ပုံပြင်လက်ဆောင်
✿✿✿✿✿✿✿✿✿
တစ်ခါက နွားချေးပုံတစ်ပုံတွင်နေသော #ချေးပိုးထိုးကောင် တစ်ကောင်ရှိသည်။ သူသည် နွားချေးပုံထဲသို့ တိုးဝင်သည်။ သူတွေ့မြင်ရသည်ကိုလည်း နှစ်သက်သဘောကျသည်။
ထို့ကြောင့် သူ့မိတ်ဆွေများကို ဖိတ်ပြီး နွားချေးပုံတွင် မြို့ရွာတည်ပြီး နေထိုင်ရန် စီစဉ်ပါသည်။
ရက်တော်တော်ကြာကြာ ကြိုးစားတည်ဆောက်လိုက်သောအခါ နွားချေးပုံထဲတွင် အံ့သြဖွယ်ရာမြို့ရွာတစ်ရွာကို
တည်ဆောက်နိုင်ခဲ့ကြပါသည်။ သူတို့၏
စွမ်းဆောင်နိုင်မှုကိုလည်း ဂုဏ်ယူမဆုံး ဖြစ်ကြသည်။
.
Credit. ; အသိတရားမှတ်စု
.
ထို့ကြောင့် ပထမဆုံး စိတ်ကူးကောင်းရသော
ချေးပိုးထိုးကောင်ကို ဘုရင်အဖြစ် တင်မြှောက်ရန်
ဆုံးဖြတ်ကြသည်။ တင်မြှောက်လိုက်သော ဘုရင်အသစ်စက်စက်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် နွားချေးပုံ မြို့ထဲတွင်
ထည်ဝါစွာ စီတန်းပြီး ဂုဏ်ပြုသည့် အထိမ်းအမှတ်ပြုကြသည်။
ချေးပိုးထိုးကောင် ဘုရင်အား ဂုဏ်ပြုပွဲ စည်ကားစွာ
ကျင်းပနေစဉ် နွားချေးပုံနားသို့ ဆင်တစ်ကောင်
ဖြတ်သွားပါသည်။ နွားချေးပုံနား အရောက်တွင်
ခြေထောက်ကို ချေးပေမည်စိုးသဖြင့် နွားချေးပုံကို ရှောင်ပြီး ခြေချသွားပါသည်။
ထိုအမူအရာကို မြင်သော နွားချေးပိုးဘုရင်က ဒေါသတကြီး
“ဟေ့ .. သတ္တဝါကောင်ကြီး၊ ငါဘုရင်မင်းမြတ်ကို
မင်းဘာကြောင့် အရိုအသေမပေးတာလဲ ၊ မင်းရဲ့
ခြေထောက်ကို ငါဘုရင်မင်းမြတ်၏ ခေါင်းပေါ်က
ကျော်သွားတာ သိပ်ရိုင်းတယ်ဆိုတာ မင်းမသိဘူးလား၊
အခု ချက်ချင်း တောင်းပန်ရင်တောင်းပန်၊ မတောင်းပန်ရင်
မင်းကို အပြစ်ပေးရလိမ့်မယ်” ဟု လှမ်းအော်ပြောပါသည်။
ထိုအခါ ဆင်ကြီးက အောက်သို့ကြည့်ပြီး
“ကျက်သရေကြီးလှပါတဲ့ နွားချေးပုံထဲက ချေးပိုးထိုးဘုရင်မင်းမြတ်ြ ကီးခင်ဗျား၊ ကျွန်တော်မျိုးကို
ခွင့်လွှတ်သနားပါရန် တောင်းပန်ပါတယ် ခင်ဗျား” ဟု
ပြောပြောဆိုဆို နဲ့ နွားချေးပုံပေါ် ဒူးထောက်ချလိုက်ပြီး
ဘုရင်ကြီးရယ်၊ တစ်မြို့လုံးရယ်၊ မြို့သူမြို့သားတွေ
အားလုံးကို ချေမွလိုက်ပါတော့သတည်း။
.
.
