Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 28, 2016

ရည်းစားစာ တစ်စောင် ဘယ်လိုရေးမလဲ ?

ရည်းစားစာ တစ်စောင် ဘယ်လိုရေးမလဲ ?
========================
ရည်းစားစာ ဆိုတာ ကိုယ်ချစ်ခင်နှစ်သက်တဲ့ ကောင်မလေးကို ချစ်ခင် နှစ်သက်ကြောင်း အသိပေးတဲ့ စာတစ်မျိုးပါ။ အသိပေးရုံ သက်သက်တော့ မဟုတ်ဘူးပေါ့။ ချစ်ခွင့်လည်းပန်ရတာပေါ့။ လမ်းမှာ ရည်းစားစကား လိုက်ပြောတာ ထက်စာရင် စာပေးလိုက်တာက တစ်ဖက်မိန်းခလေးရဲ့ သိက္ခာကို မထိခိုက်စေပါဘူး။ ( မိန်းခလေးအများစုကတော့ လမ်းမှာ ရည်းစားစကား လိုက်ပြောတာကို သိပ်အယုံအကြည် မရှိကြပါဘူး …. ဒါပေမယ့် နားထောင်ချင်ကြပါတယ်) ရည်းစားစာ ပေးတယ်ဆိုတာ ကျွန်တော်တို့ အဘိုးတွေ အဘွားတွေ လက်ထက် ကတည်းက ရှိခဲ့တဲ့ အစဉ်အလာ တစ်ခုပါ။ အခုတော့ အဲ့ဒီ အစဉ်အလာက ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ ဒီဘက်ခေတ် လူငယ်တွေ ရည်းစားစာနဲ့ ချစ်ခွင့်ပန်တာ ရှားလာပါပြီ။ ရှိတော့ ရှိပါသေးတယ်။ ရည်းစားစာ အရေးကောင်းရင် ဘယ်လောက် မာနကြီးတဲ့ မိန်းခလေး တစ်ယောက် ဖြစ်နေပါစေ ရင်ခုန်စိတ်လှုပ်ရှားစေပါတယ်

ရည်းစားစာ တစ်စောင်မှာ ...
၁။ကိုယ်နဲ့ သူနဲ့ ပထမဆုံးစတွေ့ခဲ့တဲ့ အကြောင်းထည့်ရေးပါ
သူအဲ့ဒီနေ့က ၀တ်ထားတဲ့ စတိုင်၊ အင်္ကျီ အရောင် စတာလေးတွေ ထည့်ရေးလို့ရပါတယ်။
အဲ့ဒီနေ့က ကိုယ်ရဲ့ရင်ခွင်တစ်ခုလုံး ဘယ်လို ဖြစ်သွားတယ်ပေါ့။ ရသစာပေ စွမ်းအားက မဖြစ်နိုင်တဲ့ အရာတွေကို ယုံကြည်စေပါတယ်။ ဒီအရာတွေနဲ့ပဲ နှလုံးသားကို ထိန်းချုပ်နိုင်ပါတယ်။ ရေးသာ ရေးပါ။

၂။ သူနဲ့ပတ်သက်ပြီး ကိုယ်သဘောကျ နှစ်သက်တဲ့ အကြောင်းလေးတွေ ထည့်ရေးပါ။
သူက ပျော်ပျော်နေတတ်တဲ့ အကျင့်လေးတွေရှိတယ်လို့ထင်လား။ ထင်ရင်ထည့်ရေးပါ။ ကလေးဆန်တဲ့ အမူအရာလေးတွေ ရှိတယ်ထင်ရင် ထည့်ရေးပါ။ အပြောအဆို အပြုအမူလေးတွေ ပါအောင်ရေးပါ။ ကိုယ်သူ့ကို ဘယ်လောက်ထိ ဂရုစိုက်ကြည့်နေခဲ့လဲ သူသိသွားပါလိမ့်မယ်။

