Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 28, 2016

အဆိုတော်ဝေလနှင့် တွေ့ဆုံခြင်း



ဂီတအကြောင်း သောင်းပြောင်းထွေလာ added 5 new photos.

အဆိုတော်ဝေလနှင့် တွေ့ဆုံခြင်း
လက်ရှိ ဂီတရေစီးကြောင်းတွင် ထူးခြားသည့်ဆိုဟန်၊ ခေတ်စနစ်နှင့် လူအများကြားမှ အဖြစ်အပျက်များအား ထင်ဟပ်သီဆိုနိုင်သည့် အဆိုတော်တစ်ဦးမှာ အဆိုတော် ဝေလပင်ဖြစ်သည်။ မကြာခင်က ထွက်ရှိထားသည့် တစ်ကိုယ်တော် တေးစီးရီး ‘အဓိပတိဖွား’ မှာလည်း ပရိသတ်များကြားတွင် ပျံ့နှံ့အောင်မြင်လျက်ရှိကာ ယင်းတေးစီးရီးတွင် ပါဝင်ခဲ့သည့် ‘အနီးဆုံးရန်သူ’ တေးသီချင်း၏ စာသားအချို့မှာ အွန်လိုင်း အသုံးပြုသူများကြားတွင် ပျံ့နှံ့သည်အထိ အောင်မြင်ခဲ့သူဖြစ်သည်။ စက်တင်ဘာလမှစတင်ကာ မြို့ကြီးငါးမြို့ ဖျော်ဖြေရေးခရီးစဉ်အား သွားရောက်ရန်စီစဉ်ထားသူ အဆိုတော်ဝေလနှင့် တွေ့ဆုံ၍ မြို့ကြီးငါးမြို့ ဖျော်ဖြေရေး ခရီးစဉ်အကြောင်းနှင့် တေးသီချင်းများ ရေးဖွဲ့သည့် ခံစားချက်များ အပါအ၀င် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး-ကိုဝေလရဲ့မြို့ငါးမြို့မှာ ဖျော်ဖြေရေး ခရီးစဉ်သွားမယ့် အကြောင်းလေး အရင်ပြောပြပေးပါဦး။
ဖြေ- မြို့ငါးမြို့မှာ ဖျော်ဖြေရေးခရီးစဉ်က ကိုကျား (ကျားပေါက်) ရယ်၊ ကျွန်တော်ရယ်၊ ဖြူဖြူရယ်၊ နီနီရယ်ပေါ့။ တစုတစည်းတည်းနဲ့ မြို့ငါးမြို့ကို သွားပြီး ဖျော်ဖြေရမှာပေါ့။
■ မေး-အခုလို နယ်မြို့က ပရိသတ်တွေကို ဖျော်ဖြေခွင့်ရမယ့်အချိန်မှာ ဘယ်လိုပုံစံမျိုးတွေနဲ့ တင်ဆက်သွားဖို့ စိတ်ကူးထားလဲ။
ဖြေ- အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် တင်ဆက်သွားဖို့ စီစဉ်ထားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်ညှိနှိုင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် တင်ဆက်သွားပါမယ်။
■ မေး- တစ်ယောက်ကို သီချင်း ၁၂ ပုဒ်လောက် အနည်းဆုံး ဆိုရမယ်ဆိုတော့ သီချင်းရွေးချယ်မှုကိုရော ဘယ်လိုလုပ်ဖြစ်မလဲ။
