Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 28, 2016

ဘာကြောင့်အင်ဂျင်ဝိုင်စားတာလဲ???

ဘာကြောင့်အင်ဂျင်ဝိုင်စားတာလဲ???


🚔ကားအင်ဂျင်စက်တစ်လုံး ကောင်းကောင်းလည်ပတ်နိုင်ဖို့ အင်ဂျင်ဝိုင်ချောဆီထောက်ပံ့ပေးရေးဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
☆ စက် မနိုးခင် အင်ဂျင်ဝိုင်တိုင်းလေ့ရှိပါတယ်။
☆ ဆီ Level စစ်ကြည့်မှ အင်ဂျင်ဝိုင် စား၊ မစား၊ လျော့၊ မလျော့သိနိုင်ပါတယ်။
☆ အင်ဂျင်အစိတ်အပိုင်းတွေ ချောချော မွေ့မွေ့လည်ပတ်ဖို့ ချောဆီလိုအပ်ပါ တယ်။
☆ အင်ဂျင်အတွင်းပိုင်း အအေးခံဖို့၊ သံထည်ပစ္စည်းတွေ သံချေးမ တက်အောင် ကာကွယ်ဖို့ အင်ဂျင် Compression ဖိအားလုံစေဖို့ စတဲ့ တာဝန်တွေကိုလည်း အင်ဂျင်ဝိုင်က လုပ်ပေးပါတယ်။

🚫အင်ဂျင်ဝိုင်ခမ်းတာ၊ လျော့နည်း နေတာ၊ အင်ဂျင်ဝိုင်စားနေတဲ့ပြဿနာ မျိုးကို ကားဆရာတိုင်း၊ ကားပိုင်ရှင် တိုင်း၊ တွေ့ကြုံရပါတယ်။
♤ သာမန် အင်ဂျင်ဝိုင်ခမ်းတာမျိုးမဟုတ်ဘဲ ထူး ထူးခြားခြား အင်ဂျင်ဝိုင်တွေလျော့နေ တယ်ဆိုရင်တော့ ပြဿနာတစ်ခုခု ရှိနေလို့ပါဘဲ။
♤ အင်ဂျင်ဝိုင်အကုန်မြန် နေတာ၊ အင်ဂျင်ဝိုင်စားနေတာဟာ အန္တရာယ်ရှိပါတယ်။ နေ့စဉ်အင်ဂျင် ဝိုင်တိုင်းကြည့်နေရပြီး လိုနေတာထပ် ဖြည့်ပေးနေရတယ်။ နေ့စဉ်ငွေယို ပေါက်တစ်ခုဖြစ်နေတယ်။ အလုပ်လဲ ရှုပ်တယ်။
♤ ဘာကြောင့် အင်ဂျင်ဝိုင် တွေလျော့သွားတာလဲ။ အင်ဂျင်ကျပြီး အင်ဂျင်ဝိုင်တွေစားနေပြီလား အင်ဂျင် က စက်ဆီတွေယိုကျနေပြီလား။
♤ စစ် ဆေးဖို့လိုပါတယ်။

အင်ဂျင်တစ်လုံးမှာ အင်ဂျင်ဝိုင် အစားများနေရတဲ့အကြောင်းရင်းတွေ ရှိပါတယ်။
♧ အင်ဂျင်Head ထဲမှာရှိတဲ့ အဝင်၊ အထွက် Valve တွေမှာ ဗား ဆီးလ်၊ ဗားဂိုက်တွေစားပြီး ချောင်နေ ရင် ဒီကြားထဲက အင်ဂျင်ဝိုင်တွေယို စိမ့်ပြီး အင်ဂျင်မီးလောင်ပေါက်ကွဲတဲ့ အခါမှာ ရောပြီးဆုံးရှုံးသွားပါတယ်။
♧အင်ဂျင် Head ထဲမှာ Valve နဲ့Exhaust Valve တွေကို ဗားဂိုက်ထဲမှာ အံကျ၊ အကျပ်ထည့်ထားပါတယ်။ ဗားတွေပွင့်လိုက်၊ ပိတ် လိုက်၊ အပေါ်၊ အောက်ရွေ့လျားပါ တယ်။ ဒါကို Valve Train က ဆောင် ရွက်ပါတယ်။

