Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 28, 2016

တေးသံရှင်ပိုပို၏ ငယ်ဘ၀ ဖြတ်သန်းရာ

တေးသံရှင်ပိုပို၏ ငယ်ဘ၀ ဖြတ်သန်းရာ

ယခုတစ်ပတ်အတွက် အနုပညာရှင်ရဲ့ ငယ်ဘ၀ အမှတ်တရကဏ္ဍမှာတော့ တေးသံရှင်ပိုပိုရဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။

ငယ်စဉ်ကတည်းက ဂီတကို ၀ါသနာပါခဲ့ပြီး၊ Underground လောကမှာ ခြောက်နှစ်ကျော်လောက် တဆင့်ချင်း ကိုယ်တိုင်ကြိုးစား ဖြတ်သန်းခဲ့ပြီးမှ ‘တေး သံရှင် ပိုပို’ ဆိုပြီး ပရိသတ် အသိအမှတ်ပြုခြင်း ခံခဲ့ရတဲ့သူလည်း ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး တေးစီးရီးဖြစ်တဲ့ ‘ချစ်ဖူးခဲ့သမျှ’ တစ်ကိုယ်တော် စီးရီးမှာ ကတည်းက ပရိသတ်ရဲ့တခဲနက် အားပေးမှုကို ရရှိခဲ့တဲ့ ပိုပိုကို ၁၉၉၀ ခုနှစ်၊ မေ ၁၆ ရက်မှာ မွေးဖွားခဲ့တာပဲ ဖြစ်ပြီး၊ ရန်ကုန် ဇာတိ ဖြစ်တယ်လို့ သိရပါတယ်။

ဖခင်ဖြစ်သူ ဦးအောင်ကျော်ဝင်းနဲ့ မိခင်ဖြစ်သူ ဒေါ်အေးအေးသိန်းတို့ရဲ့ တစ်ဦးတည်းသော သမီးလည်း ဖြစ်ပါတယ်။

‘‘ ပိုပို့ကို ရန်ကုန်၊ တောင်ဥက္ကလာပမြို့မှာ မွေးတာပါ။ ပိုပိုက ငယ်ငယ်ကတည်းက ယောက်ျားလေး နည်းနည်းဆန်တယ်။ ပိုပိုရဲ့ ငယ်ဘ၀မှာတော့ ကျောင်းအပ်တာကအစ အဘွားကပဲ အပ်ပေးတယ်။ ကိုယ့်မိဘနဲ့ နေရတယ်ဆိုတာမျိုး မရှိဘူး။ အဘွားနဲ့ပဲ နေခဲ့ရတယ်။ သူများကလေးတွေဆိုရင် ကျောင်းသွားကျောင်းပြန် အချိန်တွေဆို သူတို့မိဘတွေက လာကြိုကြတာမြင်ရင် ပိုပိုလည်း အဲဒီလိုမျိုးလေး ဖြစ်ချင်တယ်။ ဒါပေမဲ့ ပိုပိုကတော့ ကိုယ့်ဘာသာကိုယ်ပဲ ကျောင်းသွားရတယ်၊ ကျောင်းပြန်လည်း ကိုယ်တစ်ယောက်တည်းပဲ။လာကြိုမယ့်သူ ဆိုတာလည်း မရှိခဲ့ ဘူး။ ပိုပို့ရဲ့ ငယ်ဘ၀ကတော့ အဲဒီလိုမျိုး ဖြတ်သန်းခဲ့ရတာပေါ့’’ လို့ သူမရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုအကြောင်းကို ပြောပြခဲ့ပါတယ်။

သူမက တောင်ဥက္ကလာ အ-မ-က ၂၂၊ အ-လ-က (၆) နဲ့ အ-ထ-က ၄ ကျောင်းတို့မှာ တက်ရောက်ခဲ့တာပဲဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုတော့ ၂၀၀၆ ခုနှစ်မှာ အောင်မြင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

‘‘ ပိုပိုက တစ်ဦးတည်းသော သမီးလည်း ဖြစ်တော့ အပေါင်းအသင်းကို တအားခင်တတ်တယ်။ ပညာရေးမှာတော့ အရမ်းလည်း ညံ့တဲ့ထဲမှာ မပါသလို အရမ်းတော်တဲ့ ကျောင်းသူထဲမှာလည်း မပါဘူး။ မှတ်မှတ်ရရ ဆုဆိုလို့ လေးတန်းနှစ်တုန်းက တတိယဆုတစ်ဆုပဲ ရခဲ့ဖူးပါတယ်။ သုံး၊ လေးတန်း အရွယ်လောက်တုန်းက သူငယ်ချင်းတွေနဲ့ ဆော့ကြတော့ ပိုပိုက ‘ကျန်ကျောင်း’လုပ်တယ်၊ သူငယ်ချင်းတွေကလည်း ‘ပေါင်ချိန်’လုပ်တဲ့သူကလုပ်နဲ့ အဲဒီလိုမျိုး အချိန်တွေကို အခု အရမ်းသတိရတယ်’’လို့ သူမရဲ့ ကျောင်းသူဘ၀ ဖြတ်သန်းမှုကို ကြည်ကြည်နူးနူး ပြန်လည် ပြောပြခဲ့ပါတယ်။

အထက်တန်း ကျောင်းသူဘ၀ အမှတ်တရနဲ့ ပတ်သက်ပြီးတော့လည်း ‘‘ ၉ တန်း၊ ၁၀ တန်း နှစ်တွေတုန်းကတော့ ကျူရှင်အချိန်တွေ မတိုင်ခင်ဆိုရင် သူငယ်ချင်းတွေနဲ့ ကာရာအိုကေဆိုင် သွားကြတယ်။သီချင်းဆိုတာတော့ ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ရပ်ကွက်ထဲမှာ သီချင်းဆိုပြိုင်ပွဲတွေ ရှိရင်လည်း ဆိုလိုက်တာပဲ။ပိုပို ၈ တန်းနှစ်မှာကတည်းက အဖေက ဆုံးသွားတာ၊ ပိုပိုကို ဒါလုပ်ရမယ်၊ ဘယ်လိုလုပ်ပါ ပြောမယ့်သူ မရှိဘူး။ ပိုပိုဘာသာပဲ ကိုယ့်အသိနဲ့ကိုယ် ၁၀ တန်းကိုလည်း နှစ်ချင်းပေါက် အောင်မြင်အောင် ကြိုးစားခဲ့ရပါတယ်’’လို့ ပြောပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ပြီးချိန်မှာတော့ ဒဂုံတက္ကသိုလ်မှာ Zoology မေဂျာအထူးပြု တက်ရောက်ခဲ့ပြီး၊ ပထမနှစ် တက်ရောက်ပြီးချိန်မှာပဲ ဥပဒေဘာသာရပ် အထူးပြု အဝေးသင်ကို ပြောင်းလဲ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

‘‘ပထမနှစ်မှာ Day တက်တော့ ပျော်တယ်။ ဒါပေမဲ့ အဘွားရဲ့ ကျန်းမာရေး အခြေအနေကြောင့် အဘွားကို ပြုစုဖို့အတွက်ရော၊ ပိုပိုဝါသနာပါတဲ့ သီချင်းတွေ လုပ်နိုင်ဖို့ အချိန်ပို ရဖို့အတွက်ရော အဝေးသင် ပြောင်းတက်ခဲ့တယ်။ Zoology ထက်စာရင် Law တက်တာ ပိုကောင်းမယ်ထင်လို့ Law နဲ့ အဝေးသင် တက်ခဲ့တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တတိယနှစ်လောက်ရောက်တော့ ပိုပို ကျောင်းနားလိုက်ပါတယ်’’ လို့ သူမက ပွင့်လင်းစွာ ပြောပါတယ်။

ကျောင်းသူဘ၀မှာကတည်းက သူမ ၀ါသနာပါတဲ့ ဂီတအလုပ်တွေကိုလည်း လုပ်ဆောင်နေခဲ့ပါတယ်။ ဂီတာတီးသင်၊ ပရဟိတ ရှိုးပွဲတွေမှာလည်း သီချင်းဆို၊ သူမကိုယ်တိုင် ရေးထား၊ ဆိုထားတဲ့ သီချင်းတွေကို လူအများသိရှိလာဖို့အတွက် အွန်လိုင်းမှာ သီချင်းတင်လို့ရတဲ့ Website တွေမှာလည်း သူမဆိုထားတဲ့ သီချင်းတွေကိုတင်ပြီး ပရိသတ်တွေ သတိပြုမိစေဖို့ အချိန်ယူ ကြိုးစားခဲ့ပါတယ်။

