Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Friday, April 13, 2018

Learning Disability (သို့ မဟုတ်) သင်ယူနိုင်မှုခက်ခဲခြင်း

Learning Disability (သို့ မဟုတ်) သင်ယူနိုင်မှုခက်ခဲခြင်း

မိဘတိုင်းဟာ ကိုယ့်သားသမီးကို တော်စေချင်၊ ထူးချွန်စေချင်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ မိဘက စေတနာအပြည့်အ၀နဲ့  ငွေကုန်ကြေးကျခံ ပြီး ကိုယ့်ကလေးကို သင်ကြားပေးပေမယ့် ကလေးက သင်ယူနိုင်စွမ်းမရှိတဲ့ အခါမှာ ဂရုဏာဒေါသတွေဖြစ်ကြရပါတယ်။ အဲ့ဒီလို အခါမျိုးမှာ ကိုယ့်ကလေးရဲ့ အားနည်းချက်ကို မသိဘဲ ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း အတင်း ပုံသွင်းယူနေမယ်ဆိုရင် ကလေးအတွက် လည်း ဒုက္ခတွေဖြစ်နိုင်သလို ကိုယ်ကိုယ်တိုင်လည်း ဒေါသဖြစ်ရပါတယ်။ တစ်ခါတစ်ရံမှာ ဒီလို ဂရုဏာဒေါသတွေကြောင့် လက်လွန်တဲ့ အထိဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ကလေးမှာ သင်ယူနိုင်စွမ်းရှိမရှိ သိရှိနိုင်စေရန်အတွက် Learning Disability လို့ ခေါ်တဲ့ သင်ယူနိုင်စွမ်းမရှိခြင်း ဆိုတဲ့ ရောဂါအကြောင်းကို ဗဟုသုတရအောင်တင်ပြပေးလိုက်ပါတယ်။

Sunday, April 8, 2018

ပညာသင်တယ်ဆိုတာ

#ပညာသင်တယ်ဆိုတာ

ပညာသင်ယူရာမှာ အောက်ပါအဆင့် ၄ ဆင့်ကို ဖြတ်သန်းရပါတယ်။

အဆင့် (၁)။ ။မသိဘူး၊ မတတ်ဘူး။

၁၀ တန်းအောင်လို့ တက္ကသိုလ်တက်ဖို့ ရောက်လာတယ်။ ဥပမာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကို သင်ယူဖို့ ဆိုပါစို့။ ဒီပညာရပ်အကြောင်း ကြားတာ ကြားဖူးထားတယ်။ ဘယ်လို စာတွေ၊ ဘာအကြောင်းတွေ သင်မှာလဲဆိုတာကို မသိဘူး။ မသိမှတော့ ဒီပညာကို လုံးဝ မတတ်သေးဘူးပေါ့။

Sunday, March 4, 2018

#ကျောင်းတွေမှာပြည်သူ့နီတိသင်ကြားရေး

#ကျောင်းတွေမှာပြည်သူ့နီတိသင်ကြားရေး
*****************************
“ပညာရေးဆိုတာ
ဧကရာဇ်ကြီးဖြစ်ဖို့၊
တရားသူကြီး ဖြစ်ဖို့မဟုတ်ပါ။
ပြည်သူပြည်သားကောင်းဖြစ်အောင်
လေ့ကျင့်ပေးခြင်း”ပါတဲ့။

အတွေးအခေါ်ပညာရှင်ကြီး
“ရူးဆိုး” (Rousseau) ရဲ့
ပညာရေးနဲ့ဆိုင်တဲ့ အဆိုအမိန့်ပါ။
သူ့အဆိုဟာ ယနေ့အထိမှန်ကန်နေဆဲပါ။
သူ့အဆိုကို ဘာထရန်ရပ်ဆဲလ်က
“လူဆန်တဲ့ လူသားမွေးထုတ်ခြင်း”တဲ့။
ပညာရေးရဲ့ နောက်ဆုံးရလဒ်က
ကောင်းမှု (ဓမ္မ)နဲ့
မကောင်းမှု (အဓမ္မ)တို့ကို
ဝေဖန် ဆန်းစစ်နိုင်စွမ်းရှိပြီး
အမှန်တရားကို သစ္စာခံတဲ့
ဘက်တော်သားဖြစ်လာကာ
လောကကောင်းကျိုးစွမ်းစွမ်းတမံ
သယ်ပိုးနိုင်သူ ဖြစ်လာခြင်းပါပဲ။
အဲဒါမှ ပြည်သူ့သားကောင်း
(good citizen)ပါ။

