" လောဘကို တိုးစေသူ၊ ရာဂကို ပွားစေသူ မဖြစ်စေချင် "
#မောင်လှမျိုး(ချင်းချောင်းခြံ)
လောဘစိတ်ဝင်ရင် တမလွန်မှာ ပြိတ္တာဖြစ်တတ်တယ်တဲ့။ ပစ္စုပ္ပန်ဘ၀မှာ ပြိတ္တာကဲ့သို့ (စားချင်တာမစားရ၊ တွေ့ချင်တာ မတွေ့ရ၊ လိုချင်တာ မပိုင်ရ) ဘ၀မျိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်တဲ့။ အဲဒီလို အခြေအနေမျိုးတွေနဲ့ နေထိုင်ရတတ်တယ် . . . တဲ့။
လောဘကြီးရင် (လောဘစိတ်ကြီးရင်) အမည်မဖော်နိုင်တဲ့ ရောဂါမျိုးလည်း ဖြစ်တတ်တယ်တဲ့။ နောက်ပြီး မမြင်ရတဲ့ ရောဂါမျိုးတွေလည်း ဖြစ်တတ်တယ်တဲ့။
ကပ်ကမ္ဘာအားဖြင့် ရေဘေး၊ လေဘေးတွေနဲ့ မြေငလျင်ဘေးတွေ ကြုံရတတ်တယ်တဲ့။
.......................... .........
ကဲ . . .
မပေါ့်တပေါ် ကောင်မလေးတစ်ယောက်ကို ပုထုဇဉ် ပုရိသတွေ (ရွယ်တူတွေရော၊ ရွယ်မတူတွေရော) မြင်လိုက်တွေ့လိုက်ကြပါပြီတဲ့။ ဘာစိတ်တွေ ဖြစ်ကြလေမလဲ။
မြင်... သိ...ပျက်၊ တွေ့...သိ... ပျက်. . . လို့ နှလုံးသွင်းနိုင်ကြရင်တော့ (နှလုံးသွင်းနိုင်ကြသူတွေ) ဘာမှမဖြစ်ပါဘူး။ မြင်...သိ... ပျက် မလုပ်နိုင်ကြရင်တောင် ငါ့နှမလေး. . .ငါ့တူမလေးလို့ နှလုံးသွင်းနိုင်ကြရင်လည်း ဘာပြဿနာမှ မရှိလောက်ပါဘူး။
ပုထုဇဉ်(ပုရိသ)များဆိုတော့ အပြုံးပါးလေးကိုပဲဖြစ်ဖြစ်၊
ပခုံးသားလေးကိုပဲဖြစ်ဖြစ်၊ သလုံးသားလေးကိုပဲဖြစ်ဖြစ်၊ မက်...မောမိခဲ့ကြရင်
အဲဒါ... နှာဘူးစိတ်ပဲပြောပြော၊ ရာဂစိတ်ပဲပြောပြော၊ လောဘစိတ်လို့ပဲ
ညင်ညင်သာသာ အမည်တပ်လိုက်ကြရအောင်ပါ။
စိတ်တစ်စိတ်တိုင်းဟာ မျက်တောင်တစ်ခတ်စာလောက် ကြာချိန်အတွင်းမှာ ကုဋေပေါင်း(၁)သိန်းဖြစ်တယ်တဲ့။
ပျက်နှုန်းက ကုဋေ(၅)ထောင်ကျော်တဲ့။ အဲ... ကုဋေ(၉)သောင်းကျော်လောက်
(ဖြစ်တဲ့စိတ်အတိုင်း) နှလုံးချိုင့်မှာ ကိန်းအောင်းသွားပါတယ်...တဲ့ ။
လောဘစိတ်ဖြစ်မိတယ် ... ဆိုရင် အဲဒီလောဘနဲ့ပတ်သက်တဲ့ အကုသိုလ်အရှိန်အဟုန်က
မျက်တောင်တစ်ခတ်စာ ကြာချိန်အတွင်းမှာ ကုဋေ (၉) သောင်းကျော် (ဟာဒယ . .
.လို့ခေါ်တဲ့ စိတ်ခိုမီရာနေရာ) နှလုံးချိုင့်မှာ ကိန်းအောင်းသွားပြီး
နှလုံးကတစ်ဆင့် ခန္ဓာအနှံ့ ကိုယ်အနှံ့ ပျံ့သွားတော့တာပါပဲ။
.......................... .........