♧ Cam Shaft တွေ Valve တွေ လည်ပတ်ကစားတဲ့အချိန်မှာ ပွန်းစားမှုတွေသက်သာအောင် ချောဆီစနစ်က အင်ဂျင်ဝိုင်တွေရောက် အောင် တွန်းပို့ပေးပါတယ်။
♧ Valve Mechanism အစုအဖွဲ့မှာ အင်ဂျင်ဝိုင် တွေ လည်ပတ်နေပေမဲ့ ဒီချောဆီတွေ အင်ဂျင်ပေါက်လောင်ခန်းထဲရောက်မ သွားအောင် ဗားဆီးလ်က တားဆီး ပေးပါတယ်။
♧ ဆလင်ဒါတစ်လုံးအ တွက် ဗား ၂ ချောင်း သို့မဟုတ် ဗား ၄ ချောင်းရှိတတ်ပါတယ်။

အင်ဂျင်သက်တမ်းကြာလာရင် ဗားဆီးလ် ဗားဂိုက်တွေစားပြီး ချောင်သွားနိုင်ပါ တယ်။
♧ ချောင်နေတဲ့ လွှတ်နေတဲ့နေ ရာက အင်ဂျင်ဝိုင်တွေ ဆီယိုအပေါက် ရှာပြီး ထွက်လာတာပါ။

နောက်တစ်မျိုးက အင်ဂျင်အတွင်းပိုင်းက Piston နဲ့ စလစ် ဆလင် ဒါကြားမှာ ဆီပုံ၊ လေပုံဖြစ်နေအောင် Ring ကွင်းတွေ တပ်ဆင်ထားပါတယ်။
♢ ပစ္စတင်တစ်လုံးမှာ Compression Ring နဲ့ Oil Ring ဆိုပြီး ရိန်းကွင်းတွေ ၃ ကွင်း၊ ၄ ကွင်းတပ်ဆင်ထားပါ တယ်။
♢ အင်ဂျင်လည်ပတ်အလုပ်လုပ်တဲ့အချိန်မှာ ပစ္စတင်တစ်လုံးဟာ ဆလင်ဒါစလစ်ထဲမှာ အပေါ်၊ အောက် ရွေ့လျားပါတယ်။
♢ ဆလင်ဒါနဲ့ ပစ္စတင် ကြားမှာ ပစ္စတင်ရိန်းကွင်းက စလစ်နံ ရံတွေမှာရှိတဲ့ အင်ဂျင်ဝိုင်တွေကို ခြစ်ချပေးရပါတယ်။

အင်ဂျင်သက်တမ်း ကြာလာရင် ဆလင်ဒါစလစ်နံရံတွေ ရော၊ ပစ္စတင်ရိန်းကွင်းတွေပါ ပွန်းစား ချောင်သွားပါတယ်။
♢ ရိန်းကွင်းတွေမလုံ ရင် ဒီကြားထဲက အင်ဂျင်ဝိုင်တွေ အပေါ်တတ်ပါတယ်။
♢ အင်ဂျင်ပေါက် ကွဲလောင်ကျွမ်းတိုင်း အင်ဂျင်ဝိုင်ချော ဆီတွေပါ မီးလောင်ပါတယ်။

နောက်ထပ်ဖြစ်နိုင်တဲ့ ချွတ်ယွင်း ချက်တစ်ခုက ပစ္စတင်ရိန်းကွင်းတွေ တပ်ဆင်တဲ့ပုံစံမမှန်ရင်လည်း အင်ဂျင် ဝိုင်စားနိုင်ပါတယ်။
♡ အင်ဂျင်သက်တမ်း ကြာနေပြီဖြစ်လို့ အင်ဂျင်ဝိုင်စားတာ များနေပြီး ဆီမီးခိုးတွေလည်း ထွက် တာများနေရင်တော့ အင်ဂျင်ချပြီး အ ကြီးစားပြုပြင်ရပါတော့မယ်။

