Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 27, 2017

အမှိုက်သိမ်းသမားကနေ ဘီလျံနာဖြစ်သွားတဲ့ Midas Touch တန်ခိုးပိုင်ရှင်


ဝန်ဟိုင်ဇင်းဂါး အမေရိကန်စီးပွားရေးလောကမှာ အကြီးအကျယ်ဆုံး အကြံညဏ်ထုတ်တတ်သူလို့ ခေါ်ကြတယ်။ သူ့မှာ ကျရှုံးပြိုလဲတော့မယ့် စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်အောင်မြင်အောင်စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိလို့ပါ။ နောက်ပြီးသူ့ကို Midas Touch တန်ခိုးပိုင်ရှင်တစ်ယောက်လို့ လူတွေက တင်စားခေါ်ဝေါ်ကျတယ်။ Midas Touch ဆိုတာ ရှေးခေတ်ဂရိပုံပြင်တွေထဲက မီးဒတ်စ် (Midas) ဆိုတဲ့ ဘုရင်တစ်ပါးဟာ သူ့လက်နဲ့ထိကိုင် (Touch) လိုက်တဲ့ အရာမှန်သမျှရွှေအဖြစ် ပြောင်းလဲသွားတာကို ရည်ညွှန်းထားတာပါ။ ဒီလိုပဲ ၀ိန်းလုပ်လိုက်တဲ့စီးပွားရေးလုပ်ငန်းတွေ မှန်သမျှဟာ အ၇မ်းအောင်မြင်သွားတာကြီးပဲ။
ဝိန်းဟာအမေရိကန်နိုင်ငံမှာ ဘီလျံနာသူဌေးကြီး ဖြစ်မလာခင်က ကားတစ်စီးနဲ့အမှိုက်သိမ်းတဲ့ လူတစ်ယောက်လို့ပြောရင် ယုံကြရဲ့လား။ အဲဒါတကယ်ဟုတ်မဟုတ် သိချင်ရင်ဆက်ဖတ်ကြည့်ပါ။
ဝိန်းရဲ့မျိုးရိုးစဉ်ဆက်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်လာကြသူတွေပါ။ သူ့ရဲ့အဖိုးက ချီကာဂိုမြို့မှာ အမှိုက်သိမ်းတဲ့လုပ်ငန်းလုပ်ခဲ့တယ်။ အဖေကလည်း ကိုယ်တိုင်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်ခဲ့တယ်။ ၀ိန်းငယ်စဉ်ဘ၀မှာ အဖေကသူ့ကို အမြဲပြောနေတဲ့စကားတစ်ခွန်းရှိတယ်။ အာ့ဒါကဘာလဲဆိုတော့
သူများလက်အောက်မှာလခစားလုပ်ရင် တစ်သက်လုံး မင်းလူမွေးလူရောင် ပြောင်မှာမဟုတ်ဘူး။ ဘယ်တော့မှလည်း ကြီးပွားချမ်းသာလာမှာမဟုတ်ဘူး။
ဆိုတာပါ။ ၀ိန်းဟာအဲ့ဒီစကားကို သူ့ခေါင်းထဲမှာ တစ်သက်သာ စွဲစွဲမြဲမြဲမှတ်ထားတယ်။
ဝိန်းကို ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ရက်နေ့ အမေ၇ိကန်နိုင်ငံ၊ ချီကာကိုမြို့မှာမွေးဖွားခဲ့တယ်။ တစ်ဦးတည်းသောသားပါ။ အဖေက အ၀တ်ဘီရိုလုပ်တဲ့ လတ်သမားတစ်ယောက်ဖြစ်ပြီး အမေကတော့ အိမ်ရှင်မပါ။ သူ့မိဘတွေက ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီး စည်းကမ်းလည်းအလွန်တင်းကြပ်ပါတယ်။ ဘယ်လောက်တောင် စည်းကမ်းတင်းကျပ်လည်းဆိုရင် ၀ိန်းမှာ ရုပ်ရှင်လည်းမကြည့်ရဘူး၊ ကာတွန်း၊ ကော်မစ်၊ကာတွန်းတွေပေးမဖတ်တဲ့အပြင် အိမ်ကိုလာပို့တဲ့ သတင်းစာမှာတောင် ကာတွန်းတွေကို ကတ်ကြေးနဲ့ညှပ်ပြီးမှ ၀ိန်းအဖေကပေးဖတ်တယ်။ လူပျိုအရွယ်ရောက်လာတော့ ၀ိန်းဟာ ရုပ်ရှင်တွေခိုးကြည့်တဲ့အပြင်၊ ပါတီတွေလည်းတက်တယ်။ နောက်တော့အဖေဟာ မိသားစုကိုခေါ်ပြီး အဆောက်အဦးတွေအများအပြားရှိတဲ့ ဖလော်ရီဒါပြည်နယ်ကို ဆောက်လုပ်ေ၇းလုပ်ဖို့ထွက်ခွာတယ်။
ဝိန်းဟာဖလော်ရီဒါမှာ အထက်တန်းကျောင်တက်နေတုန်းမှာရော တက္ကသိုလ်တက်နေတုန်းမှာရော သူ့အဖိုးတည်ထောင်ခဲ့ပြီး သူ့ဦးလေးဆက်ခံခဲ့တဲ့ လမ်းတွေ၊ အိမ်တွေ အမှိုက်သိမ်းတဲ့ အလုပ်ကို အချိန်ပိုင်းဝင်လုပ်တယ်။ အောက်ခြေသိမ်းကအစ လိုက်လုပ်ပြီး ကားမောင်းသူမရှိရင်အမှိုက်သယ်တဲ့ ထရပ်ကားတွေကို သူလိုက်မောင်းတယ်။ တက္ကသိုလ်က ဘွဲ့ရတော့သူများတွေလို လစားအလုပ်မလုပ်ဘူး။ သူ့အဖေပြောသလို လစားအလုပ်ကိုလုပ်ရင် ဘယ်တော့မှချမ်းသာမှာ မဟုတ်ဘူးဆိုတာကို အမြဲသတိရနေလို့ပါ။ ဘွဲ့ရပြီးပြီးချင်းမှာပဲ မိန်းမယူလိုက်တယ်။
၁၉၆၂ ခုနှစ် အသက် ၂၃ နှစ်မှာ ၀ိန်းဟာ သူ့အဖေဆီကနေ ဒေါ်လာ ၅၀၀၀ ချေးလိုက်တယ်။ အဲဒီငွေကိုအရင်းပြုပီး အမှိုက်သိမ်းလုပ်ငန်းရှင်တစ်ယောက်ဆီကနေ အမှိုက်သိမ်းကားဟောင်းတစ်စီးကိုရောင်းပေးဖို့ အမှိုက်သိမ်းနယ်မြေတစ်ချို့ကို ခွဲဝေပေးဖို့ အတင်းအကျပ်တောင်းဆိုတယ်။ ဟိုလူကလည်း အလွန်စိတ်ထက်သန်နေတဲ့ ၀ိန်းကိုသနားသွားပြီး ကားဟောင်းတစ်စီးရောင်းပေးလိုက်ပြီး အမှိုက်သိမ်းနယ်မြေတစ်ချို့ကိုလည်း ခွဲပေးလိုက်တယ်။ နောက်တစ်ရက်မှာ ၀ိန်းဟာအလုပ်စလုပ်တယ်။ Southern Sanitation Services လုပ်ငန်းလို့အမည်ရတဲ့ ကုမ္ပဏီတစ်ခုကိုတည်ထောင်လိုက်တယ်။ ကုမ္ပဏီလို့သာပြောတာ ရှိတဲ့လူအင်အားက သူနဲ့အလုပ်သမား ၃ ယောက်ထဲပါ။ဝိန်းဟာ မနက် ၂ နာရီထပြီး အမှိုက်တွေကို သူ့ကားနဲ့ လိုက်သိမ်းပြီး အမှိုက်ပုံမှာသွားစွန့်ပစ်တယ်။ နေ့လည် ၁၂ နာရီလောက်ကျမှပြီးတယ်။ အိမ်ပြန်လာရေမိုးချိုး ၊ ထမင်းစား ၊ ခဏအိပ်ပြီးတော့ မြို့ထဲက အိမ်တွေ၊ရုံးတွေ၊ ကုန်တိုက်တွေကို ဖုန်းစဆက်တယ်။ သူ့ကိုယ်သူမိတ်ဆက်ပြီး အမှိုက်စွန့်ပစ်ပေးတဲ့ အလုပ်လုပ်ပေးကြောင်းနဲ့ သူ့အလုပ်ကို အကောင်းဆုံးလုပ်မယ်လို့ ပြောပြတယ်။ သူက
