Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 29, 2017

ရိုက်နှက်ခြင်း မပြုပဲ စာသင်နည်း


အာကာသ နှင့် စကြ၀ဠာ added 4 new photos.

>>>ရိုက်နှက်ခြင်း မပြုပဲ စာသင်နည်း<<<
ဇာတက ဝထ္ထုများမှာ နှမ်းခိုးစားသောမင်းသားကို ဆရာက ရိုက်နက် ဆုံးမတဲ့ သာဓက ရှိပါတယ်။ ယနေ့ခေတ်မှာလည်း မိဘ ရဲ့ စား၊ ဝတ်၊ နေ ရေး အခြေအနေအရ (သို့မဟုတ်) ကလေးရဲ့ စိတ်ခံစားချက်၊ ဗီဇ ပတ်ဝန်းကျင်အရ ဆိုးချင် မိုက်ချင်တဲ့ ကလေးတွေရှိပါတယ်။ ဒီကလေးတွေကို ရိုက်နှက်ခြင်း မပြုပဲ ဘယ်လို စာသင်ကြမလဲ..??

ကျနော်တို့ သတိပြုသင့်တဲ့ အချက် (၂) ချက်ရှိပါတယ်။ ပထမ တစ်ချက်က.. ကလေးတွေဟာ ရွံ့ပျော့လေးတွေလို.. လိုသလို ပုံသွင်းယူနိုင်တယ် ဆိုတာနဲ့ ဒုတိယ အချက်ကတော့ ဆရာ၊ ဆရာမ များဆီမှာ အပေါင်းလက္ခဏာဆောင်တဲ့ (တနည်း) လိုသလို ပုံသွင်းယူလို့ရတဲ့ စာသင်ခန်းတစ်ခု ရှိတယ် ဆိုတာပါ။ ဒါကို နည်းလမ်းမှန်စွာ အသုံးချမယ်ဆိုလျှင် ရိုက်နှက်စရာ မလိုပဲ စာသင်ကြားနိုင်ပါတယ်။
ဆရာဟာ ကြင်နာတတ်တဲ့ ဆရာလား၊ ကြမ်းတယ်လို့ နာမည်ကြီးတဲ့ ဆရာလား?? အပေါင်းလက္ခဏာ ဆောင်ဖို့အတွက် ဆရာကိုယ်တိုင် အကောင်းဘက်က ရှုမြင်ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ကလေးငယ်တွေ ပြုမူ ပြောဆိုတဲ့ အကြောင်းအရာကို အသေးမွှားကအစ၊ ကြီးမားသည့်တိုင် အကောင်းဘက်က ရှုမြင်သုံးသပ်ပေးကြည့်ပါ။ ဆရာ၊ ဆရာမ မျက်နှာ ကြည့်နေရတဲ့ ကလေးများဟာ ဆရာ၊ ဆရာမ လိုပဲ အကောင်းမြင် စိတ်တွေ ပေါ်လာပါလိမ့်မယ်။
A positive Classroom Climate လို့ ခေါ်ပါတယ်။ ကျနော်တို့ Classroom Management ကို သင်တဲ့အခါမှာ ထည့်သွင်း လေ့လာရပါတယ်။
ကလေးက အမှားတစ်ခုခု ကျူးလွန်မိတဲ့အခါ အဲ့ဒီ့အမှားကို ထောက်ပြ ဝေဖန် အပြစ်တင် (အပြစ်ပေးခြင်း) ထက်.. ထို အမှားကို သင်ခန်းစာ ယူတတ်အောင်၊ နားလည် သိရှိအောင် စွမ်းဆောင်ပေးသင့်ပါတယ်။ အမှားမလုပ်မိခင် အချိန်အထိ ပြုလုပ်ခဲ့သော အမှန်များကိုလည်း ထောက်ပြ ချီးမွမ်း ပေးသင့်ပါတယ်။ ကလေးများရဲ့ အားသာချက်၊ အားနည်းချက်များကို ရှာဖွေပေးပြီး လိုသလို ပြုပြင်ဆောင်ရွက်ပေးနိုင်ပါတယ်။
ကလေးများကို တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်ပြောဆိုခြင်းဟာ အင်မတန်မှားယွင်းတဲ့ အပြုအမူတစ်ရပ် ဖြစ်ပါတယ်။ ဒါဟာ ကလေးတွေရဲ့ မခံချင်စိတ်ကို နှိုးဆွပေးရာ မရောက်ပဲ အချင်းချင်းအမုန်းပွားစေတယ်လို့ သုတေသန စာတမ်းများက ဆိုပါတယ်။ ဆရာဟာ အမှားကို အမှန်ပြင်၊ အနှုတ်လက္ခဏာ ကို အပေါင်းလက္ခဏာအသွင် ဆောင်နိုင်ရပါမယ်။ ဒီ့ထက်ပိုပြီးပြောရလျှင်တော့.. ဆရာဟာ အမှားတစ်ခုကနေ အခွင့်အရေး တစ်ခုဖြစ်အောင် ပြောင်းလဲပေးနိုင်ရပါမယ်။
ဘယ်လိုလုပ်ရမလဲ။
လေ့ကျင့် ယူရပါမယ်။ နည်းပညာအသစ်တွေ ရှာဖွေရပါမယ်။ အရေးအကြီးဆုံးက ပြင်ဆင်ရပါမယ်။ ပြင်ဆင်မှု အားနည်းခြင်းဟာ စာသင်ကြားရာမှာ ကြီးစွာသော လိုအပ်ချက်ကို ဖြစ်စေပါတယ်။ ပြင်ဆင်မှု အားနည်းသူဟာ နောက်ဆုံးတော့.. ဖတ်စာအုပ်ထဲကအရာကို ပြန်ရေး.. လိုက်ကူးခိုင်းပြီး.. အလွတ် ဆိုခိုင်းလိုက်တော့တာပါပဲ။ ဆွေးနွေး အကြံပြုတာ၊ တွေးခေါ်တာတွေနဲ့ တဖြည်းဖြည်း အလှမ်းဝေးလို့သွားပါတယ်..။
၂၁ ရာစု ပညာရေးမှာ ဒီအတိုင်းဆက်သွားလို့ မရတော့ပါဘူး။ နောင် ၅ နှစ်ကြာလို့ သင်ရိုးတွေ အားလုံး ပြောင်းပြီးတဲ့အခါ.. အလွတ်ကျက်၊ အလွတ်ဖြေ စနစ် ရှိတော့မှာ မဟုတ်ပါဘူး။ ရှိအောင် ဆက်လုပ်ပြီး မပြောင်းလဲချင်လျှင်တော့.. အနာဂတ်တိုင်းပြည်ဟာ ဆက်ပြီး ပညာမွဲနေဦးမှာပါ။
ရိုက်နှက်ခြင်းမပြုပဲ စာသင်လို့ရတဲ့နည်းတွေ အများကြီး.. အများကြီး ရှိပါတယ်။ နိုင်ငံတကာမှာလည်း ရိုက်နှက်ခြင်းမပြုပဲ စိတ်ဓါတ်မြှင့်တင် သင်ကြားကြပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှု ရှိတဲ့ ကလေးဟာ အပြုအမူ အပြောအဆိုအပြင် အသိပညာ အလိမ္မာပါ ရှိလာကြမှာပါ။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။