Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 26, 2016

အမေစုနှင့် CNNအင်တာဗျုး

Thant Zaw Oo added 3 new photos.

အမေစုနှင့် CNNအင်တာဗျုး
*****************************
Translated by #Spring Flowers
CNN ။ ။ လူအများကို နားလည်ရခက်နေစေတဲ့ မေးခွန်းကနေ ကျနော် စမေးရမှာပါဘဲ ။ ဒေါ်စုတို့ နိုင်ငံကို ဘယ်လိုခေါ်ပါသလဲ ။
SUU ။ ။ တရားဝင် အခု Myanmar လို့ ခေါ်ပါတယ် ။ အရင်ကတော့ အင်္ဂလိပ်လို Burma လို့ ခေါ်ခဲ့ပါတယ် ။ ဒါကိုဘဲ ကျမတို့ဘာသာစကားနဲ့ Myanmar လို့ ပြောဆိုရည်ညွှန်းကြပါတယ် ......မြန်မာဆိုတာ ကျမတို့အသံထွက်ဆိုပါတော့ ။
CNN ။ ။ ကုလသမဂ္ဂမိန့်ခွန်းမှာ ဒေါ်စုက Myanmar လို့ သုံးခဲ့တာကို ကျနော်သတိထားမိလို့ပါ ။ အရင်ကဆို Burma လို့ဘဲ သုံးလေ့ရှိတယ်လေ ။ ဒေါ်စုရဲ့လက်ရှိအနေအထား ရာထူးကြောင့် တမင်တကာ ပြောင်းသုံးခဲ့လား ။

SUU ။ ။ ကျမတို့က Myanmar ဆိုတဲ့ နာမည်နဲ့ ကုလသမဂ္ဂမှာ အသင်းဝင်နိုင်ငံဖြစ်နေလို့ပါ ။ လက်ရှိအချိန်မှာ ကျမတို့အနေနဲ့ အစိုးရဖြစ်နေလို့ဆိုပြီး အရာရာကို ပြင်ပစ်ရမယ်လို့ ကျမ မယူဆပါဘူး ။ ဒါက (စိတ်ဓါတ်) အင်အားကိုပြလိုက်တဲ့သဘောဆိုပါတော့........အရင်ပြောခဲ့သလိုဘဲ ကျမတို့လိုချင်တာက ရင်ကြားစေ့ပြေလည်ရေး ပါ ။ လွှမ်းမိုးချုပ်ကိုင်ခြင်းမဟုတ်ပါဘူး ။
CNN ။ ။ အရင်ကအိမ်အကျယ်ချုပ်ကျနေခဲ့တဲ့ အတိုက်အခံတစ်ယောက်အဖြစ်ကနေ အခုအစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့တဲ့အပေါ် ဒေါ်စု ဘယ်လိုခံစားရပါသလဲ ။
SUU ။ ။ အိမ်အကျယ်ချုပ်ကျနေတုန်းကလည်း ကျမအဖို့ ဆုံးဖြတ်ချက်တွေ အများကြီးချခဲ့ရတာပါဘဲ ......လိုတာထက်တောင် ပိုလိမ့်ဦးမယ် (ရယ်လျှက်) ။ ဘာလို့လည်းဆိုတော့ တစ်ယောက်တည်း ရှင်သန်ရတာလေ ။ ဘယ်သူမှ မရှိဘဲ တစ်ဦးတည်း နေ့တိုင်းနေ့တိုင်းကို ဖြတ်သန်းဖို့ဆိုတာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ အများကြီးလိုပါတယ် ။ ပတ်ဝန်းကျင်အခင်းအကျင်းကတော့ ကွာတာပေါ့ ။ ဒါပေမယ့် အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့လုပ်နေခဲ့တာနဲ့ အခုလုပ်နေတာမှာ သိပ်ကွာလှတယ်လို့တော့ ကျမ မထင်ပါဘူး ။
CNN ။ ။ ဒေါ်စုအနေနဲ့ နယ်ဆင်မင်ဒဲလားနဲ့ နှိုင်းယှဉ်ခံရမှုမျိုးတွေကို စဉ်းစားမိပါသလား ။ ကမ္ဘာကြီးကို မင်ဒဲလား သင်ပြပေးခဲ့တာက '' ခွင့်လွတ်ခြင်း '' တရားလို့ ထင်ပါတယ် ..... သူက သူ့ကို ( ၂၅ ) နှစ်ကျော် မတရားထောင်ချထားခဲ့သူတွေအပေါ် ခွင့်လွှတ်ခဲ့တယ်လေ ။
