ရည်မှန်းချက် (၃)ခု
-------------------
ဒုတိယတန်းတက်နေတဲ့ ကျွန်တော့်သားကို သူ့ရဲ့နောက်ဆုံးစာမေးပွဲအတွ က်
ဆရာမက ပုစ္ဆာတစ်ပုဒ်ပေးလိုက်တယ်။ ပုစ္ဆာက အဖေဖြစ်တဲ့ ကျွန်တော့်ကို သူက
အင်တာဗျုးဖို့ပါပဲ။ မေးခွန်း ၆ခု ပါပြီး မေးခွန်းတဝက်က ချရေးရမှာဖြစ်တယ်။
ကျွန်တော်ဘယ်မှာ အလုပ်လုပ်သလဲ။ ဘာတာဝန်ကို ယူရသလဲစတဲ့ မေးခွန်းတွေဖြစ်ပြီး
နံပါတ်(၅)မေးခွန်းက ကျွန်တော့်ရဲ့ရည်မှန်းချက်က ဘာလဲ အဲဒီရည်မှန်းချက်ကို ဘယ်လို အကောင်အထည်ဖော်သလဲ ပဲဖြစ်တယ်။
.
ကျွန်တော်က သားကို ကျွန်တော့် ရည်မှန်းချက်(၃)ခု ပြောပြပါတယ်။
“ဖေဖေ့ရဲ့ပထမ ရည်မှန်းချက်က စားဝင်ဖို့”
.
သားက တစ်ခုချင်းစီချရေးနေရာက ကျွန်တော့်ကို ခေါင်းထောင် ကြည့်တယ်။ နောက်နေတယ်အထင်နဲ့ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ ဒီပုစ္ဆာဟာ တစ်ခြားပုစ္ဆာတွေထက် အမှတ်၃ဆပိုတာကြောင့် ရမှတ်ကို သူ အလေးအနက်ထားပုံရတယ်။
.
“သားက ဗျူးတဲ့သူပဲ... အဗျူးခံရသူ ဘယ်လိုဖြေရင် ဘယ်လိုရေးပေါ့....မယုံရင် မမေးရုံပဲပေါ့ သား”
.
သားက မကျေမနပ်နဲ့ ကျွန်တော့်ရဲ့ပထမရည်မှန်းချ က် စားဝင်ဖို့ဆိုတာကို ချရေးလိုက်တယ်။
.
“ဖေဖေရဲ့ဒုတိယရည်မှန်းချက်က အိပ်ပျော်ဖို့”
.
“တခြား လူတွေကိုမေးရင် သူတို့ရဲ့ရည်မှန်းချက်က ပညာရှင်လုပ်မယ် ဒါမှမဟုတ် အရေးကြီးတဲ့ ကိစ္စတွေလုပ်မယ်။ ဖေဖေ့လို ရည်မှန်းချက်က ကလေးတစ်ယောက်တောင် ဖြေတတ်တယ်။ သားကို အမှတ်လျော့ဖို့ ဖေဖေ လုပ်နေတာလား”
.
မယုံရင် မမေးရုံပေါ့လို့ သားကို ကျွန်တော်ပြန်ပြောလိုက်တော့
မီးဖိုထဲမှာ ရှိနေတဲ့ သူ့အမေဆီ ငိုယိုပြီး ပြေးသွားပါတော့တယ်။ သူ့အမေကလည်း
ဗျူးသူက အဗျူးခံရသူကို ဒီလိုဖြေရမယ် ဟိုလိုမဖြေရဘူးလို့
မတောင်းဆိုရဘူးလို့ ပြောလိုက်မှ မျက်ရည်လေးသုတ်ပြီး
ကျွန်တော့်ရဲ့နောက်ဆုံးရည်မှန်းချက်ကို မျှော်လင့်ချက်မဲ့စွာမေးပြန်တယ်။
.
“ဖေဖေရဲ့တတိယရည်မှန်းချက်က ရယ်မောနိုင်ဖို့”
.
ကျွန်တော့်ရဲ့တတိယအဖြေကို ကြားတော့ သားဟာ စိတ်မထိန်းနိုင်တော့ဘဲ “တခြားမိဘတွေက သူတို့သားသမီးတွေကို ကူညီကြတယ်။ ဖေဖေက သားကိုချောက်ထဲ တွန်းပို့နေတယ်” လို့ပြောပါတယ်။
.
