#အဖေ့ကိုတစ်နာရီလောက်ဝယ်ပါရ စေ
************************** **
ညနေခင်းတစ်ခုမှာ
အလုပ်ကနေ မောမောပန်းပန်းနဲ့
အိမ်ကိုပြန်လာတဲ့ ဖခင်တစ်ဦးကို
သူရဲ့ တစ်ဦးတည်းသော သားလေးက
အိမ်ရှေ့ကနေထွက် ကြိုနေလေရဲ့။
သားငယ် ။ ။
"အဖေ ..."
အဖေ ..... အလုပ်လုပ်တာ
တစ်နာရီကို ဘယ်လောက်ရလဲဟင်?"
ဖခင် ။ ။
"တစ်နာရီ ဒေါ်လာ ၁၀၀ ရတယ်ကွ။"
သားငယ် ။ ။
"အဲဒါဆို ... သားကို ...
ဒေါ်လာ ၅၀ လောက် မုန့်ဖိုးပေးပါ။"
ဖခင် ။ ။
"ငါ အလုပ်ထဲမှာ
နဖူးကချွေး ခြေမ ထိကျ မှ
ရတဲ့ ပိုက်ဆံကို မင်းက
အရုပ်ဝယ်၊ မုန့်ဝယ်ပီး
ဖြုန်းတီးမလို့လားကွာ။
ပင်ပန်းလာရတဲ့ အထဲကွာ။
သွားသွား သွားအိပ်ချေတော့ ..."
လို့ ပြန်ပြောလိုက်တယ်။
ကလေးငယ်ဟာ ခေါင်း ငိုက်စိုက်ကျ ပြီး
__________________________ ____________
#သူ့အဖေရှေ့ကထွက်သွားခဲ့ရတော့တယ်။
__________________________ ____________
ဖခင်ဟာ ရေမိုးချိုး၊ အိပ်ရာဝင်
ရမ်နှစ်ပက်လောက် မြုံ့လိုက်ပီး
အိပ်ရာပေါ်မှာ လဲလျောင်းလိုက်ပါတယ်။
အဲဒီတော့မှ ခုနတုန်းက
သူ့သားငယ် သူ့ကို အပြေးလာကြို ပြီး
ဒေါ်လာ ၅၀ တောင်းတဲ့ကိစ္စ
သူ့ခေါင်းထဲ ၀င်လာပါတော့တယ်။
"အင်းလေ ... ဒီကောင်
ဘာအရုပ် ၀ယ်ချင်လို့လဲမှ မသိတာ၊
ငါလည်း ဒီကောင့်ကို
မုန့်ဖိုး မပေးတာကြာပီပဲ" ဆိုပြီး
ဒေါ်လာ ၅၀ ယူ၊ သူ့ သားလေးရဲ့
အိပ်ခန်းထဲကို ၀င်လာခဲ့တယ်။
ဖခင် ။ ။
"သားရေ ... အိပ်ပီလားကွ၊
ခုနက ... အဖေ အလုပ်က
ပင်ပင်ပန်းပန်းနဲ့ ပြန်လာလာချင်း
မင်းက ပိုက်ဆံတောင်းတော့
အဖေ ရုတ်တရက် ...
ဒေါသထွက်သွားလို့ ဆောရီးပဲ
သားလေးရေ ..."
သားငယ် ။ ။
သား မအိပ်သေးပါဘူး ဖေဖေ။
သားလည်းမှားသွားပါတယ်။
အဖေ ပင်ပန်းလာတာကို
သား မသိလို့ပါ အဖေရယ်....
ဆိုပီး သားအဖ နှစ်ယောက်
အပြုံးချင်း ဖလှယ် လိုက်ကြတယ်။
ပြီးတော့ ... ဖခင်ဖြစ်သူက
ဒေါ်လာ ၅၀ ကို
သားငယ်ကို ပေးလိုက်တယ်။
သားလေးဟာ ဖခင်ပေးတဲ့
ဒေါ်လာ ၅၀ ကို လှမ်းယူလိုက်ပြီး
သူ့ရဲ့ ခေါင်းအုံးအောက်မှာ
စုထားတဲ့ ဒေါ်လာ ၅၀ နဲ့ စုစုပေါင်း
ဒေါ်လာ ၁၀၀ ဖြစ်သွားတယ်ပေါ့။
အဲဒီ အခါမှာ ဖခင်ဖြစ်သူဟာ
ဒီကောင် သူ့မှာဒေါ်လာ ၅၀ ရှိရဲ့သားနဲ့
ငါ့ဆီက ဒေါ်လာ ၅၀ ထပ်တောင်းတာ
ဘာလုပ်မလို့ ဘာဝယ်မလို့လည်း မသိဘူး
ဆိုပီး တွေးနေတုန်း သားလေးပြောလိုက်တဲ့
စကားကြောင့် မျက်ရည်ပေါက်ကြီးတွေ
ဖြိုင်ဖြိုင်ကျအောင် ရှိုက်ကြီးတငင်
ချူံးပွဲချ ငိုကြွေးလိုက်ရတော့တယ်။
သားငယ် ။ ။
"အဖေက ... တစ်နာရီ
ဒေါ်လာ ၁၀၀ ရတာဆိုတော့
သားမှာ ရှိတဲ့ ဒီဒေါ်လာ ၁၀၀ နဲ့ ...
သား ... အဖေ့ရဲ့ ...
တစ်နာရီကို ၀ယ်လို့ရမလား ဟင်?
