Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 28, 2016

လင်းနို့


သိမှတ်ဖွယ်ရာ ဗဟုသုတရွာ added 4 new photos.

လင်းနို့
✿✿✿✿
လင်းနို့သည် ပျံသန်းနိုင်သော နို့တိုက်သတ္တဝါဖြစ်သည်။
Chiroptera ဟုခေါ်သည်။ လင်းနို့၏ရှေ့လက်များသည် ပင့်ကူအိမ်ကွန်ယက် သဖွယ်ဖြာထွက်ပြီး တောင်ပံများ
အဖြစ်ရှိနေစေသည်။

လင်းနို့သည် ကောင်းကင်တွင် သိသိသာသာ ပျံသန်း
နိုင်စွမ်းရှိသော တစ်မျိုးတည်းသော နို့တိုက်သတ္တဝါဖြစ်သည်။ ရှဉ့်ပျံကဲ့သို့သော အခြားနို့တိုက်သတ္တဝါများမှာ
လေထဲပျံသန်းနိုင်သည် ဆိုသော်လည်း အမှန်အားဖြင့်
အကွာအဝေး အနည်းငယ်သို့ လေဟုန်စီး
ဝဲပျံခြင်းသာ ဖြစ်သည်။

ငှက်များနှင့်မတူသည်မှာ လင်းနို့သည် ရှေ့လက်များကို
တောင်ပံမခတ်နိုင်ပဲ ရှည်လျားပြီး အရေပြားဖုံးအုပ်နေသည့် လက်ချောင်းလေးများကိုသာ တောင်ပံအဖြစ်
ခတ်ခြင်းဖြစ်သည်။
Chiroptera ဟူသည် heir (χείρ) "hand"နှင့်
pteron (πτερόν) "wing" ဟူသော ဂရိစကားလုံး
(၂) လုံးကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် လင်းနို့အမျိုးပေါင်း (၁၁၀၀) ကျော်
ရှိသည့်အနက် (၂၀%) ခန့်ကိုသာ နို့တိုက်သတ္တဝါအဖြစ် ခွဲခြားသတ်မှတ်နိုင်သေးသည်။ (၇၀%) သောလင်းနို့မျိုး
များမှာ အင်ဆက်စားသတ္တဝါများဖြစ်သည်။
ကျန်လင်းနို့မျိုးများမှာ သစ်သီးစားသတ္တဝါများဖြစ်ကြသည်။
လင်းနို့များသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့စွာ ရှိနေကြပြီး
ဝတ်မှုန်ကူးခြင်းနှင့် သစ်စေ့များပျံ့နှံ့ခြင်းတို့ကို ဖြစ်စေပါသည်။
များစွာသော အပူပိုင်းဒေသအပင်များများမှာ သစ်စေ့များ
ပျံ့နှံ့မှုအတွက် လင်းနို့များပေါ်တွင် လုံးလုံးလျားလျား
တည်မှီနေကြရသည်။
အရွယ်အစားအားဖြင့် အလျား
၂၉–၃၃ မီလီမီတာ (၁.၁၄–၁.၃ လက်မ) ခန့်နှင့်
အလေးချိန် ၂ ဂရမ် (၀.၀၇ အောင်စ) ခန့်သာရှိသော
Kitti's Hog-nosed Bat လင်းနို့မျိုးများမှသည်
တောင်ပံဖြန့်လိုက်လျှင် 1.5 m (4 ft 11 in) နှင့် အလေးချိန်
1.2 kg (3 lb) အထိရှိသော Giant Golden-crowned
Flying-fox များအထိ အရွယ်စုံရှိသည်။
.
ကိုးကား
Eick et al. (2005). "A Nuclear DNA Phylogenetic Perspective on the Evolution of Echolocation and Historical Biogeography of Extant Bats (Chiroptera)". Molecular Biology and Evolution 22 (9): 1869. doi:10.1093/molbev/msi180. PMID 15930153. “Several molecular studies have shown that Chiroptera belong to the Laurasiatheria (represented by carnivores, pangolins, cetartiodactyls, eulipotyphlans, and perissodactyls) and are only distantly related to dermopterans, scandentians, and primates (Nikaido et al. 2000; Lin and Penny 2001; Madsen et al. 2001; Murphy et al. 2001a, 2001b; Van Den Bussche and Hoofer 2004).”
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
.