Saturday, March 3, 2018

မိခင်တစ်ဦး၏ ပညာရေးအမြင်

 
 
မိခင်တစ်ဦး၏ ပညာရေးအမြင်
++++++++++++++++++

သား : မေမေ၊ သားအိပ်မပျော်ဘူး၊ မေမေနဲ့ စကားပြောလို့ရမ လား၊

မေမေ : ရတာပေါ့ သားရယ်၊ ပြောလေ၊

သား : မေမေ သားရတဲ့ အမှတ်နဲ့ အဆင့်အပေါ် ကျေနပ်မူ ရှိရဲ့ လား၊

မေမေ : သားကော သားရတဲ့ အမှတ်တွေအပေါ် ကျေနပ်မူ ရှိရဲ့ လား၊

သား : မဆိုးပါဘူး၊ ကိုယ့်ကိုယ်ကို တော့ ယုံကြည်မူရှိပါတယ်။

Sunday, January 21, 2018

"အီတလီပညာရေးစနစ်မှ အတုယူစရာများ" ― Dr. သိန်းလွင်


Thida Kyu

"အီတလီပညာရေးစနစ်မှ အတုယူစရာများ"
― Dr. သိန်းလွင်
အကျဉ်းချုပ်
ကလေးတစ်ဦးချင်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျောင်းသားများ စုပေါင်းသင်ယူမှုကို တပြိုင်နက် ဆောင်ရွက်ခြင်း၊ မတူကွဲပြားသော လူမှုရေးနောက်ခံရှိသူများ၊ ခန္ဓာကိုယ် မသန်စွမ်း သူများ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ကွဲပြားသူများ အတူတကွ သင်ယူခွင့်ရှိခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို တန်ဖိုးထားခြင်း၊ အနုပညာရသခံစားမှုနှင့် တီထွင်ဖန်တီးမှုကို အားပေးခြင်း၊ ပညာရေး လွတ်လပ်ခွင့်ရှိခြင်း၊ တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရခြင်းနှင့် ပညာရေးအသုံးစရိတ် မြင့်မားခြင်းတို့သည် အတုယူစရာများ ဖြစ်ပါသည်။

Wednesday, December 6, 2017

ကျောင်းသားများအတွက် စာကျက်နည်း။

ကျောင်းသားများအတွက် စာကျက်နည်း။
*****************************

ကျွန်မ အသက် ၃နှစ်ကတည်းက မူကြို စတက်ခဲ့ပြီး၊ ၅နှစ်သမီးမှာ သူငယ်တန်း စတက်ခဲ့ပါတယ်။ ၁၆နှစ်မှာ ၁၀တန်း အောင်ပြီး၊ ၁၉နှစ်မှာ ကိုရီးယား ဘီအေဘွဲ့ ရခဲ့ပါတယ်။ ၂၀ကျော်မှာ အင်္ဂလိပ်စာ ဘွဲ့ရခဲ့ပါတယ်။ နောက် မဟာတန်း တက်ဖို့ ကိုရီးယားကို လာခဲ့ပါတယ်။ အသက် ၂၆မှာ မဟာဘွဲ့ရခဲ့ပါတယ်။

မဟာဘွဲ့ ယူပြီးတော့လည်း ၁နှစ်ပဲ နားပြီး ပါရဂူတန်း ဆက်တက်ခဲ့တာ အခုဆို ပါရဂူတန်း တတိယနှစ် ပြီးပါတော့မယ်။ အားလုံးပေါင်း ဘွဲ့ သုံးခု ရပြီးပါပြီ။ မကြာခင် ဒေါက်တာဘွဲ့ယူရပါမယ်။ အဲဒီတော့ ကျွန်မ တစ်သက်တာလုံး ကျောင်းတက်၊ ပညာသင်၊ စာလုပ်တဲ့ အလုပ်ပဲ လုပ်ခဲ့တယ်လို့ ဆိုရင်လည်း လွန်မယ် မထင်ပါဘူး။

