ကလေးများကို ဆေးခန်းမပို့ရမယ့်နည်း။
=========================
ကျွန်မက အလွန်အလုပ်များတဲ့မိခင်တစ်ယောက်ပါ။
ခရီးတွေလည်းမကြာခဏသွားရတဲ့သူဖြစ်ပါတယ်။
မိန်းမပီပီသသ မီးဖိုချောင်မှာပဲအချိန်ကုန်ဖို့လည်းစိတ်မဝင်စားပါဘူး။
မိခင်ဖြစ်လာတဲ့အခါမှာတော့ ကလေးတယောက်နေမကောင်းစဖြစ်ရင်
နောက်တယောက်ပါချက်ချင်းလိုက်ဖြစ်တဲ့ဒဏ်ကို မခံနိုင်လို့
ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်းသည်
ဆိုတဲ့မိသားစုအစားအသောက်ပုံစံကိုပြောင်းဖို့
ကိုယ်တိုင် မီးဖိုချောင်စီမံခြင်းကို စတင်ခဲ့ပါတယ်။
အခုလိုရာသီအကူးအပြောင်းချိန်မှာ
မိတ်ဆွေအချို့ရဲ့သားသမီးလေးတွေ နေမကောင်းလို့
စိတ်ညစ်ရတဲ့အကြောင်း ဖေ့ဘုတ်မှာ တွေ့နေရတဲ့အခါ
သာမန်ရာသီဥတုအပြာင်းအလဲကြောင့် ကျွန်မတို့မိသားစု
တစ်ခါမှ ဆရာဝန်ဆီအလည်မသွားရတဲ့အကြောင်းလေးဝေငှပေးချင်မိပါတယ်။
နေမကောင်းဖြစ်မှ ဘာဆေးပေးရမလဲ တွေးမပူရစေဖို့
နေ့စဉ်စားနေတဲ့အစားအသောက်ကို ဂရုစိုက်ပါ။
၁။ကျွန်မတို့အိမ်မှာ အမဲသားနဲ့ဝက်သားကိုရှောင်ကျဉ်ပါတယ်။
၂။အချိုမှုန့်လုံးဝမစားပါဘူး။ မနေ့ကဟင်းအကျန်တွေလည်းမစားပါဘူး။တစ်ရက်စာတစ်ရက်ပုံမှန်ချက်ပါတယ်။
၃။ကလေးတွေကိုရောင်စုံဟင်းလို့ ကျွန်မနာမည်ပေးထားတဲ့
အသီးအရွက်အစုံပါအောင်နေ့တိုင်းဦးစားပေးပါတယ်။
၎။ဘယ်လောက်ပဲအလုပ်များပါစေ။ ကိုယ်တိုင်ဈေးဝယ်ပြီး
လတ်ဆတ်တဲ့ အရာများအတွက်အချိန်ပေးပါတယ်။
ခရီးသွားရင် အိမ်အကူအတွက် ရေခဲသေတ္တာထဲအပြည့်ဝယ်ထည့်ပေးခဲ့ပါတယ်။
၅။ မြန်မာဟင်းချက်ပေမယ့် ဆီကိုနည်းနည်းပဲအသုံးပြုပါတယ်။
၆။ အသင့်စားအစားအစာတွေအစား ပရိုတိန်းကြွယ်ဝတဲ့
အစားအသောက်များကိုကလေးတွေစားတတ်အောင်
ငယ်ငယ်လေးကတည်းကလေ့ကျင့်ပေးထားပါတယ်။
၇။ အားကစားတစ်ခုခု ပုံမှန်လိုက်စားခိုင်းပါ။ ဘာအားဆေးမှ မတိုက်ရပဲ အရမ်းစားပါတယ်။
ဒီနေ့ထမင်းပွဲလေးဟာဆိုရင်-
ကြက်အရိုးလေးတွေကို ကြာဇံနဲ့ ကြွက်နားရွက်မှိုထည့်ပြုတ်ထားတဲ့ဟင်းချိုတစ်ခွက်။
