ဆေးလိပ်သောက်ခြင်းကြောင့်ဖြ စ်သော ခြေထောက်သွေးကြောပိတ်ရောဂါ
အမျိုးသားလူငယ်တွေမှာ ဆေးလိပ်အသောက်များလို့ ခြေထောက်သွေးကြောပိတ်ရောဂြါ ဖစ်တဲ့ Buerger Disease အကြောင်းကို ပြောပြချင်ပါတယ်။
ရောဂါလက္ခဏာများ
ဆေးကျောင်းသားတွေကို ဒီရောဂါအကြောင်း ဆရာတို့ စာသင်တဲ့အခါ မှတ်သားနိုင်အောင် P ငါးလုံးနဲ့ ရှင်းပြပါတယ်။ အဲ့ဒါက ခြေထောက်ရဲ့ အရောင်ပြောင်းသွားတာ Pale and Pallor ဖြစ်တယ်။ သွေးမရောက်တာကြောင့် ခြေထောက် အရောင်ပြောင်းသွားပါတယ်။ သိပ်ဆိုးလာရင် နာကျင်မှု Pain ကို ခြေဖဝါးနဲ့ ခြေသလုံးမှာ ခံစားရပါတယ်။
အများအားဖြင့် ခြေဖဝါးမှာ ခံစားရတာ ပိုများပါတယ်။ သိပ်ဆိုးရင် လမ်းကောင်းကောင်း မလျှောက်နိုင်ဘဲ အကြောဆွဲသလို ထော့နဲ့ထော့နဲ့နဲ့ Paralysis ဖြစ်ပါတယ်။ Partially Cold ဆိုတာက အေးတာပါ။ လက်နဲ့ စမ်းကြည့်လိုက်ရင် ခြေထောက်က နွေးမနေဘဲ အေးစက်နေတတ်ပါတယ်။
.......................... .......................... .............
သတိထားရန် လိုအပ်
ဒီရောဂါက မြန်မာနိုင်ငံမှာ အဖြစ်များလာပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးမှု မလျော့နည်းတာကြောင့်ပါ။ ဒီနိုင်ငံမှာက ကွမ်းစားတာ၊ ဆေးရွက်ကြီးငုံတာ၊ ဆေးပေါ့လိပ်သောက်တာတွေက ရိုးရာဓလေ့လို ပုံစံမျိုးဖြစ်နေပါတယ်။ အခုက တတိယလှိုင်းခေါ်မှာပေါ့။ သတင်းမီဒီယာခေတ် ဖြစ်လာတယ်၊ Globalization ဖြစ်လာတော့ အရက်သေစာ သောက်သုံးမှုတွေလည်း များလာတယ်။ ဆေးလိပ်ကိုလည်း ပုံစံအမျိုးမျိုးနဲ့ သောက်သုံးလာကြတယ်။
တချို့ဆို ဆေးလိပ်ကို မနားတမ်း သောက်တဲ့အထိ ဖြစ်လာတယ်။ အရက်သောက်တဲ့သူတွေမှာ ဆေးလိပ်လည်း တွဲသောက်တတ်ကြတယ်။
အများစုက ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာဖြစ်တယ်လို့ပဲ သိထားကြတယ်။ လူငယ်တွေထဲမှာ ဆေးလိပ်သောက်တာကြောင့် ခြေထောက်သွေးကြောရောဂါတွေလည်း ဖြစ်ပွားနိုင်တယ်ဆိုတာ သတိထားစေချင်ပါတယ်။
.......................... .......................... .............
