မြေအမျိုးအစားတိုင်းမှာ အပင်စိုက်လို့ ရတယ်... စိုက်နည်းသာကွာတယ် ......
မေးသူများလို့ ဒေသအလိုက် သင့်တော်တဲ့နည်းကို သုံးဖို့ နဲ့ တွေးခေါ်တတ်ဖို့ တစုတည်းဖြေလိုက်ပါတယ်၊
မြေကြီးကို အပင်တည်နိုင်ဖို့ အတွက်ပဲသုံးပြီး၊ လိုအပ်တဲ့ မြေသြဇာနဲ့ ရေကို သင့်တော်သလို ပေးလို့ ရတယ်။
မြေသြဇာ အဖတ်ပေးလို့ မရရင် အရည်ပေးလို့ ရတယ်။
အရေးကြီးဆုံးက ဈေးကွက်နဲ့ တွက်ခြေကိုက်မကိုက်အပေါ်မူတ ည်။
ဥပမာ အစ္စရေးနိုင်ငံက သဲသောင်ပြင်မှာ စိုက်ရင် မြေသြဇာကို ရေနဲ့ အတူရောပြီးပေးတယ်။ အမြဲအစိုဓါတ်ရအောင် ရေအစက်ချပြီးစိုက်တယ်။
သဲသောင်ကို တူးပြီး ရိုးရိုးမြေထည့်ပြီးစိုက်လို့ ရတယ်။
ကျောက်စလစ်မြေမှာ သစ်သီးပင် စိုက်ရင် ကျဉ်းငယ်တူးပြီးစိုက် ပြီးရင် ပတ်ပတ်လည် အပေါက် ဖေါက်ပြီး မြေသြဇာ ပေးလို့ ရတယ်။ မြေသြဇာနဲ့ ရေရှိတဲ့နေရာကို အမြစ်တွေ တိုးလာလိမ့်မယ်။ အပင်ကြီးလာတာနဲ့ အညီ မြေသြဇာတွင်းကို ခွာတူးပြီး ပေးလို့ ရပါတယ်။
ကျောက်တောင်မှာ အပင်ပေါက်တာကို သတိထားမိကျပါလိမ့်မယ်။
ရေကြီးတဲ့နေရာမှာ ဖေါင်လုပ်ပြီးစိုက်လို့ ရတယ်။ (အင်းလေးကျွန်းမျောသက်သေ)
ရေငန်နေရာမှာ ပန်းအိုးလိုမျိုး တင်ပြီးစိုက်လို့ ရသလို အင်္ဂတေဂွေ ဒါမှမဟုတ် အင်္ဂတေကန်လုပ်ပြီး စိုက်လို့ ရတယ်။
အမြဲတန်းရေ၀ပ်တဲ့နေရာမှာ တောင်ဗို့ ပုံ တင်ပြီးစိုက်လို့ ရတယ်။ နောက်ထပ်ထွက်လာတဲ့ အမြစ်သစ်က ရေထဲကို ဆင်းသွားလိမ့်မယ်။ အဲ့ဒီအမြစ်က ရေဒဏ်ခံနိုင်သွားပြီး အပင်မသေဘူး။ (အင်းလေးကျွန်းမျောသက်သေ)
ပူတဲ့ဒေသမှာ လေအေးစက်သုံးပြီးစိုက်တယ်။ (အာရှ )
အေးတဲ့အရပ်မှာ လေပူသုံးပြီးစိုက်တယ်။ (အနောက်နိုင်ငံ)
မြေမပါ ရေနဲ့ ဟင်းရွက်စိုက်တဲ့နည်း ဟိုင်းဒရိုပိုးနစ်ခ် ( Hydroponic) စိုက်နည်းဆိုရင်လည်း စိုက်ပျိုးတဲ့စဉ်ကို မြေပေါ်တော့ တင်ထားရပါတယ်။
မြေကို လိုသလို အသုံးပြုနိုင်သလို ပျိုးပင်ကိုလည်း ဒေသနဲ့ သင့်တော်လာအောင် ပြုပြင်သုံးနိုင်တယ်။ အေးတဲ့တိုင်းပြည်က အသီးအပွင့်တွေ ပူတဲ့ အာရှနိုင်ငံတွေမှာ စိုက်ပျိုးဖြစ်ထွန်းပါပြီး။
အဲ့ဒီတော့ အပင်စိုက်တဲ့နေရာမှာ အပင်ရပ်လို့ ရဖို့ မြေရှိဖို့ တော့လိုတယ်။ စိုက်နည်းပဲကွာပါတယ်။
အဲ့ဒီတော့ ကိုယ်ဒေသက မြေပေါ်မှာ ဘယ်လိုစိုက်ရင်ရနိုင်မလဲ။ ကုန်ကျစရိတ်နဲ့ တွက်ခြေကိုက်မကိုက်ပေါ်မှာပဲ မူတည်ပြီး ဆုံးဖြတ်စိုက်ပျိုးနိုင်ပါတ ယ်။
လူတွေတောင် ဖြစ်ချင်တာ ဖြစ်ရအောင်ဆိုပြီး ဖြတ်ဖေါက်ကပ်တွေလုပ်လို့ ရနေပြီးပဲ အပင်တွေက ပိုရမှာပေါ့... ဝေဖန်ဖို့ ဆင်ခြေဖို့ ပါ...