ကျွန်တော် တကယ်တော့ စီးပွားရေးလုပ်ငန်းကို သိပ်နားမလည်ပါဘူး၊ အလုပ်ကို ကြိုးစားလုပ်တယ်။ ဖောက်သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးတယ်။ သူ့တို့ကလဲ ကျေနပ်သဘောကျ ကြတယ်။ ဒါပါပဲ။
လို့ The New York Times သတင်းစာကြီးနဲ့ အင်တာဗျူးတွေမှာပြောတယ်။
သူ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကြောင့်ဖောက်သည်တွေရဲ့ ယုံကြည်အားပေးမှုရလာလို့ သူ့လုပ်ငန်းကိုချဲ့ထွင်လာတယ်။  ၁၉၆၈ ခုနှစ်မှာ အမှိုက်သိမ်းထရပ်ကား အစီး၂၀ ၀ယ်လိုက်တယ်။  ဖောက်သယ်တွေလည်း ဖလော်ရီဒါ မြို့ထဲတွင်မက မြို့ပြင်တောင်ဘက်ပိုင်း Key West နယ်မြေတွေပါ တိုးတတ်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ စွန့်ပစ္စည်းတွေကို သန့်စင်တဲ့ ကုမ္ပဏီပိုင်ရှင် ဒန်းဘန်းထရော့က ၀ိန်းကိုသူနဲ့ပူပေါင်းပြီး မိလ္လာနဲ့ရေဆိုးနုတ် စက်ရုံတစ်ကို စပ်တူလုပ်ဖို့ ပြောလာလို့ ၀ိန်းက လက်ခံလိုက်တယ်။သူတို့နှစ်ယောက်ဟာ WEST Mangement ဆိုတဲ့ ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်လိုက်ကြတယ်။
ဘန်းထရော့ရဲ့ အကြံအစည်က မိလ္လာနဲ့ ရေဆိုးနုတ်စက်ရုံတွေကို အမေရိကန်နိုင်ငံအနှံ့မှာ တည်ဆောက်ဖို့ပါ။ ဒီအကြံအစည်ကို အကောင်အထည်ဖော်ဖို့ သူနဲ့ဝိန်း နှစ်ယောက်ဟာ ၉ လအတွင်း အမှိုက်သိမ်းကား အစီး ၉၀ ကို အလျင်အမြန်ဝယ်ယူလိုက်ကျတယ်။ ကားတွေဝယ်ဖို့လိုတဲ့ ငွေကို waste management က ရှယ်ယာတွေကို ရောင်းပြီးရှာလိုက်တာပါ။ ဒါတင်မကဘူး အမှိုက်သိမ်းလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီသေးလေးတွေကိုလည်း အများကြီးဝယ်လိုက်တယ်။ ၀ယ်လိုက်တဲ့ ကုမ္ပဏီတွေက ၀န်ထမ်းတွေ၊ မန်နေဂျာတွေကို သူတို့ ကုမ္ပဏီမှာပဲ အလုပ်ပြန်ခန့်တယ်။ အဲဒီလူတွေရဲ့ ကျွမ်းကျင်တဲ့ အတတ်ပညာတွေနဲ့ Waste Management ဟာ တဖြည်းဖြည်းအောင်မြင်လာခဲ့တယ်။ အမေရိကန်နိုင်ငံမှာ အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်လာခဲ့တယ်။ အမြတ်ငွေတွေလည်း သန်းချီရလာတယ်။