Sunday, November 26, 2017

စာ​တော်​မယ့်​ လျှို့ဝှက်​ချက်

စာ​တော်​မယ့်​ လျှို့ဝှက်​ချက်

ငယ်​ငယ်​တုန်းကတည်းက စာ​တော်​တဲ့သူ​တွေကို အထင်​ကြီးခဲ့တယ်​။ သူတို့ ဘယ်​လိုလုပ်​လို့်​​တော်​တာလဲ။ ပြီးတာ့ လိုက်​စဉ်းစားတယ်​။ ငါလည်း အဲ့လို လိုက်​လုပ်​ရင်​ သူတို့လို​တော်​လာမလားလို့။ ငယ်​ငယ်​တုန်းကတည်းက စာ​သင်​​ကောင်းတဲ့ ဆရာ​တွေ professor ကြီး​တွေကို အားကျတယ်​။ ပြီး​တော့ လိုက်စဉ်းစားတယ်​။ ကြီးလာရင်​ သူတို့လို စာတွေရလာအောင်​ ဘယ်​လိုလုပ်​မလဲလို့။
ကိုယ့်​​ကျောင်းသားဘဝ တစ်​​လျှောက်​လုံး အဲ့ လျှို့ဝှက်​ချက်​ကို ရှာ​ဖွေခဲ့တယ်​။ နည်း​ပေါင်းစုံ လုပ်​ကြည့်​ခဲ့တယ်​။ စာ​တော်​​အောင်​ ဘယ်​လိုလုပ်​မလဲ​ပေါ့။