ဖြစ်နိုင်ခြေများသူ
ဘာကြောင့် ဒီရောဂါကို အလေးအနက်ထားပြီး ဆရာပြောနေရလဲဆိုရင် အသက် ၂၀ ကျော်၊ ၃၀ အရွယ်လူငယ်တွေက တကယ်ဆို တိုင်းပြည်အတွက် လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တွေပါ။ ဒီအရွယ်တွေမှာ ဖြစ်ပွားနေပြီး ဒီရောဂါက ဖြစ်လာပြီဆိုရင် ကုရတာ နည်းနည်းခက်ပါတယ်။
အမျိုးသမီးတွေမှာ အဖြစ်နည်းတယ်။ အမျိုးသားတွေမှာ အဓိကဖြစ်တဲ့ ရောဂါပါ။ ငယ်ငယ်ရွယ်ရွယ်တွေနဲ့ လူလတ်ပိုင်းတွေမှာ အဖြစ်များပါတယ်။ ဆေးလိပ်ကို အဆက်မပြတ်သောက်သူတွေ၊ တစ်နေ့ကို ဆေးလိပ် ၁၀ နဲ့အထက် သောက်သုံးသူတွေမှာ ၅-၁၀ နှစ်အတွင်း ဖြစ်လာနိုင်ခြေ ရှိပါတယ်။

ဖြစ်ရသော အကြောင်းရင်း
ဒီရောဂါ ဘာကြောင့်ဖြစ်ရလဲဆိုရင် ဆေးလိပ်သောက်တာကြောင့် ဖြစ်တယ် ဆိုပေမယ့် ဆေးပညာစာအုပ်တွေမှာ အခုထက်ထိ ဘာကြောင့်ဆိုတာကို တိတိကျကျ ဖော်ပြထားတာ မရှိသေးပါဘူး။ တချို့က Auto-immune လို့ခေါ်တဲ့ အလိုအလျောက် ဓာတ်မတည့်လို့ဖြစ်တာပါ။ ဘာနဲ့ ဓာတ်မတည့်တာလဲဆိုတော့ ဆေးလိပ်မှာပါတဲ့ နစ်ကိုတင်းနဲ့ ဓာတ်မတည့်လို့ဖြစ်တာပါ။
နစ်ကိုတင်းဓာတ်ကြောင့် ကြွက်သားတွေ ကျုံ့ညှစ်မှု (Spasm) ဖြစ်ပေါ်ပါတယ်။ လူနေမှု အဆင့်အတန်းအရ ဆင်ခြေဖုံးမှာ ပြွတ်သိပ်ပြီး နေထိုင်သူတွေမှာလည်း အဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်က ဆေးလိပ် သောက်ရင် အဲ့ဒီဆေးလိပ်ငွေ့ကို အနီးမှာရှိတဲ့ အကုန်လုံးက ရှူရှိုက်မိတာ၊ လေကောင်းလေသန့်မရတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဆေးလိပ်သောက်တဲ့အခါမှာလည်း ဖင်စီခံမပါတဲ့ အပေါစား ဆေးလိပ်ကို သောက်သုံးတာကြောင့် ဆေးရွက်ကြီးက တိုက်ရိုက်ရောက်တာကြောင့်ပါ ။ တချို့လည်း ဘက်တီးရီးယားပိုးမွှားကူးစက် တာကြောင့် ဖြစ်ရတာပါ။ တချို့ လည်း ဇီဝကမ္မဖြစ်စဉ်ကြောင့် ဖြစ်တာပါ။
အယ်လ်ဇိုင်းမားရောဂါမှာ အရွယ်မတိုင်ခင် ဦးနှောက်မှတ်ဥာဏ်တွေ ဆုံးရှုံးသွားတာ၊ ဦးနှောက်မှတ်ဥာဏ်အလုပ် မလုပ်တော့တာ၊ မြန်မာလို သူငယ်ပြန်တယ်လို့ ပြောကြပါတယ်။