၁၉၈၄ ခုနှစ် ကုမ္ပဏီရဲ့ဝင်ငွေတွေဟာ ဒေါ်လာ ဘီလီယံချီ ရလာတယ်။ အဲဒီအချိန်မှဝိန်းဟာ အမှိုက်သိမ်းတဲ့လုပ်ငန်းကို ငြီးငွေ့လာတာကြောင့် Waste Management ကုမ္ပဏီကနေ နှုတ်ထွက်ပြီးအနားယူလိုက်တယ်။ အနားယူချိန်မှာ သူ့အသက် ၄၆ နှစ်ပဲရှိနေသေးတယ်။ သူရဲ့ Waste Management မှာ ပိုင်ဆိုင်တဲ့ အစုရှယ်ယာတန်ဖို့ ဒေါ်လာ ၂၁ သန်းကို ထုတ်ယူလိုက်တယ်။ ဒါပေမယ့် စီးပွားရေးလုပ်နေကျသူဟာ ကြာကြာအနားမယူနေနိုင်ပါဘူး။ စီးပွားရေးလုပ်ငန်းကိုပြန်လုပ်တယ်။
ဝိန်းဟာလက်ထဲမှာ ရှိနေတဲ့ငွေတွေနဲ့ လုပ်ငန်းအသေးလေးတွေကို လိုက်ဝယ်တယ်။ ကုမ္ပဏီပေါင်းတစ်ရာကျော်ကို ၀ယ်ယူလိုက်တယ်။ ပုလင်းထုတ်တဲ့စက်ရုံကနေပြီး မြတ်ရိတ်ဖြစ်တဲ့ လုပ်ငန်းအထိ အကုန်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ အဲဒီလုပ်ငန်းကနေတစ်နှစ်ကို အမြတ်ငွေ ဒေါ်လာသန်း ၁၀၀ ကျော်ရနေတယ်။ ဒါပေမယ့်သူဟာ ဒီလောက်အမြတ်ငွေနဲ့ မတင်းတိမ်နိုင်ပဲ အခွင့်အလမ်းကြီးကြီးတစ်ခုကိုရှ်ာတယ်။ ရှာနေသူဟာ တွေ့တတ်ပါတယ်။ သူတွေ့လိုက်တဲ့ အခွင့်အလမ်းဟာ ဒီလိုပါ။
တစ်နေ့ဝိန်းဟာ Blockbuster အထွေဆိုင်တစ်ဆိုင်ကို ရောက်သွားတယ်။ ဆိုင်ထဲရောက်တော့ သူအတော်လေး အံ့သြသင့်သွားတယ်။ Blockbuster အခွေဆိုင်ဟာ မီးအလင်းရောင်ကောင်းကောင်းနဲ့ ၀န်ထမ်းတွေကလဲ သပ်သပ်ရပ်ရပ် ၀တ်စားထားတာတွေကို တွေ့လိုက်တယ်။ တစ်ချိန်တည်းမှာ သူ့ခေါင်းထဲမှာ Blockbuster ဆိုင်ကို McDonald’s ဟမ်ဘာဂါဆိုင်လို အမေရိကန်နိုင်ငံအနှံ့မှာ ဖွင့်နိုင်ရင်အောင်မြင်မယ်ဆိုတာပါ။ အဲဒီအချိန်က Blockbuster ဟာ ဖလော်ရီဒါနယ်မြေဟာ အခွေဆိုင် ၈ ဆိုင်ပဲ ရှိသေးတယ်။
တစ်ပတ်အတွင်းမှာ ၀ိန်းနဲ့ အပေါင်းအပါ ၂ယောက် တို့ဟာ Blockbuster ရဲ့အစုရှယ်ယာတော်တော်များများကို ၀ယ်ယူလိုက်ကျပြီး ၀ိန်းကတော့ ရှယ်ယာအများဆုံးဝယ်လိုက်တာမို့ ကုမ္ပဏီရဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိသူ တစ်ယောက်ဖြစ်လာတယ်။ တစ်နှာအကြာမှာ Blockbuster ကိုနေရာအနှံ့အပြားမှာ ဖွင့်လာနိုင်ပြီး အမေရိကန်နိုင်ငံ ရဲ့ အကြီးဆုံးအခွေဆိုင်ကြီးဖြစ်လာတယ်။ အမေရိကန်နိုင်ငံမှာ ဆိုင်ခန်းပေါင်း ၁၆၄၅ ဆိုင်၊ အင်္ဂလန်နိုင်ငံမှာ ၂၇ ဆိုင် နဲ့ ကနေဒါနိုင်ငံမှာ ၅၁ ဆိုင် ဖွင့်လှစ်လာနိုင်တယ်။
