Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 24, 2016

ကလေးတွေဖျားရင်.....

ကလေးတွေဖျားရင်.....
******************
ဘယ်အချိန်မှာ ကလေးတွေဖျားတာ ပြင်းထန်ပြီလဲ? ဘာလုပ်ပေးရမလဲ?
**********************************************************

အဖျားရှိခြင်း ဟာ ရောဂါလက္ခဏာပါ။ ရောဂါမဟုတ်ပါဘူး။ ဖျားနာခြင်းဟာ ရောဂါပိုးမွှားတစ်ခုခု ကူးစက်ခံရတဲ့ အခါ ခန္ဓာကိုယ်ရဲ့ သဘာဝက အလိုအလျှောက် တုံ့ပြန်တဲ့ လက္ခဏာပါ။ ခန္ဓာကိုယ်က ရောဂါကို တိုက်ထုတ်နေတဲ့ အတွက် ကိုယ်ခံအားစနစ်တွေကို အလုပ်လုပ်ရင်း ကိုယ်အပူချိန်တက်ပြီးဖျားပါတယ်။

- ပါးစပ်မှ အပူချိန် ( oral temperature) > >>37.5°C(99.5°F)
- ချိုင်းမှ အပူချိန် ( axillary temperature) > >>37.3°C(99.14°F)
- စအိုမှအပူချိန် ( rectal temperature) > >> 38°C (100.4°F)

စသဖြင့် ရှိရင် ဖျားပြီလို့ သတ်မှတ်ပါတယ်။

ပုံမှန်အဖျား ( 37.8°C မှ 40 °C ) အတွင်း ရှိကြတဲ့ ကလေးတွေဟာ ပြင်းထန်စွာ မထိခိုက်နိုင်ပါဘူး။ အများအားဖြင့် virus နဲ့ bacteria တို့ကြောင့် ဖျားနာကြပါတယ်။ သွားပေါက်ခြင်းဟာ ကလေးတွေကို နေရခက်စေတတ်ပေမယ့် ဖျားတာတော့ မဖြစ်စေနိုင်ပါဘူး။
၆-လ ကနေ ၅-နှစ် အတွင်း သာမန်ကျန်းမာသော ကလေး ၄ % ဟာ ကိုယ်အပူချိန်မြင့်စွာ ဖျားတဲ့အခါမျိုတွေ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန် 40 °C( 104°F) လောက် ထိကိုတော့ ကလေးတွေ ရောက်နိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုခုမှ ရောဂါပိုးဝင်ရာကနေ ဖျားနာခြင်းဟာ ဖြစ်ပေါ်နိုင်ပြီး ကုသမှု မရှိခဲ့ရင် ခိုက်ခိုက်တုန်ရီခြင်း တခါဖြစ်ပေါ်လျှင် ၁ မိနစ်ကနေ ၁၀မိနစ် အထိ ကြာတတ်ပါတယ်။