အဖေက မနက်ဖြန်
တစ်နာရီလောက် စောပြန်လာခဲ့ပီး
အဖေနဲ့ ... သား ညစာတူတူ
စားကြရအောင်နော် "...... တဲ့။
#Credit_မူရင်း
**************************
ညနေခင်းတစ်ခုမှာ
အလုပ်ကနေ မောမောပန်းပန်းနဲ့
အိမ်ကိုပြန်လာတဲ့ ဖခင်တစ်ဦးကို
သူရဲ့ တစ်ဦးတည်းသော သားလေးက
အိမ်ရှေ့ကနေထွက် ကြိုနေလေရဲ့။
သားငယ် ။ ။
"အဖေ ..."
အဖေ ..... အလုပ်လုပ်တာ
တစ်နာရီကို ဘယ်လောက်ရလဲဟင်?"
ဖခင် ။ ။
"တစ်နာရီ ဒေါ်လာ ၁၀၀ ရတယ်ကွ။"
သားငယ် ။ ။
"အဲဒါဆို ... သားကို ...
ဒေါ်လာ ၅၀ လောက် မုန့်ဖိုးပေးပါ။"
ဖခင် ။ ။
"ငါ အလုပ်ထဲမှာ
နဖူးကချွေး ခြေမ ထိကျ မှ
ရတဲ့ ပိုက်ဆံကို မင်းက
အရုပ်ဝယ်၊ မုန့်ဝယ်ပီး
ဖြုန်းတီးမလို့လားကွာ။
ပင်ပန်းလာရတဲ့ အထဲကွာ။
သွားသွား သွားအိပ်ချေတော့ ..."
လို့ ပြန်ပြောလိုက်တယ်။
ကလေးငယ်ဟာ ခေါင်း ငိုက်စိုက်ကျ ပြီး
__________________________
#သူ့အဖေရှေ့ကထွက်သွားခဲ့ရတေ
__________________________
ဖခင်ဟာ ရေမိုးချိုး၊ အိပ်ရာဝင်
ရမ်နှစ်ပက်လောက် မြုံ့လိုက်ပီး
အိပ်ရာပေါ်မှာ လဲလျောင်းလိုက်ပါတယ်။
အဲဒီတော့မှ ခုနတုန်းက
သူ့သားငယ် သူ့ကို အပြေးလာကြို ပြီး
ဒေါ်လာ ၅၀ တောင်းတဲ့ကိစ္စ
သူ့ခေါင်းထဲ ၀င်လာပါတော့တယ်။
"အင်းလေ ... ဒီကောင်
ဘာအရုပ် ၀ယ်ချင်လို့လဲမှ မသိတာ၊
ငါလည်း ဒီကောင့်ကို
မုန့်ဖိုး မပေးတာကြာပီပဲ" ဆိုပြီး
ဒေါ်လာ ၅၀ ယူ၊ သူ့ သားလေးရဲ့
အိပ်ခန်းထဲကို ၀င်လာခဲ့တယ်။
ဖခင် ။ ။
"သားရေ ... အိပ်ပီလားကွ၊
ခုနက ... အဖေ အလုပ်က
ပင်ပင်ပန်းပန်းနဲ့ ပြန်လာလာချင်း
မင်းက ပိုက်ဆံတောင်းတော့
အဖေ ရုတ်တရက် ...
ဒေါသထွက်သွားလို့ ဆောရီးပဲ
သားလေးရေ ..."
သားငယ် ။ ။
သား မအိပ်သေးပါဘူး ဖေဖေ။
သားလည်းမှားသွားပါတယ်။
အဖေ ပင်ပန်းလာတာကို
သား မသိလို့ပါ အဖေရယ်....
ဆိုပီး သားအဖ နှစ်ယောက်
အပြုံးချင်း ဖလှယ် လိုက်ကြတယ်။
ပြီးတော့ ... ဖခင်ဖြစ်သူက
ဒေါ်လာ ၅၀ ကို
သားငယ်ကို ပေးလိုက်တယ်။
သားလေးဟာ ဖခင်ပေးတဲ့
ဒေါ်လာ ၅၀ ကို လှမ်းယူလိုက်ပြီး
သူ့ရဲ့ ခေါင်းအုံးအောက်မှာ
စုထားတဲ့ ဒေါ်လာ ၅၀ နဲ့ စုစုပေါင်း
ဒေါ်လာ ၁၀၀ ဖြစ်သွားတယ်ပေါ့။
အဲဒီ အခါမှာ ဖခင်ဖြစ်သူဟာ
ဒီကောင် သူ့မှာဒေါ်လာ ၅၀ ရှိရဲ့သားနဲ့
ငါ့ဆီက ဒေါ်လာ ၅၀ ထပ်တောင်းတာ
ဘာလုပ်မလို့ ဘာဝယ်မလို့လည်း မသိဘူး
ဆိုပီး တွေးနေတုန်း သားလေးပြောလိုက်တဲ့
စကားကြောင့် မျက်ရည်ပေါက်ကြီးတွေ
ဖြိုင်ဖြိုင်ကျအောင် ရှိုက်ကြီးတငင်
ချူံးပွဲချ ငိုကြွေးလိုက်ရတော့တယ်။
သားငယ် ။ ။
"အဖေက ... တစ်နာရီ
ဒေါ်လာ ၁၀၀ ရတာဆိုတော့
သားမှာ ရှိတဲ့ ဒီဒေါ်လာ ၁၀၀ နဲ့ ...
သား ... အဖေ့ရဲ့ ...
တစ်နာရီကို ၀ယ်လို့ရမလား ဟင်?
အဖေက မနက်ဖြန်
တစ်နာရီလောက် စောပြန်လာခဲ့ပီး
အဖေနဲ့ ... သား ညစာတူတူ
စားကြရအောင်နော် "...... တဲ့။
#Credit_မူရင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။