“ဖေဖေဖြေတာတွေကို သားရေးပြီးရင် “ဖေဖေ့အပေါ် ကျွန်တော်၏အမြင်”ဆိုပြီး စာစီစာကုံးတစ်ပုဒ် ထပ်ရေးလိုက်.. .ပြီးတော့ဖေဖေဖြေထားတဲ့ အဖြေနဲ့ တွဲတင်လိုက်... ဒါမှ သားဆရာမက သား လျှောက်ရေးထားတာမဟုတ်ဘူး... . ဒါဟာ ဖေဖေ့ရဲ့အကျင့်စရိုက်တွေပဲဆိုတာကို သိလိမ့်မယ်”
.
ကျွန်တော့်အပြောကို သားကလက်ခံပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ကျွန်တော့်အပေါ် သူ့ရဲ့အမြင်ကို စာပိုဒ်တောင်မခွဲဘဲ အမြန်ဆုံးချရေးလိုက်တယ်။
.
သူရေးထားတဲ့ စာက......
.
“အရေးကြီးတဲ့မေးခွန်းတွေ ဖေဖေ့ကို ကျွန်တော်မေးတိုင်း ဖေဖေဟာ ကျွန်တော့်ကိုလိမ်ခဲ့တယ်။ ကျွန်တော်က ဖေဖေ ဒါအရေးကြီးတဲ့ မေးခွန်းနော်လို့ပြောလည်း ဖေဖေက ကျွန်တော်ကို နောက်ပြောင်ပြီးဖြေခဲ့တယ်။ ဒီမေးခွန်းဟာ အမှတ်အမြင့်ဆုံးမေးခွန်းလို့ 
ပြောခဲ့ပေမယ့် ဖေဖေဟာ ဘာမဆို ပေါ့ပေါ့တန်တန်ပဲ ဖြေခဲ့တယ်။ ဖေဖေဟာ အလုပ်က
ပြန်လာတိုင်းလည်း ဖိနပ်မချွတ်ဘဲ တီဗွီကြည့်တယ်။ ကြည့်လိုက်တိုင်း နပမ်းကား၊
အသတ်အပုတ်ကားတွေနဲ့ ပျင်းဖို့ကောင်းတဲ့ အစီအစဉ်တွေပဲ ကြည့်တယ်။ ဒါပေမဲ့
ဖေဖေမှာ အဆိုးတွေများလည်း ကျွန်တော့်ကို တော်တော်ချစ်တယ်။ ကျွန်တော့်ဖေဖေက
ထူးဆန်းတယ်။ ခဏနေရင် ကျွန်တော့်ကို ဆူလိုက်.. ခဏနေရင် ကျွန်တော့်အပေါ်
ကောင်းလိုက်နဲ့။ ကျွန်တော်က သူ့သားဖြစ်နေလို့ ထင်ပါတယ်။ဖေဖေ မူမမှန်တာလား
မသိဘူး။ ဆရာမရော... ဘယ်လိုထင်သလဲ”
.
နှစ်ရက်ကြာတော့ ဆရာမ ဘာပြောလဲလို့ သားကို ကျွန်တော်မေးလိုက်တယ်။ သားက အားနာဟန်နဲ့.....
.
“ဆရာမက သားကိုခေါ်ပြီး ဖေဖေ့ကိုဗျူးထားတာတွေ အရမ်းကောင်းတယ်လို့ ပြောတယ်။ ကျွန်တော့်ကို (၉၈)မှတ်ပေးတယ်။ အတန်းထဲမှာ အမှတ်အမြင့်ဆုံးပဲ.. သားတို့ အတန်းထဲက စာရိတ္တမောင် ထက်တောင် မြင့်တယ်။ နောက်ကျွန်တော်ရေးထားကို ဆရာမက တစ်ခန်းလုံးကို ဖတ်ပြတယ်”
.
“ဘာကြောင့်လဲလို့ သားဆရာမက မပြောပြဘူးလား”
.
“ဆရာမက ပြောတယ်.. သူ့အမျိုးသားဟာ အခုတလော အလုပ်လုပ်ရတာ အဆင်မပြေဘူးတဲ့။ ညည အိပ်မပျော်တာ ရက်တော်တော်ကြာနေပြီတဲ့။ အစားလည်း နည်းတယ်တဲ့။ ဖေဖေ့ရဲ့ရည်မှန်းချက်တွေဟာ အရမ်းအဓိပ္ပာယ် ရှိတာပဲတဲ့”
.
“ဖေဖေ့ သားကို ချောက်မတွန်းဘူးဆိုတာ.. အခုတော့ သားသိပြီ မဟုတ်လား” သားက ခေါင်းညိတ်ပြတယ်။
.