Blockbuster ဟာ အရမ်းအောင်မြင်ပြီး ရတဲ့အမြတ်ဟာ များလွန်းနေပေမယ့် ၀ိန်းဟာ Blockbuster ကိုထပ်မတိုးချဲ့တော့ပါဘူး။ ဗီဒီယိုအခွေငှားတဲ့ခေတ်မကြာခင်ကုန်ဆုံးတော့မှာကို သတိထားမိနေတဲ့ ၀ိန်းဟာ buster ထဲကို အရင်းအနှီးထပ်မထည့်တော့ပဲ တခြားလုပ်ငန်းတွေဝယ်လိုက်တယ်။ Miami Dophins ဘက်စ်ကပ်ဘော ကလပ်အသင်း၊ Joe Robbie ဘောလုံးကွင်း ၊ စတူဒီယို၊ ရုပ်ရှင်ကုမ္ပဏီတွေ၊ သီချင်းခွေရောင်းတဲံ့ ဆိုင်တွေဝယ်ပြီး ကြီးကြပ်လုပ်ကိုင်ရင်းနဲ့ သူရဲ့ဝင်ငွေတွေအများကြီးတိုးလာခဲ့တယ်။ သူ့ရဲ့ပိုင်ဆိုင်မှုဟာ သန်း ၇၀၀ ဖြစ်ပြီး အဲဒီခေတ်က အမေရိကန်နိုင်ငံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာတယ်။
သူအရည်အချင်းကောင်းမကောင်းဆိုတာ အခုဖော်ပြမယ့် အဖြစ်အပျက်တွေကို ကြည့်ရင်သိနိုင်တယ်။ သူစတင်တည်ထောင်ခဲ့တဲ့ Waste Management ကုမ္ပဏီကြီးဟာ သူ့လက်ထက်မှာ တစ်နှစ်ကို ဒေါ်လာတစ်ဘီလီယံကျော် အမြတ်ထွက်ခဲ့တယ်။ နောက်ဝယ်တဲ့ ကုမ္ပဏီလက်ထဲမှာကျတော့ အရှုံးပေါ်တယ်။ ၀င်ငွေအရမ်းကောင်းခဲ့တဲ့ Blockbuster ဗီဒီယိုအခွေငှားတဲ့ ကုမ္ပဏီကြီးဟာလဲ နောက်ဝယ်လိုက်တဲ့ Viavom ကုမ္ပဏီလက်ထဲမှာ အရှုံးတွေပေါ်နေပြီး ငွေလိုနေတာကြောင့် လူထုအစုရှယ်ယာကို ထုတ်ရောင်းလိုက်ရတယ်။
စီးပွားရေးသမားတွေက ၀ိန်းကိုဝေဖန်ကြတယ်။ သူဟာကြာရှည်ခံတဲ့ လုပ်ငန်းမျိုးတည်ထောင်ခဲ့တာမဟုတ်ဘူး။ ဒါကြောင့် သူ့လုပ်ငန်းတွေက တစ်နှစ်အတွင်း အရှုံးပေါ်တာလို့ ပြောတဲ့ စကားတွေနဲ့ ပက်သတ်ပြီးတော့ ၀ိန်းကချေပပြောဆိုလိုက်တယ်။
ကျွန်တော့လက်ထပ်မှာ ကုမ္ပဏီတွေရဲ့အခြေအနေတွေက အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော် ကုမ္ပဏီတွေကိုရောင်းလိုက်ပြီး နှစ်အတော်ကြာမှ အရှုံးပေါ်တာကို ကျွန်တော့်ကြောင့်လို့ အပြစ်တင်တာ ရီစရာကောင်းလွန်းတယ်။
ဝိန်းဟာ အသက် ၇၆ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂.၆ ဘီလီယံရှိနေပါတယ်။ ဒါပေမယ့်သူ မနားသေးပါဘူး။ နောက်ထပ်ဘယ်လို လုပ်ငန်းတွေလုပ်ရမလဲဆိုတာ မျက်စိဖွင့်နားစွင့်လျက် ရှိနေဆဲပါ။
အမှိုက်သိမ်းတဲ့လူတစ်ယောက်ကနေ ကမ္ဘာပေါ်မှာ အချမ်းစာဆုံးလူတွေထဲက တစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကို ယုံကြပြီမှတ်လား။ သူ့ရဲ့ ကြိုးစားမှု၊ နည်းစနစ်တွေကို အတုယူနိုင်ကြပါစေ။
Credit:He2Har2
 http://www.lyhealthcare.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။