‘‘အဲဒီတုန်းက Underground မှာ ပိုပို ခြောက်နှစ်ကျော်လောက် ကြိုးစားခဲ့ရတယ်။ တချို့ပိုက်ဆံမရတဲ့ နယ်ရှိုးတွေမှာ ဆိုရင်လည်း ၀င်ဆိုခဲ့တာမျိုး ရှိပါတယ်။ အဲဒီလို ဖြတ်သန်းပြီးမှ ပိုပို့ရဲ့ ပထမဆုံး တစ်ကိုယ်တော်ခွေ ထွက်နိုင်ခဲ့တာပါ’’လို့ သူမရဲ့ဂီတလောက ဖြတ်သန်းမှု အကြောင်းကို ပြောပြပါတယ်။
လက်ရှိမှာတော့ သူမရဲ့တစ်ကိုယ်တော် စီးရီးအနေနဲ့ ‘ချစ်ဖူးခဲ့သမျှ’ နဲ့ ‘အလွမ်းသီချင်းမကြိုက်တဲ့ ရေဒီယို’ စီးရီးခွေနှစ်ခွေ ထွက်ရှိထားပြီး၊ Show ပွဲများမှာလည်း ပါဝင် သီဆို ဖျော်ဖြေလျက် ရှိပါတယ်။ ဂီတအလုပ်တွေအပြင် သရုပ်ဆောင်အလုပ်ကိုပါ လုပ်ဆောင်လာပြီဖြစ်တဲ့ ပိုပိုက ပထမဆုံး ဇာတ်ကားအနေနဲ့ ‘ကြောက်ကြောက်ကြောက်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

‘‘ပိုပိုက သရုပ်ဆောင်ရတာလည်း ၀ါသနာပါ ပါတယ်။ ဒါပေမဲ့ ပိုပိုရဲ့ အဓိက အလုပ်ကတော့ အဆိုပိုင်း ဖြစ်တဲ့အတွက် အဲဒါကိုတော့ ဦးစားပေးပြီး လုပ်ဖြစ်ပါတယ်။အခုလောလောဆယ် ကြေငြာတွေရိုက်ဖို့ လက်ခံထားတာလည်း ရှိပါတယ်’’လို့ သူမက ဆိုပါတယ်။ လတ်တလောမှာတော့ သူမရဲ့ ဒုတိယမြောက် စီးရီး VCD ရိုက်ကူးနေသလို၊ တတိယအခွေ အတွက်လည်း စီစဉ်နေပါတယ်ဆိုတာ ပြောကြားရင်း ခေတ္တရပ်နားလိုက်ပါတယ်။
Writer:
သဲသီရိကျော်
Eleven Media Group