ကမ္ဘာပေါ်ရှိ အလွန်အေးသော အရပ်ဒေသများမှတစ်ပါး
ကျန်ဒေသများ၌ လင်းနို့မျိုးပေါင်း ၃ဝဝ ခန့်ကို အနှံ့အပြား
တွေ့ရှိရသည်။ တောတွင်းကျသော အရပ်များ၌သာ
မဟုတ်ဘဲ မြို့ထဲ၊ ရွာထဲနှင့် ခြံဥယျာဉ်များ ထဲ၌လည်း
လင်းနို့များကို တွေ့ရှိရသည်။
လင်းနို့များသည် အကောင်ငယ် မျိုးပင်ဖြစ်သော်လည်း
မလေးရှားနိုင်ငံတွင် တွေ့ရှိရသော လင်းနို့ကောင်ကြီး များမှာ အတောင်ကိုဖြန့်၍ အစွန်းနှစ်ဖက်ကြားကို တိုင်းထွာကြည့်လျှင်
တစ် ခါတစ်ရံ ငါးပေမျှရှိလေသည်။
မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဒေသတွင်ရှိသော
တိုင်းပြည်များ၌လည်း လင်းနို့များကို တွေ့ရှိရသည်။
လင်းဆွဲများသည် ခြံ ဥယျာဉ်များတွင် လူတို့စိုက်ပျိုးထားသော သစ်သီးဝလံတို့ကို ညဉ့်အချိန်၌ လှည့်လည်ကာ စားသောက်ဖျက်ဆီးတတ်ကြသည်။
လင်းနို့များမှာမူ ပိုးမွှား များကိုသာ စားလေ့ရှိသဖြင့် လူ၏ မိတ်ဆွေကောင်းများ ဖြစ်ကြသည်။ လင်းနို့များသည်
သစ်သီးဝလံပင်များနှင့် ကောက်ပဲသီးနှံပင်တို့ကို ကိုက် ဖြတ်ဖျက်ဆီးတတ်သော ဖလံကောင်များနှင့်
ချေးထိုးပိုးကောင်များကို ရှာဖွေ စားသောက်လေ့ရှိသဖြင့်
ဥယျာဉ်လယ်ယာ စိုက်စားသူတို့၏ ညဉ့်စောင့်များ
စင်စစ်ဖြစ်တော့သည်။
အမေရိကန်ပြည်ထောင်စုနိုင်ငံ အချို့သောအပိုင်းများနှင့် ဩစတြေးလျတိုက်တို့တွင် ပြည်သူ့ဘဏ္ဍာထဲမှ ငွေဖြင့်
လင်းနို့များအတွက် အိပ်တန်းများ သို့မဟုတ် ခိုအောင်းရာ အဆောက်အအုံများကို ဆောက်လုပ် ပေးထားကြသည်။
ထိုကဲ့သို့ လင်းနို့များမွေးထားသည့် ရပ်ကွက်များ၌ ခြင်
ကောင်များ ပျောက်ကွယ်လျက်ရှိသည်။ နေ့အချိန်တွင်
လင်းနို့များကို တွေ့ရခဲသည်။
တစ်နေ့လုံး ဂူများ၊ သစ်ခေါင်းများ၊ ချုံပိတ်ပေါင်းများ၊ စပါးကျီများ၊ ဘုရားရှိခိုးကျောင်း၊ မျှော် စင်များနှင့် အိမ်အိုများအတွင်း၌
ပုန်းအောင်းကာ အိပ်စက်နေတတ်ကြသည်။
အအိပ်စုံမက်သော သတ္တဝါများဖြစ်ရာ နွေအခါ၌ပင်
၂၄ နာရီအနက် နာရီ ပေါင်း ၂ဝ ခန့် သူတို့၏
အိပ်တန်းကို စွန့်ခွာ၍ ထွက်ပျံလေ့မရှိကြချေ။
ဆောင်းရာသီသို့ရောက်လာလျှင် အပြင်သို့
အလျဉ်းမထွက်လာတော့ပေ။ လင်းနို့များသည်
ကြည့်ပျော်ရှုပျော်ရှိသော သတ္တဝါများဟု မဆို နိုင်ချေ။
နေ့အခါတွင် ထုတ်လျောက်စသည်တို့မှာ တွဲရရွဲချကာ
