❖စင်ကာပူတွင် ပြစ်ဒဏ်များမှကင်းလွတ်ရန် သိထားသင့်သည့် အချက် (၁၂) ချက်❖
၁။ မူးယစ်၍ လူအများကြားတွင် ရမ်းကားခြင်း၊ ဝင်ခွင့်မရှိသည့်နေရာများသို့ ဝင်ရောက်နှောင့်ယှက်ခြင်း၊ အများသူငှာကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်း
စသည်တို့ပြုမူပါက ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၁၀ ဖြင့် ထောင်ဒဏ် ( ၆ ) လ
သို့မဟုတ် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး
ကျခံရမည်။
၂။ သီချင်းများ အော်ဟစ်သီဆိုခြင်း၊ ညစ်ညမ်းစာသားများ အော်ဟစ်ရွတ်ဆိုခြင်း၊ တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်စေခြင်းများ ပြုမူပါက ထောင်ဒဏ် ( ၃ ) လ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမည်။
၃။ ညစ်ညမ်းဓာတ်ပုံများ၊ ပန်းချီကားများ၊ စာအုပ်များ၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ဖြန့်ဝေခြင်းစသည်တို့ ပြုလုပ်ပါက ထောင်ဒဏ် ( ၃ ) လ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမည်။
၎။ လမ်းသွားလမ်းလာတစ်ယောက်ယောက်ကို
နှောင့်ယှက်ဟန့်တားခြင်း ပြုလုပ်ပါက ထောင်ဒဏ် ( ၁ ) လ သို့မဟုတ် ဒဏ်ငွေ
စင်ကာပူဒေါ်လာ ၁၅၀၀ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမည်။
၅။ ရောင်းရေးဝယ်တာ ချိန်တွယ်ရာတွင် အလေးချိန်မပြည့်ရန်၊ အတိုင်းအတာ မမှန်ကန်ရန်၊ အရည်အသွေး မပြည့်မီရန် မရိုးမသား ပြုမူဆောင်ရွက်ပါက ထောင်ဒဏ် ( ၁ ) နှစ် သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမည်။
၆။ မိမိ၏ခွေးကြောင့် တစ်ပါးသူ ဒဏ်ရာအနာတရ ဖြစ်သွားခဲ့ပါက ခွေးပိုင်ရှင်သည် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ ပေးဆောင်ရမည်။
၇။ လူမြင်ကွင်းတွင် သို့မဟုတ် ရေလှောင်ကန်များတွင် ခြေလက်သန့်စင်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ်ပါက အမြင့်ဆုံးဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀ ပေးဆောင်ရမည်။
၈။ ယာဉ်သွားလမ်းပေါ်တွင် စွန်လွှတ်ခြင်း၊ ကစားခြင်းနှင့် ယာဉ်အသွားအလာကို ထိခိုက်စေနိုင်သော အပြုအမူများ ပြုလုပ်ပါက ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ ပေးဆောင်ရမည်။
၉။ သီချင်း ကျယ်ကျယ်ဖွင့်ခြင်း၊ ကာရာအိုကေ အော်ဟစ်သီဆိုခြင်းအားဖြင့် အနီးပတ်ဝန်းကျင်ကို ဆူဆူညံညံ အနှောင့်အယှက်ဖြစ်စေပါက ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀ ပေးဆောင်ရမည်။
၁၀။ ဆေးရုံများသို့ တရားဝင်ခွင့်ပြုချက်မရဘဲ အရက်နှင့် တခြားမူးယစ်စေတတ်သော အရည်များ၊ ဆေးပြားများ ယူဆောင်လာပါက ထောင်ဒဏ် ( ၂ ) လ သို့မဟုတ် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမည်။
၁၁။ ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရထားဘူတာများ၏ ငွေးပေးချေသည့် အ၀င်အထွက်ပေါက်တို့တွင် ကုန်ပစ္စည်းများ လှည့်လည်ရောင်းချခြင်းမျိုး မပြုကြပါနှင့်။