ဖြေ- တစ်ယောက်ကို အနည်းဆုံး ၁၂ ပုဒ် ဆိုမယ်ဆိုပေမယ့် ၁၅ ပုဒ် ဖြစ်ချင်လည်းဖြစ်မယ်။ ၁၇ ပုဒ်ဖြစ်ချင်လည်းဖြစ်မယ်။ အောက်က ပရိသတ်က ဒီသီချင်း နားထောင်ချင်တယ်ဆိုရင်လည်း ဆိုဖြစ်သွားမယ်လေ။ ပြီးတော့ ဂီတတူရိယာတွေနဲ့ ပတ်သက်လို့လည်း လေမှုတ်တူရိယာတွေ၊ ပြီးတော့ တယောနဲ့ သီချင်းတွေကို ပုံစံတစ်မျိုး တင်ဆက်ပေးဖို့ရှိပါတယ်။
■ မေး- အဆိုတော်အချင်းချင်း တွဲဖက် သီဆိုမှုတွေရော ပါနိုင်မလား။
ဖြေ- ကိုကျား သီချင်းတစ်ပုဒ်ကို ကျွန်တော်နဲ့ကိုကျားနဲ့ အတူတူဆိုဖို့ စီစဉ်ထားတယ်။ ကျွန်တော့် သီချင်းတစ်ပုဒ်ကိုလည်း ကိုကျား ဖျော်ဖြေဖို့ရှိတယ်။ အဲဒီလို အပြန်အလှန် ဆိုသွားဖို့ စီစဉ်ထားပါတယ်။ ပရိသတ်အတွက် ခံစားမှုရသအသစ်ကို ရရှိနိုင်မှာပါ။
■ မေး- အခုသွားဖို့စီစဉ်ထားတဲ့မြို့တွေက ပွဲလုပ်တာ နည်းတဲ့နေရာတွေလည်း ပါနေတော့ အဲဒီအတွက် ဘယ်လိုခံစားနေရလဲ။
ဖြေ- ကျွန်တော်ဆိုရင် တောင်ငူမြို့ကို တစ်ခါမှ မရောက်ဖူးသေးဘူး။ ကျန်တဲ့ဟာတွေဆိုလည်း တစ်ခေါက်လောက်ပဲ ဖျော်ဖြေဖူးတယ်။ မရောက်တာကြာပြီဆိုတော့ အသစ်လိုဖြစ်နေတာပေါ့။ အဲဒီအတွက် ပရိသတ်တွေနဲ့တွေ့ရမှာ ပျော်ပါတယ်။ ခံစားမှုကတော့ နယ်ပဲဖြစ်ဖြစ် ရန်ကုန်ပဲဖြစ်ဖြစ် ရှိုးဆိုရင်ပျော်တာပဲလေ။ ဒါပေမဲ့ မရောက်ဖူးတဲ့၊ မရောက်ဖြစ်တာကြာတဲ့နေရာတွေကို သွားရမှာဆိုတော့ ပျော်ပါတယ်။
■ မေး- နီနီဆိုထားတဲ့ ‘မလိုချင်ဘူးစစ်’ဆိုတဲ့ သီချင်းဆိုရင် ကိုဝေလ ရေးပေးထားတာဆိုတော့ အဲဒီလိုသီချင်းမျိုးကိုရော တွဲဖက်သီဆိုဖြစ်မလား။
ဖြေ- နီနီနဲ့တော့ နှစ်ယောက်တွဲဆိုဖို့ သေချာတော့မစဉ်းစားရသေးဘူး။
■ မေး-Musical Instrument ပိုင်းတွေနဲ့ ဖျော်ဖြေမယ်ဆိုတော့ အဲဒါက ဘယ်လိုထူးခြားတဲ့ တင်ဆက်မှုမျိုး ဖြစ်မယ်လို့ထင်လဲ။
ဖြေ- ဥပမာဆိုရင် ၃၆၀ လို သီချင်းမျိုးကို လေမှုတ်တူရိယာတွေနဲ့ ဖျော်ဖြေမှာမျိုး၊ တခြားသီချင်းတွေလည်း အဲဒီလိုပဲပေါ့။ ထူးခြားတဲ့ ဂီတပုံစံလေးတွေအဖြစ်တော့ ပြောင်းသွားမယ်လို့ထင်ပါတယ်။ ပရိသတ်တွေလည်း ပျော်ကြမှာပါ။
■ မေး- ဒီမြို့ငါးမြို့ ဖျော်ဖြေရေးနဲ့ ပတ်သက်လို့ ပရိသတ်ကို ပြောချင်တာမျိုးများ ရှိမလား။
ဖြေ- ဒီပွဲမှာဆိုရင် လူအင်အားကလည်း လေးယောက်တည်းဖြစ်တဲ့အတွက် အတတ်နိုင်ဆုံးတော့ အကုန်လုံးက အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဖျော်ဖြေပေးကြမှာပါ။
