ထဲက အင်အားအများဆုံး NLD ပါတီဝင်များ စိတ်ကြိုက်ပြင်ဆင်အပြီး ၂၀၂၀ တွင် သမ္မတအရည်အချင်း ကန့်သက်ချက်မှာ မရှိသလောက် ဖြစ်သွားတာကြောင့် တရုတ်၊ ကုလား၊ မည်သူမဆို မြန်မာနိုင်ငံတွင် သမ္မတလုပ်ခွင့် ရတော့မည်ဖြစ်သည်။
လွှတ်လပ်ရေးရပြီး ၆၇ နှစ်အကြာ တိုင်းတပါး၏ အုပ်ချုပ် မင်းလုပ်တာ ပြန်လည် ခံရတော့မည်။ အရှင်းဆုံး နားလည်အောင် ပြောရလျှင် သင်တို့ ရေးထိုးမည့် လက်မှတ်တစ်ခုသည် ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအား နောင် အနှစ် ၂၀ အတွင်း ဘာသာ၊ သာသနာ ကွယ်ပျောက် ကာ တိုင်းတပါး ကျွန်ဘဝ အလိုလိုပြန်ရောက်သွားစေမည့်
စသည်ဖြင့်ဖြစ်သည် ။ထိုအချက်များကို ကျွန်တော်သည် အယုံအကြည်မရှိပါ ၊ လက်သင့်လဲမခံပါ ။စဉ်းစားတွေးခေါ်တတ်သောပညာတတ်တော်တော်များမ
အခြေအမြစ်မရှိလှသောလှိမ့်လံ
ထိုကဲ့သို့ထောက်ခံသူ ၊ဆန်းကျင်သူ အုပ်စုနှစ်စုကြားတွင် အရေအတွက်နည်းပါးလှသည့် (၁) ရာခိုင်နှုန်းသော မြန်မာနိုင်ငံသားတို့မှာကား
သူတို့သည် အရှိကိုအရှိအတိုင်း သုံးသပ်ရှုမြင်သော ဓမ္မဓိဌာန်ဝါဒီများ (၀ါ) Realists များဖြစ်သည် ။
ကျွန်တော်သည် အထက်ပါ ၁ ရာခိုင်နှုန်းသော သူများထဲတွင်ပါဝင်သည် ဟု ထင်ပါသည် ။
အောက်ပါအချက်များသည်ကျွန်တေ
ဒေါ်အောင်ဆန်းစုကြည်၏ အားသာချက်တစ်ခုမှာ အင်္ဂလန်နိုင်ငံသားတစ်ယောက်နှင့်လက်ထပ်ခဲ့ခြင်းဖြစ်ပြ
ဒေါ်အောင်ဆန်းစုကြည်လောက် အူလှိုက်သည်းလှိုက် အားပေးထောက်ခံမှုမရှိဟုဆိုလိ
ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသမီးတစ်ယောက်ဖြစ်နေခြ
မကြာခနနေအိမ်အကျယ်ချုပ်ကျခံ
ပြည်တွင်းသို့ပြန်လည်ဝင်ရော
ငြိမ်းချမ်းရေးနိုဘဲလ်ဆုရခြ
ပထမအချက်အနေဖြင့် စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အပေါ်ကိုင်တ
နိုင်ငံတကာမှရံဖန်ရံခါရောက်
အတိုက်အခံခေါင်းဆောင်တစ်ယော
ဥပမာ ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်
စစ်ကြောရေးတွင်လူမဆန်စွာနှိ
ထောင်ထဲတွင် ကျန်းမာရေးစောင့်.ရှောက်မှုမ
သို့သော် ဒေါ်အောင်ဆန်းစုကြည်ထိုဒုက္ခမျာ
နောက်ပိုင်းတွင်တော့ကမ္ဘာ့မီ
ဤကား ဗြိတိန်နိုင်ငံသားခင်ပွန်းေ
သမာသမတ်ကျကျပြောရလျင် နိုင်ငံသားတစ်ယောက်သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပိ
ပြည်ပစွက်ဖက်မှုဖြစ်လာလိမ်
ဒေါ်အောင်ဆန်းစုကြည်၏ခင်ပွန်
မြန်မာပြည်သည်အကြိမ်ကြိမ်ကံ
မြန်မာ့ရေတပ်ကိုခေတ်မီတပ်မေ
အောင်ဆန်းဆိုသောအလွန်ထက်မြက
အမေရိကန်ပြည်ထောင်စုသည်ကမ္ဘာ
လူမည်းများကိုကျွန်အဖြစ်မှလ
အရာရာသည် သဘောထားကြီးမြတ်မှုနှင့်အြ
ဒဂုန်တာရာ၏မေ၀တ္တုဇာတ်သိမ်း ခန်းထဲကစာသားကိုသာပြန်၍ပြော
အကောင်းကိုရှာ၏
အကောင်းကားမရှိတော့။
creditး ဦးညီ သရဝဏ် (ပြည်)
creditးစောင့်ကြည့်
creditး The First Week
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။