၃။ “ကိုယ်မင်းကို အရမ်းချစ်တယ်”
ကိုယ် မင်းကို အရမ်းချစ်တယ် ဆိုတဲ့ စာသားကို ထင်ရှားအောင် လုပ်ပြီးမရေးပါနဲ့။ ရိုးရိုးပဲ တစ်ခြားစာလုံးတွေနဲ့ အရွယ်အစားရော မှင်ရောင်ရော အတူတူပဲရေးပါ။ မိန်းခလေးတိုင်းက ရည်းစားစာမှာ ဒီစကားလုံးပါမယ် ဆိုတာ သိပြီးသားပါ။ ကိုယ်က သိသာ ထင်ရှားအောင် လုပ်ပြီးရေးရင် သူတို့က ကိုယ့်စာကိုမဖတ်ခင်တည်းက သိသွားတော့ သိပ်ပြီး Feeling မလာတော့ပါဘူး။ သူတို့က စာရဲ့ဘယ်နားမှာ ဒီလိုပြောမလဲဆိုတာ ရင်ခုန်စွာနဲ့ဖတ်မှာပါ။

၎။ “ဘယ်တုန်းက စချစ်ခဲ့တာလဲ”
ဘယ်တုန်းက စချစ်လဲဆိုတာ မိန်းခလေးတိုင်းက သိချင်ကြပါတယ်။ တကယ်တော့ ဖြေရမယ့်သူ ကိုယ်တိုင်လည်း ဘယ်တုန်းက စချစ်မှန်း မသိနိုင်ပါဘူး။ ဒါပေမယ့် ကိုယ်ကရိုးရိုးကြီးပြောရင် မိန်းခလေးတွေက ရင်မခုန်ပါဘူး။ အတွေ့အမြင်များရာကနေ သံယောဇဉ်တွယ် အေးဆေးဖြူစင်တဲ့ သဘောမနောကို သိပြီးတော့မှ ရင်ထဲမှာ အချစ်ဆိုတာ တစ်စတစ်စ ဖြစ်လာတယ်ပေါ့။ (တကယ်တော့ ဘယ်တော့ကစချစ်ခဲ့လဲဆိုတာကို မသိတဲ့သူတွေ အဲ့လိုမျိုးလေးတွေ ရေးလို့ရပါတယ်.... သူနဲ့ကိုယ် အမှတ်တရဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ ရှိရင်လည်း အဲ့တုန်းကစ ချစ်ခဲ့တယ်ဆိုပြီး ရေးလို့ ရပါတယ်) မြင်မြင်ချင်း ချစ်မိသွားတယ်လို့ ရိုးရိုးကြီးမရေးပါနဲ့။ :D

၅။ စာပြန်ဖို့ ထည့်ရေးပါ။
စာပြန်ဖို့ ကိုယ်ကမပြောခဲ့ဘူးဆိုရင် ကိုယ့်စာက သူ့အတွက် Heart ထိတဲ့ စာမျိုးဖြစ်ခဲ့မယ် ဆိုရင်တောင်မှ သူ့ဘက်က စာပြန်ဖို့ အနည်းငယ် အခက်အခဲ ရှိလာနိုင်ပါတယ်။ သူကမိန်းခလေး ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပါ။ ဥပမာ တစ်ယောက်နဲ့ တစ်ယောက် သေလောက်အောင် ချစ်နေပါစေ တစ်ယောက်က အရင်ချစ်တယ်လို့ ၀န်မခံခဲ့ရင် ဘယ်တော့မှ ချစ်သူတွေ ဖြစ်မလာနိုင်ပါဘူး။ အဲ့ဒါကြောင့် ကိုယ့်စာ အဆုံးမသတ်ခင် စာပြန်ဖို့ ထည့်ရေးပါ။ ပြန်လာမယ့်စာ ကို မျှော်နေတယ်ဆိုတဲ့ အကြောင်းလေးလည်း ပါပါစေ။
ဒါဟာ ကိုယ့်ကို ဆက်သွယ်ဖို့ အခွင့်အရေးပေးလိုက်တဲ့ သဘောပါပဲ။