ကလေးရဲ့ အဖျားကို ဘယ်လို ပြုစုကုသမလဲ?
************************************
- ကလေးကို အလွန် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပေးပါ။
- ကလေးကို အေးမြသော ကြည်လင်သော အရည်ကို များများတိုက်ပါ။
- ကလေးတွေဟာ အိမ်လုပ်ဘာလီရည်၊ သူတို့နှစ်သက်ရာ အရသာ ဖျော်ရည်၊ အိမ်လုပ် သစ်သီး ရေခဲချောင်း၊ အအေး စတာတွေ သောက်တာနှစ်သက်တတ်ပါတယ်။ များများတိုက်ပေးပါ။
- ကလေးကို ရေပတ်သုတ်ပေးဖို့ လိုအပ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အပူချိန်38.5°C (101.3°F)ကျော်ရင် ရေပတ်သုတ်ပေးရပါမယ်။ ဆရာဝန်က အဖျားကျစေမယ့် ဆေးပေးထားရင် ဆေးကို အရင် တိုက်ပါ၊ စအိုထဲ ထည့် ရတဲ့ ဆေးဆိုရင်လဲ ထည့်ပါ။ ပြီးရင် ကလေးကို ရေပတ်သုတ်ပေးရပါမယ်။
- ဆေးအရင်မတိုက်ပဲ ဘယ်တော့မှ ရေပတ်မတိုက်သင့်ပါဘူး။
- အဖျား 41.1°C ( 106 °F) ဆိုရင်တော့ ဆေးတိုက်စရာ မလိုပဲ ချက်ချင်း ရေပတ် သုတ်ပေးရပါမယ်။ heatstroke ၊ အဖျားရောဂါကြောင့် စိတ်ဂနာမငြိမ် ကယောင်ကတမ်းဖြစ်ခြင်း၊ဖျားပြီးတှုန်ခိုက်ခြင်း တို့ ဖြစ်လျှင်လည်း ရေပတ်ချက်ချင်း သုတ်ပေးလို့ရပါတယ်။အဖျား 40°C(104°F) လောက်အထိဆိုရင်တော့ ဆေးတိုက်ပြီးမှ ရေပတ်သုတ်ရမှာပါ။
- ပထမဆုံး ရေနွေးနွေး(lukewarm water)ကို အဝတ်/ပဝါ ပါးပါး နှစ်ခု သုံးခု နဲ့ ပြင်ဆင်ပါ။. (*** ရေခဲရေ မသုံးရပါ။ရေ အရမ်းအေးရင်အဖျားမကျပါ)
- ကလေးကို အဝတ်အစားတွေချွတ်ပေးပြီး ပေါင်ပေါ်တင်ပါ။ ကလေး ငြိမ်သက်စေရန် ကစားစရာပေးထားနိုင်ပါတယ်။
- ကလေးရဲ့ ရင်ဘတ်၊ကျော၊ လက်၊ ခြေ၊မျက်နှာ တို့ကို ရေညှစ်ထားသော ခပ်ထပ်ထပ် စိုနေတဲ့ အဝတ်ဖြင့် ဖြေးဖြေး ကြာရှည်စွာ ပွတ်သပ်ပေးပါ။ ခေါင်းကိုလည်း သုတ်ပါ စိုစေပါ။အဝတ်ရေလဲနေစဉ် စိုနေတဲ့ ပဝါတစ်ခုကို ကိုယ်ပေါ်မှာ အမြဲ ထိကပ်နေစေပါ။ ၁၅-၂၀ မိနစ်ခန့် ပြုလုပ်ပေးပါ။
- ကလေးက ငြိမ်သက်စွာ လက်ခံလျှင် ကလေးကို ရေနွေးနွေး ၂ လက်မ လောက် ထည့်ထားတဲ့ ဇလုံမှာ ထိုင်စေပြီး တစ်ကိုယ်လုံး လည်း ရေစိုအောင်လုပ်ပေးပါ။ ၁၅- ၂၀ လောက် လုပ်နိုင်ပါတယ်။ ကလေးက ချမ်းတုန်လာ
င်တော့ ချက်ချင်းရပ်ပါ။
- ရေပတ်သုတ်ပြီးရင် ကလေးရဲ့ ခေါင်းနဲ့ ကိုယ်ကို သေချာစွာခြောက်သွေ့စေပြီး ပေါ့ပါးစွာ ဝတ်ဆင်ထားပေးပါ။ အနွေးထည်ဝတ်၊ စောင် ခြုံ ထားရင် အပူပိုကြီးတတ်ပါတယ်။ ကလေးက အေးတယ်ဆိုရင်၊ တုန်ရင်နေရင် ပေါ့ပါးတဲ့ ချည်စောင်လောက်သာ ခြုံပေးရပါတယ်။
- ကလေးရဲ့ အပူချိန်ကို နာရီဝက် တစ်ခါ စစ်ဆေးပါ။
- ရေပတ်သုတ်အပြီး ကလေး ကိုယ် အပူချိန်ကို 38.3°C ( 101°F) အောက် လျော့နည်းမယ်လို့ တရားသေ မမျှော်လင့်ပါနဲ့ ။

ကလေးအဖျားကျ ဆေးများကို ဘယ်လိုတိုက်မလဲ?
*****************************************

ကလေးအဖျားကျ ဆေးများဟာ ဈေးကွက်ထဲမှာ အမျိုးအစားများစွာ အလွယ်တကူ ဝယ်လို့ရနေပါတယ်။ ဆေးရဲ့ label ကို သေချာစွာဖတ်ပြီး မှ ဝယ်ရန်အရေးကြီးလှပါတယ်။ ဆေးတခုချင်းဆီတိုင်းမှာ acetaminophen , paracetamol စတာတွေရဲ့ စွမ်းအားဟာ မတူတတ်ပါဘူး။ဒါကြောင့် ဘယ်လောက် ပမာဏတိုက်ရမယ်ဆိုတာ သေချာ စစ်ဆေးသင့်ပါတယ်။အဖျားကျဆေးများဟာကလေးရဲ့ အသက် ၊ ကိုယ်အလေးချိန် နဲ့ လိုက်ပြီး တိုက်ရပါတယ်။အသက်အရွယ်အလိုက် ၄- နာရီ ကနေ ၆နာရီ ခြားပြီး တစ်နေ့ ဘယ်နှစ်ကြိမ်ဆိုပြီး တိုက်ရပါတယ်။ဒီထက် အကြိမ်စိပ်ပြီး တိုက်လို့ မရပါဘူး။ ဒါကြောင့် ကလေး အဖျားကျ ဆေးကို နားလည် သူ ဆရာဝန်/ ဆရာမများက ညွှန်ကြားတဲ့ အတိုင်း ပမာဏ ၊ အကြိမ် အတိအကျ လိုက်နာ တိုက်သင့်ပါတယ်။

ဘယ်အချိန်မှာ သတိထားသင့်သလဲ?
******************************
အများအားဖြင့် virus ကူးစက် မှု များဟာ အရမ်းကြီး အရေးမကြီးပဲ အိမ်မှာပဲ အဖျားကောင်းသွားတတ်ကြပေမယ့် တချို့ ကူးစက်မှုတွေက ပြင်းထန်တတ်ပြီ အထူးကုသမှုလိုအပ်တတ်ပါတယ်။

