Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 28, 2016

ရှက်တတ်ရင်လဲသေဖို့ကောင်းတယ် (Jet Leg)


Zaw Win Naing added 2 new photos.

အမေစုဟာ ဒီအရွယ်နှင့်ဒီခရီးတွေသွားလာနိုင်တာ သာ
မာန်ထက်ပိုကျန်းမာနေလို့ပါဘဲ
✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️
ရှက်တတ်ရင်လဲသေဖို့ကောင်းတယ် (Jet Leg)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
နိုင်ငံတ်ာအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာအိုက ပြန်လာပြီး ဗြိတိန်နဲ့ အမေရိကားသွားမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးကတည်းက ကျွန်တော့်မှာစိုးရိမ်စိတ် တစ်ခု ဖြစ် ပေါ်နေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လုပ်နိုင်ပါ့မလား ဆိုတာကိုပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ..တိုင်းပြည်နဲ့ ပြည်သူ ပြည်သားတွေအတွက်..မရှိမဖြစ် ခေါင်းဆောင်ပါ။ အသက် (၇၀) ကျော်နေပြီဖြစ်တဲ့ အမေအိုတစ်ယောက်ပါ။ သူလုပ်နေရတဲ့ အလုပ်တွေနဲ့ ထမ်းဆောင်နေရတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင် ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နဲ့ အမေရိကားသွားတော့ မြန်မာ ပြည် မှာထိုင်ပြီး အလုပ်မရှိ အသားမွေးနေတဲ့ လူအချို့ဆီက အသံ တွေ ထွက်လာခဲ့ပါတယ်။ ရွှေအိုးမျှော်မှန်းနေတဲ့သူတွေရှိသလို အတင်းအဖျင်းပြောနေတဲ့ လူတွေလည်း အများကြီးပါ။

