နောင်ပွင့်တော်မူမည့် အရိမေတ္တေယျ မြတ်စွာဘုရား သမိုင်း
*****************************
အရိမေတ္တေယျဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဋိပတ်သာသနာပြုတဲ့ ပုဂ္ဂိုလ်
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဂိုလ်။
၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဂိုလ်။
၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။
မြတ်ဗုဒ္ဓ၏ နောက်ဆုံးခရီးနှင့် နောက်ဆုံးမိန့်မှာချက်များ
••~••~••~••~••~••
ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မှီ လပိုင်းအလိုလောက်မှစ၍ သာသနာတော်ကြီးအဓွန့်ရှည်စေရေး
နှင့် ရဟန်းတို့ အကျိုးစီးပွား အတွက် အမျိုးမျိုး အထူး
သတိပေးမှာကြားခဲ့ပုံ၊ မိမိ မရှိတော့မည့်အကြောင်း သိ၍ ၀မ်းနည်းနေကြသော
ရဟန်းတို့အား နှစ်သိမ့်အားပေးခဲ့ပုံ ၊ သုဘဒ္ဒပရိဗိုဇ် တရားထူးရမည်ကို
သိသောကြောင့် ပါဝါပြည်မှ ကုသိနာရုံပြည်အထိ ဝေဒနာခံစားနေသည့်ကြားမှ
ခြေလျှင်ခရီး ကြွချီခဲ့ပုံ စသည်တို့ကို ဝေသာလီပြည်မှ ကုသိနာရုံအထိ မိုင်
၁၁၀ ခရီးစဉ်တလျှောက်အကြောင်းဖော်ပြထားသော မဟာပရိနိဗ္ဗာနသုတ် တွင် လေ့လာကြည့်လျှင် ကြည်ညိုဖွယ်ရာ တွေ့နိုင်ပေသည်။
စေတီတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်၏ အဓိပါယ်အမှန်
စေတီတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်၏ အဓိပါယ်အမှန် ခြသေ့င်္ဟာ သူ့ကိုမြှားနဲ့
ပစ်ရင် မြှားနောက်သို့ မလိုက်ဘဲ ပစ်တဲ့သူကိုပဲ လိုက်ပါတယ်… ခွေးဆိုလျှင်
ခဲနဲ့ပစ်ပါက ခဲနောက်ကို လိုက်ပါတယ်… ခြသေ့င်္နဲ့ မတူပါ… ဒါကြောင့် ခြသေ့င်္ဟာ
အကြောင်းကို လိုက်တယ်လို့ ပမာပြုပါတယ်… ဒီလိုပဲ ဗုဒ္ဓတရားတွင် ပဋိစ္စသမုပ္ပါဒ်
တရားသည် အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန်
မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ၊ ဥပါဒါန်၊ ကမ္မဘ၀ တို့မဖြစ်အောင်
အပြီးသတ်ပါတယ်… အကြောင်းတရားများ မရှိပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ)သည်
ထပ်ဖြစ်မလာတော့ပါ။
သီလရှင် စတင်ဖြစ်ပေါ်လာပုံ
====================
သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊ ယောက်ျားလေးများက
ရှိခိုးသင့်လားစတဲ့ မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ မေးခွန်းတွေ
ရောက်လာပါတယ်။
ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး
ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို
လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး
သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ၀န်းကျင်လောက်မှာ သီလရှင်စတင်ဖြစ်ပေါ်လာတယ်လို့
မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဘိက္ခုနီသာသနာဟာ သီဟိုဠ်ကျွန်းတွင်
အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံးတည်ရှိခဲ့ပြီး ကွယ်ပျောက်သွားခဲ့တယ်လို့
ဘိက္ခုနီသာသနာအကြောင်းရေးသားထားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။
သြကာသ ကန်တော့ခန်း ရှင်းလင်းချက်
••••••••••••••••••••••••••••••••••••••••••••
မြန်မာနိုင်ငံတွင် သြကာသအစချီသော ကန်တော့ခန်းသည် ပုဂံခေတ်
ရှင်အရဟံမထေရ်လက်ထက်မှ စတင်ပေါ်ပေါက်လာခဲ့သည်။ သြကာသ ကန်တော့ခန်းမှာ
မူကွဲအမျိုးမျိုးရှိလေသည်။ အများစုလက်ခံထားသည့် ကန်တော့ခန်း နှင့်
ရှင်းလင်းချက်ကို ဖော်ပြပေးပါမည်။
သြကာသ ကန်တော့ချိုး
•••••••••••••••••••••••••••
ဓဇဂ္ဂသုတ်ပရိတ်တော်၏ နောက်ခံသမိုင်း
အခါတစ်ပါးမှာ မြတ်စွာဘုရားရှင်က ရဟန်းတော် တွေကို တရားတစ်ပုဒ်
ဟောပြတော်မူခဲ့ဖူးပါတယ်။
” ချစ်သားတို့ …ဟိုး ရှေးရှေးတုန်းက တာဝတိံသာ နတ်ပြည်က နတ်သား
တွေနဲ့ အသူရာနတ်သားတွေ စစ်ပွဲကြီးတွေ မကြာခဏ ဖြစ်ခဲ့ကြဖူးတယ်။
အဲဒီတော့ သိကြားမင်းက နတ်တွေကို ”မောင်မင်းတို့ … တိုက်ပွဲမှာ ကြောက်ရွံ့
လာကြ ကြက်သီးမွေးညှဉ်းထလာကြရင် ငါ့ရဲ့အလံ ထိပ်ဖျား ပဇာပတိ ဝရုဏ
ဤသာန နတ်မင်းကြီးတွေရဲ့ အလံထိပ်ဖျားကို မော့ကြည့်လိုက်ကြ အဲဒီအလံဖျား
တွေကို မြင်ရရင် ကြောက်ရွံ့တာတွေ မှန်သမျှ ပျောက်သွား ကြပါလိမ့်မယ်” လို့
အားပေးစကား ပြောကြားခဲ့ဖူးတယ်”
နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား
+++++++++++++
မေး။ ။ ဆရာတော်ဘုရား ... တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။
ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။
(မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)
ဖြေ။ ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။
အဘာဝပညတ် လို့ ခေါ်ပါတယ်။
ဘယ်အချိန် ဘယ်အခါမှာ ဘာကြောင့်ဘယ်လို ရေစက်ချရသလဲ
မသိသေးသူများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
“သိထားသင့်သည့် ရေစက်ချ ပြဿ နာ
•••••••••••••••••••••••••••••••••••••••••
သာသနာမှာ အလှူတစ်ခုခုလုပ်တိုင်း “ရေစက်ချ ရေစက်ချ”
ဆိုတဲ့ စကားဟာ အလွန်တွင်ကျယ်နေတဲ့ စကားပါ။
အများတကာ နားယဉ်နှုတ်ကျိုးလို့ ရိုးနေတဲ့စကားပါ။
“ရေစက်ချပွဲ ရေစက်ချပွဲ” နဲ့ ဝမ်းမြောက် ကြည်နူး အားရဖွယ်
ကောင်းလှတဲ့ အလှူပွဲတွေကိုလဲ မကြာမကြာ တွေ့မြင်
ကြားသိနေကြရပါတယ်။ အလှူဆိုရင် ရေစက်ချဟာ
ပါဝင်တတ်ကြစမြဲပါ။
ရဟန်းတော်များ ခေါင်းရိတ်ကြရတဲ့ အကြောင်းရင်း
-----------------
ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိတယ်လို့ဆိုပါတယ်။ အဲဒီ (၁၆)
ပါး သောအပြစ်ကြောင့် ရဟန်းတော်များ၊ ကိုရင်များ၊
သီလရှင်များခေါင်းရိတ်ကြရတာ ဖြစ်ပါတယ်။
