အလက်ဇန္ဒားဘုရင် နဲ့ ဒိုင်အော့ဂျီးနီးစ်
========================
ဘာသာပြန်သူ - နိုင်းနိုင်းစနေ
တစ်နေ့မှာ ရှေးဂရိဒဿနိကပညာရှင် ဒိုင်အော့ဂျီးနီးစ် ဟာ နေပူဆာလုံနေခဲ့တယ်။
အလက်ဇန္ဒားဘုရင်က ဒိုင်အော့ဂျီးနီးစ်ကို တွေ့တော့
“ဒိုင်အော့ဂျီးနီးစ်… မင်းလိုချင်တဲ့ ဘာဆုလာဘ်မျိုးမဆို ငါ့ဆီကတောင်းယူနိုင်တယ်”လို့  ပြောခဲ့တယ်။
ဒိုင်အော့ဂျီးနီးစ် က ပျင်းကြောတစ်ချက်ဆန့်ပြီး “ဘေးရွေ့ရပ်ပေးပါ။ ကျွန်တော်မျိုးရဲ့နေရောင်ခြ ည်ကို ကွယ်မထားတာဟာ ကျွန်တော်မျိုးကို အကောင်းဆုံးဆုလာဘ်ချီးမြှင့် တာပါပဲ”လို့ ပြန်ပြောလိုက်တယ်။
တစ်ခါတုန်းကလည်း အလက်ဇန္ဒားဘုရင်ဟာ Macedon ဘုရင်ကို သွားရောက်ခစားတွေ့ဆုံပါလို့ Diogenesကို စကားပါးလိုက်တယ်။
ဒါကို ဒိုင်အော့ဂျီးနီးစ် က “Macedon ဘုရင်က ကျွန်တော်မျိုးနဲ့တွေ့ဆုံရင်းနှီးလိုရင် ကျွန်တော်မျိုးဆီ လာတွေ့နိုင်ပါတယ်။ အေသင်မြို့ကနေ Macedonမြို့ဆီသွားတဲ့ခရီးလ မ်းနဲ့ Macedonမြို့ကနေ အေသင်မြို့ဆီလာတဲ့ခရီးလမ်းက အတူတူပဲလို့ ကျွန်တော်မျိုးထင်လို့ပါ” လို့ ပြန်ပြောလိုက်တယ်။
အလက်ဇန္ဒားဘုရင်ဟာ ဒိုင်အော့ဂျီးနီးစ် နဲ့နောက်တစ်ကြိမ်တွေ့ချိန်မှာ
“မင်း ငါ့ကိုကြောက်သလား”လို့ မေးခဲ့တယ်။
ဒိုင်အော့ဂျီးနီးစ် က “အရှင်က ဘာလဲ၊ ကောင်းတဲ့သူလား မကောင်းတဲ့သူ”လားလို့ ပြန်မေးလိုက်တယ်။
“ကောင်းတဲ့သူပေါ့”လို့ ဘုရင်က အားရပါးရဖြေတယ်။
“ဘယ်သူက ကောင်းတဲ့သူကို ကြောက်ရမှာလဲ”လို့ ဒိုင်အော့ဂျီးနီးစ် က ပြန်ဖြေတယ်။
အလက်ဇန္ဒားဘုရင် ဘာပြန်ပြောရမှန်းမသိဖြစ်ခဲ့ တယ်။
နိုင်ငံနဲ့ လူမျိုးတော်တော်များများကို သိမ်းပိုက်အောင်နိုင်ခဲ့တဲ့ အလက်ဇန္ဒားဘုရင်ဟာ ဒိုင်အော့ဂျီးနီးစ် ကို မအောင်နိုင်ခဲ့ပါဘူး။
“ငါသာ ဘုရင်မဟုတ်ခဲ့ရင် ငါ ဒိုင်အော့ဂျီးနီးစ် လုပ်မယ်”လို့ ဘုရင်က သက်ပြင်းချဆိုခဲ့ပါတယ်။
လောကကြီးမှာ အရာရာကို သိမ်းပိုက်အောင်ယူနိုင်ပါတယ်။
ဒါပေမယ့် ပညာရှိတို့ရဲ့စိတ်စွမ်းအား (စိတ်အသိဉာဏ်)ကိုတော့
မသိမ်းပိုက်နိုင်ကြပါဘူး။ ဒီသဘောတရားကို မြင့်မြတ်သူအပါအဝင်
လူတော်တော်များများက နောက်ဆုံးခေါင်းနဲ့ နံရံတိုက်တဲ့အခြေအနေရောက်မှ သဘောပေါက်တတ်ကြပါတယ်။
နိုင်းနိုင်းစနေ
#သုတဇုန်
========================
ဘာသာပြန်သူ - နိုင်းနိုင်းစနေ
တစ်နေ့မှာ ရှေးဂရိဒဿနိကပညာရှင် ဒိုင်အော့ဂျီးနီးစ် ဟာ နေပူဆာလုံနေခဲ့တယ်။
အလက်ဇန္ဒားဘုရင်က ဒိုင်အော့ဂျီးနီးစ်ကို တွေ့တော့
“ဒိုင်အော့ဂျီးနီးစ်… မင်းလိုချင်တဲ့ ဘာဆုလာဘ်မျိုးမဆို ငါ့ဆီကတောင်းယူနိုင်တယ်”လို
ဒိုင်အော့ဂျီးနီးစ် က ပျင်းကြောတစ်ချက်ဆန့်ပြီး “ဘေးရွေ့ရပ်ပေးပါ။ ကျွန်တော်မျိုးရဲ့နေရောင်ခြ
တစ်ခါတုန်းကလည်း အလက်ဇန္ဒားဘုရင်ဟာ Macedon ဘုရင်ကို သွားရောက်ခစားတွေ့ဆုံပါလို့
ဒါကို ဒိုင်အော့ဂျီးနီးစ် က “Macedon ဘုရင်က ကျွန်တော်မျိုးနဲ့တွေ့ဆုံရင
အလက်ဇန္ဒားဘုရင်ဟာ ဒိုင်အော့ဂျီးနီးစ် နဲ့နောက်တစ်ကြိမ်တွေ့ချိန်မ
“မင်း ငါ့ကိုကြောက်သလား”လို့ မေးခဲ့တယ်။
ဒိုင်အော့ဂျီးနီးစ် က “အရှင်က ဘာလဲ၊ ကောင်းတဲ့သူလား မကောင်းတဲ့သူ”လားလို့ ပြန်မေးလိုက်တယ်။
“ကောင်းတဲ့သူပေါ့”လို့ ဘုရင်က အားရပါးရဖြေတယ်။
“ဘယ်သူက ကောင်းတဲ့သူကို ကြောက်ရမှာလဲ”လို့ ဒိုင်အော့ဂျီးနီးစ် က ပြန်ဖြေတယ်။
အလက်ဇန္ဒားဘုရင် ဘာပြန်ပြောရမှန်းမသိဖြစ်ခဲ့
နိုင်ငံနဲ့ လူမျိုးတော်တော်များများကို
“ငါသာ ဘုရင်မဟုတ်ခဲ့ရင် ငါ ဒိုင်အော့ဂျီးနီးစ် လုပ်မယ်”လို့ ဘုရင်က သက်ပြင်းချဆိုခဲ့ပါတယ်။
လောကကြီးမှာ အရာရာကို သိမ်းပိုက်အောင်ယူနိုင်ပါတယ
နိုင်းနိုင်းစနေ
#သုတဇုန်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။