မေးသူများလို့ ဒေသအလိုက် သင့်တော်တဲ့နည်းကို သုံးဖို့ နဲ့ တွေးခေါ်တတ်ဖို့ တစုတည်းဖြေလိုက်ပါတယ်၊
မြေကြီးကို အပင်တည်နိုင်ဖို့ အတွက်ပဲသုံးပြီး၊ လိုအပ်တဲ့ မြေသြဇာနဲ့ ရေကို သင့်တော်သလို ပေးလို့ ရတယ်။
မြေသြဇာ အဖတ်ပေးလို့ မရရင် အရည်ပေးလို့ ရတယ်။
အရေးကြီးဆုံးက ဈေးကွက်နဲ့ တွက်ခြေကိုက်မကိုက်အပေါ်မူတ
ဥပမာ အစ္စရေးနိုင်ငံက သဲသောင်ပြင်မှာ စိုက်ရင် မြေသြဇာကို ရေနဲ့ အတူရောပြီးပေးတယ်။ အမြဲအစိုဓါတ်ရအောင် ရေအစက်ချပြီးစိုက်တယ်။
သဲသောင်ကို တူးပြီး ရိုးရိုးမြေထည့်ပြီးစိုက်လိ
ကျောက်စလစ်မြေမှာ သစ်သီးပင် စိုက်ရင် ကျဉ်းငယ်တူးပြီးစိုက် ပြီးရင် ပတ်ပတ်လည် အပေါက် ဖေါက်ပြီး မြေသြဇာ ပေးလို့ ရတယ်။ မြေသြဇာနဲ့ ရေရှိတဲ့နေရာကို အမြစ်တွေ တိုးလာလိမ့်မယ်။ အပင်ကြီးလာတာနဲ့ အညီ မြေသြဇာတွင်းကို ခွာတူးပြီး ပေးလို့ ရပါတယ်။
ကျောက်တောင်မှာ အပင်ပေါက်တာကို သတိထားမိကျပါလိမ့်မယ်။
ရေကြီးတဲ့နေရာမှာ ဖေါင်လုပ်ပြီးစိုက်လို့ ရတယ်။ (အင်းလေးကျွန်းမျောသက်သေ)
ရေငန်နေရာမှာ ပန်းအိုးလိုမျိုး တင်ပြီးစိုက်လို့ ရသလို အင်္ဂတေဂွေ ဒါမှမဟုတ် အင်္ဂတေကန်လုပ်ပြီး စိုက်လို့ ရတယ်။
အမြဲတန်းရေ၀ပ်တဲ့နေရာမှာ တောင်ဗို့ ပုံ တင်ပြီးစိုက်လို့ ရတယ်။ နောက်ထပ်ထွက်လာတဲ့ အမြစ်သစ်က ရေထဲကို ဆင်းသွားလိမ့်မယ်။ အဲ့ဒီအမြစ်က ရေဒဏ်ခံနိုင်သွားပြီး အပင်မသေဘူး။ (အင်းလေးကျွန်းမျောသက်သေ)
ပူတဲ့ဒေသမှာ လေအေးစက်သုံးပြီးစိုက်တယ်။ (အာရှ )
အေးတဲ့အရပ်မှာ လေပူသုံးပြီးစိုက်တယ်။ (အနောက်နိုင်ငံ)
မြေမပါ ရေနဲ့ ဟင်းရွက်စိုက်တဲ့နည်း ဟိုင်းဒရိုပိုးနစ်ခ် ( Hydroponic) စိုက်နည်းဆိုရင်လည်း စိုက်ပျိုးတဲ့စဉ်ကို မြေပေါ်တော့ တင်ထားရပါတယ်။
မြေကို လိုသလို အသုံးပြုနိုင်သလို ပျိုးပင်ကိုလည်း ဒေသနဲ့ သင့်တော်လာအောင် ပြုပြင်သုံးနိုင်တယ်။ အေးတဲ့တိုင်းပြည်က အသီးအပွင့်တွေ ပူတဲ့ အာရှနိုင်ငံတွေမှာ စိုက်ပျိုးဖြစ်ထွန်းပါပြီး။
အဲ့ဒီတော့ အပင်စိုက်တဲ့နေရာမှာ အပင်ရပ်လို့ ရဖို့ မြေရှိဖို့ တော့လိုတယ်။ စိုက်နည်းပဲကွာပါတယ်။
အဲ့ဒီတော့ ကိုယ်ဒေသက မြေပေါ်မှာ ဘယ်လိုစိုက်ရင်ရနိုင်မလဲ။ ကုန်ကျစရိတ်နဲ့ တွက်ခြေကိုက်မကိုက်ပေါ်မှာပ
လူတွေတောင် ဖြစ်ချင်တာ ဖြစ်ရအောင်ဆိုပြီး ဖြတ်ဖေါက်ကပ်တွေလုပ်လို့ ရနေပြီးပဲ အပင်တွေက ပိုရမှာပေါ့... ဝေဖန်ဖို့ ဆင်ခြေဖို့ ပါ...
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။