Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, September 17, 2017

ဂစ်တာသမား Paul Gilbert နဲ့အင်တာဗျူး

ဂစ်တာသမား Paul Gilbert နဲ့အင်တာဗျူး
----------------------------------

Paul Gilbert နဲ့အင်တာဗျူးလေးကို စကော်ပီယံတို့ရဲ့ ဘော်ဒါတွေအတွက် ဘာသာပြန်ပေးချင်တာ အတော်ကြာပြီ။ ကြာပြီဆိုတာက အတော့ကိုကြာနေပြီ။ သူ့ကိုပထမဆုံးအကြိမ်အပြင်မှာတွေ့ဖူးတော့ G3 Concert မှာ ၂၀၀၇ တုန်းကပေါ့။ နောက်တော့ Mr. Big တို့တတွေ Reunion Tour ထွက်ကြပြီး ခဏပြန်ပေါင်းထုတ်တော့ တခါသွားကြည့်ရာကပြန်လာတော့ အင်တာဗျူးလေးတခုခုလောက်ဘာသာပြန်ပေးချင်စိတ်ပေါက်ဖူးတယ်။ အဲဒီတုန်းက စင်နားမတ်တပ်ရပ်နေတဲ့ ကျွန်တော့ကို ပေါလ်က လက်တန်ရှည်ကြီးနဲ့ လက်ဝါးချင်းရိုက်ပြီး နှုတ်ဆက်တယ်။ သူက အမြဲတမ်းပြုံးနေတတ်တာ။ ခက်တာက သူ့ဘဝဖြတ်သန်းမှုက အရမ်းများပြားတယ်။ အခန်းကဏ္ဍတွေ အတော်များတာ။ Racer X ဝိုင်းရှိတယ်။ Mr. Big အနေနဲ့ရှိတယ်။ Solo ဂစ်တာသမားတယောက်အနေနဲ့လဲ အောင်မြင်မှုရရှိခဲ့တယ်။ ထူးခြားတာက သူက ဒီလောက်အလုပ်များနေတဲ့ကြားကနေပြီး GIT လို့ခေါ်တဲ့ Guitar Institute of Technology မှာလဲ ဂစ်တာတီးနည်းသင်ပေးသေးတယ်။ ယုတ်စွအဆုံးပြောရရင် GIT ကျောင်းကြီးရဲ့ ဂျပန်ကျောင်းခွဲမှာ သူက ပါချုပ်ဗျ။ သူက အဲဒီလိုအလုပ်များတာ။

ဆိုတော့သူ့ဘဝကိုခြုံငုံစေမယ့် အင်တာဗျူးကိုရှာရတာ အတော်ခက်ခဲခဲ့ပါတယ်။ တလောဆီက Mr. Big တို့တတွေ အယ်လ်ဘန်အသစ်ထွက်တော့ နယူးယောက်မှာပွဲလုပ်တယ်။ (အမယ်..သူက ဂစ်တာအသစ်နဲ့ဗျ။ ထူးထူးခြားခြား ခရမ်းရောင်ကြီး) ပေါလ်တီးတာကို ဘဝမှာ တတိယအကြိမ်ကြည့်ပြီး အိမ်အပြန်လမ်းမှာ ဘာသာပြန်ချင်တဲ့အင်တာဗျူးလေးကို စိတ်ထဲမှာ အကြမ်းဖျင်းစိတ်ကူးယဉ်မိတယ်။ သူဂစ်တာစကိုင်ဖြစ်ပုံကအစ၊ သူ့ကိုသြဇာသက်ရောက်တဲ့ဂစ်တာသမားတွေအလယ်၊ Mr. Big ဂစ်တာသမားအဖြစ်အစရှိတာတွေ တတ်နိုင်သလောက်ခြုံငုံမိစေမယ့် အင်တာဗျူးမျိုးပေါ့။

အခုဘာသာပြန်ပေးလိုက်တယ်။ ခင်များတို့စိတ်ကျေနပ်ရင် အားထုတ်ရကျိုးနပ်တယ်ဆိုရမယ်။ မကျေနပ်ရင်တော့လဲ နောက်တခါ ထပ်မံကြိုးစားကြသေးတာပေါ့ဗျာ။