၁၂။ ယာဉ်ကို စက်မသတ်ဘဲ ရပ်နားထားခဲ့ခြင်း၊ လေးအေးပေးစက်ဖွင့်၍ ရပ်စောင့်နေခြင်းမျိုး တွေ့ရှိပါက ပထမအကြိမ်အတွက် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၇၀၊ ဒုတိယအကြိမ်နှင့်အထက်အတွက် ဒေါ်လာ ၁၀၀ ပေးဆောင်ရမည်။ ဒဏ်ငွေများကို စုပေါင်းပေးဆောင်ရန် ပျက်ကွက်ခဲ့ပါက အမြင့်ဆုံး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်သည်။
Ref: ST
စလုံး Page
(စင်္ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
https://www.facebook.com/ SaloneCollection/
၁။ မူးယစ်၍ လူအများကြားတွင် ရမ်းကားခြင်း၊ ဝင်ခွင့်မရှိသည့်နေရာများသိ
၂။ သီချင်းများ အော်ဟစ်သီဆိုခြင်း၊ ညစ်ညမ်းစာသားများ အော်ဟစ်ရွတ်ဆိုခြင်း၊ တစ်ဖက်သားကို စိတ်အနှောင့်အယှက်ဖြစ်စေခြင
၃။ ညစ်ညမ်းဓာတ်ပုံများ၊ ပန်းချီကားများ၊ စာအုပ်များ၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ဖြန့်ဝေခြင်းစသည်တို့ ပြုလုပ်ပါက ထောင်ဒဏ် ( ၃ ) လ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမည်။
၎။ လမ်းသွားလမ်းလာတစ်ယောက်ယောက
၅။ ရောင်းရေးဝယ်တာ ချိန်တွယ်ရာတွင် အလေးချိန်မပြည့်ရန်၊ အတိုင်းအတာ မမှန်ကန်ရန်၊ အရည်အသွေး မပြည့်မီရန် မရိုးမသား ပြုမူဆောင်ရွက်ပါက ထောင်ဒဏ် ( ၁ ) နှစ် သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမည်။
၆။ မိမိ၏ခွေးကြောင့် တစ်ပါးသူ ဒဏ်ရာအနာတရ ဖြစ်သွားခဲ့ပါက ခွေးပိုင်ရှင်သည် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ ပေးဆောင်ရမည်။
၇။ လူမြင်ကွင်းတွင် သို့မဟုတ် ရေလှောင်ကန်များတွင် ခြေလက်သန့်စင်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ်ပါက အမြင့်ဆုံးဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀ ပေးဆောင်ရမည်။
၈။ ယာဉ်သွားလမ်းပေါ်တွင် စွန်လွှတ်ခြင်း၊ ကစားခြင်းနှင့် ယာဉ်အသွားအလာကို ထိခိုက်စေနိုင်သော အပြုအမူများ ပြုလုပ်ပါက ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ ပေးဆောင်ရမည်။
၉။ သီချင်း ကျယ်ကျယ်ဖွင့်ခြင်း၊ ကာရာအိုကေ အော်ဟစ်သီဆိုခြင်းအားဖြင့် အနီးပတ်ဝန်းကျင်ကို ဆူဆူညံညံ အနှောင့်အယှက်ဖြစ်စေပါက ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀ ပေးဆောင်ရမည်။
၁၀။ ဆေးရုံများသို့ တရားဝင်ခွင့်ပြုချက်မရဘဲ အရက်နှင့် တခြားမူးယစ်စေတတ်သော အရည်များ၊ ဆေးပြားများ ယူဆောင်လာပါက ထောင်ဒဏ် ( ၂ ) လ သို့မဟုတ် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀၀၀ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရမည်။
၁၁။ ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရထားဘူတာများ၏ ငွေးပေးချေသည့် အ၀င်အထွက်ပေါက်တို့တွင် ကုန်ပစ္စည်းများ လှည့်လည်ရောင်းချခြင်းမျိုး
၁၂။ ယာဉ်ကို စက်မသတ်ဘဲ ရပ်နားထားခဲ့ခြင်း၊ လေးအေးပေးစက်ဖွင့်၍ ရပ်စောင့်နေခြင်းမျိုး တွေ့ရှိပါက ပထမအကြိမ်အတွက် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၇၀၊ ဒုတိယအကြိမ်နှင့်အထက်အတွက် ဒေါ်လာ ၁၀၀ ပေးဆောင်ရမည်။ ဒဏ်ငွေများကို စုပေါင်းပေးဆောင်ရန် ပျက်ကွက်ခဲ့ပါက အမြင့်ဆုံး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်သည်။
Ref: ST
စလုံး Page
(စင်္ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။