ဒါပေမဲ့ ဆရာမက သူရေးထားတဲ့ “ဖေဖေ့အပေါ် ကျွန်တော်၏အမြင်” ဆိုတဲ့ စာကို စာစီစာကုံးပြိုင်ပွဲထဲ ထည့်ပြိုင်တော့ ဆုရလို့ သူအံသြနေခဲ့တယ်။ ဘာကြောင့်ဆုရသလဲ ဆိုတာကိုတော့ ဉာဏ်အသင့်အတင့်သာ ရှိသေးတဲ့သူ သဘောပေါက်ပုံမရခဲ့ဘူး။
.
လူ့ဘဝ လမ်းခရီးတလျှောက်မှာ ဒီရည်မှန်းချက် (၃)ခုကို အကောင်အထည်ဖော်ဖို့ သိပ်မလွယ်တဲ့အကြောင်း ကျွန်တော့်ထက်နောက်ကျပြီးမှ သားခံစားမိနိုင်ပါစေလို့ ကျွန်တော်မျှော်လင့်ပါတယ်။
.
------------
ဟိုး စာရေးစနှစ်တွေတုန်းက ဘာသာပြန်ဖြစ်ခဲ့တဲ့ စာလေးတစ်ပုဒ်ပါ။ ရှုံးနိမ့်သူတွေပေးတတ်တဲ့ဆင် ခြင်လို့ အများအမည်တပ်တဲ့ ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ဆို တာ
လောဘ၊ ဒေါသ၊ သောက၊ မောဟ၊ အတ္တတွေနည်းပြီး ကျန်းမာနေမှလေ...
.
#NineNineSaNay @ နိုင်းနိုင်းစနေ (Wednesday, January 31, 2007)
-------------------
ဒုတိယတန်းတက်နေတဲ့ ကျွန်တော့်သားကို သူ့ရဲ့နောက်ဆုံးစာမေးပွဲအတွ
.
ကျွန်တော်က သားကို ကျွန်တော့် ရည်မှန်းချက်(၃)ခု ပြောပြပါတယ်။
“ဖေဖေ့ရဲ့ပထမ ရည်မှန်းချက်က စားဝင်ဖို့”
.
သားက တစ်ခုချင်းစီချရေးနေရာက ကျွန်တော့်ကို ခေါင်းထောင် ကြည့်တယ်။ နောက်နေတယ်အထင်နဲ့ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ ဒီပုစ္ဆာဟာ တစ်ခြားပုစ္ဆာတွေထက် အမှတ်၃ဆပိုတာကြောင့် ရမှတ်ကို သူ အလေးအနက်ထားပုံရတယ်။
.
“သားက ဗျူးတဲ့သူပဲ... အဗျူးခံရသူ ဘယ်လိုဖြေရင် ဘယ်လိုရေးပေါ့....မယုံရင် မမေးရုံပဲပေါ့ သား”
.
သားက မကျေမနပ်နဲ့ ကျွန်တော့်ရဲ့ပထမရည်မှန်းချ
.
“ဖေဖေရဲ့ဒုတိယရည်မှန်းချက်က
.
“တခြား လူတွေကိုမေးရင် သူတို့ရဲ့ရည်မှန်းချက်က ပညာရှင်လုပ်မယ် ဒါမှမဟုတ် အရေးကြီးတဲ့ ကိစ္စတွေလုပ်မယ်။ ဖေဖေ့လို ရည်မှန်းချက်က ကလေးတစ်ယောက်တောင် ဖြေတတ်တယ်။ သားကို အမှတ်လျော့ဖို့ ဖေဖေ လုပ်နေတာလား”
.
မယုံရင် မမေးရုံပေါ့လို့ သားကို ကျွန်တော်ပြန်ပြောလိုက်တော့
.
“ဖေဖေရဲ့တတိယရည်မှန်းချက်က ရယ်မောနိုင်ဖို့”
.
ကျွန်တော့်ရဲ့တတိယအဖြေကို ကြားတော့ သားဟာ စိတ်မထိန်းနိုင်တော့ဘဲ “တခြားမိဘတွေက သူတို့သားသမီးတွေကို ကူညီကြတယ်။ ဖေဖေက သားကိုချောက်ထဲ တွန်းပို့နေတယ်” လို့ပြောပါတယ်။
.