လောဘစိတ်ကို အခြေခံတဲ့ အကုသိုလ်အရှိန်အဟုန်တွေ... မျက်တောင်တစ်ခတ်ကို ကုဋေ(၉)သောင်းနှုန်းနဲ့ တစ်ကိုယ်လုံး ...ပျံ့နှံသွားတယ်ဆိုရင် မပေါ့်တပေါ် ကောင်မလေးကို မက်မောစိတ်နဲ့ ကိုယ်ဘယ်လောက်ကြာကြာ ကြည့်မိသလဲဆိုတဲ့အပေါ် မူတည်ပြီး စက္ကန့်မိနစ်တွေနဲ့ တွက်ချက်ကြည့်ကြပေတော့ . . . ။
အဲ... ပိုင်းလော့ဆရာတော်ကြီး တွက်ချက်ပြတာကတော့ မျက်တောင်တစ်ခတ်ဆိုတာ တစ်စက္ကန့်ရဲ့ လေးဆယ့်ရှစ်ပုံ တစ်ပုံတဲ့။
မက်မောမိတဲ့သူတွေ လောဘစိတ်ဖြစ်၊ ပစ္စုပ္ပန် တမလွန် ပြိတ္တာဓာတ်တွေဖြစ်၊ (ပြိတ္တာတွေဖြစ်၊ ရောဂါဆိုး၊ ဘေးဆိုးတွေ ရင်ဆိုင်ရ)
အဲဒါ သူတို့ ကျွန်မကိုကြည့်လို့ ဖြစ်တာ။ ကျွန်မ မြှူဆွယ်တာမဟုတ်ဘူးလို့ ထင်မိတဲ့ ဆင်ယင်သူကို ပြောပြချင်တာကတော့။
အကုသိုလ် ဖြစ်သွားရရှာတာ “သူတို့ ...သူတို့”၊ အကုသိုလ်ကို ဖြစ်စေသူက ... “နင်”လို့ စေတနာထက်သန်စွာနဲ့ အသိပေးလိုက်ချင်တာပါပဲ။
ပုထုဇဉ်မဟုတ်တဲ့ အရိယာသူတော်ကောင်းကြီးတွေကေ တာ့ ဘာကိုမြင်မြင် ဘာမှမဖြစ်ကြပေမယ့် အနီးအပါးမှာ... ၀တ်စားဆင်ယင်မိသူကတော့ အဂါရ၀ ဖြစ်သွားတာပါပဲ။
အဂါရ၀တွေထဲမှာ ဗုဒ္ဓ အဂါရ၀ (ဘုရားကို မရိုမသေ) ပြုမူမိရင် အဲဒါ အကြီးမားဆုံးအကုသိုလ်၊ အဲဒါကြောင့် ဘုရားကျောင်းကန်တွေမှာ ၀တ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး လူကြီးသူမတွေက သတိပေးဆော်သြနေကြရတာလေ။
အကုသိုလ် ဖြစ်သွားသူတောင် ပစ္စုပ္ပန် တမလွန် ဆိုးကျိုးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် အကုသိုလ်အမှုကို ဖြစ်စေသူ(ဖြန့်ဖြူးသူ) (ပြတ်ပြတ်သားသား ပြောရရင် လောဘကို တိုးစေသူ၊ ရာဂကို ပွားစေသူ)အနေနဲ့ ကျူးလွန်သူထက် ပိုပြီး အကုသိုလ်အပြစ် ကြီးလေးပါတယ်လို့ သတိပေးပါရစေ။
လောကဥပမာနဲ့ပြောရရင် မူးယစ်ဆေးဝါးသုံးစွဲသူမှာ အပြစ်ဒဏ်သင့်သလို ဖြန့်ဖြူးသူက သုံးစွဲသူထက်ပိုပြီး အပြစ်ဒဏ်ကြီးလေ့ရှိတယ်လေ . . . ။
.......................... ................
#မောင်လှမျိုး(ချင်းချောင်း ခြံ)
Eternal Light Magazine
(ဆရာမောင်လှမျိုး(ချင်းချော င်းခြံ) ရေးသားသော "လူမိုက်အားပေးဒဿန" ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။ လွတ်လပ်စွာ Share နိုင်ပါသည်။)
#မောင်လှမျိုး(ချင်းချောင်းခြံ)
လောဘစိတ်ဝင်ရင် တမလွန်မှာ ပြိတ္တာဖြစ်တတ်တယ်တဲ့။ ပစ္စုပ္ပန်ဘ၀မှာ ပြိတ္တာကဲ့သို့ (စားချင်တာမစားရ၊ တွေ့ချင်တာ မတွေ့ရ၊ လိုချင်တာ မပိုင်ရ) ဘ၀မျိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်တဲ့။ အဲဒီလို အခြေအနေမျိုးတွေနဲ့ နေထိုင်ရတတ်တယ် . . . တဲ့။
လောဘကြီးရင် (လောဘစိတ်ကြီးရင်) အမည်မဖော်နိုင်တဲ့ ရောဂါမျိုးလည်း ဖြစ်တတ်တယ်တဲ့။ နောက်ပြီး မမြင်ရတဲ့ ရောဂါမျိုးတွေလည်း ဖြစ်တတ်တယ်တဲ့။
ကပ်ကမ္ဘာအားဖြင့် ရေဘေး၊ လေဘေးတွေနဲ့ မြေငလျင်ဘေးတွေ ကြုံရတတ်တယ်တဲ့။
..........................
ကဲ . . .