SUU ။ ။ (ရယ်လျက် ) လူတွေက ကျမကို ''ခွင့်လွှတ်ခြင်း'' ဆိုတဲ့ကိစ္စအကြောင်းကို မေးတတ်ကြတယ် ။ ကျမ အမြဲရှင်းပြပါတယ်.....ခွင့်လွှတ်တယ် ၊ မလွှတ်ဘူး ဆိုတာ ကျမလုပ်ရမယ့်ကိစ္စမဟုတ်ပါဘူး ။ တကယ်လည်း ကျမမှာ နာကျည်းခါးသီးတဲ့ခံစားချက်ဆိုတာမျိုး မရှိပါဘူး....ဒါက ကျမရဲ့ သိပ်ကိုကံကောင်းတဲ့အချက်လို့ဘဲ ထင်ပါတယ် ။ မွေးရာပါဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်..... ဘ၀အပေါ်ထားတဲ့ သဘောထားအမြင်လည်း ဖြစ်ကောင်းဖြစ်မယ် ။ ကျမအပေါ် (လူတွေက) ဘယ်လိုလုပ်သွားကြတယ် ဆိုတာတွေကို ကျမ သိပ်မှတ်မထားတတ်ဘူး ။ ကျေးဇူးတရားကိုတော့ နက်နက်နဲနဲ ခံစားတတ်တဲ့စိတ်ရှိပါတယ် ။ ကျမအတွက် ကောင်းတာလေးတစ်ခုခုကို လုပ်ပေးခဲ့ဖူးသူတစ်ယောက်ကိုမှ ကျမ မမေ့ပါဘူး ။ မမေ့အောင်လည်း ကြိုးစားပါတယ် ။ သူများက ကျမတို့အပေါ် ပြုမူသွားတဲ့မကောင်းမှုကို ကျမအကြာကြီး တွေးမနေတတ်တာ ကျမကံကောင်းတယ်လို့ဘဲ ထင်ပါတယ် ။ ကျမတစ်ယောက်တည်းအပေါ်လုပ်တာမျိုးတင် မဟုတ်ဘဲ ကျမတို့အဖွဲ့အစည်းအပေါ် ဘယ်သူကဘယ်လိုလုပ်သွားတယ် ဆိုတာမျိုးတွေလည်း ကျမ အကြာကြီး တွေးမနေတတ်ပါဘူး ။
CNN ။ ။ ဒေါ်စုတို့တိုင်းပြည်က စစ်အုပ်ချုပ်မှုကနေ နောက်စနစ်တစ်ခုကို ပြောင်းတဲ့အကူးအပြောင်းကာလထဲမှာပါ ။ မြန်မာပြည်အပေါ်မှာ ဖိအားဆက်ပေးသင့်တယ် ၊ စီးပွားရေးပိတ်ဆို့မှုတွေကို ဆက်ထားသင့်တယ်လို့ လူတော်တော်များများက ယူဆတာမျိုးတွေ ရှိခဲ့ပါတယ် ။ ဒါပေမယ့် ဒီတစ်ပတ်ထဲမှာဘဲ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေအားလုံးကိုဖွင့်ပေးလိုက်ပြီ ။ ဒေါ်စုကိုယ်တိုင်က တချို့သောပိတ်ဆို့မှုတွေကို ဆက်ထားသင့်တယ်လို့ မေလလောက်ကဘဲ ယူဆခဲ့သေးတယ် ......။ အဲဒီဖိအားတွေလုံးဝမလိုတော့ဘူးလို့ထင်ရလောက်အောင် ပြောင်းလဲတိုးတက်သွားပြီလို့ ဒေါ်စု ထင်ပါသလား ။ အဲဒီလို ဖိအားပေးမှုတွေ မလိုတော့ဘူးလား ။
SUU ။ ။ ( ပိတ်ဆို့မှုတွေကနေ ) နောက်တစ်ဆင့်ကို ဆက်သွားဖို့ရာ လုံလောက်တဲ့တိုးတက်မှုရှိပြီလို့ကျမထင်ပါတယ် ။ ပိတ်ဆို့မှုဆိုတာတွေကလည်း တကယ်တော့ ကျမတို့ သွားရာလမ်းမှာ အကူအညီပေးဖို့ ထားခဲ့တဲ့ အရာတွေဘဲလေ ။ ဒါတွေက လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားဖို့သုံးရတဲ့အရာတွေသာဖြစ်ပါတယ် ၊ အဆုံးသတ်ပန်းတိုင်မဟုတ်ပါဘူး ။ အမေရိကန်ကွန်းဂရက်စ်က မိတ်ဆွေတွေကို ကျမရှင်းပြခဲ့သလိုဘဲ ပိတ်ဆို့မှုတွေဆိုတာ တနည်းအားဖြင့် ကျမတို့ သိပ်အင်အားမရှိခဲ့တုန်းက သုံးခဲ့ရတဲ့ကျိုင်းထောက်တွေနဲ့တူပါတယ် ။ အခုအချိန်က ချိုးထောက်တွေကို ဖယ်ပြီး ကြွက်သားတွေတောင့်တင်းခိုင်မာအောင် လုပ်ရမယ့်အချိန်ပါ ။
CNN ။ ။ ဒါပေမယ့် စစ်တပ်က သိပ်ကို ပါဝါရှိနေသေးတယ်နော် ။ သူတို့က လွှတ်တော်ရဲ့ (၂၅ ) ရာခိုင်နှုန်းရှိရမယ်လို့လည်း အခြေခံဥပဒေထဲမှာ ရေးထားတယ် ။ စစ်တပ်နဲ့ပတ်သက်ပြီး ဒေါ်စုတို့အနေနဲ့ ကျော်ဖြတ်လို့မရနိုင်သေးတဲ့ မျဉ်းနီ ( အကန့်အသတ်) တော့ ရှိကို ရှိမှာပေါ့ ။
SUU ။ ။ ဟုတ်ကဲ့......ရှိပါတယ် ။ ဒါကလည်း ကျမတို့က တရားဥပဒေစိုးမိုးရေး ( rule of law ) အပေါ်မှာ လုံးဝယုံကြည်ချက်ရှိလို့ပါ ။ အခြေခံဥပဒေကို အခုနေအခါမှာတော့ ဒီအတိုင်းဘဲ လက်ခံထားပါတယ် ။ ဒါပေမယ့် ဒါကို ကျမတို့ ပြင်ချင်ပါတယ် ။ ပြင်မယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းပြောထားပါတယ် ။ အခြေခံဥပဒေကို ပြင်မယ်ဆိုတာ ရွေးကောက်ပွဲတုန်းက ကျမတို့ပါတီမူတွေရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ် ။
CNN ။ ။ ပြီးတော့ ဖယ်ပစ်မယ်ပေါ့.....တချို့သော.....? ။
SUU ။ ။ ကျမတို့က တကယ်ပီပြင်တဲ့ ဒီမိုကရေစီနည်းကျ အခြေခံဥပဒေကိုသာ လိုချင်တာပါ ။ အစကတည်းက ဒီမိုကရေစီကျတဲ့ အခြေခံဥပဒေမရှိဘဲနဲ့တော့ အလုပ်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံလို့ ပြောလို့မှ မရတာ ။
CNN ။ ။ အနောက်နိုင်ငံသားတွေ ၊ အထူးသဖြင့်အမေရိကန်တွေ နားလည်ရခက်နေတဲ့ အချက်ကို မေးချင်ပါတယ်.......ဒေါ်စုတို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအကြောင်းကို ဖတ်ရင် အများအားဖြင့် ရိုဟင်ဂျာမွတ်ဆလင်တွေကို ဘယ်လိုဆက်ဆံတယ်ဆိုတဲ့ အကြောင်းတွေ ဖတ်ရတာများပါတယ် ။ မွတ်ဆလင်တွေက မြန်မာနိုင်ငံရဲ့( ၅ ) ရာခိုင်နှုန်းပါတယ် ၊ ဒါပေမယ့် ဘယ်လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့ရဲ့စာရင်းတွေအရမဆို ဒီရိုဟင်ဂျာအုပ်စုကိုတော့ စနစ်တကျ ဖိနှိပ်ထားတယ် ၊ နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ထားတယ် ၊ မှတ်ပုံတင်တောင် မပေးဘူး စသဖြင့်ဆိုကြပါတယ်....။ ဒီမှာတင် လူတွေအဖို့ နားလည်ရခက်နေတဲ့အချက် ရှိပါတယ်..... ဗုဒ္ဓဘာသာဝင်တိုင်းပြည်ဖြစ်ရဲ့သားနဲ့ လူနည်းစုမွတ်ဆလင်တွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေတယ် ၊ တိုင်းပြည်ကို ဦးဆောင်နေတာကလည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်နေတယ်ဆိုတော့......အဲဒါ ဘာကြောင့်ပါလဲ ။