“ဖေဖေဖြေတာတွေကို သားရေးပြီးရင် “ဖေဖေ့အပေါ် ကျွန်တော်၏အမြင်”ဆိုပြီး စာစီစာကုံးတစ်ပုဒ် ထပ်ရေးလိုက်.. .ပြီးတော့ဖေဖေဖြေထားတဲ့ အဖြေနဲ့ တွဲတင်လိုက်... ဒါမှ သားဆရာမက သား လျှောက်ရေးထားတာမဟုတ်ဘူး...
.
ကျွန်တော့်အပြောကို သားကလက်ခံပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ကျွန်တော့်အပေါ် သူ့ရဲ့အမြင်ကို စာပိုဒ်တောင်မခွဲဘဲ အမြန်ဆုံးချရေးလိုက်တယ်။
.
သူရေးထားတဲ့ စာက......
.
“အရေးကြီးတဲ့မေးခွန်းတွေ ဖေဖေ့ကို ကျွန်တော်မေးတိုင်း ဖေဖေဟာ ကျွန်တော့်ကိုလိမ်ခဲ့တယ်။ ကျွန်တော်က ဖေဖေ ဒါအရေးကြီးတဲ့ မေးခွန်းနော်လို့ပြောလည်း ဖေဖေက ကျွန်တော်ကို နောက်ပြောင်ပြီးဖြေခဲ့တယ်။ ဒီမေးခွန်းဟာ အမှတ်အမြင့်ဆုံးမေးခွန်းလို
.
နှစ်ရက်ကြာတော့ ဆရာမ ဘာပြောလဲလို့ သားကို ကျွန်တော်မေးလိုက်တယ်။ သားက အားနာဟန်နဲ့.....
.
“ဆရာမက သားကိုခေါ်ပြီး ဖေဖေ့ကိုဗျူးထားတာတွေ အရမ်းကောင်းတယ်လို့ ပြောတယ်။ ကျွန်တော့်ကို (၉၈)မှတ်ပေးတယ်။ အတန်းထဲမှာ အမှတ်အမြင့်ဆုံးပဲ.. သားတို့ အတန်းထဲက စာရိတ္တမောင် ထက်တောင် မြင့်တယ်။ နောက်ကျွန်တော်ရေးထားကို ဆရာမက တစ်ခန်းလုံးကို ဖတ်ပြတယ်”
.
“ဘာကြောင့်လဲလို့ သားဆရာမက မပြောပြဘူးလား”
.
“ဆရာမက ပြောတယ်.. သူ့အမျိုးသားဟာ အခုတလော အလုပ်လုပ်ရတာ အဆင်မပြေဘူးတဲ့။ ညည အိပ်မပျော်တာ ရက်တော်တော်ကြာနေပြီတဲ့။ အစားလည်း နည်းတယ်တဲ့။ ဖေဖေ့ရဲ့ရည်မှန်းချက်တွေဟာ အရမ်းအဓိပ္ပာယ် ရှိတာပဲတဲ့”
.
“ဖေဖေ့ သားကို ချောက်မတွန်းဘူးဆိုတာ.. အခုတော့ သားသိပြီ မဟုတ်လား” သားက ခေါင်းညိတ်ပြတယ်။
.
ဒါပေမဲ့ ဆရာမက သူရေးထားတဲ့ “ဖေဖေ့အပေါ် ကျွန်တော်၏အမြင်” ဆိုတဲ့ စာကို စာစီစာကုံးပြိုင်ပွဲထဲ ထည့်ပြိုင်တော့ ဆုရလို့ သူအံသြနေခဲ့တယ်။ ဘာကြောင့်ဆုရသလဲ ဆိုတာကိုတော့ ဉာဏ်အသင့်အတင့်သာ ရှိသေးတဲ့သူ သဘောပေါက်ပုံမရခဲ့ဘူး။
.
လူ့ဘဝ လမ်းခရီးတလျှောက်မှာ ဒီရည်မှန်းချက် (၃)ခုကို အကောင်အထည်ဖော်ဖို့ သိပ်မလွယ်တဲ့အကြောင်း ကျွန်တော့်ထက်နောက်ကျပြီးမှ
.
------------
ဟိုး စာရေးစနှစ်တွေတုန်းက ဘာသာပြန်ဖြစ်ခဲ့တဲ့ စာလေးတစ်ပုဒ်ပါ။ ရှုံးနိမ့်သူတွေပေးတတ်တဲ့ဆင်
လောဘ၊ ဒေါသ၊ သောက၊ မောဟ၊ အတ္တတွေနည်းပြီး ကျန်းမာနေမှလေ...
.
#NineNineSaNay @ နိုင်းနိုင်းစနေ (Wednesday, January 31, 2007)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။