အယ်လ်ဇိုင်းမားရောဂါက အသက် ၇၀-၈၀ လောက်မှာ ဖြစ်ရမှာကို အသက် ၄၀ လောက်မှာ ဖြစ်လာတာတွေ ရှိပါတယ်။ အရွယ်မတိုင်ခင်ဖြစ်ရတာက သွေးကြောထဲမှာ အဆီတွေများပြီး အနည်ကျလို့ ဖြစ်နိုင်တယ်ဆိုပေမယ့် အဓိက သေချာတဲ့ အကြောင်းကတော့ ဆေးလိပ်သောက်တာကြောင့်ပါ။
ပါမောက္ခဒေါက်တာစိန်လင်း
(ခွဲစိတ်နှင့် ကင်ဆာပါရဂူ)
(Good Health Journal 609)
…………
Ref: pyimyanmarnews.com
http://pyimyanmarnews.com/ index.php/health/ 911-2016-09-27-10-58-39
အမျိုးသားလူငယ်တွေမှာ ဆေးလိပ်အသောက်များလို့ ခြေထောက်သွေးကြောပိတ်ရောဂြါ
ရောဂါလက္ခဏာများ
ဆေးကျောင်းသားတွေကို ဒီရောဂါအကြောင်း ဆရာတို့ စာသင်တဲ့အခါ မှတ်သားနိုင်အောင် P ငါးလုံးနဲ့ ရှင်းပြပါတယ်။ အဲ့ဒါက ခြေထောက်ရဲ့ အရောင်ပြောင်းသွားတာ Pale and Pallor ဖြစ်တယ်။ သွေးမရောက်တာကြောင့် ခြေထောက် အရောင်ပြောင်းသွားပါတယ်။ သိပ်ဆိုးလာရင် နာကျင်မှု Pain ကို ခြေဖဝါးနဲ့ ခြေသလုံးမှာ ခံစားရပါတယ်။
အများအားဖြင့် ခြေဖဝါးမှာ ခံစားရတာ ပိုများပါတယ်။ သိပ်ဆိုးရင် လမ်းကောင်းကောင်း မလျှောက်နိုင်ဘဲ အကြောဆွဲသလို ထော့နဲ့ထော့နဲ့နဲ့ Paralysis ဖြစ်ပါတယ်။ Partially Cold ဆိုတာက အေးတာပါ။ လက်နဲ့ စမ်းကြည့်လိုက်ရင် ခြေထောက်က နွေးမနေဘဲ အေးစက်နေတတ်ပါတယ်။
..........................
သတိထားရန် လိုအပ်
ဒီရောဂါက မြန်မာနိုင်ငံမှာ အဖြစ်များလာပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ဆေးလိပ်သောက်သုံးမှု မလျော့နည်းတာကြောင့်ပါ။ ဒီနိုင်ငံမှာက ကွမ်းစားတာ၊ ဆေးရွက်ကြီးငုံတာ၊ ဆေးပေါ့လိပ်သောက်တာတွေက ရိုးရာဓလေ့လို ပုံစံမျိုးဖြစ်နေပါတယ်။ အခုက တတိယလှိုင်းခေါ်မှာပေါ့။ သတင်းမီဒီယာခေတ် ဖြစ်လာတယ်၊ Globalization ဖြစ်လာတော့ အရက်သေစာ သောက်သုံးမှုတွေလည်း များလာတယ်။ ဆေးလိပ်ကိုလည်း ပုံစံအမျိုးမျိုးနဲ့ သောက်သုံးလာကြတယ်။
တချို့ဆို ဆေးလိပ်ကို မနားတမ်း သောက်တဲ့အထိ ဖြစ်လာတယ်။ အရက်သောက်တဲ့သူတွေမှာ ဆေးလိပ်လည်း တွဲသောက်တတ်ကြတယ်။
အများစုက ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာဖြစ်တယ်လို့ပဲ သိထားကြတယ်။ လူငယ်တွေထဲမှာ ဆေးလိပ်သောက်တာကြောင့် ခြေထောက်သွေးကြောရောဂါတွေလည
..........................