SUU ။ ။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ရဲ့ခေါင်းဆောင်မှုဆိုတာက လွန်ခဲ့တဲ့မတ်လကုန်ကမှ စတာပါ ။ ပြီးတော့ ကျမတို့လိုချင်တဲ့ အချင်းချင်းသဟာဇာတဖြစ်မှု ၊ နားလည်မှုနဲ့ သဘောထားကြီးသည်းခံမှုတွေ ပေါ်ပေါက်လာစေဖို့လုပ်ရတာ အခက်အခဲ အများကြီးရှိပါတယ် ။ ဒေါက်တာကိုဖီအန်နန်ဦးဆောင်တဲ့ကော်မရှင်ကို ကျမတို့ဖွဲ့စည်းခဲ့တယ်ဆိုတာ ကြားမိမှာပါ ။ ရခိုင်ပြည်နယ်က ပြသနာတွေကို စုံစမ်းစစ်ဆေးဖို့ ၊ ( ရှင်တို့ ) တလျှောက်လုံး မေးနေတဲ့အခုလို မေးခွန်းမျိုးတွေကို သွားရောက်မေးမြန်းအဖြေရှာဖို့ပါ.... ပြသနာတွေက ဘာလဲ ၊ ဘာလို့ ဒါတွေဖြစ်ရတာလဲ ဆိုတာမျိုးတွေပေါ့ ။ ဒါပေမယ့် တစ်ခုတော့ မမေ့ပါနဲ့ဦး ....ဒါက ကျမတို့ ရင်ဆိုင်နေရတဲ့တစ်ခုတည်းသော ပြဿနာမဟုတ်ပါဘူး ၊ ဒါကို ကျမအခုလို ပြောခွင့်ရချိန်မှာ တခါတည်း ပြောချင်ပါတယ် ၊ ဒါပေမယ့် ဒီတစ်ခုကိုဘဲ နိုင်ငံတကာအသိုင်းအဝိုင်းက အာရုံစိုက်နေခဲ့ကြတယ် ။ ဒီ ( ကိုဖီအန်နန်ဦးဆောင်တဲ့) ကော်မရှင်ကို ကျမတို့ဖွဲ့တော့ နိုင်ငံရေးပါတီတော်တော်များများက ဆန့်ကျင်ခဲ့ကြတယ် ၊ အခုလည်း အကြောင်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြတုန်းပါဘဲ ။ ဒီတော့ ဒါက အခက်အခဲတွေ ဒင်းကြမ်းပြည့်နေတဲ့ အတက်လမ်းပါဘဲ ။ ကျမတို့အတွက်လည်း ဒါက စဉ်းစားရကျပ်တဲ့ကိစ္စပါဘဲ.....ဗုဒ္ဓဘာသာဆိုတာ မတူကွဲပြားမှုတွေအပေါ်မှာ သဘောထားအကြီးဆုံးဘာသာတရားဖြစ်ရက်နဲ့ ဘယ်နှယ်ကြောင့် ကျမတို့တတွေ ဒီလိုသည်းမခံနိုင်ဖြစ်နေရသလဲဆိုတာကိုပါ ။
CNN ။ ။ ဖြစ်နေတဲ့ဖိနှိပ်ရက်စက်မှုမမာဏကြောင့် ကော်မရှင်ဖွဲ့ရုံလောက်နဲ့ မလုံလောက်ဘူးလို့ ပြောတဲ့သူတွေရှိနေတယ် ။ ဥပမာပြောရရင် ငြိမ်ချမ်းရေးနိုဘယ်ဆုရထားတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာပြည်အပေါ် သိပ်ကို ဝေဖန်ပြောကြားခဲ့တယ် ။ ဒီ (ရိုဟင်ဂျာ) လူမျိုးတွေရဲ့ ဒုက္ခကို သက်သာသွားအောင် ဒေါ်စုအနေနဲ့ ဒီထက်ပိုမြန်မြန်လုပ်ပေးလို့ရတဲ့နည်းတစ်ခုခုများ မရှိဘူးလား ။
