Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 23, 2016

အမြဲတမ်း နေထိုင်ခွင့် (PR) ကြီးကြပ်ရေး ကော်မတီ အသစ်ပြန်ဖွဲ့


အမြဲတမ်းနေထိုင်ခွင့်ရ PR ကတ်။ (ဓာတ်ပုံ-ဧရာဝတီ)
သမ္မတဦးထင်ကျော်အစိုးရက မြန်မာနိုင်ငံသားဟောင်းများနှင့် နိုင်ငံခြားသားများအတွက် အမြဲတန်း နေထိုင်ခွင့် (PR) ကြီးကြပ်ရေး ကော်မတီတခု ပြန်လည်ဖွဲ့စည်းလိုက်ပြီ ဖြစ်သဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများ ပြည်တွင်းသို့ ဥပဒေအရ ပြန်လည် နေထိုင်ခွင့် ရရှိရေး လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အစိုးရသစ်ကာလတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှု ဗဟိုကော်မတီ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ပြုခြင်းဆိုင်ရာ အ ကောင် အထည်ဖော်ရေး ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းလိုက်ပြီး ဗဟိုကော်မတီ၏ လုပ်ငန်း တာဝန်ကို အထောက်အကူပြုရန် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းပြီး ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေက ပြောသည်။

ပဲခူးတိုင်း အမှတ် ၁၂ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတို့အရ ပြည်ပထွက်ခွာ မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ဥပဒေအရ ပြန်လည် နေထိုင်ခွင့် ရရှိရေး အတွက် မြန်မာနိုင်ငံသား ဥပဒေတချို့ကို ပြုပြင်ပြောင်းလဲ ဖြေလျှော့ပေးရေးနှင့် မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားနိုင်ခွင့် ပေးထား၍ လျှောက်ထားရာ၌ စိစစ်ပြီး လက်ခံနိုင်ခြင်း ရှိ/မရှိ မေးခွန်းကို ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် မေးမြန်းခဲ့ရာ ဥပဒေနှင့်အညီ ခွင့်ပြုပေးမည်ဟု ၀န်ကြီး ဦးသိန်းဆွေက ပြန်လည် ဖြေကြားသည်။
ဝန်ကြီး ဦးသိန်းဆွေက“နိုင်ငံသားဟောင်းတွေအနေနဲ့ ပြည်တွင်းကို ဥပဒေအရ ပြန်လည် နေထိုင် ခွင့်ရဖို့ လျှောက်လာရင် ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်ပေးသွားပါမယ်”ဟု ပြောသည်။
နိုင်ငံ၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် မြန်မာနိုင်ငံတွင် လာရောက် အခြေချနေထိုင်လိုသည့် ပြည်ပရှိ မြန်မာနိုင်ငံသားဟောင်းများ၊ နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များ၊ ရင်းနှီးမြှပ်နှံလိုသူများ၊ မြန်မာနိုင်ငံသားနှင့် ဆက်စပ် နိုင်ငံခြား သားများမှ လျှောက်ထားလာပါက စိစစ်ခွင့်ပြုနိုင်ရန်အတွက် PR စနစ်ကို ၂၀၁၃ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်သည်။
သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ဖွဲ့စည်းခဲ့သည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ငန်းကော်မတီက ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့မှ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့အထိ သက်ဆိုင်ရာ အမျိုးအစားအလိုက် လျှောက်ထားသူ စုစုပေါင်း ၃၁၉ ဦးအနက် ၂၆၄ ဦးတို့ကို နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လက်မှတ် ထုတ်ပေးခဲ့ကြောင်း သိရသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနကလည်း ၂၀၁၃ ခုနှစ်မှ စ၍ မြန်မာနိုင်ငံသား အဖြစ် ပြန်လည် ခံယူခွင့်ပြုရန် လျှောက်ထားမှုများအား လက်ခံဆောင်ရွက်ခဲ့ရာ လျှောက်ထားသူ ၁၉၈ ဦးအနက် ၁၄၃ ဦးတို့အား ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကိုင်ဆောင်သင့်သည့် လက်မှတ်တမျိုးမျိုးအား စိစစ် ထုတ်ပေးခဲ့သည်ဟု ၀န်ကြီး ဦးသိန်းဆွေက ပြောသည်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်တွင် ၁၀ နှစ်ကြာ နေထိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် PR ရရှိခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဇော်ဇော်အောင်က အစိုးရသစ် လက်ထက်တွင် PR လျှောက်ထားမှု လုပ်ငန်းစဉ်များကို ဖြေလျှော့ပေးရန် လိုအပ်သည်ဟု ပြောဆိုပြီး လက်ရှိ PR စည်းကမ်း ချက်များမှာ အနည်းငယ် တင်းကျပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“နိုင်ငံရေး လုပ်ချင်လို့ ပြန်လာတဲ့သူကို နိုင်ငံရေး လုပ်ခွင့်မပေးဘူး။ လိုအပ်ချက်တွေ ဒီလောက်များနေတဲ့ တိုင်းပြည်မှာ နိုင်ငံရေးရာ တွေမှာ ၀င်ပါလို့ မရဘူး။ ကျနော်တို့က ဒီမှာ ဘာပဲ လုပ်ပေးရရ လုပ်ပေးချင်တဲ့ ဆန္ဒရှိတယ်”ဟု ဦးဇော်ဇော်အောင်က ပြောသည်။
PR စည်းကမ်းချက်များတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်ရန်၊ နိုင်ငံရေး ပါတီများတွင် ပူးပေါင်း ပါဝင်ခြင်း မပြု ရန်၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် မပါဝင်ရန်နှင် နိုင်ငံရေးအဖွဲ့အစည်းများသို့ ငွေကြေး လှူဒါန်းမှုများ မပြုလုပ်ရန်တို့ ပါဝင်သည်ဟု သိရ သည်။
ဦးဇော်ဇော်အောင်က ယခုအခါ မြန်မာနိုင်ငံတွင် တဆက်တစပ်တည်း ၅ နှစ် နေထိုင်ခွင့် PR ကတ်တခု ရရှိထားပြီး တနှစ်လျှင် အမေရိကန် ဒေါ်လာ ၅၀၀ ကို အစိုးရထံသို့ ပေးသွင်းနေရကြောင်း သိရှိရသည်။
 http://burma.irrawaddy.com/news/2016/09/23/123772.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။