အပြစ်တစ့်ဆယ်ခြောက်ပါးက
(၁) ဆံပင်ကို တန်ဆာဆင်ရခြင်း။
(၂)ပြေပြစ်ချောမွေ့အောင်ပြုပြင်ရခြင်း
(ဆံပင်ဖြောင့်ခြင်း ကောက်ခြင်း)။
ရဟန်းတော်များ နေ့လွဲညစာ မစားရခြင်းအကြောင်း
@@@@@@@@@@@@@@@@@@@@@@
ရဟန်းတော်များအဖို့ အစားအစာကို ဘုဉ်းပေးသုံးဆောင်တဲ့နေရာမှာ အစားအစာ အတိုင်း အတာကိုရော၊ ကိုယ့်ဝမ်းအတိုင်းအတာကိုရော
သိရှိပြီးသကာလ ဘုဉ်းပေး သုံးဆောင် ရပါတယ်။ မိမိရဲ့ သပိတ်၊ ပန်းကန်ထဲကို
ကုန်နိုင်သလောက်သာထည့်ပြီး ထည့်သလောက် ကုန်အောင် ဘုဉ်းပေးသုံးဆောင်ရပါတယ်။
အစားအစာကို ဆေးအဖြစ်မှတ်ယူပြီး အစာလည်းဆေး ဆေးလည်း အစာဖြစ်အောင်
ဘုဉ်ပေးသုံးဆောင်ရပါတယ်။
ရှေးက ပွင့်တော်မူပြီးဖြစ်ကြတဲ့
နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်များ
“ကမ္ဘာဟာ အကြမ်းအားဖြင့် သုညကမ္ဘာ အသုညကမ္ဘာရယ်လို့
နှစ်မျိုးရှိသကွယ့်၊ ဘုရားရှင်များ ပွင့်တော်မူရာမဟုတ်တဲ့ ကမ္ဘာကို
သုညကမ္ဘာလို့ ခေါ်ပြီး ဘုရားရှင်များ ဖြစ်ပွင့်ရာကမ္ဘာကိုတော့ အသုညကမ္ဘာလို့
ခေါ်တယ်၊ အသုညကမ္ဘာဟာလည်း ဘုရားရှင် ပွင့်တော်မူသည်ကိုစွဲပြီး တစ်ဆူတည်း
ပွင့်ခဲ့လျှင် သာရကမ္ဘာ၊ နှစ်ဆူပွင့်ခဲ့လျှင်မဏ္ဍကမ္ဘာ၊ သုံးဆူပွင့်ခဲ့လျှင်
ဝရကမ္ဘာ၊ လေးဆူပွင့်ခဲ့လျှင် သာရမဏ္ဍကမ္ဘာ၊ ငါးဆူပွင့်ခဲ့လျှင်
ဘဒ္ဒကမ္ဘာလို့ခေါ်တယ်၊ ဘုရားငါးဆူထက် ပိုလွန်ပွင့်တဲ့ ကမ္ဘာရယ်လို့တော့
မရှိဘူးကွယ့်”
ကျိုက်ထီးရိုးစေတီတော်သမိုင်း
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်သည်
အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်းတောင်ပေါ်တွင်
တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသော စေတီတစ်ဆူဖြစ်သည်။
ကျိုက်ထီးရိုးစေတီကို အစွဲပြု၍ စေတီတော်တည်ရှိရာတောင်ကို
ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ ကျိုက်ထီးရိုးစေတီ တည်ရှိရာတောင်ထွက်မှ ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ ခန့်မြင့်သည်။ ကျိုက်ထီးရိုးစေတီတော် တည်နေပုံမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။
ဈာန်ပျံလျှင် ရဟန္တာထင်သော ပြဿနာ
=======================
ဗုဒ္ဓဘာသာဝင် အများစုသည် ကောင်းကင်မှ ပျံလာသော ရဟန်းတော်တိုင်းကို
'ရဟန္တာ'ချည်းထင်တတ်၏ ။ အကျဉ်းချုပ် မှတ်သားရမည်မှာ
'ကောင်းကင်မှာပျံနိုင်တိုင်း
ရဟန္တာမဟုတ်၊ ရဟန္တာတိုင်း လည်း ကောင်းကင်မှာ မပျံနိုင်' ဟူသော အချက်ပင်ဖြစ်၏
။ ကောင်းကင်တွင် ပျံနိုင်သောသူသည် သုံဦးရှိ၏။ ဆေး၊ အင်း၊ ဓာတ် စသည်
အောင်မြင်သဖြင့် ၀ိဇ္ဇာဇော်ဂျီ၊ တပသီအချို့ ကောင်းကင်တွင် ပျံနိုင်၏ ။
969+၉၆၉ (အင်္ဂလိပ်+မြန်မာ) (English+ Myanmar)
-------------------------------------
၉၆၉ ဆိုတာဘာလဲ~~ What is 969?