အင်ဂျင်ဝိုင်လျော့နည်းစေတဲ့ အ ခြားအကြောင်းတစ်ခုကတော့ အင်ဂျင်ဝိုင်တွေ ယိုစိမ့်နေခြင်းဘဲ။
¤ ကားပါကင်ထိုးတဲ့နေရာ ကားသိမ်းတဲ့ဂိုဒေါင်၊ ကြမ်းပြင်မှာအင်ဂျင်ဝိုင်ဆီကွက်တွေ၊ ဆီယိုနေတာတွေ၊ စစ်ဆေးကြည့်ပါ။
¤ ဆီကွက်တွေရှိနေရင်တော့ ဆီယိုတာ သေချာပါတယ်။
¤ အင်ဂျင်တစ်လုံးမှာ ဘယ်နေရာတွေက အင်ဂျင်ဝိုင်တွေယို စိမ့်နိုင်သလဲ။

အင်ဂျင်ဘလောက်တုံး အောက်ကခံထားတဲ့ ဆီခွက်ကို က ရန့်ကေ့စ် (Crank Care) လို့ခေါ်ပါ တယ်။
အင်ဂျင်ဘလောက်တုံးနဲ့ ကရန့် ကေ့စ်ကြားမှာ ဆီလုံအောင် ပါကင် ပြားခံထားပါတယ်။
ပါကင်ဆီးလ်မလုံ ရင် ဒီကြားထဲက ဆီယိုနိုင်ပါတယ်။

အင်ဂျင် Head အပေါ်အဖုံးကို Cam Shaft က ဘာနဲ့ဖုံးပါတယ်။
ဒီကြား ထဲမှာလည်း ဆီးလ်ရှိပါတယ်။
ပါကင် ဆီးလ်မလုံရင် ဆီယိုနိုင်ပါမယ်။

အင်ဂျင်တစ်လုံးမှာ မိန်းဝိုင်းဆီးလ် (Oil Seal) တွေစားပြီး ချောင်လာရင် ဒီ ကြားထဲက ဆီယိုနိုင်ပါတယ်။

နောက် ထပ် ဆီယိုနိုင်တဲ့နေရာတွေကတော့ အင်ဂျင်ဝိုင် Filter ဘူးအထိုင်နဲ့ Vacuum Pump ဆီပိုက်လိုင်းတွေဖြစ် ပါတယ်။ ဆီယိုနိုင်တဲ့နေရာအားလုံး ကို စစ်ဆေးပါ။

🔧 ဒါတွေကို ကုစားဖို့ ကျွမ်းကျင်တဲ့ဝပ်ရှော့ပ်စက်ဆရာတစ်ဦးနဲ့ တိုင်ပင်ဆွေးနွေးပါ။
● အင်ဂျင်ကျလို့ အင်ဂျင်ဝိုင် စားတာများတယ်ဆိုရင်တော့ အင်ဂျင် ချပြီး စစ်ဆေးဖို့လိုပါတယ်။
● အင်ဂျင် ဖွင့်ပြီး အကြီးစားပြုပြင်ဖို့ အသေးစိတ် တိုင်းတာစစ်ဆေးရပါတယ်။

□ အင်ဂျင် Head နဲ့ ဂတ်စ်ကတ်စစ်ပါ။
□ ဗားတွေရဲ့အခြေအနေကို စစ် ဆေးပါ။
□ အင်ဂျင် Head တွေဘဲ သီး သန့်ပြင်ပါတယ်။ ဗားတွေပြန်ပြီးအထိုင်ချရပါတယ်။ ဗားဆီးလ်၊ ဗားဂိုက် အသစ်ပြန်ရိုက်ရပါတယ်။
အင်ဂျင်အကြီးစားပြင်ဆင်တာ ဟာ ငွေအကုန်အကျများပါတယ်။ သေချာတဲ့စစ်ဆေးမှုတွေလုပ်ရပါတယ်။