၆။ လှပတဲ့ အဆုံးသက်ရှိပါ
မိန်းခလေးက စိတ်ဝင်စားမှု အများဆုံးနဲ့ဖတ်တဲ့နေရာဟာ စာရဲ့အဆုံးသတ်ပါ။ တစ်ပိုဒ်ခွဲလိုက်ပါ။ စာစီစာကုံးမှာ နိဂုံးချုပ်သလိုပေါ့။ စကားလုံးတွေ ပြောင်မြောက်ပါစေ။
ဥပမာ ရင်တွင်းလွှာနှလုံးသားက အမုန်းမပါ အပြုံးများစွာဖြင့်ရေးစပ်ခဲ့သော ဤ ချစ်သ၀ဏ်လွှာ မမရင်ထဲ ဆက်ဆက်ရောက်ပါစေ ဆိုတာမျိုးပေါ့။ ညီမလေးဆိုလည်း ညီမလေးလို့သုံးပေါ့။ ဥပမာပြောတာပါ။

၇။ စာကိုဘယ်လိုပေးမှာလဲ
စာတော့ရေးပြီးသွားပြီ။ ဘယ်လိုပေးမှာလဲ။ ကိုယ်တိုင်ပေးမှာလား? မိန်းခလေးက အရမ်းရှက်တက်ရင် ကိုယ်တိုင်ပေးတဲ့အခါ ယူဖို့ 15% လောက်ပဲရှိပါလိမ့်မယ်။ ကိုယ်တိုင် ပေးချင်တယ်ဆိုရင်တောင် သူ့ဘေးမှာ သူငယ်ချင် (၁) ယောက်ထက် ပိုပြီးရှိနေတဲ့ အချိန်မပေးပါနဲ့။ နောက်တစ်နည်းကတော့ သူနဲ့အရမ်းခင်တဲ့ သူ့သူငယ်ချင်းကို ပေးခိုင်းပါ။ အဲ့ဒါဆို သူဒီစာကိုယူဖို့ 85 % လောက်သေချာတယ်။ အဓိက သူအရမ်းခင်တဲ့ သူငယ်ချင်းကို အရင် ချဉ်းကပ်ပေါ့။ သူငယ်ချင်း80% လောက်က ဒါမျိုးကိစ္စဆိုရင် အရမ်းကူညီချင်တာ။

သတိထားရမည့် အချက်များ
၁။ စာလုံးပေါင်းသတ်ပုံ သေသေချာချာ မှန်အောင်ရေးပါ။ လုံးဝ မမှားပါစေနဲ့။ ဒီအချိန်မှာ ကိုယ်ကသူ့ကိုခံစားချက်တွေထုတ်ပြတာပါ စာလုံးပေါင်း သာမန်လောက်မှားတာ ကိစ္စမရှိပေမယ့် အဓိပ္ပါယ်လွဲသွားစေနိုင်တဲ့ မှားယွင်းမှုမျိုး ဖြစ်နေရင် ဟာသ၀တ္ထုပေးဖတ်လိုက်သလို ဖြစ်သွားတတ်ပါတယ်။
၂။ ဖျက်ရာ ခြစ်ရာလုံးဝမပါပါစေနဲ့။
၃။ စာထဲမှာ သူ့ကို အတိုကောက်နမည်တစ်ခု သုံးပါ။ အပြည့်အစုံမခေါ်ပါနဲ့။ သူစိမ်းဆန်လွန်ပါတယ်။
၎။ တစ်ချို့က စာမှာ အမွှေးရနံ့တစ်ခုခု စွဲနေအောင်လုပ်ကြတယ်။ ကျွန်တော်ကတော့ အားမပေးပါဘူး။ သူမကြိုက်တဲ့ အနံ့က ဘာလဲဆိုတာ ကိုယ်မသိဘူးလေ။
၅။ ရက်စွဲတက်ပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဲ့ဒီနေ့ကိုတော့ မမေ့ပါစေနဲ့။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
-------------------------------
ယခုပို့စ်နှင့်ပတ်သက်ပြီး ဝေဖန်လို၍ ဖြစ်စေ အကြံပြု၍ ဖြစ်စေ စာရေးသူ တိုးတက်အောင်(ပဲခူး) ၏ ဖေ့ဘွတ်ခ် အကောင့် Toe Tat Aung (https://www.facebook.com/writertoetataung) သို့ ဆက်သွယ်နိုင်ပါသည်။

writer's fb acc ---> Toe Tat Aung

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။