တချို့လူများသည် သူတို့၏ အခြေအနေမှန်၊ နေရာမှန်ကို
မစဉ်းစားဘဲ အခြားလူများထက် သာလွန်သည်ဟု
ထင်နေတတ်ကြပါသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အလွန်အထင်ကြီးတတ်ကြပါသည်။ ဘဝင်မြင့်တတ်ကြပါသည်။ ထိုဘဝင်မြင့်မှုသည် လွန်စွာ အန္တရာယ်ကြီးလှပါသည်။
အဘယ်ကြောင့်ဆိုသော်
“မကျရှုံးမီ၏ ရှေ့တွင် မာန်မာနသည် အရင် ဖြစ်ပေါ်တတ်ပါသည်”။
"မာန်မာန ဖြစ်ပေါ်နေပြီး မကြာမီပင်တွင် ကျရှုံးပါလိမ့်မည်။”
မိမိအောင်မြင်မှုနှင့် စည်းစိမ်ဥစ္စာတို့အပေါ် မာန်မာန ထောင်လွှားတက်ကြွတော့မည်ဆိုလျှင် နွားချေးပုံထဲက
ထောင်လွှားသော ချေးပိုးထိုးကောင်ကြီးကို သတိရလိုက်ပါ။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
✿✿✿✿✿✿✿✿✿
တစ်ခါက နွားချေးပုံတစ်ပုံတွင်နေသော
ထို့ကြောင့် သူ့မိတ်ဆွေများကို ဖိတ်ပြီး နွားချေးပုံတွင် မြို့ရွာတည်ပြီး နေထိုင်ရန် စီစဉ်ပါသည်။
ရက်တော်တော်ကြာကြာ ကြိုးစားတည်ဆောက်လိုက်သောအခ
တည်ဆောက်နိုင်ခဲ့ကြပါသည်။ သူတို့၏
စွမ်းဆောင်နိုင်မှုကိုလည်း ဂုဏ်ယူမဆုံး ဖြစ်ကြသည်။
.
Credit. ; အသိတရားမှတ်စု
.
ထို့ကြောင့် ပထမဆုံး စိတ်ကူးကောင်းရသော
ချေးပိုးထိုးကောင်ကို ဘုရင်အဖြစ် တင်မြှောက်ရန်
ဆုံးဖြတ်ကြသည်။ တင်မြှောက်လိုက်သော ဘုရင်အသစ်စက်စက်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် နွားချေးပုံ မြို့ထဲတွင်
ထည်ဝါစွာ စီတန်းပြီး ဂုဏ်ပြုသည့် အထိမ်းအမှတ်ပြုကြသည်။
ချေးပိုးထိုးကောင် ဘုရင်အား ဂုဏ်ပြုပွဲ စည်ကားစွာ
ကျင်းပနေစဉ် နွားချေးပုံနားသို့ ဆင်တစ်ကောင်
ဖြတ်သွားပါသည်။ နွားချေးပုံနား အရောက်တွင်
ခြေထောက်ကို ချေးပေမည်စိုးသဖြင့် နွားချေးပုံကို ရှောင်ပြီး ခြေချသွားပါသည်။
ထိုအမူအရာကို မြင်သော နွားချေးပိုးဘုရင်က ဒေါသတကြီး
“ဟေ့ .. သတ္တဝါကောင်ကြီး၊ ငါဘုရင်မင်းမြတ်ကို
မင်းဘာကြောင့် အရိုအသေမပေးတာလဲ ၊ မင်းရဲ့
ခြေထောက်ကို ငါဘုရင်မင်းမြတ်၏ ခေါင်းပေါ်က
ကျော်သွားတာ သိပ်ရိုင်းတယ်ဆိုတာ မင်းမသိဘူးလား၊
အခု ချက်ချင်း တောင်းပန်ရင်တောင်းပန်၊ မတောင်းပန်ရင်
မင်းကို အပြစ်ပေးရလိမ့်မယ်” ဟု လှမ်းအော်ပြောပါသည်။
ထိုအခါ ဆင်ကြီးက အောက်သို့ကြည့်ပြီး
“ကျက်သရေကြီးလှပါတဲ့ နွားချေးပုံထဲက ချေးပိုးထိုးဘုရင်မင်းမြတ်ြ
ခွင့်လွှတ်သနားပါရန် တောင်းပန်ပါတယ် ခင်ဗျား” ဟု
ပြောပြောဆိုဆို နဲ့ နွားချေးပုံပေါ် ဒူးထောက်ချလိုက်ပြီး
ဘုရင်ကြီးရယ်၊ တစ်မြို့လုံးရယ်၊ မြို့သူမြို့သားတွေ
အားလုံးကို ချေမွလိုက်ပါတော့သတည်း။
.
.
တချို့လူများသည် သူတို့၏ အခြေအနေမှန်၊ နေရာမှန်ကို
မစဉ်းစားဘဲ အခြားလူများထက် သာလွန်သည်ဟု
ထင်နေတတ်ကြပါသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အလွန်အထင်ကြီးတတ်ကြပါသည်။ ဘဝင်မြင့်တတ်ကြပါသည်။ ထိုဘဝင်မြင့်မှုသည် လွန်စွာ အန္တရာယ်ကြီးလှပါသည်။
အဘယ်ကြောင့်ဆိုသော်
“မကျရှုံးမီ၏ ရှေ့တွင် မာန်မာနသည် အရင် ဖြစ်ပေါ်တတ်ပါသည်”။
"မာန်မာန ဖြစ်ပေါ်နေပြီး မကြာမီပင်တွင် ကျရှုံးပါလိမ့်မည်။”
မိမိအောင်မြင်မှုနှင့် စည်းစိမ်ဥစ္စာတို့အပေါ် မာန်မာန ထောင်လွှားတက်ကြွတော့မည်ဆိုလ
ထောင်လွှားသော ချေးပိုးထိုးကောင်ကြီးကို သတိရလိုက်ပါ။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။