ပစ္စတင်တွေရိန်းတွေရဲ့ အခြေအနေကို စစ်ပါ။ ဆလင်ဒါအတွင်းပိုင်းစားပြီး ဘဲဥပုံလိုက်နေပြီလား။
● စလစ်ကို ဘိုး ရင်းထိုးဖို့လိုသလား၊
● ကွန်နုတ်တိန်း ဘယ်ရင်နဲ့ မိန်းဘယ်ရင်တွေ ကောင်း သလား အသေးစိတ်တိုင်းတာစစ်ဆေး ရပါတယ်။ ဘယ်ရင်တွေအခြေအနေ ကောင်းရင် ငွေကုန်သက်သာအောင် ပစ္စတင်ရိန်းလောက်ဘဲ အသစ်လဲပါ တယ်။ အင်ဂျင် Head ကိုတော့ Head ပြင်ဆိုင်မှာဘဲ အပ်ကြတာများ ပါတယ်။
■ အင်ဂျင်အကြီးစားပြင်ဆင်တာက အားလုံးနီးပါးပစ္စည်းအသစ်တွေလဲ လှယ်ရတဲ့အတွက် ငွေကုန်ကြေးကျ များနိုင်ပါတယ်။ ပြန်ထည့်တဲ့ပစ္စည်း တွေက ဂျပန်အော်ရီဂျင်နယ်ပစ္စည်း ဆိုတော့ တစ်ချို့က အင်ဂျင်မကိုင် တော့ဘူး။
■ ဂျပန်ကျ အင်ဂျင်ထဲက ကောင်းတဲ့တစ်လုံးကို အလုံးလိုက်လဲ ကြတယ်။ အင်ဂျင်အဟောင်းကိုပြန် ပြင်ပြီးသုံးတာထက် ပိုပြီးစိတ်ချရတယ်။

🚩အင်ဂျင်ဝိုင်စားနေပြီဆိုရင်
● အင်ဂျင်ကျတာကြောင့်လား၊
● ဆီယိုနေသ လား၊
● ဂတ်စ်ကတ်မကောင်းတာလား၊
● ပစ္စတင်ရိန်းစားပြီး ချောင်တာလား၊
● ဗား တွေကြောင့်ဖြစ်တာလား၊
● မိန်းဝိုင်းဆီး လ်တွေမလုံလို့လား၊ ဖြစ်နိုင်ခြေရှိတာ တွေကိုစစ်ဆေးပြီး အကြောင်းရင်းအ ပြစ်ရှာကြည့်ပါ။
အင်ဂျင်ဝိုင်ပြောင်းသုံး ကြည့်ပါ။
☆ အစက 10W-30 အင်ဂျင် ဝိုင်သုံးနေရင် 20W-40 အင်ဂျင်ဝိုင်ကို ပြောင်းသုံးကြည့်ပါ။

🔧ဆီယိုနေတဲ့ကာဗာတွေမှာ ဂတ်စ် ကတ်လဲပေးပါ။
မိန်းဝိုင်းဆီတွေမ ကောင်းရင် ဝိုင်းဆီလဲပေးပါ။
မိမိကား အင်ဂျင်နဲ့လိုက်ဖက်တဲ့ အင်ဂျင်ဝိုင်ကို ရွေးချယ်သုံးစွဲဖို့လိုပါတယ်။
အင်ဂျင် ဝိုင်လဲတိုင်း၊ အင်ဂျင်စစ်ဘူး Filter ကို လဲပေးပါ။
နေ့စဉ်စက်မနှိုးမီ အင်ဂျင်ဝိုင်ကို တိုင်းပါ၊ စစ်ပါ။
အင်ဂျင်ဝိုင်လျော့သွား တာကို သတိထားပါ။

ပုံမှန်ထက် အင်ဂျင်ဝိုင်လျော့တာများနေရင် ဘာ ကြောင့်လဲဆိုတာ အပြစ်ရှာဖို့လိုပါ တယ်။ ခရီးမိုင် ၁၂၀ဝ လောက်မောင်း ပြီးတိုင်း အင်ဂျင်ဝိုင်လျော့ကျသွားတာ၊ ဆီတစ်ကွာတထက်ပိုများနေပြီဆိုရင် တော့ သင့်ကားအင်ဂျင်ဝိုင်စားနေပြီ လို့ ပြောရပါမယ်။
■ ကျွမ်းကျင်တဲ့ကား ဝပ်ရှော့ပ်မှာ စစ်ဆေးမှုတွေလုပ်ပြီး ချွတ်ယွင်းချက်ကိုပြုပြင်ပါ။ ဝပ်ရှော့ပ် ဆရာနဲ့ တိုင်မင်ဆွေးနွေးပြီး အကြံဥာဏ် ‌တောင်းပါ။
ကားတစ်စီးကို ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း၊ စစ်ဆေးဂရုစိုက်ပေးခြင်း ဟာ အင်ဂျင်သက်တမ်းကိုရှည်စေပါ တယ်။