အလင်း ရောင်ကို မကြည့်နိုင်သကဲ့သို့ ပုတီးစေ့မျက်လုံးကို မှိတ်ချည်ဖွင့်ချည်ဖြင့် လင်းနို့များကို တွေ့ရလေ့ရှိသည်။
ထိုသို့ရှိနေစဉ် အတောင်နှစ်ဖက်ကို ရုပ် သိမ်းလျက်
ကိုယ်ရုံထည်သဖွယ် ခြုံထားကြသည်။ လင်းနို့၏အတောင်မှာ
ငှက်မွှေး၊ ငှက်တောင်ကဲ့သို့မဟုတ်ဘဲ သားရေကဲ့သို့ဖြစ်သည်။
အလွန်ရှည် လျားသော လက်နှစ်ဖက်နှင့်
ခြေထောက်နှစ်ချောင်းတို့သည် ထီးရွက်တွင်
ထီးကိုင်းများသဖွယ် တွယ်ကပ်နေသည့်နည်းတူ
အတောင်၌ ကပ်လျက်ရှိ သည်။ လင်းနို့တစ်ကောင် လက်ထဲ၌ဖမ်းထားမည်ဆိုလျှင် တစ်ကိုယ်လုံး
ဆတ်ဆတ်တုန်နေသည်ကို တွေ့ရမည်ဖြစ်၏။
ဤကဲ့သို့ တဆတ်ဆတ်တုန် နေရခြင်းမှာ လင်းနို့အတောင်တွင် အတွေ့အထိကို အလွန်သိလွယ်သော အာရုံကြောများရှိခြင်းကြောင့်ဖြစ်သည်။ လေကိုတိုးဝှေ့
ပျံသန်းနေစဉ် ရှေ့၌ တိုက်မိစရာ တစ်ခုခုရှိခဲ့သော်
အတောင်နှင့် နားရွက်တို့၌ရှိသော အာရုံကြော များအားဖြင့် လျင်မြန်စွာသိနိုင်သည့်အလျောက် ရှောင်ရှားကာ
ပျံသန်းနိုင်ကြ လေသည်။
သို့ဖြစ်၍ လင်းနို့များသည် ပျံလွှားငှက်များနည်းတူ ကွေ့ကွေ့ ကောက်ကောက်၊ ပတ်ကာ၊ လှည့်ကာ၊ စိုက်ကာဖြင့်
ပျံသန်းနိုင်စွမ်းရှိသည့် အပြင် တောကြီးမျက်မည်းထဲ၌ အလွန်မှောင်မိုက်သော ညဉ့်အချိန်၌ပင်လျှင် သစ်ပင်၊
သစ်ကိုင်း၊ သစ်ခက်၊ တစ်စုံတစ်ခုကိုမျှ မတိုက်မခိုက်မိဘဲ
အစာ ဖြစ်သော ပိုးကောင်မွှားကောင်တို့ကို လိုက်လံဖမ်းဆီးနိုင်ကြလေသည်။
ဤ ကဲ့သို့ မှောင်မိုက်နေသာအခါမျိုးတွင်
လင်းနို့များသည် မျက်စိဖြင့်မြင်နိုင် သည်ထက် အတောင်နှင့်
နားတို့၌ရှိသော အာရုံကြောများဖြင့် ဘေးရန်မထိ အောင် ပျံသန်းနိုင်ကြလေသည်။ လင်းနို့များသည် မျက်နှာပြင်
အပြန့်မှထ၍ မပျံသန်းနိုင်ကြသဖြင့် မြေပြင်ပေါ်သို့ သက်ဆင်းလေ့မရှိကြချေ။
မြေပြင်ပေါ် သို့ မတော်တဆကျမိလျှင် အလွန်ခဲခဲယဉ်းယဉ်းဖြင့် တွားသွားရလေသည်။ အမြင့်သို့ အနည်းငယ်တက်ပြီးမှ
လိုရာသို့ထ၍ ပျံသန်းနိုင်ကြသည်။ အိပ်တန်း
တစ်ခုတည်းတွင် လင်းနို့ပေါင်းများစွာစု၍ အိပ်လေ့ရှိ သည်။
မှောင်စပျိုး၍ မှောင်ရိပ်လွှမ်းလာချိန်ရောက်မှ
ပျားအုပ်ကြီးသဖွယ် အပြင်သို့ အုပ်လိုက်ချီ၍
ပျံထွက်လေ့ရှိကြသည်။ လင်းနို့များသည် ပေါက်
