Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 26, 2016

[ ငြင်းပယ်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ]

[ ငြင်းပယ်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ]
===========================

လူတွေ လက်ရှိလုပ်နေတဲ့၊ ကိုင်နေတဲ့ အခြေအနေတခု၊ အလုပ်အကိုင်တခုကနေ ပြောင်းလဲပြီး လုပ်တော့မယ်ဆိုရင် ပထမဦးဆုံး ရင်ဆိုင်ရတာက ငြင်းပယ်မှုတွေပါ။ ဒါမဖြစ်နိုင်ပါဘူး၊ ဒါမင်းဘယ်လိုလုပ်နိုင်မှာလဲ၊ ဒါကိုလုပ်ရင် အခက်အခဲတွေတွေ့မှာပေါ့၊ ဒါလုပ်လိုက်ရင် အခုရနေတဲ့ အခွင့်အရေးတွေ ပျက်ဆီးသွား မှာပေါ့ စသဖြင့် ပြောခံရမှာပါ။ ဒီစကားတွေကို ကြားရဖန်များလာတော့ ကျွန်တော်တို့ တခုခု အသစ်လုပ်တော့မယ်၊ ပြောင်းလဲတော့မယ်ဆိုရင် ဒီလိုပြောခံရမှာကြောက်ပြီး မလုပ်ရဲကြတော့ပါဘူး၊ မလုပ်ချင်ကြတော့ပါဘူး။ သူများတွေကိုယ့်ကို အထင်သေးတဲ့ မျက်လုံးနဲ့ကြည့်မှာ၊ ကိုယ့်ရဲ့အတွေးတွေကို ငြင်းလိုက်မှာ၊ ကိုယ့်ရဲ့ စိတ်တက်ကြွမှုတွေကို ရိုက်ချိုးပစ်လိုက်မှာကို ကြောက်ပြီး ဆက်မပြောရဲ၊ မကြံစည်ရဲ၊ မလုပ်ရဲဖြစ်ကုန်ကြပါတယ်။

ကျွန်တော်လည်း ဒီလို ကြုံခဲ့ရပါတယ်။ အကြံတခုခုထွက်လာလို့ အကြံပြုတိုင်း သူများတွေဘာပြောမလဲ၊ ဘယ်လိုငြင်းလိုက်မလဲ။ ကိုယ့်အိပ်မက်တွေကို ဘယ်လို ပျက်ရယ်ပြုလိုက်မလဲ စသဖြင့်တွေးပူပြီး ဘယ်လိုမှ ဆက်မလုပ်ဖြစ်တော့ပါဘူး။ လူတွေရဲ့ ငြင်းမယ်မှုဒဏ်၊ ကြည့်နေမယ့်မျက်လုံးတွေ၊ ပြောလိုက်မယ့် စကားလုံးတွေကို မခံနိုင်တာနဲ့ အမြဲတမ်း အချိန်ရွှေ့ရွှေ့ပြီး မလုပ်ဖြစ်ခဲ့တာတွေ အများကြီးဖြစ်လာပါတယ်။ စိတ်ထဲမှာတော့ ဒါလေးတွေ မလုပ်မိလေခြင်း၊ သတ္တိမရှိလေခြင်း ဆိုပြီး ကိုယ့်ကိုကိုယ်သာ အမြဲတမ်း အပြစ်တင်နေမိပါတယ်။

ဒီလိုနဲ့ ဘာမှ မယ်မယ်ရရ ဘဝမှာ မပြောင်းလဲခဲ့ဘဲ ရှေ့ဆက်လာခဲ့ပါတယ်။ တနေ့တော့ ကျွန်တော့်ဆရာရဲ့ သင်ကြားပေးမှုနဲ့ လူတွေရဲ့ ငြင်းပယ်မှု သဘောတရားတွေ သိလာရပါတယ်။ လောကမှာ ကိုယ့်ကို ငြင်းပယ်တဲ့လူအရေအတွက်က လူ ၇ ယောက်လောက်ပဲရှိနိုင်ပါတယ်တဲ့။ ကျန်တဲ့ ကိုယ်တွေ့သမျှ၊ သိသမျှလူတွေက ကိုယ့်ကို ခင်မင်ပြီး၊ ကိုယ့်ရဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေကို နားထောင် လက်ခံ အားပေးတတ်ကြပါတယ်တဲ့။ ဒီတော့မှ ကျွန်တော်ပြန်စဉ်းစားမိပါတယ်။ ဟုတ်သားပဲ။ ငါ လုပ်မယ်တွေးလိုက်တိုင်း ဒီ အနည်းငယ်သော လူတွေရဲ့ မျက်နှာ၊ အကြည့်တွေ၊ စကားတွေကို မြင်ယောင်ပြီး နောက်တွန့်ပြီးဆက်မလုပ်ဖြစ်တာပဲ။ ငါ့ကို ထောက်ခံပေးနေတဲ့၊ အားပေးနေတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေက အများကြီးပါလား။ ငါက ဘာလို့ ကိုယ့်ကိုငြင်းပယ်နေတဲ့လူနည်းနည်းလေးကို အာရုံစိုက်ပြီး ရာကျော်ရှိတဲ့ အခြားသောလူတွေကိုတော့ ဥပေက္ခာ ပြုထားရတာလဲ။ ဒီလူအုပ်ကြီးနဲ့သာ တက်ဖိလိုက်ရင် ကိုယ့်ကို ငြင်းနေတဲ့ လူနည်းနည်းလေး ဘာဖြစ်သွားမယ် ထင်လဲ။ :)