<ပိုပို..သီချင်းများစုစည်းမှု>

၁.Rock & Roll Radio
http://pc.cd/rJQctalK
၂.ကျွန်မချစ်သူ
http://pc.cd/bzQctalK
၃.သူမအတွက်
http://pc.cd/IpQctalK
၎.မေ့ပစ်လိုက်ပြီ
http://pc.cd/RpQctalK
၅.ဒုက္ခ
http://pc.cd/upQctalK
၆.မချစ်ရင်
http://pc.cd/1FQctalK
၇.အလွမ်းသီချင်း
http://pc.cd/fHQctalK
၈.သိပ်နောက်မကျသေးခင်
http://pc.cd/hHQctalK
၉.ပလက်စတစ်အသည်းမှမဟုတ်တာ
http://pc.cd/iFQctalK
၁၀.ငါမင်းကိုအခုကွာရှင်းမယ်
http://pc.cd/xpQctalK
၁၁.ဝေးမယ်ဆိုတာသိရက်နဲ့
http://pc.cd/oFQctalK
၁၂.ငါ့ဘဝနဲ့ငါ
http://pc.cd/BpQctalK
၁၃.အချစ်ပုံပြင်
http://pc.cd/YFQctalK
၁၄.ရွှေရောင်အနာဂတ်
http://pc.cd/oJQctalK
၁၅.ပြန်လာခွင့်ရှိတယ်
http://pc.cd/RI0rtalK
၁၆.First Love
http://pc.cd/IFQctalK
၁၇.အရင်လိုပါပဲ
http://pc.cd/DHQctalK
၁၈.မင်းကိုသတ်ပစ်လိုက်ချင်တယ်
http://pc.cd/wHQctalK
၁၉.ချစ်ဖူးခဲ့သမျှ
http://pc.cd/wpQctalK
၂၀.မိုးညများနဲ့အတူ
http://pc.cd/JzQctalK
၂၁.အလွမ်းနယ်မြေ
http://pc.cd/0FQctalK
၂၂.အတ္တ
http://pc.cd/5FQctalK
၂၃.ဘာမှမလိုဘူး
http://pc.cd/9pQctalK
၂၄.မိဘမဲ့
http://pc.cd/6FQctalK
၂၅.ဘုရားပေးတဲ့ဆုလဒ်
http://pc.cd/UJQctalK
၂၆.လက်ထပ်ပွဲ
http://pc.cd/cpQctalK
၂၇.သတိရရင်
http://pc.cd/MpQctalK
၂၈.မေတ္တာအလင်းရောင်
http://pc.cd/szQctalK
၂၉.သင်္ကြန်ဆုတောင်း
http://pc.cd/7FQctalK
၃၀.ဒါသင်္ကြန်
http://pc.cd/6HQctalK
၃၁.သင်္ကြန်နေ့တွေရောက်ရင်
http://pc.cd/pFQctalK
၃၂.အိမ်ပြန်လက်ဆောင်
http://pc.cd/3pQctalK
၃၃.ပိတောက်တွေဝေတဲ့သင်္ကြန်
http://pc.cd/IHQctalK
၃၄.သင်္ကြန်ဆုတောင်း<Special Track>
http://pc.cd/dFQctalK
၃၅.ငါမုန်းမရ
http://pc.cd/WpQctalK
၃၆.စဉ်းစားတိုင်းကြေကွဲ
http://pc.cd/GJQctalK

ပိုပို Song Collection

ပထမအချစ်-http://www.mediafire.com/?184ekt26p7tzp54

မင်းအနား-http://www.mediafire.com/?3f1mrrdk8937bp8

မတူညီခြင်း-http://www.mediafire.com/?uv50oc42j83qgax

ငါ့ဘ၀နဲ့ငါ-http://www.mediafire.com/?yo8cvvdzjpzqszv

မိဘမဲ့-http://www.mediafire.com/?g07yahmi8w59hag

ပန်းသီးပုံပြင်-http://www.mediafire.com/?vzhb8zvl1cpvpkp

ဝေးမယ်ဆိုတာသိရက်နဲ့-http://www.mediafire.com/?la64yakwyudh9qa#2

သင်္ကြန်မှာလာပျော်စမ်းပါ(ယူ)-http://www.mediafire.com/?49umcef11ie4r24

သင်္ကြန်ဗြွတ်-http://www.mediafire.com/?50ar7j7rso44r3r

ချစ်ဖူးခဲ့သမျှ-http://www.mediafire.com/?1347n60i4n27lcv

နားခိုရာတခု-http://www.mediafire.com/?zd1kkilenas66kn#2

သရေပွဲ-http://www.mediafire.com/?ol7yffz7t829043

သရေပွဲ(New Version)-http://www.mediafire.com/?acudzbk07kl53a5

သတိရရင်-http://www.mediafire.com/?gp419re9p3669u1

Breaking Heart-http://www.mediafire.com/?52j6420177slz1r

ဘာဆက်လုပ်ရမလဲ-http://www.mediafire.com/?hi0q8a489ashipn

မေတ္တာအလင်းရောင်-http://www.mediafire.com/?e7jsvs236be8cq6

မင်းကိုသတ်ပစ်လိုက်ချင်တယ် (ဝေးမယ်ဆိုတာသိရက်နဲ့ ၂)-http://www.mediafire.com/?oqqeu2fmcroauwm

Love You Love Me-http://www.mediafire.com/?dd72255ja5bajh3

ပိတောက်တွေဝေတဲသင်္ကြန်-http://www.mediafire.com/?lyag8meohycak4a

Pcloud link (၁၆ ပုဒ်ပါသည်)
https://my.pcloud.com/publink/show?code=eFyctalK

လင့်ခ်တွေကို သူများဆီကယူလာတာပါ
ခရက်ဒစ်ပေးပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။