ပွားလာသော သားငယ်များအတွက် အသိုက်ဖွဲ့
ပေးလေ့မရှိကြ။
လင်းနို့မတို့ သည် သူတို့၏သားငယ်များကို
အတောင်ဖြင့်ပိုက်ထွေးကာ ရင်နို့ကို တိုက် ကျွေးလျက် မွေးမြူထားကြလေသည်။ သားငယ်သည် မိခင်၏
ကိုယ်တွင် ခြေ လက်မြဲမြံစွာ တွယ်ကပ်နိုင်စွမ်းရှိလာ
သည့်အခါ မိခင်သည် သားငယ်နှင့် အတူ ညဉ့်အချိန်၌ အစာရှာထွက်လေ့ရှိသည်။ ရံဖန်ရံခါ မိခင်သည်
သားငယ်တို့ကို သစ်ပင်များတွင် သစ်ရွက်မျာအကြား၌
ဖုံးကွယ်၍ ထားခဲ့ တတ်ကြသည်။
ဤနည်းအားဖြင့် လင်းနို့ငယ်တို့သည် တစ်စတစ်စနှင့်
အပြင်သို့ထွက်၍ အပျံသင်ကြလေသည်။ လူတို့သည်
များသောအားဖြင့် လင်းနို့များကို မုန်းတီးရွံရှာတတ် ကြရာ
လင်းနို့ကိုမြင်လျှင် သတ်ပစ်ချင်ကြသည်။ လင်းနို့၏
ပုံပန်းသဏ္ဌာန် မှာ အမြင်ရဆန်းသလောက်
နေထိုင်ပုံကလည်း အခြားတိရစ္ဆာန်တို့နှင့်မတူ၊
စောက်ထိုးပြောင်းပြန် ခြေဖြင့်ချိတ်၍ တွဲလွဲဆွဲကာ
နေလေ့ရှိကြသဖြင့် အထင်သေး အမြင်သေး ခံရကြလေသည်။
သို့ရာတွင် လင်းနို့များသည် သီးနှံဖျက်ပိုးမွှားတို့ကို စားသောက်ဖျက်ဆီးပစ်ရုံမျှမက လင်းနို့ချေးကိုလည်း
မြေဆီလွှာတွင် ဩဇာဖြည့်လောင်းရန်အတွက်
အသုံးချနိုင်သဖြင့် လူ၏ မိတ်ဆွေကောင်းများဟု
ဆိုရချေမည်ဖြစ်သည်။
အမေရိကတိုက် အလယ်ပိုင်းဒေသနှင့် တောင်အမေရိက
တိုက်တို့ တွင် တွေ့ရှိရသော သွေးစုတ်လင်းဆွဲမျိုးအချို့မှာ
ကျွဲ၊ နွား၊ မြင်းစသော တိရစ္ဆာန်တို့၏ ကျောပေါ်တွင်နား၍ သွေးစုတ်လေ့ရှိကြရာ တစ်ခါတစ်ရံ သွေးစုတ်ခံရသော
တိရစ္ဆာန်တို့သည် သွေးအားနည်း၍ အသက်ပင် ဆုံးရ
တတ်သည်။
ထိုသွေးစုတ်လင်းဆွဲတို့သည် အိပ်ပျော်နေသော လူများ၏
သွေး ကိုပင် စုတ်ယူတတ်ကြသည်။ လင်းနို့များသည်
အလွန်ရှေးကျသော တိရစ္ဆာန်မျိုးထဲမှဖြစ်၍ လင်းနို့
အတောင်ကို သေချာစွာ စစ်ဆေးကြည့်ရှုလျှင်
အရိုးများ၏ အနေ အထားများမှာ လူ၏ လက်ချောင်းများ
အနေအထားနှင့် ခပ်ဆင်ဆင်တူ သည်ကိုတွေ့ရမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံတွင် လင်းနို့ ၁၂ မျိုးမျှရှိလေသည်။ လင်းနို့သည် ခိုင်ရော့ပတာရာဟူသော နို့တိုက်သတ္တဝါမျိုးစဉ်တွင်
ပါဝင်သည်။
━━━━━━━━━━━━━━━━━━━━
🗿🗿(#သိမှတ်​ဖွယ်​ရာ​_​ဗဟုသုတရွာ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။