Saturday, November 11, 2017

အဖြူရောင် ရေခွက်ကလေးရဲ့ ဒိုင်ယာရီ

အဖြူရောင် ရေခွက်ကလေးရဲ့ ဒိုင်ယာရီ
~~~~~~~~~~~~~~~~~~~~~~
(ကိုလှိုင်ကြည်ဝင်း)

" ရုံး Order ထွက်ပြီးကတည်းက ဆရာ့ကို မျှော်နေတာ။ ဆရာက J.A.T နဲ့ ပြောင်းလာ ပေမယ့် လောလောဆယ် စတုတ္ထတန်း အတန်းပိုင် ဆရာမက မီးဖွားခွင့် ယူထားတော့ ဖြစ်နိုင်ရင်ဆရာ့ကို အဲဒီအတန်း တာဝန်ပေးချင်ပါတယ် "

ကိုယ်က ဝန်ထမ်းပဲ။ ကျရာဝန် ထမ်းရမှာပေါ့။ ရွှံ့ပျော့ကလေးတွေ၊ အဖြူရောင်ပန်းကလေးတွေဆိုတာ ကိုယ်လိုချင်တဲ့ အရောင် ကိုယ်လိုချင်တဲ့ ပုံစံ ရိုက်သွင်းလို့ အကောင်းဆုံး မဟုက်လား။ ကျောင်းအုပ်ဆရာကြီးက အသက် 50 ဝန်းကျင်၊ အသားညိုညို၊ မျက်နှာချိုချိုနဲ့ တွဲအလုပ်လုပ်လို့ အဆင်ပြေမယ်ဆိုတာ စိတ်က အလိုလို သိလိုက်တယ် ။

Tuesday, October 24, 2017

How to write Myanmar names in English နာမည်ရေးနည်း

How to write Myanmar names in English နာမည်ရေးနည်း

မြန်မာဗျည်းသက်သက်(၃၂) လုံး

က = K ခ = Kh K = ခ ဂ,ဃ = G င = Ng
စ,ဆ = S ဇ,စ် = Z ည = Ny
ဋ,တ = T ထ,ဌ = Ht ထ,႒ = T ဒ,ဓ,ဍ, ဎ = D န,ဏ = N
ပ = P ဖ = Ph ဗ,ဘ = B မ = M
ယ = Y ရ = R လ,ဠ = L ၀ = W သ = Th ဟ = H

ဗျည်းတွဲ(၆)မျိုး

၁။ ဗျည်းတစ်လုံးနောက်မှ Y ဆက်ပေးလျှင် “ယပင့်” “ရရစ်” ဖြစ်၏။
ပုံစံ။ ။ Ky= က် ,ၾက Py=ပ် ,ျပ By=ဗ် ,ျဗ Gy=ဂ် Phy=ဖ် ,ျဖ My=မ ် ,ျမ

၂။ ဗျည်းတစ်လုံးနောက်မှ W ဆက်ပေးလျှင် “၀ဆွဲ” ဖြစ်၏။
ပုံစံ။ ။ Kw=ကွ Khw=ခွ Gw=ဂွ Sw=စွ,ဆွ Zw=ဇွ ,ဈွ Lw=လွ Ngw=ငွ Dw=ဒွ

Sunday, October 22, 2017

ကျွန်တော် နှစ်သက်သော ပညာရေး အယူအဆ အချို့

 
 
ကျွန်တော် နှစ်သက်သော ပညာရေး အယူအဆ အချို့
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပညာရေး နဲ့ “ ကလေး ”
-------------------
ပညာရေးဆိုတာ “ ကလေး ” အကြောင်းကို ကောင်းစွာသိဖို့ လိုပါတယ်။
ကလေးဆိုတာ “ လူကြီးအငယ်စား” မဟုတ်ပါ။ ကလေးမှာ ကလေးအမြင်၊
ကလေးအကြိုက်၊ ကလေးအတွေး၊ ကလေးအိမ်မက်၊
စသည်ဖြင့် ကလေးဘာသာရပ် သပ်သပ်ရှိပါတယ်။
ဒါကြောင့် သင်ကြားရေး အပိုင်းမှာ ကလေးကို ကလေးအမြင် ကလေးအတွေး နဲ့
ဆီလျှော်အောင် သူ့အရွယ်နဲ့သူ ကိုက်ညီအောင် သင်ပြခြင်းဟာ အလွန်အရေးကြီးပါတယ်။
ကလေးကို လူကြီးအငယ်စားလို သဘောထားပြီး
အသက်ငယ်ရင် နည်းနည်းလွယ်တဲ့ သင်ခန်းစာသင်ပေးမယ်။

Friday, October 20, 2017

မိဘ​တွေက သားသမီး​တွေကို ဘာလို့​ကျောင်းထား​ပေးတာလဲ ?

မိဘ​တွေက သားသမီး​တွေကို ဘာလို့​ကျောင်းထား​ပေးတာလဲ ?
--------------------------------------------
မိဘ​တွေက
သားသမီး​တွေကို
ပညာတတ်​ကြီးဖြစ်​​အောင်
ဘဝ​တွေလှပ​အောင်