ဒီအတွေးကို သဘောပေါက်လာပြီး အကြံဥာဏ်တွေကို တစ တစ ဖော်ထုတ်ရဲလာပါတယ်။ မပြတ်မသားပြောနေရတဲ့ စကားတွေပြတ်သားလာပါတယ်။ ပြောင်းလဲရမယ့် အရာတွေကို ပြောင်းလဲချင်စိတ်ပေါ်လာပါတယ်။ အလုပ်အကိုင်အသစ်တွေ လုပ်ရဲလာပါတယ်။ ကိုယ့်ကို ငြင်းမယ့်လူတွေအစား ကိုယ့်ကို အားပေးမယ့် လူတွေကို ပိုပြီး မြင်လာပါတယ်။ အော်...ငါ ဘာလို့များ အစောကတည်းက မသိခဲ့ရပါလိမ့်။

မိတ်ဆွေလည်း ဒီအထိ ဖတ်လာပြီးပြီဆိုရင် တခုခုကိုငြင်းပယ်ခံရမှာစိုးလို့ ကျွန်တော်လို့ အဖြေရှာနေတဲ့လူလို့ ထင်ပါတယ်။ ဒါဆိုရင် အထက်က အတွေးအခေါ်လေး လက်ဆောင်ပေးပါရစေ။ ကိုယ့်ကို အားပေးမယ့်လူတွေကို အာရုံပိုစိုက်ပါ။ ကြောက်နေတဲ့၊ ဝန်လေးနေတဲ့၊ စိုးရွံ့နေတဲ့ အတွေးတွေကို ပြောင်းလဲဖို့ အချိန်တန်ပါပြီဗျာ။ ဒီတော့ ဘဝကို အောင်မြင်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင် တကယ် ကြိုးစားပါ။

---------------------------------

လူတွေ ဘာကြောင့်ငြင်းရတယ်ဆိုတဲ့ အချက် ၄ ချက်ရှိပါတယ်။

၁။ ကိုယ့်ကိုကိုယ် ပိုအထင်ကြီးလို့

တချို့လူတွေက သူများရဲ့ အယူအဆထက် ကိုယ့်အယူအဆကို ပိုကြိုက်နှစ်သက်တတ်ကြပါတယ်။ ဒီလိုလူကို သွားပြောမိရင် ကိုယ့်အယူအဆရဲ့ လိုအပ်ချက်တွေကို မရမက ထောက်ပြပြီး သူတို့ရဲ့ အယူအဆကိုသာ ရှေ့တန်းတင်ပြောသွားပါလိမ့်မယ်။ ဒီလိုလူတွေဆီက စကားကို အရေးမစိုက်ပါနဲ့။

၂။ ကိုယ့်ထက် တော်နေလို့

တချို့လူတွေက သူများတွေကိုယ့်ထက် အတွေးအခေါ်ပိုကောင်းနေတယ်၊ သတ္တိတွေပိုရှိနေတယ်ဆို မကြိုက်တတ်ကြပါဘူး။ ကိုယ့်ထက် သာသွားမှာ၊ အောင်မြင်သွားမှာ ကို မမြင်ချင်ပါဘူး။ သူတို့နဲ့ အဆင့်အတန်းတူတူပဲ ဖြစ်စေချင်ကြပါတယ်။ ဒါကြောင့်ကိုယ်တခုခု ပိုကောင်းအောင် လုပ်တော့မယ်ဆို တားတတ်ကြပါတယ်။ ဒီလိုလူတွေဆီက စကားကိုရော အရေးစိုက်ဖို့လိုလား။ ကျွန်တော်ကတော့ မလိုဘူးလို့ ယူဆပါတယ်။