SUU ။ ။ မဆိုင်းမတွလုပ်လို့ရတာတွေမှန်သမျ ကျမတို့ လုပ်ခဲ့ပြီးပါပြီ ။ ဥပမာပြောရရင် နိုင်ငံသားစီစစ်ရေးလုပ်တာမျိုးတွေပေါ့ ။ အရင်တုန်းက မွတ်ဆလင်တွေကို ကန့်သတ်ထားတာတွေ ရှိခဲ့တယ် ....သီးသန့်အမိန့်တွေ ၊ ဥပဒေတွေအသေးစိတ်ထုတ်ပြန်ပြီး ကန့်ထားတာမျိုးတော့ မဟုတ်ပါဘူး ။ ကျမတို့လုပ်နိုင်သလောက် ဒီကန့်သတ်ချက်တွေကိုလည်း ဖယ်ပေးခဲ့ပါတယ် ။

CNN ။ ။ ရိုဟင်ဂျာတွေကို မဲပေးခွင့်ရော ၊ နိုင်ငံသားအခွင့်အရေးအပြည့်အ၀နဲ့ရော ဆက်ဆံခံရလောက်တဲ့အခြေအနေတစ်ခုကို ရောက်မယ်လို့ ဒေါ်စု မျှော်တွေးထားတားများ ရှိသလား ။

SUU ။ ။ ပထမဆုံးပြောချင်တာက နိုင်ငံသားအခွင့်အရေးအရေးနဲ့ ထိုက်တန်သူတိုင်းကို နိုင်ငံသားအခွင့်အရေး ပေးရမှာပါ ။ ဒါက ဥပဒေအရပေါ့ ။ ဒီထက်ပိုအရေးကြီးတာက အုပ်စုတစ်စုနဲ့တစ်စုကြားမှာ အချင်းချင်းသဟဇာဖြစ်မှု ၊ နားလည်မှုနဲ့ ၊ မတူကွဲပြားမှုအပေါ်မှာသဘောထားကြီးမှု စတာတွေကို ပြန်ရအောင် ကျမတို့ လုပ်ရပါမယ် ။ လူတွေကို ဥပဒေအရ သာတူညီမျှလုပ်ပစ်လိုက်ရုံနဲ့ မလုံလောက်ပါဘူး ။ ဥပေဒေတွေပြဌာန်းပြီး လူတွေတစ်ဦးပေါ်တစ်ဦးချစ်ခင်တတ်လာအောင် လုပ်လို့မှမရတာကိုး ။
CNN ။ ။ နိုင်ငံတော်အကြံပေးအနေနဲ့ ဒေါ်စုသွားခဲ့တဲ့ပထမဆုံးခရီးက တရုတ်ပြည်နော် ။ တရုတ်က ဒေါ်စုတို့တိုင်းပြည်အပေါ်မှာ သိပ်ကို လွှမ်းမိုးနေတယ်လို့ ဒေါ်စုမထင်ဘူးလား ။ တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ (မြစ်ဆုံ) ဆည်ကိုလည်း ဆောက်နေခဲ့တယ် ။ ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုကြောင့် အရင်အစိုးရက ဒီဆည်စီမံကိန်းကို ရပ်ခဲ့ရတယ် ။ တရုတ်ရဲ့လွှမ်းမိုးမှုသိပ်ကြီးလွန်းတာကို အများပြည်သူက ခံစားမိနေတာကြောင့်လို့ကျနော် ထင်ပါတယ် ။ ဒေါ်စု ဘယ်လို ထင်ပါသလဲ ။
SUU ။ ။ တရုတ်က ကျမတို့ကို လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ ကျမ မထင်ပါဘူး ။ အင်အားကြီးနိုင်ငံတွေဟာ စီးပွားရေးအရအစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေကြတာကတော့ နေရာတကာဖြစ်နေတဲ့ကိစ္စပါဘဲ ။ အခုခေတ်က စစ်အင်အားမသုံးဘဲ ယဉ်ကျေးမှု ၊ စီးပွားရေးစတဲ့အနုနည်းတွေနဲ့လွှမ်းမိုးနေကြတဲ့ ( soft power ) ခေတ်ကိုး ။ ဒါပေမယ့် တရုတ်ဟာ ကျမတို့အိမ်နီးချင်းနိုင်ငံပါ ။ ကျမတို့တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဘယ်လိုမှ ကင်းကွာလို့မရပါဘူး ။ ကျမတို့နိုင်ငံလွတ်လပ်ရေးရပြီးကတည်းက တရုတ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းထားနိုင်ခဲ့တယ် ။ ကျမလည်း အဲဒီအတိုင်းဘဲ ဆက်ဆက်လုပ်သွားမှာပါ ။