ကျောက်ပွင့်သုတ်။ ပဲဟင်း။ အဝါရောင် ရွှေဖရုံသီးပေါင်းနဲ့ပြောင်းဖူးပြုတ်။ အစိမ်းရောင် ရုံးပတီသီးဆီပူလိမ့်နဲ့ပဲသီးကြော်။
ချဉ်ပေါင်ကြော်နဲ့ငပိတို့စရာစုံပဲဖြစ်ပါတယ်။
အူတွေထဲက အညစ်အကြေးတွေကင်းစင်စေဖို့ ကြွက်နားရွက်မှိုလေးကိုမကြာခဏစားပေးရင်း သားတွေအရမ်းကြိုက်တဲ့ အစားအစာဖြစ်လာပါတယ်။
အလားတူ ကျောက်ဖရုံသီး၊ ကြက်ဟင်းခါးသီး၊ ဂွေးတောက်ရွက်၊ ဟင်းနုနယ်၊ ဗူးညွတ်တို့ဟာလည်း သားတွေ ကြိုက်နှစ်သက်တဲ့စာရင်းမှာ ပါပါတယ်။
ပထမစားခါစက မကြိုက်ပေမယ့် အသီးအရွက်ရဲ့
အာနိသင်နဲ့ဗိုက်ထဲမှာ အလုပ်လုပ်ပုံကိုရှင်းပြပေးတဲ့အခါ
ကျေကျေနပ်နပ်စားကြပါတယ်။
ကလေးသဘာဝ ကြက်ပေါင်ကြော်တွေကို ပိုကြိုက်ပေမယ့်
တစ်လမှာ အများဆုံး ၂ ခါထက်ပိုပြီးဝယ်မကျွေးပါဘူး။
ခေါက်ဆွဲပြုတ်ထုတ်တွေကိုလည်း တစ်ပတ်မှာ တစ်ခါသာ
စားဖို့ ရက်သတ်မှတ်ထားပါတယ်။
သားသမီးနေမကောင်းရင် မိခင်က ရင်အပူရဆုံး။စိတ်အပင်ပန်းရဆုံးပါ။
ဒါပေမယ့် မိခင်ကသက်သာချင်တယ်ဆိုရင် နေ့စဉ်အစားအသောက်ကိုစီမံနိုင်အောင်ကြိုးစားပါ။
နည်းနည်းပိုပြီးအချိန်ပေးရပေမယ့် ခရီးသွားနေလည်း
စိတ်မပူရပဲ ဆေးခန်းမသွားရတာ နှစ်နဲ့ချီလာတဲ့အတွက်
ကျွန်မတော့ အဆင်ပြေနေပါတယ်။
ကိုယ့်ကလေးကပိန်ချင်ပိန်မယ်။ ဝချင်ဝမယ်။ နေကောင်း
ကျန်းမာနေပြီး နေ့တိုင်းကျောင်းမပျက်ဖို့ကတော့
နေ့စဉ်စားသောက်နေတဲ့ပုံစံကို မိခင်က သတိပြုပေးလိုက်ပါနော်။
=========================
ကျွန်မက အလွန်အလုပ်များတဲ့မိခင်တစ်ေ
ခရီးတွေလည်းမကြာခဏသွားရတဲ့သ
မိန်းမပီပီသသ မီးဖိုချောင်မှာပဲအချိန်ကုန
မိခင်ဖြစ်လာတဲ့အခါမှာတော့ ကလေးတယောက်နေမကောင်းစဖြစ်ရင
နောက်တယောက်ပါချက်ချင်းလိုက
ကာကွယ်ခြင်းသည်ကုသခြင်းထက်ေ
ဆိုတဲ့မိသားစုအစားအသောက်ပုံ
ကိုယ်တိုင် မီးဖိုချောင်စီမံခြင်းကို စတင်ခဲ့ပါတယ်။
အခုလိုရာသီအကူးအပြောင်းချိန
မိတ်ဆွေအချို့ရဲ့သားသမီးလေး
စိတ်ညစ်ရတဲ့အကြောင်း ဖေ့ဘုတ်မှာ တွေ့နေရတဲ့အခါ
သာမန်ရာသီဥတုအပြာင်းအလဲကြော
တစ်ခါမှ ဆရာဝန်ဆီအလည်မသွားရတဲ့အကြော