လူ​အောက်​မကျ​အောင်
အသက်​​မွေး​ကြောင်းပညာတတ်​တစ်​ခုရ​အောင်
ကိုယ့်​အားကိုကိုယ်​တတ်​​အောင်
မရှိတဲ့ကြားက
ငွေ​ကြေးကုန်​ကျခံပြီးကျောင်းထား​ပေးကြတယ်
တစ်​ချို့မိဘ​တွေကျ စီးပွား​ရေအဆင်​မ​ပြေတဲ့ကြားက
အဆင်​​​ပြေ​အောင်​လုပ်​ပြီးထားကြတယ်
တစ်​ချို့မိဘ​တွေဟာ
ငွေ​ကြေးရှိလို့​ ​​ပေါလို့ များလို့
ကျောင်းထား​ပေးကြတာမဟုတ်​ပါဘူး

Sunday, October 15, 2017

ဆရာများ ရှောင်ရှားသင့်သော အကျင့်စရိုက်များ

 
 
ဆရာများ ရှောင်ရှားသင့်သော အကျင့်စရိုက်များ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၁။ အတန်းကို ငြိမ်သက်စေဖို့ စားပွဲကို မထုပါနှင့်
အတန်းက ငြိမ်တော့ငြိမ်သွားမယ်။ ကျောင်းသားများ ကျေကျေနပ်နပ်ကြီး
မဟုတ်လို့ပါ။

၂။ စိတ်ဆိုးလို့ စာသင်ခန်းကနေ ထွက်မသွားပါနှင့်
စာသင်ချင်တဲ့ ကျောင်းသားစိတ်အားငယ်သွားမယ်။
မသင်ချင်တဲ့ကျောင်းသား ခိုးပြီးပျော်နေမယ်။

Friday, September 29, 2017

ရိုက်နှက်ခြင်း မပြုပဲ စာသင်နည်း (၂)


အာကာသ နှင့် စကြ၀ဠာ added 4 new photos.

>>>ရိုက်နှက်ခြင်း မပြုပဲ စာသင်နည်း (၂)<<<
ဆိုးသွမ်းတဲ့ ကလေးတွေကို ရိုက်နှက် ဆုံးမမှ ရမယ်၊ 'မ 'တစ်ထောင်သားတွေ ဘယ်လိုနိုင်မလဲ၊ စာလည်းလိုက်မလုပ်ဖူး၊ လိမ်ညာတတ်တယ်၊ အနိုင်ကျင့် ဗိုလ်ကျတတ်တယ်၊ အတန်းထဲကို ဒုတ်၊ ဓါး၊ လက်နက် ယူလာကြတယ်.. စသည်ဖြင့် အမူအကျင့် လွဲမှားသော ကလေးငယ် (ကျောင်းသား) များကို ရိုက်နှက်ခြင်း မပြုပဲ စည်းကမ်းဖြင့် ထိန်းကျောင်းပေးလို့ရပါတယ်။ နည်းပညာတွေ ရှိပါတယ်။
Managing Misbehavior လို့ ခေါ်ပါတယ်။ သူများနိုင်ငံတွေမှာလည်း ဒီလိုကလေးမျိုးတွေရှိပါတယ်။ (အမေရိကန်လို နိုင်ငံမျိုးမှာတောင် ကျောင်းသားက ကျောင်းထဲဝင်ပြီး သေနတ်နဲ့ ပစ်သွားတာတွေ ကြုံတွေ့ရဖူးပါတယ်။) ငယ်ရွယ်နုနယ်တဲ့ သူတို့ကို ဘယ်လို ထိန်းကျောင်း ပြုပြင်ကြမလဲ။

ရိုက်နှက်ခြင်း မပြုပဲ စာသင်နည်း


အာကာသ နှင့် စကြ၀ဠာ added 4 new photos.

>>>ရိုက်နှက်ခြင်း မပြုပဲ စာသင်နည်း<<<
ဇာတက ဝထ္ထုများမှာ နှမ်းခိုးစားသောမင်းသားကို ဆရာက ရိုက်နက် ဆုံးမတဲ့ သာဓက ရှိပါတယ်။ ယနေ့ခေတ်မှာလည်း မိဘ ရဲ့ စား၊ ဝတ်၊ နေ ရေး အခြေအနေအရ (သို့မဟုတ်) ကလေးရဲ့ စိတ်ခံစားချက်၊ ဗီဇ ပတ်ဝန်းကျင်အရ ဆိုးချင် မိုက်ချင်တဲ့ ကလေးတွေရှိပါတယ်။ ဒီကလေးတွေကို ရိုက်နှက်ခြင်း မပြုပဲ ဘယ်လို စာသင်ကြမလဲ..??

Tuesday, September 19, 2017

ခြင်္သေ့ စိတ်ဓါတ် နဲ့ Plan-B


ဒီ မေးခွန်း ကတော့ မြန်မာနိုင်ငံ က လူငယ်တော်တော်များများရဲ့ ရင်ထဲမှာ ရှိနေတဲ့ မေးခွန်း တစ်ခုပါ။‘ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါမှန်း မသိတဲ့ လူငယ် တွေ၊ သိလည်း ကိုယ့် ၀ါသနာ ကို အကောင်အထည်ဖော်လို့ မရတဲ့ လူငယ် တွေ ဘာလုပ်သင့်ပါသလဲ’ တဲ့။