CNN ။ ။ သမ္မတ အိုဘားမားအပေါ် ဒေါ်စု ဘယ်လိုမြင်ပါသလဲ ။ သူနဲ့ ဒီတစ်ပတ် တွေ့ဖြစ်ခဲ့တယ်နော် ။
SUU ။ ။ ကျမ သူ့ကို သဘောကျပါတယ် ။ သူ့ခွေးတွေကိုလည်း အရမ်း သဘောကျပါတယ် ( ပြုံးလျှက် ) ။
CNN ။ ။ သူနဲ့ ဘာတွေများ ပြောဖြစ်ခဲ့သလဲ ။
CNN ။ ။ ပိတ်ဆို့မှုတွေကိစ္စတို့ ၊ နှစ်နိုင်ငံဆက်ဆံရေးတို့ ၊ မြန်မာပြည်ဒီမိုကရေစီဖြစ်ထွန်းမှုဖြစ်စဉ်အတွက် ဘာတွေ အတူတူလုပ်ကြမယ် ဆိုတာတွေ ပြောဖြစ်ခဲ့ပါတယ် ။
SUU ။ ။ သူ့ကို မြန်မာပြည်သူတွေက သဘောကျကြသလား ။
CNN ။ ။ သဘောကျကြပါတယ် ။ သူက မြန်မာပြည်ကို နှစ်ခါရောက်ပြီးပါပြီ ။ ပထမခရီးမှာ မြန်မာလူငယ်တချို့နဲ့သူတွေ့တာ တော်တော်အဆင်ပြေခဲ့ပါတယ် ။
SUU ။ ။ မြန်မာပြည်အတွက် ဒေါ်စုရဲ့ ရည်မှန်းချက်က ဘာပါလဲ ။ ပါတီစုံဒီမိုကရေစီစနစ်လား ၊ ဒါမှမဟုတ် အာရှတိုင်းပြည်ငယ်တစ်ခုမို့ တခြားနည်းနဲ့တိုးတက်မှုကို
ဖော်ဆောင်သင့်တယ်လို့ ဒေါ်စု ထင်ပါသလား ။
SUU ။ ။ တိုင်းပြည်တိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ တိုးတက်ပုံတွေ ကွဲပြားကြပါတယ် ။ ဒါပေမယ့် ပီပီပြင်ပြင် ဖော်ဆောင်နိုင်ရင် ရေရှည်အတွက် ပါတီစုံဒီမိုကရေစီစနစ်ဟာ အကောင်းဆုံးဘဲလို့ ကျမထင်ပါတယ် ။
CNN ။ ။ ဒါက ဒေါ်စုရဲ့ အဆုံးစွန်ရည်မှန်းချက်ပေါ့ ။
SUU ။ ။ ဟုတ်ပါတယ် ။ ပြီးတော့ ကျမ အလုပ်ကနေ ရပ်နားဖို့ ၊ ကျမကို မလိုတော့တဲ့ အချိန်ရောက်ဖို့ ၊ မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှုထဲ ပါဝင်ကတည်းက ယူထားခဲ့တဲ့ ကျမရဲ့တာဝန်ဝတ္တရားတွေ ပြီးသွားဖို့က ကျမရဲ့ အဆုံးစွန်ရည်မှန်းချက်ပါ ။

CNN ။ ။ အဲလိုပြီးဆုံးသွားရင် ဒေါ်စု ဘာလုပ်မှာလဲ ။
SUU ။ ။ အေးအေးဆေးဆေးထိုင်ပြီး ရှင်ရဲ့ နောက်ဆုံးထွက်ထားတဲ့ စာအုပ်တစ်ချို့ကို ဖတ်မယ်လေ ( ရယ်လျက် ) ။ ခုတလော ရှင် စာအုပ်အသစ် ရေးဖြစ်သေးလား ။
CNN ။ ။ (ရယ်လျှက်) တစ်အုပ်ဆိုပါတော့....ဒါပေမယ့်သိပ်တိုလွန်းပါတယ် ။ ဒေါ်စု လက်ရှိတာဝန်တွေက ရပ်နားစရာမလိုဘဲ ဖတ်နိုင်လောက်ပါတယ် ။
အခုလို မေးမြန်းခွင့်ရတဲ့အတွက် ဒေါ်စုကို ကျေးဇူးတင်ပါတယ် ။
SUU ။ ။ ကျမကလည်း ကျေးဇူးတင်ပါတယ် ။
Credit #Spring Flowers
TZO

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။