(က)အောက်ပါအချက်တွေဖြစ်ရင် ကလေးကို ဆရာဝန်ဆီ ချက်ချင်း ခေါ်သွားပါ။
***************************************************************
-၂ လ ကလေး (သို့) ၂- လ ထက် ငယ်သော ကလေးဖျားရင်....
- အဖျား 40.6°C ( 105°F) ထက် ကျော်ရင်.....
- ကလေးက ဖျားပြီး အဆက်မပြတ် ချော့မရ ငိုနေရင်....
- ကလေးကို နှိုးလို့မရခက်ခဲနေရင်....
- ကလေးရဲ့ လည်ပင်းဟာ တောင့်တင်းလာရင်...
- ကလေးရဲ့ အရေပြားပေါ်မှာ ခရမ်းရောင် အစက်အပျာက်များတွေ့ရင်....
- ကလေးဟာ နှာခေါင်းကို ရှင်းလင်းပေးထားပြီးတာတောင်မှ အသက်ရှုရခက်ခဲနေရင်.....
- ကလေးဟာ မြိုချနိုင်ခြင်းမရှိပဲ သွားရည်များ ကျလာနေရင်.....
- ကလေးဟာ အရမ်းနေမကောင်းတဲ့ ပုံစံ ပြသလာနေရင်.......( ဖြစ်နိုင်လျှင် ဆေးတိုက်ပြီး ၁- နာရီ ကြာပြီးလျှင် ကလေးရဲ့ အပြုအမူကို စောင့်ကြည့်ပေးပါ)
- ကလေးက အရမ်းအေးပြီး တုန်ရင်စွာ ဖျားနေပြီး လက်များဟာ ပြာလာရင်......
- ကလေးဟာ အရင်က ရောဂါကူးစက်မှု ပြင်းထန်စွာဖြစ်ထားဖူးတဲ့ history ရှိရင်....
- ကလေးဟာ အဖျားကြီးပြီး ဒေါသထွက် အော်ဟစ်သောင်းကျန်းလာရင်...

(ခ)အောက်ပါအချက်တွေဖြစ်ရင် ဆရာဝန်ဆီကို ၂၄- နာရီအတွင်း သွားပါ။
*********************************************************
- အဖျားဟာ သုံးရက်ထက် ပို ကြာနေရင်.....
- နှာရည် ၊မျက်ချေး စတာတွေဟာ အဝါရင့်ရောင် အဖြစ် ၂၄- နာရီ အထက် ထွက်နေရင်.....(သို့) နှာခေါင်းထိပ်ဝနေရာလေး နီရဲနေရင်... ( ဒီရောဂါလက္ခဏာတွေဟာ ရောဂါကူးစက်ရတာကို ပြသပေးနိုင်ပါတယ်)
- ကလေးမှာ အဖျားရှိမယ်။ နားကိုက်မယ်။ ပါးရိုးတစ်လျှောက် နာကျင်မယ် ဆိုရင်.....
- ကလေးဟာ အဖျားရှိတဲ့ အပြင် အန်လည်းအန်ရင်......
- လည်ချောင်းနာရင်....
- ဆီးသွားစဉ် ပူခြင်း နာကျင်ခြင်းများဖြစ်ရင်......
- ကလေးဟာ တိကျတဲ့ အကြောင်းနဲ့ ရောဂါကူးစက်ခံရတဲ့ နေရာမသိပဲ ၂၄ နာရီ ကျော် ဖျားနေရင်......
- ကလေးရဲ့ အရေပြား မှာ အဖု အပိန့် အနီကွက်တွေ ထလာရင်.....
- ကလေးဟာ ရင်ခေါင်းသံဖြင့် ချောင်းဆိုးပြီး စကားပြော၊ရေသာက် ၊ ကစားတာတွေ ပြုလုပ်တဲ့အခါ မောပန်းနေရင်.....
- အဖျားက ၂၄ နာရီကြာလောက် ကောင်းသွားပြီး ပြန် ဖျားရင်....
- အသက် ၂- နှစ်အောက် ကလေးများ 40°C-40.6°C( 104°F-105°F) အဖျားရှိရင်.......

( ပြည့်စုံတယ်လို့တော့ မထင်ပါဘူးရှင်။ ဆရာဝန်ပေးတဲ့ ဆေးတိုက်ပြီး ဆေးပတ်မလည်ခင် အဖျားမကျခင် ကလေး ပြုစုဖို့ ဒီနေ့ လုပ်ဖြစ်၊ဖတ်ဖြစ်တာလေး မျှဝေလိုက်ပါတယ်)

အားလုံးကျန်းမာကြပါစေ။
မေတ္တာဖြင့်
နီတိုးလေးမေမေ။

#မိခင်ဘဝ #နီတိုးလေးမေမေ

Ref; www.nuh.com.sg, cpmc.org

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။