ဖြစ်နိုင်ခြေများသူ
ဘာကြောင့် ဒီရောဂါကို အလေးအနက်ထားပြီး ဆရာပြောနေရလဲဆိုရင် အသက် ၂၀ ကျော်၊ ၃၀ အရွယ်လူငယ်တွေက တကယ်ဆို တိုင်းပြည်အတွက် လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်တွေပါ။ ဒီအရွယ်တွေမှာ ဖြစ်ပွားနေပြီး ဒီရောဂါက ဖြစ်လာပြီဆိုရင် ကုရတာ နည်းနည်းခက်ပါတယ်။
အမျိုးသမီးတွေမှာ အဖြစ်နည်းတယ်။ အမျိုးသားတွေမှာ အဓိကဖြစ်တဲ့ ရောဂါပါ။ ငယ်ငယ်ရွယ်ရွယ်တွေနဲ့ လူလတ်ပိုင်းတွေမှာ အဖြစ်များပါတယ်။ ဆေးလိပ်ကို အဆက်မပြတ်သောက်သူတွေ၊ တစ်နေ့ကို ဆေးလိပ် ၁၀ နဲ့အထက် သောက်သုံးသူတွေမှာ ၅-၁၀ နှစ်အတွင်း ဖြစ်လာနိုင်ခြေ ရှိပါတယ်။
..........................
ဖြစ်ရသော အကြောင်းရင်း
ဒီရောဂါ ဘာကြောင့်ဖြစ်ရလဲဆိုရင် ဆေးလိပ်သောက်တာကြောင့် ဖြစ်တယ် ဆိုပေမယ့် ဆေးပညာစာအုပ်တွေမှာ အခုထက်ထိ ဘာကြောင့်ဆိုတာကို တိတိကျကျ ဖော်ပြထားတာ မရှိသေးပါဘူး။ တချို့က Auto-immune လို့ခေါ်တဲ့ အလိုအလျောက် ဓာတ်မတည့်လို့ဖြစ်တာပါ။ ဘာနဲ့ ဓာတ်မတည့်တာလဲဆိုတော့ ဆေးလိပ်မှာပါတဲ့ နစ်ကိုတင်းနဲ့ ဓာတ်မတည့်လို့ဖြစ်တာပါ။
နစ်ကိုတင်းဓာတ်ကြောင့် ကြွက်သားတွေ ကျုံ့ညှစ်မှု (Spasm) ဖြစ်ပေါ်ပါတယ်။ လူနေမှု အဆင့်အတန်းအရ ဆင်ခြေဖုံးမှာ ပြွတ်သိပ်ပြီး နေထိုင်သူတွေမှာလည်း အဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်က ဆေးလိပ် သောက်ရင် အဲ့ဒီဆေးလိပ်ငွေ့ကို အနီးမှာရှိတဲ့ အကုန်လုံးက ရှူရှိုက်မိတာ၊ လေကောင်းလေသန့်မရတာတွေကြောင
ဆေးလိပ်သောက်တဲ့အခါမှာလည်း ဖင်စီခံမပါတဲ့ အပေါစား ဆေးလိပ်ကို သောက်သုံးတာကြောင့် ဆေးရွက်ကြီးက တိုက်ရိုက်ရောက်တာကြောင့်ပါ
အယ်လ်ဇိုင်းမားရောဂါမှာ အရွယ်မတိုင်ခင် ဦးနှောက်မှတ်ဥာဏ်တွေ ဆုံးရှုံးသွားတာ၊ ဦးနှောက်မှတ်ဥာဏ်အလုပ် မလုပ်တော့တာ၊ မြန်မာလို သူငယ်ပြန်တယ်လို့ ပြောကြပါတယ်။
အယ်လ်ဇိုင်းမားရောဂါက အသက် ၇၀-၈၀ လောက်မှာ ဖြစ်ရမှာကို အသက် ၄၀ လောက်မှာ ဖြစ်လာတာတွေ ရှိပါတယ်။ အရွယ်မတိုင်ခင်ဖြစ်ရတာက သွေးကြောထဲမှာ အဆီတွေများပြီး အနည်ကျလို့ ဖြစ်နိုင်တယ်ဆိုပေမယ့် အဓိက သေချာတဲ့ အကြောင်းကတော့ ဆေးလိပ်သောက်တာကြောင့်ပါ။
ပါမောက္ခဒေါက်တာစိန်လင်း
(ခွဲစိတ်နှင့် ကင်ဆာပါရဂူ)
(Good Health Journal 609)
…………
Ref: pyimyanmarnews.com
http://pyimyanmarnews.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။