မပေါ့်တပေါ် ကောင်မလေးတစ်ယောက်ကို ပုထုဇဉ် ပုရိသတွေ (ရွယ်တူတွေရော၊ ရွယ်မတူတွေရော) မြင်လိုက်တွေ့လိုက်ကြပါပြီတ
မြင်... သိ...ပျက်၊ တွေ့...သိ... ပျက်. . . လို့ နှလုံးသွင်းနိုင်ကြရင်တော့ (နှလုံးသွင်းနိုင်ကြသူတွေ) ဘာမှမဖြစ်ပါဘူး။ မြင်...သိ... ပျက် မလုပ်နိုင်ကြရင်တောင် ငါ့နှမလေး. . .ငါ့တူမလေးလို့ နှလုံးသွင်းနိုင်ကြရင်လည်း ဘာပြဿနာမှ မရှိလောက်ပါဘူး။
ပုထုဇဉ်(ပုရိသ)များဆိုတော့ အပြုံးပါးလေးကိုပဲဖြစ်ဖြစ်၊
စိတ်တစ်စိတ်တိုင်းဟာ မျက်တောင်တစ်ခတ်စာလောက် ကြာချိန်အတွင်းမှာ ကုဋေပေါင်း(၁)သိန်းဖြစ်တယ်တ
..........................
လောဘစိတ်ကို အခြေခံတဲ့ အကုသိုလ်အရှိန်အဟုန်တွေ... မျက်တောင်တစ်ခတ်ကို ကုဋေ(၉)သောင်းနှုန်းနဲ့ တစ်ကိုယ်လုံး ...ပျံ့နှံသွားတယ်ဆိုရင် မပေါ့်တပေါ် ကောင်မလေးကို မက်မောစိတ်နဲ့ ကိုယ်ဘယ်လောက်ကြာကြာ ကြည့်မိသလဲဆိုတဲ့အပေါ် မူတည်ပြီး စက္ကန့်မိနစ်တွေနဲ့ တွက်ချက်ကြည့်ကြပေတော့ . . . ။
အဲ... ပိုင်းလော့ဆရာတော်ကြီး တွက်ချက်ပြတာကတော့ မျက်တောင်တစ်ခတ်ဆိုတာ တစ်စက္ကန့်ရဲ့ လေးဆယ့်ရှစ်ပုံ တစ်ပုံတဲ့။
မက်မောမိတဲ့သူတွေ လောဘစိတ်ဖြစ်၊ ပစ္စုပ္ပန် တမလွန် ပြိတ္တာဓာတ်တွေဖြစ်၊ (ပြိတ္တာတွေဖြစ်၊ ရောဂါဆိုး၊ ဘေးဆိုးတွေ ရင်ဆိုင်ရ)
အဲဒါ သူတို့ ကျွန်မကိုကြည့်လို့ ဖြစ်တာ။ ကျွန်မ မြှူဆွယ်တာမဟုတ်ဘူးလို့ ထင်မိတဲ့ ဆင်ယင်သူကို ပြောပြချင်တာကတော့။
အကုသိုလ် ဖြစ်သွားရရှာတာ “သူတို့ ...သူတို့”၊ အကုသိုလ်ကို ဖြစ်စေသူက ... “နင်”လို့ စေတနာထက်သန်စွာနဲ့ အသိပေးလိုက်ချင်တာပါပဲ။
ပုထုဇဉ်မဟုတ်တဲ့ အရိယာသူတော်ကောင်းကြီးတွေကေ
အဂါရ၀တွေထဲမှာ ဗုဒ္ဓ အဂါရ၀ (ဘုရားကို မရိုမသေ) ပြုမူမိရင် အဲဒါ အကြီးမားဆုံးအကုသိုလ်၊ အဲဒါကြောင့် ဘုရားကျောင်းကန်တွေမှာ ၀တ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီ
အကုသိုလ် ဖြစ်သွားသူတောင် ပစ္စုပ္ပန် တမလွန် ဆိုးကျိုးနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် အကုသိုလ်အမှုကို ဖြစ်စေသူ(ဖြန့်ဖြူးသူ) (ပြတ်ပြတ်သားသား ပြောရရင် လောဘကို တိုးစေသူ၊ ရာဂကို ပွားစေသူ)အနေနဲ့ ကျူးလွန်သူထက် ပိုပြီး အကုသိုလ်အပြစ် ကြီးလေးပါတယ်လို့ သတိပေးပါရစေ။
လောကဥပမာနဲ့ပြောရရင် မူးယစ်ဆေးဝါးသုံးစွဲသူမှာ အပြစ်ဒဏ်သင့်သလို ဖြန့်ဖြူးသူက သုံးစွဲသူထက်ပိုပြီး အပြစ်ဒဏ်ကြီးလေ့ရှိတယ်လေ . . . ။
..........................
#မောင်လှမျိုး(ချင်းချောင်း
Eternal Light Magazine
(ဆရာမောင်လှမျိုး(ချင်းချော
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။