■ မေး-မကြာခင်ကထွက်ထားတဲ့ အဓိပတိဖွား စီးရီးကလည်း ပရိသတ်အားပေးမှုများတယ်နော်။ အဲဒီအပေါ် ခံစားမှုကိုလည်း သိချင်ပါတယ်။
ဖြေ- အဲဒီအခွေကို စပြီးလုပ်ကတည်းကလည်း သေချာလေး အားစိုက်ထုတ်ပြီး လုပ်ခဲ့တယ်။ ထွက်တဲ့အခါမှာလည်း ပရိသတ်တွေက အားပေးကြတဲ့အခါကျတော့ ကျေနပ်မှုရှိပါတယ်။ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။
■ မေး- ကိုဝေလရေးတဲ့ သီချင်းအများစုမှာ ခေတ်ကာလ အဖြစ်အပျက်တွေကို အခြေခံရေးဖွဲ့တတ်သလို သရော်တဲ့ ခံစားမှုအရလည်း ရေးဖွဲ့တတ်တာတွေ့ရတယ်။ အဲဒီလိုခံစားမှုမျိုးနဲ့ ထင်ဟပ်ပုံဖော်နိုင်အောင် ဘယ်လိုမွေးဖွားယူရလဲ။
ဖြေ- ကျွန်တော့်မှာရှိသလောက် အနုပညာဝမ်းစာလေးနဲ့ အတတ်နိုင်ဆုံးကြိုးစားရတာပါ။ စာလည်း များများဖတ်ဖြစ်တယ်။ ကိုယ်တွေ့မြင်ရတဲ့အရာတွေ၊ ခံစားသိရှိတာတွေကို သီချင်းအဖြစ် ပြောင်းလဲလို့ရရင် ပြောင်းလဲပြီး ရေးဖြစ်တာပေါ့။
■ မေး- လက်ရှိ မြင်ကြား တွေ့သိ နေတာတွေကို ခံစား ရေးဖွဲ့တတ်သူတစ်ယောက်အနေနဲ့ နောက်ထပ် ဘယ်လို အကြောင်းအရာမျိုးတွေကို ထပ်ပြီးရေးဖွဲ့ဖြစ်ဦးမလဲ။
ဖြေ- အခုတော့ နောက်ထပ်စီးရီးသစ်တစ်ခွေအတွက် စပြီးလုပ်နေပါပြီ။ အဲဒါလည်း အရှေ့ခွေတွေနည်းတူပဲ ကြိုးစားထားပါတယ်။ အခုတော့ သီချင်းစရေးနေပါတယ်။ သုံးလေးပုဒ်လောက် ရေးပြီးပြီ။ အသံစသွင်းပါတော့မယ်။
■ မေး-မတူကွဲပြားတဲ့ အနုပညာ ဖန်တီးမှုတွေ အမြဲဖန်တီးတော့ နောက်ပိုင်းမှာ တာဝန် ပိုကြီးလာတယ်လို့ခံစားရလား။
ဖြေ- ၁၉၈၂ ဆိုတဲ့ ပထမဆုံးအခွေမှာကတည်းက အရမ်းကို အားစိုက်ထုတ်ခဲ့ပါတယ်။ အခွေတိုင်းမှာ အားစိုက်ထုတ်မှုချင်းကတော့ အတူတူပါပဲ။ နောင်လည်း အားစိုက်နေဦးမှာပါပဲ။ ရှိသလောက် တတ်သလောက် အနုပညာနဲ့တော့ ဖန်တီးနေမှာပါပဲ။
■ မေး- စီးရီးအသစ်ကရော ဘယ်တော့လောက်ထွက်ဖြစ်မလဲ။
ဖြေ- နည်းနည်းတော့ကြာပါဦးမယ်။ ပထမအခွေက ထွက်ထားတာ သိပ်မကြာသေးတော့လေ။
■ မေး-ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များရှိရင်လည်း ပြောပေးပါဦး။
ဖြေ- အများကြီးလည်း ကြိုးစားပါဦးမယ်။ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Writer:
လင်းလင်းခိုင်
Eleven Media Group

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။