၃။ ကိုယ့်အကြောင်းကို မသိလို့

တချို့လူတွေကတော့ ကိုယ့်အကြောင်းကိုလည်း မသိ၊ ကိုယ့်အယူအဆကိုလည်း သေချာနားမထောင်တဲ့အတွက် ငြင်းပယ်ကြတာပါ။ ဒီတော့ ကိုယ့်အကြောင်းကိုလည်း သေချာမသိ၊ ကိုယ်ဘယ်လောက် အစွမ်းရှိတယ်ဆိုတယ်ဆိုတာကိုလည်း မသိတဲ့လူဆီက ငြင်းပယ်စကားကို အရေးစိုက်နေဖို့သင့်ပါ့မလား

၎။ ကိုယ့်ကို လမ်းမမှားစေချင်လို့

ဒီလို လူတွေကတော့ ကိုယ့်ရဲ့ မိသားစုဝင်တွေ၊ ကိုယ့်နဲ့ အရင်းနှီးဆုံး လူတွေပါ။ ကိုယ့်ကို အခုလက်ရှိ ရှိနေတဲ့ အခြေအနေကနေ ပြောင်းသွားမှာ ၊ လမ်းမှားသွားမှာ စိုးကြတဲ့လူတွေပါ။ ဒါပေမယ့် ဒီလူတွေ မသိလိုက်တဲ့အချက်က၊ ဒီလို လုပ်လိုက်ချင်းအားဖြင့် ကိုယ့်ရဲ့ စွန့်စားလိုစိတ်၊ ဖန်တီးလိုစိတ်တွေကို ရိုက်ချိုးလိုက်မိတယ်ဆိုတာမျိုးပါ။ ဒီလို လူတွေရဲ့ စကားကို သည်းခံနားထောင်ပေးပါ။ ကိုယ့်ရဲ့ စိတ်ခွန်အားနဲ့ အစီအစဉ်တွေရှင်းပြပါ။ သူတို့ကို သနားပါ။ ကိုယ့်ကို မနစ်နာစေချင်တဲ့ သူတို့ရဲ့စေတနာကို အသိအမှတ်ပြုပါ။ ငြင်းပယ်မှုကို ကိုယ့်ရဲ့ စိတ်ခွန်အားတွေ၊ စိတ်ကူးအိပ်မက်တွေ၊ အစီအစဉ်တွေနဲ့ ဖယ်ရှားပါ။

မိတ်ဆွေတို့ကို ဖြစ်စေချင်တာက ကိုယ့်ရဲ့ စိတ်ကူးတွေ၊ အိပ်မက်တွေ လောကကို လွတ်လွတ်လပ်လပ် ဖွင့်ဟရဲဖို့ပါ။ ကိုယ့်ရဲ့ မွေးကတည်းက ပါလာတဲ့ ပါရမီတွေကို အပြည့်အဝ အသုံးချဖို့ပါ။ ကိုယ်နေချင်တဲ့ ဘဝကို ကိုယ့်ကိုကိုယ် ပုံဖော်ပါ။ ကိုယ်မြင်ချင်တဲ့ ပန်းချီကားကို ကိုယ်ကိုတိုင် ရေးဆွဲပါ။ ကိုယ်ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ကိုယ်ကိုတိုင် အကောင်အထည်ဖေါ်လိုက်ပါ။ ကိုယ်တဦးတည်းသာ လုပ်နိုင်တဲ့ အလုပ်တွေကို လုပ်ပြီး လောကကို အလှဆင်လိုက်ပါ။

အခုသိသွားပြီ ဆိုတော့ ဘာဆက်လုပ်ကြမလဲ....

ငြင်းတဲ့သူက ကိုယ့်အရည်အချင်းကို တကယ်သိမသိ စဉ်းစားပါ။ ဝေဖန်မှုကို နားထောင်ပါ။ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုတွေနဲ့ စိတ်ကူးတွေကိုသေချာ ရှင်းပြဖို့ မမေ့ပါနဲ့။ နောက်ဆုံး လက်ခံမခံ ကိုယ့်စိတ်ကို စမ်းစစ်ကြည့်ပါ။ ငြင်းပယ်မှုတခုထဲနဲ့ ကိုယ့်ရဲ့ ပုန်းကွယ်နေတဲ့ ပါရမီတွေ မပျက်သုန်းသွားပါစေနဲ့။

Credit - successupsize

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။