မေးခွန်း လေးက ရိုးရှင်းသလို ဆရာ တို့ရဲ့အဖြေ ကလည်း ဆိုလိုရင်းအတိအကျပါပဲ။
ကျွန်တော် တို့ဆီမှာ မိဘ တွေရဲ့ အုပ်ထိန်းမှု၊ ကျောင်း က ဆရာ ဆရာမ တွေရဲ့ လမ်းညွှန်မှု ဟာ ဘယ်ကိုပဲ အဓိကဦးတည်လဲဆိုရင် စာမေးပွဲ မှာ အမှတ် များဖို့နဲ့ ဆယ်တန်း အောင်တဲ့အခါ တက္ကသိုလ် ကောင်းကောင်းတက်ရဖို့ပါပဲ။ လိမ္မာတယ်၊ စကားနားထောင်တယ်၊ စာတော်တယ် ဆိုရင် ဒီ ကလေး အတွက် သိပ် ဂုဏ်ယူ ကြပါတယ်။ သူ ဘာ ၀ါသနာ ပါတယ်ဆိုတာကို ထုတ်ဖော်ဖို့ အားမပေးတတ်ကြဘူး။ အဲဒီအပြင် ပိတ်ပင်ခံရတာတွေတောင် ရှိပါတယ်။ ဒီအရွယ်မှာ အပြင်စာတွေမဖတ်နဲ့၊ ဘောလုံး ချည်းပဲ ကန်နေတာပဲ၊ စသဖြင့် ကျောင်းစာ မှာ အမှတ်နည်းမှာစိုးတာကြောင့် ကန့်သတ်ချုပ်ချယ်ကြတာတွေ ရှိပါတယ်။ ကျွန်တော် တို့ရဲ့ ပညာရေး စနစ်ကလည်း ဒီလိုဖြစ်အောင် ဖန်တီးပေးထားတာကိုး။

Monday, September 4, 2017

စာစီစာကုံး (Essay) ကောင်းတစ်ပုဒ်ရေးနိုင်ရန် နည်းလမ်းများ

စာစီစာကုံး (Essay) ကောင်းတစ်ပုဒ်ရေးနိုင်ရန် နည်းလမ်းများ
____________________________________

စာစီစာကုံး (Essay) ရေးသားခြင်းဟာ ကျောင်းသင်ခန်းစာ အစိတ်အပိုင်း တစ်ရပ်အနေနဲ့တင် အရေးကြီးတာမဟုတ်ပါဘူး။ ပညာသင်ကြားမှုအပြီး လက်တွေ့လုပ်ငန်းခွင် ဝင်တဲ့အခါမှာလည်း ရုံးပိုင်းဆိုင်ရာနဲ့ တခြား အကြောင်းအရာတွေကို ပြေပြေပြစ်ပြစ် ရေးသားနိုင်ဖို့ အခြေခံကောင်းတွေလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ ပညာသင်ယူဆဲ အဆင့်မှာလည်း ဘာသာစကား (Language) ကို သင်ယူရတဲ့ မြန်မာစာနဲ့ အင်္ဂလိပ်စာလို ဘာသာရပ်တွေမှာ ဂုဏ်ထူးအတွက် အဓိက အကဲဖြတ်စိစစ်တဲ့ ကဏ္ဍတစ်ခု ဖြစ်နေပါတယ်။ ကျောင်းသူ ကျောင်းသားတစ်ယောက်ရဲ့ ရေးသားတင်ပြမှု စွမ်းရည်ဟာ အထင်ကြီးလောက်စရာ ဟုတ်မဟုတ်ဆိုတာကို စာစီစာကုံး (Essay) တွေမှာ ဆရာဆရာမတွေက အကဲဖြတ်လေ့ ရှိပါတယ်။

Friday, August 11, 2017

သင်တန်း မသွားနိုင်သူတွေအတွက် အင်္ဂလိပ်စာ လေ့လာနည်း


သင်တန်း ကောင်းကောင်းလေးတစ်ခုတက်ပြီးလေ့လာနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမယ့်ဘယ်လိုမှကို အချိန်မပေးနိုင်လို့ သင်တန်း မတက်ဘူးဆိုရင်လည်း အလကားတော့ အချိန်မဖြုန်းသင့်ပါဘူး။ အောက်ပါ နည်းလမ်း လေးတွေနဲ့ လေ့လာထားလို့ရပါတယ်။ ကျွန်တော့် ရဲ့ “အင်္ဂလိပ်စကား အမြန်ဆုံးပြောတတ်ဖို့” ဆိုတဲ့ စာအုပ် ထဲက နည်းလမ်းအချို့ဖြစ်ပါတယ်။
အသုံးများတဲ့ Grammar Pattern အချို့ကိုလေ့လာပါ။
Grammar ကိုအများကြီးစလေ့လာစရာမလိုပါဘူး။ Pattern တွေအများကြီးလေ့လာရင် ထုံသွားတတ်ပါတယ်။ဖြည်းဖြည်းသာလေ့လာပါ။ ဒါပေမယ့် အသုံး