အမေး - ခင်များဂစ်တာစတီးတဲ့အကြောင်းတွေမေးပြီး အချိန်တွေသိပ်မဖြုန်းချင်ပါဘူး။ ဒါပေမယ့် ဂစ်တာစတီးတဲ့ကာလမှာ ဂစ်တာတီးရတာကို အရမ်းပျော်သွားတဲ့အချိန်လေးတွေရှိဖူးမှာပေါ့။ အဲဒါပြောပြပေးပါ။

အဖြေ - ပြောရရင်တော့ တဘဝလုံးက အဲဒီလို ဂစ်တာတီးရင်း ပျော်ရွှင်ခဲ့တာပါပဲဗျာ။ ငယ်တုန်းကတော့ မိဘတွေက ဘီတယ်စ်ရဲ့ အယ်လ်ဘန်တွေရှိတာကိုး။ မှန်ရှေ့မှာမတ်တပ်ရပ်ပြီးတော့ စင်ပေါ်မှာဖျော်ဖြေနေသလိုလုပ်နေတာပဲ။ အဲဒီတုန်းကတည်းက ဂီတကိုချစ်တာ။ ဂစ်တာတီးတဲ့ပုံစံလုပ်တာလား သီချင်းဆိုနေတာလားတော့ မမှတ်မိတော့ဘူး။ ဂီတနဲ့ပတ်သက်ရင်အတော်လေးစောတဲ့ ပျော်ရွှင်မှုကတော့ ကျောင်းမှာ ဆရာမကနေပြီး ပီယာနိုနဲ့ မေဂျာစကေး (Major Scale) တွေချပေးတယ်။ အဲဒီတုန်းက လေးတန်းကျောင်းသားအရွယ်ပဲရှိသေးတာ။ အိမ်မှာဂစ်တာတလုံးရှိတယ်ဗျာ။ ပြသနာက ငါက ဂစ်တာကို ကြိုးမညှိတတ်ဘူး။ အကြားနဲ့လျှောက်တီးတာပဲ။ Chicago ဆိုတဲ့သီချင်းလေးကို အမှတ်မထင် Riff လေးရသွားတော့ ဒီသီချင်းချည်းပဲ လှိမ့်တီးတာ ၃ လလောက်ဆက်တိုက်ပဲ။ တနေ့ကို ၁ နာရီလောက်ကြအောင် ဒီသီချင်းပဲ ထပ်ကာတလဲလဲတီးတာ။

၆ တန်းရောက်တော့ ဂီတသီအိုရီသင်တယ်။ မကြာပါဘူး။ ခဏပဲ။ နှုတ်စ်ဖတ်တာချည်းအသားကုန်သင်တော့ ငါပျင်းပြီးထွက်လိုက်တာ။ ကြုံတုန်းပြောရရင်ရင် ငါက အခုထိ နှုတ်စ်ဖတ်တာ ညံ့တုန်းပဲ။ ဂီတနဲ့ပတ်သက်ရင် နှုတ်စ်ဖတ်တာတွေချည်း ဦးစားပေးသင်တာက မှားယွင်းတဲ့သင်ပုံသင်နည်းလို့ ယုံကြည်မိလို့ထင်ပါရဲ့။