အင်ဂျင်တစ်လုံးမှာ အင်ဂျင်ဝိုင် က အသက်ပါဘဲ။
• အင်ဂျင်ဝိုင်ပုံမှန် လဲလှယ်ပေးခြင်း၊
• အင်ဂျင်ဝိုင်အမြဲတိုင်း တာစစ်ဆေးခြင်း၊
• ဆီစစ်ဘူးပုံမှန်လဲ လှယ်ပေးခြင်း
• အရည်အသွေးကောင်း တဲ့အင်ဂျင်ဝိုင်ကို ရွေးချယ်သုံးစွဲခြင်း စတဲ့အချက်တွေဟာ ကားတစ်စီးအတွက် အဓိကကျတဲ့ ထိန်းသိမ်းခြင်းပါဘဲ။

🔯ကားမောင်းနေစဉ်မှာလည်း အင်ဂျင်ဝိုင်သတိပေးမီးနီးကို ဂရုစိုက်ဖို့လို ပါတယ်။ ကားမောင်းနေစဉ်မှာ အင်ဂျင်ဝိုင်မီးလင်းလာရင် ချက်ချင်းစက် ရပ်ပြီး စစ်ဆေးပါ။ အင်ဂျင်ဝိုင်မီးလင်း လာတာဟာ ချောဆီပို့စနစ် ပုံမှန်ဆီ ဖိအားမရှိတော့တဲ့သဘောဖြစ်ပါတယ်။ ဆီလမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့ နေရင်လည်း အင်ဂျင်ဝိုင်က အင်ဂျင်Head အပေါ်အထိ ဆီမရောက်နိုင် တော့ပါဘူး။ အင်ဂျင်ဆီငတ်ရင် ဘယ် ရင်တွေပျက်စီးသွားနိုင်ပါတယ်။

💯 အင်ဂျင်ဝိုင်မီးလင်းတာကို ပေါ့ဆလို့မရပါ ဘူး။
○ အင်ဂျင်ဝိုင်ပန့် (Oil Pump) မ ကောင်းရင်လဲ ဆီဖိအားကျလာတတ် ပါတယ်။
○ Oil Cooler သုံးတဲ့ကားတွေ မှာ Oil Cooler အတွင်း ဆီချေးတွေ ပိတ်ပြီး အပေါ်ကို ချောဆီမတက်နိုင် တဲ့ပြဿနာမျိုးလဲ ဖြစ်တတ်ပါတယ်။
○ Oil Cooler ကိုဖြုတ်ဆေးဖို့လိုပါတယ်။ ဆီစစ်ဘူးလဲတာ၊ နောက်ကျရင်လည်း ဆီစစ်ဘူးထဲမှာ ဆီချေးတွေပိတ်ဆို့ပြီး ချောဆီပို့စနစ်မှာ ဆီဖိအားကျဆင်း တတ်ပါတယ်။

အင်ဂျင်ဝိုင်နဲ့ ချောဆီပို့စနစ်ဟာ အင်ဂျင်စက်တစ်လုံးအတွက် အသက် သွေးကြောဖြစ်တာကြောင့်
☆ အင်ဂျင် ဝိုင်အစားများတဲ့ပြဿနာ၊
☆ အင်ဂျင်ဝိုင် မတတ်တဲ့ပြဿနာတွေနဲ့
☆ အင်ဂျင်ဝိုင် ယိုစိမ့်တဲ့ပြဿနာတွေကို စစ်ဆေး ဖော်ထုတ်ပြီး ပြုပြင်ပေးခြင်းဖြင့် သင့် ကားအင်ဂျင် အမြဲကောင်းနေပြီး စွမ်း ဆောင်ရည်ကောင်းတဲ့အင်ဂျင်တစ်လုံး ဖြစ်နေပါလိမ့်မယ်။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit 》》
KMA (Moezac Auto)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။