အများဆုံးတွေကို အရင် လေ့လာ ပါ။
နေ့တိုင်း စကားလုံး အသစ် လေ့လာပါ ။

ကျည်ပွေ့ အတတ်ပေါက်နိုင်ကြောင်း သက်သေပြပြီးအသက် ၉၁ နှစ်မှာ ဘွဲ့ယူခဲ့သည့်အဖွားအို


ထိုင်းနိုင်ငံမှ အသက် ၉၁ နှစ်အရွယ်အဖွားအိုတစ်ယောက်ဟာ “ပညာသင်ဖို့အတွက် ဘယ်တော့မှ နောက်မကျဘူး” လို့ခံယူချက်ရှိသူတစ်ယောက်ဖြစ်ပြီး သူမရဲ့တက္ကသိုလ်ဘွဲ့ကို ပညာသင်နှစ် ၁၀ နှစ်ကျော်အကြာမှာ ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

အဖွားရဲ့ နာမည်ဟာ ကမ်လန်ဂျီနာကာလ် (Kimlan Jinakul) လို့ခေါ်ပြီး တက္ကသိုလ်ကျောင်းသူ တစ်ယောက်အဖြစ် ပညာသင်ချင်ခဲ့ပေမဲ့ ငယ်စဉ်က တက္ကသိုလ်မှာပညာသင်ဖို့ အခွင့်အရေး မရခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အချိန်တွေ ကုန်လွန်ခဲ့ပြီး သူမရဲ့သားသမီးတွေကိုယ်တိုင် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသွားတွေဖြစ်သွားခဲ့တဲ့အခါမှ အဖွားအို ကမ်လန်ဟာ တက္ကသိုလ်မှာ ကျောင်းဝင်ခွင့်လျှောက်ခဲ့ပြီး မနေ့၊ ဗုဒ္ဓဟူးနေ့က ဘွဲ့ရသွားခဲ့တာ ဖြစ်ပါတယ်။

Sunday, July 30, 2017

ပညာရည်မြင့်မှသာ………..

 
 
ပညာရည်မြင့်မှသာ………..

ကိုယ့်နိုင်ငံရဲ့ ပညာရေးမြင့်ဖို့… မြှင့်တင်ဖို့ ဆိုတာကို ကမ္ဘာ့နိုင်ငံတိုင်းက လိုလားကြပါတယ်.။ ဆန္ဒပြင်းပြ ကြပါတယ်..။ ကြိုးစားကြပါတယ်..။ အဲဒီလို ကြိုးစားကြရာမှာ အရေးပါဆုံး အရင်းအမြစ် တစ်ခုက ပညာရည် မြှင့်ဖို့ပါ..။ ပညာရေးကို လက်ဆင့်ကမ်း သင်ပေးကြမယ့် ပညာရှင်တွေရဲ့ ပညာရည်ကို ပေတံ အသီးသီးနဲ့ တိုင်းတာပြီး လိုအပ်သလောက် အရင်မြှင့်ပေးကြလေ့ ရှိပါတယ်.. .။
ပညာရပ်ကို ချဉ်းကပ်တဲ့ အခါမှာ Benjamin Bloom ရဲ့ Bloom’s Taxonomy (Revised) နဲ့ ဆန်းစစ် ကြည့်နိုင်ပါတယ်..။ အဲဒီမှာ အဆင့် ၆ ဆင့် ပါပါတယ်..။

Tuesday, July 25, 2017

ထူးခြားတဲ့ မိဘဆရာ အစည်းအဝေး တစ်ခု

ထူးခြားတဲ့ မိဘဆရာ အစည်းအဝေး တစ်ခု
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တရုတ်ပြည်တောင်ပိုင်းမြို့ တစ်မြို့ မှာရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းမှာပါ။ မူလတန်း အတန်းလိုက် ကျင်းပတဲ့ မိဘဆရာ အစည်းအဝေးမှာပါ။

မနက် ( ၉ ) နာရီ၊ ကျောင်းသူကျောင်းသားများရော ကျောင်းသားမိဘများပါ တစ်ဖွဲဖွဲ ရောက်လာကြပါတယ်။ အစည်းအဝေး တက်ရောက်သူများအားလုံး လှလှပပ ၀တ်ဆင်လာကြတာကို တွေ့ရပါတယ်။

ကျောင်းသားမိဘအများစုဟာ ပညာတတ်များဖြစ်ကြပါတယ်။ ကျောင်းသားမိဘများ တက်ရောက်ကြောင်းလက်မှတ်ရေးထိုးကြရပါတယ်။ အချို့ မိဘများ ကျေကျေနပ်နပ် ထိုးကြသလို အချို့ မိဘများလည်း ဆရာမကို တစ်ခွန်းစ နှစ်ခွန်းစ ပြစ်တင်ပြီးမှ ထိုးကြတာလည်း ရှိပါတယ်။