ဆရာမရှိခင်ကိုယ့်ဖာသာလျှောက်တီးတော့ low E String ကြိုးကို လက်ခလယ်တချောင်းတည်းနဲ့တီးတာ။ ဒီနည်းနဲ့ပဲ နှစ်ပေါက်အောင်တီးတာ။ ပြောရရင် အသက် ၁၁ သားအရွယ်ငါဂစ်တာတီးနေတာ လက်ခလယ်တချောင်းတည်းနဲ့ပဲတီးတတ်သေးတာ။ တခုအမြတ်ရတာကတော့ ငါ့ရဲ့ဘယ်လက်ခလယ်နဲ့ပတ်သက်ရင် ငါရဲ့ယုံကြည်မှုက အခြားလက်ချောင်းလေးတွေအတွက် စံပြဖြစ်သွားတယ်။ မင်းတို့ယုံမလားမသိဘူး။ ငါအခု ကျောင်းမှာဂစ်တာတီးသင်ပေးတယ်။ တက်သစ်စဂစ်တာသမားတွေ အများကြီးကိုသင်ပေးတယ်။ သူတို့တတွေက အစုံတတ်တာ။ Technique တွေ Scales တွေအစုံတတ်တာ။ အမှန်တိုင်းပြောရရင် ငါက ဂရုကိုမစိုက်တာ။ မင်းဖာသာဘာပဲတတ်တတ် မင်းတို့အနေနဲ့ အပျံအသံထွက်နေတဲ့ နုတ်စ်တလုံးလောက်မှ ကိုယ့်ဖာသာမရှာနိုင်ရင် အလကားပဲလေ။ အသားကုန်အမြန်တီးတတ်ဖို့လဲမလိုဘူး။ ရှုတ်ထွေးတဲ့ပညာတွေလဲမလိုဘူး။ ယုံကြည်မှုအပြည့်နဲ့တီးခတ်လိုက်တဲ့ အမိုက်စားနှုတ်စ်လေးတွေ တီးနိုင်ဖို့ပဲလိုတာ။

ငါ့အတွက်တော့ အဲဒီလက်ခလယ်နဲ့ပတ်သက်တဲ့တိုက်ဆိုင်မှုကတော့ တကယ်ပါပဲ။ ကံကောင်းထောက်မစွာနဲ့ရခဲ့တဲ့ ယုံကြည်မှုဖြစ်ပါတယ်။

အမေး - ဒါနဲ့ ဂစ်တာတီးတာကို အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်တော့မယ်လို့ ဘယ်လိုဆုံးဖြတ်ချက်ချလိုက်သတုန်းဗျ။

အဖြေ - ငယ်တုန်းတော့ ဘယ်သိမတုန်းဗျာ။ သီချင်းတွေနားထောင်နေရရင် ပျော်တာပဲ။ မိဘတွေက ဘီတယ်စ်အယ်လ်ဘန်တွေ အများကြီးရှိတယ်။ နောက်တခုကဗျာ အဟောင်းဈေးတွေမှာ ဓါတ်ပြားအဟောင်းတွေလိုက်မွှေတယ်။ တပတ်နွမ်းတွေလေ ဈေးသက်သာလိုက်တာ။ Jimi Hendrix ရဲ့ Are you experienced အယ်လ်ဘန်ဝယ်တယ်။ Deep Purple တို့ရဲ့အယ်လ်ဘန်တွေလဲဝယ်တယ်။ နောက်တော့ Led Zeppelins တို့ရဲ့ဂီတကိုကြိုက်သွားတယ်။ အဲဒီမှာ ငြိသွားတယ်။ ဒါတွေချည်းလှိမ့်ပိန့်နားထောင်တာဗျ။ ကြိုက်တာကိုး။ အဲဒီတော့မှ စဉ်းစားမိတယ်။ ငါဒီလောက်ကြိုက်တဲ့အလုပ်ကိုများ အသက်မွေးဝမ်းကျောင်းအဖြစ်ခံယူလိုက်ရင် ဘယ်လိုနေမလဲပေါ့။ အိမ်ငှားခလေး ဘာလေးရှာနိုင်ရင်မဆိုးဘူးပေါ့။ (တကယ်တော့ အိမ်ငှားခက ဘယ်လောက်မှန်း ဘယ်သိမတုန်းဗျာ)။

အလွယ်ပြောရရင်ဗျာ ဂီတကိုချစ်တဲ့စိတ်နဲ့ ဒါကြီးကိုအသက်မွေးဝမ်းကျောင်းအဖြစ်ရွေးချယ်ခဲ့တာပါ။