၉၆၉ ဆိုတဲ့အနက်အဓိပ္ပါယ် မသိသေးတဲ့ ကျနော့်၏ အကိုအမ ညီမငယ်လေးများကို သိစေလိုသော ဆန္ဒနဲ့ ကျနော် သိသလောက်လေးကို
ရှင်းပြချင်ပါတယ်။
သုဘလုလင်မေးသော မေးခွန်း(၁၄) ခု
**************************************
သုဘလုလင်အမေး
၁။ လူချင်းတူပါလျက်အချို့ မှာ အသက်တိုပြီး
၂။ အချို့ မှာ အသက်ရှည်ရသနည်း။
မြတ်ဗုဒ္ဓ အဖြေ ၁။ အချို့မှာ အသက်တိုရခြင်း ဤလောက၌ အချို့သော ယောင်္ကျား
မိန်းမတို့သည် သတ္တ၀ါတို့ကို သနားကြင်နာခြင်း ကင်းမဲ့လျက် သူတစ်ပါး အသက်ကို
ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။ ထိုသူတို့သည် သေသောအခါ ငရဲသို့
ကျရောက်ရသည်။ ရှေးကုသိုလ်ကံ တစ်ခုခု ထောက်မမှုကြောင့် လူ့ပြည်သို့
ရောက်ပြန်လျှင်လ ည်း ကြာရှည်စွာ နေခွင့်မရ၊ အသက်တိုလေ့ရှိသည်။
ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား
============================
လူတွေဟာချမ်းသာချင်ကြတယ်။ အခုမှမဟုတ်ပါဘူး။ ရှေးတုန်းကတည်းကပါ။
အင်္ဂုတ္တရနိကယ်မှာ ဒီလိုဟောထားပါတယ်။
ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့မှာ ဒီဃဇာဏုဆိုတဲ့အမျိုးသားဟာ
ဒီဘဝမှာ ချမ်းချမ်းသာသာ နေချင်ပါတယ် အဲဒီလို ဖြစ်နိုင်တဲ့
အခြေအနေကောင်းများ ရှိပါသလားလို့ မေးလျှောက်ခဲ့ပါတယ်။
အပြာရောင်
________
အပြာရောင်ကို နှစ်သက်တယ် ဆိုရင်အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။
ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း
အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို
သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း
စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။
ဆူးလေစေတီတော် သမိုင်း
ဆူးလေစေတီတော်တည်နေရာ ရန်ကုန်မြို့လည်ခေါင်၊ မြို့တော်ခန်းမအနီးဉာဏ် တော်
၁၅၁-ပေကျော်ကြားမှု မြို့လည်ခေါင်မှ ကပ်ကျော်ဘုရားဆူးလေစေတီတော်သည် ရန်ကုန်မြို့လည်ခေါင်ရှိ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလမ်းဆုံ(မြို့တော်ခန်းမအနီး)တွင် တည်ရှိသည်။
သမိုင်းကြောင်း
ဗုဒ္ဓဘာသာဝင်တွေသိသင့်သည့်ဗုဒ္ဓဘာသာအချက်အလက်များ
--------------------------------------------------------------------------
သိသင့်တယ်ထင်လို့မျှဝေပေးတာပါနော်သူငယ်ချင်းတို့ရေသိပြီးသား
လူတွေရှိသလိုမသိသေးတဲ့လူတွေလည်းရှိမယ်ထင်လို့ပါ
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တော်တော်များများမသိတဲ့လူတွေများပါတယ်
ကိုယ်ယုံကြည်သက်ဝင်ကိုးကွာ်တဲ့ဘာသာတရားရဲ့အချက်အလက်တွေကို
မသိသေးတာရှက်စရာကောင်းမယ်လို့ထင်ပါတယ်။
ကာမေသုမိစ္ဆာစာရကံ အကြောင်း အပြည့်အစုံ
══════════════════════════
မိမိချစ်သူနဲ့ ထိန်းမြားလက်ထပ်ရခြင်းမရှိသေးဘဲ နှစ်ဦးသဘောတူ ကာမအရာ ကျူးလွန်ရင်ရော ကာမေသုမိစ္ဆာစာရကံ ထိုက်ပါသလား ???
===================================================
လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ မှားနေကြပါတယ်။ တချို့အမှားလေးတွေကျတော့ မိမိဘက်က မှန်တယ်ထင်ရပေမဲ့ အများအမြင်မှာတော့ မှားတဲ့အရာဖြစ်နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊ မမှားသင့်တဲ့အရာလားဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။