အဓိက ကျွန်တော်စိုးရိမ်တာက ဗြိတိန်နဲ့ အမေရိကားကိုသွားရမဲ့ ကိစ္စနဲ့ သူ့အသက်အရွယ်ကိုပါ။ မြန်မာပြည်ကနေ ဗြိတိန်အထိ (၈၅၅၅ ) ကီလိုမီတာကွာဝေးပြီး လေယာဉ်ပျံသန်းချိန် (၁၁) နာရီ လောက်ရှိတယ်။ ကမ္ဘာရဲ့အရှေ့ ကနေ အနောက်ကို သွားရမှာ ဖြစ်တဲ့အတွက် (Time Zone ) တွေ အများကြီး ဖြတ်ရမယ်။ လေယာဉ်စီးပြီး သွားရမဲ့ ခရီးဖြစ်ပေမဲ့ ( Jet Leg ) ဒါဏ်တွေ ခံစား ရမယ်။ ခန္ဓာကိုယ်ကလည်း နာရီပြောင်းလဲမှုဒါဏ်တွေကို ခံစား ရမယ်။
သဘာဝတရားအရ လူ့ခန္ဓာကိုယ်ဟာ နာရီစက္ကန့်နဲ့အမျှ ပျက်စီးနေရ တာပါ။ အဲ့ဒီလိုပျက်စီးမှုတွေကို နောက်ပြန်ဆုတ်လိုက်၊ ရှေ့ပြန်တိုး လိုက် လုပ်ရတယ်ဆိုတာဟာ လူငယ်တွေတောင်ခံနိုင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ ဗြိတိန်ဟာ မြန်မာပြည်နဲ့စာရင် အချိန် (၅း၃၀) နောက် ကျတယ်။ မြန်မာပြည်ကလူတစ်ယောက် ဗြိတိန်ကိုရောက်သွားရင် အသက် (၅း၃၀) ပိုငယ်သွားတယ်။ အဲဒီအတွက် ခန္ဓာကိုယ်က အလျှင် အမြန်နဲ့လိုက် ပြောင်းလဲပေးရမှာ ဖြစ်တဲ့အတွက် စဉ်းစား ကြည့်ပါ၊ ခံနိုင်မှုအား ဘယ်လောက်တောင် လိုနေမလဲလို့။
လေယာဉ်ပျံနဲ့ ခရီးဝေးသွားကြတဲ့သူတွေဟာ (Jet Leg) ဒါဏ်တွေ ကို ခံစားရပါတယ်။ (Jet Leg) ဆိုတာက (Time Zone ) တစ်ခု က နေတစ်ခု ပြောင်းလဲ သွားမှုကို ခန္ဓာကိုယ်က အလျှင်အမြန် လိုက် ပြောင်းပေးရတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး (Jet Leg) ဖြစ်လာမယ် ဆိုရင် ခန္ဓာကိုယ်မှာ သွေးသားပြောင်းလဲမှုတွေ ဖြစ်မယ်၊ အိပ်မပျော် ခြင်း၊ မူးမော်ခြင်း၊ မောပမ်းနွမ်းနွယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ၀မ်းမမှန် ခြင်း၊ အားနည်းခြင်းဆိုတာတွေ ဖြစ်လာတတ်တယ်။
လေယာဉ်ပျံပေါ်မှာ အချိန်ကြာမြင့်စွာ နေထိုင် ရတဲ့အတွက်လည်း ရေဓါတ်ကုန်ခမ်းခြင်း၊ အစားအသောက် ပျက်ခြင်း၊ အနေအထိုင် ကျဉ်းကြပ်ခြင်း၊ လေကောင်းလေသန့် ရရှိနိုင်မှု့အားနည်းခြင်း၊ ပုံမှန် အသံလှိုင်းထက် နိမ့်တဲ့ အသံတစ်ခုကို အချိန်ကြာမြင့်စွာ ကြားနေ ရခြင်းတွေကြောင့် အိပ်ပျက်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ကနေ ဗြိတိန်ကိုသွားတယ်၊ ဗြိတိန်ကနေ အမေရိကားကိုသွားတယ်၊ အမေရိကားကနေ မြန်မာ ပြည်ကိုပြန်လာတယ်။ မြန်မာပြည်ကနေ ဗြိတိန်ကိုသွားတုန်း က လည်း (Jet Leg) ဒါဏ်တွေကို ခံစားရမယ်။ ဗြိတိန်ကနေ အမေရိ ကားကိုသွားတော့လည်း (၇း၃၀) လောက် လေယာဉ် စီးလိုက် ရတော့ ဒီဒါဏ်ကို ဆက်ခံစားရမှာပါ။ အမေရိ ကားကနေ ရန်ကုန် ကိုပြန်လာတော့ လမ်းခရီးက (၁၃၅၃၉) ကီလိုမီတာရှိတယ်။ လေယာဉ် ပျံသန်းချိန်က (၁၇း၃၀) လောက်ရှိတယ်။ လမ်းခရီးမှာ (Time Zone ) အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမဲ့ ခန္ဓာကိုယ် ပြောင်းလဲမှု ဒါဏ်တွေကိုလည်း ခံစားရမှာပါ။
မြန်မာပြည် လေဆိပ်က အထွက်မှာ ၀ှီးချဲလ်​နဲ့  ထွက်လာရတယ်၊ ပင်ပမ်းပြီး ကျန်းမာရေးနည်းနည်း ချူချာလာတယ် ဆိုတာ ဘာမှ မထူးဆန်းတဲ့ကိစ္စပါ။ ဖြစ်ကိုဖြစ်မှာပါ။ သူ့အသက်အရွယ်နဲ့ သူခံစား ရမဲ့ ခရီပမ်းတဲ့ ဒါဏ်တွေကို စဉ်းစား ကြည့် စေလိုပါတယ်။ ဒါတောင် သူလုပ်ဆာင်ခဲ့တဲ့ အလုပ်ကိစ္စတွေ မပါသေးဘူး၊ လမ်းခရီး တစ်ခု တည်းအတွက် စဉ်းစား ကြည့်တာပါ။ စိတ်ရောလူပါ ဘယ် လောက် ပင်ပမ်းလာမလဲလို့။
ဒီလိုအသက်အရွယ်ကြီးမြင့်နေပြီး တိုင်းပြည်အတွက် အသည်း အသန် ကျိုးပန်းနေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ကို ၀ိုင်းပြီး ဝေဖန်တိုက် ခိုက်နေကြတယ်၊ သွားပုပ်လေလွင့် ပြောဆိုနေကြတဲ့ သူတွေ ရှိ လာတယ်။ သူတို့ဘယ်လိုစိတ်ထားတွေနဲ့ ပြောနေကြတာလဲ ဆိုတာ စဉ်းစားလို့မရလောက်အောင်ပါပဲ။ သူကတော့ သူ့အသက် အရွယ်ကိုတောင်မှမထောက် လုပ်စရာရှိတဲ့ ကိစ္စတွေကို ပြီးအောင် ဆောင်ရွက်ခဲ့ပြီးပြီ။ ခင်ဗျားတို့က အခုထက် အထိ ဘာလုပ် ရမှန်း မသိ ဖြစ်နေ တုန်းပဲလား၊ လူတိုင်းကိုယ့်တာဝန်မှကိုယ် ကျေပွန် အောင် မလုပ်နိုင်ပဲ ဟိုဟာလိုချင်တယ်၊ ဒီဟာလုပ်ပေးပါလို့ မရှက် မကြောက် တောင်းဆိုနေတဲ့သူတွေ ကတော့ ကိုယ့်ကိုယ်ကိုယ် ငါဘာတွေလုပ်နေတာလဲ ဆိုတာ ပြန်စဉ်းစားပြီး ရှက်တတ်ရင် လဲသေဖို့တောင် ကောင်းပါတယ်။
ဟန်စိုး
၂၈-၉-၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။