နေမကောင်းဖြစ်မှ ဘာဆေးပေးရမလဲ တွေးမပူရစေဖို့
နေ့စဉ်စားနေတဲ့အစားအသောက်ကိ
၁။ကျွန်မတို့အိမ်မှာ အမဲသားနဲ့ဝက်သားကိုရှောင်ကျ
၂။အချိုမှုန့်လုံးဝမစားပါဘူ
၃။ကလေးတွေကိုရောင်စုံဟင်းလိ
အသီးအရွက်အစုံပါအောင်နေ့တို
၎။ဘယ်လောက်ပဲအလုပ်များပါစေ။
လတ်ဆတ်တဲ့ အရာများအတွက်အချိန်ပေးပါတယ်
ခရီးသွားရင် အိမ်အကူအတွက် ရေခဲသေတ္တာထဲအပြည့်ဝယ်ထည့်ပေ
၅။ မြန်မာဟင်းချက်ပေမယ့် ဆီကိုနည်းနည်းပဲအသုံးပြုပါတ
၆။ အသင့်စားအစားအစာတွေအစား ပရိုတိန်းကြွယ်ဝတဲ့
အစားအသောက်များကိုကလေးတွေစာ
ငယ်ငယ်လေးကတည်းကလေ့ကျင့်ပေး
၇။ အားကစားတစ်ခုခု ပုံမှန်လိုက်စားခိုင်းပါ။ ဘာအားဆေးမှ မတိုက်ရပဲ အရမ်းစားပါတယ်။
ဒီနေ့ထမင်းပွဲလေးဟာဆိုရင်-
ကြက်အရိုးလေးတွေကို ကြာဇံနဲ့ ကြွက်နားရွက်မှိုထည့်ပြုတ်ထ
ကျောက်ပွင့်သုတ်။ ပဲဟင်း။ အဝါရောင် ရွှေဖရုံသီးပေါင်းနဲ့ပြောင်း
ချဉ်ပေါင်ကြော်နဲ့ငပိတို့စရ
အူတွေထဲက အညစ်အကြေးတွေကင်းစင်စေဖို့ ကြွက်နားရွက်မှိုလေးကိုမကြာ
အလားတူ ကျောက်ဖရုံသီး၊ ကြက်ဟင်းခါးသီး၊ ဂွေးတောက်ရွက်၊ ဟင်းနုနယ်၊ ဗူးညွတ်တို့ဟာလည်း သားတွေ ကြိုက်နှစ်သက်တဲ့စာရင်းမှာ ပါပါတယ်။
ပထမစားခါစက မကြိုက်ပေမယ့် အသီးအရွက်ရဲ့
အာနိသင်နဲ့ဗိုက်ထဲမှာ အလုပ်လုပ်ပုံကိုရှင်းပြပေးတ
ကျေကျေနပ်နပ်စားကြပါတယ်။
ကလေးသဘာဝ ကြက်ပေါင်ကြော်တွေကို ပိုကြိုက်ပေမယ့်
တစ်လမှာ အများဆုံး ၂ ခါထက်ပိုပြီးဝယ်မကျွေးပါဘူး
ခေါက်ဆွဲပြုတ်ထုတ်တွေကိုလည်
စားဖို့ ရက်သတ်မှတ်ထားပါတယ်။
သားသမီးနေမကောင်းရင် မိခင်က ရင်အပူရဆုံး။စိတ်အပင်ပန်းရဆ
ဒါပေမယ့် မိခင်ကသက်သာချင်တယ်ဆိုရင် နေ့စဉ်အစားအသောက်ကိုစီမံနို
နည်းနည်းပိုပြီးအချိန်ပေးရေ
စိတ်မပူရပဲ ဆေးခန်းမသွားရတာ နှစ်နဲ့ချီလာတဲ့အတွက်
ကျွန်မတော့ အဆင်ပြေနေပါတယ်။
ကိုယ့်ကလေးကပိန်ချင်ပိန်မယ်
ကျန်းမာနေပြီး နေ့တိုင်းကျောင်းမပျက်ဖို့က
နေ့စဉ်စားသောက်နေတဲ့ပုံစံကိ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။