အမေး - I Can Destroy အယ်လ်ဘန်ကို မင်းအသံသွင်းတဲ့ပုံစံကိုလဲ ပြောပြပေးပါဦး။

အဖြေ - ထုတ်လုပ်မှုအတွက် ပရိုဂျူဆာက Kevin Shirley လေ။ သူနဲ့က Mr. Big တုန်းကတည်း အလုပ်တွဲလုပ်ဖူးတယ်။ သူနဲ့အလုပ်လုပ်ရတာ ပျော်ဖို့ကောင်းတယ်။ တခုတော့ကြောက်ဖို့ကောင်းတယ်။ သူ့အထာက ဒီလိုဗျ။ သူက အသံစဖမ်းတဲ့အခါမှာ ပထမဆုံးတကြိမ်အသံဖမ်းလိုက်တာကိုသူက အတည်ယူလေ့ရှိတယ်။ ခုခေတ်မှာဆိုရင်တော့ဗျာ Pro Tools ဆော့ဖ်ဝဲယားတွေအသားကုန်အသုံးပြုကြတဲ့ခေတ်ကြီးမှာဆို ပထမဆုံးအကြိမ်အသံဖမ်းတယ်ဆိုတာ အသံချိန်တုန်းလောက်ရှိသေးတာကိုး။ သူကတော့ ငါပထမဆုံးတီးလိုက်တာကို final အဖြစ်ယူပစ်လိုက်တယ်။ ရလာဒ်ကတော့ သီချင်းတွေက လတ်ဆတ်တာပဲ။ ငါမျှော်လင့်ထားတာထက် ပိုကောင်းတယ်။ နောက်ပြီးတော့ စတူဒီယိုထဲမှာ ဖိအားမရှိဘူး။ ပျော်ဖို့ကောင်းတယ်။

အဲဒီလိုအတွေ့အကြုံကို Mr. Big နဲ့တုန်းကရှိခဲ့ဖူးတော့ အထာနပ်နေပြီလေ။ Overdubbing တွေ အများကြီးပေးလုပ်မယ်မဟုတ်ဘူးဆိုတာသိပြီးသားကိုး။ လွန်ရောကျွံရောပေးလုပ်ရင် ၃ ခါပေါ့။ အဲဒီတော့ ဘာလုပ်လဲဆိုတော့ တီးဝိုင်းကို အပီအပြင်ကြီးကို သီချင်းတိုက်ပစ်တယ်။ ကျကျနနတိုက်တာ။ ဝိုင်းကို စိတ်ရောကိုယ်ပါပြင်ဆင်လိုက်တာပေါ့။ ဆိုတော့ စတူဒီယိုထဲမှာကြတော့ အထစ်အငေါ့မရှိဘူး။ အေးဆေးပဲ။ အယ်လ်ဘန်သွင်းတာက ငါတို့မှန်းထားတာထက်တောင်စောပြီးသေးတယ်။

တခါတလေကြတော့လဲလေ လက်တန်းတီးထားတာတွေရှိတယ်။ ဥပမာ - One Woman Too Many လိုသီချင်းမျိုးပေါ့။ ရေးထားတဲ့သီချင်းကို ဝိုင်းက ကောင်တွေတခါမှ မကြားဖူးဘူး။ ဘယ်လိုလဲဆိုတော့ ငါချပြလိုက်တာပါပဲ။ ဒီလိုကွာ။ ဒီလိုတီးတယ်ပေါ့။ ဝိုင်းသားတွေကလဲ အတူလိုက်တီးတယ်။ အဲဒီက ဂစ်တာဆိုလိုလေးက တခါတည်းလက်တန်းဖန်တီးတာပဲ။ စတူဒီယိုထဲမှာ စဉ်းစားဖို့အချိန်တောင်သိပ်မယူလိုက်မိဘူး။ ဒါပေမယ့် ဒီဆိုလိုလေးက ငါ့အကြိုက်ဆုံးပဲ။ သိပ်ပြီးရှုပ်ထွေးတဲ့သီချင်းဆိုရင်တော့လဲ အချိန်ပိုလိုကောင်းလိုမှာပေါ့လေ။

အမေး - မင်းက အွန်လိုင်းကနေပြီး ဂစ်တာတီးသင်ပေးနေတာဆို အဲဒါပြောပြပါဦး။

အဖြေ - အွန်လိုင်းဂစ်တာသင်တန်းလေးဖွင့်ထားတော့ အလုပ်များတာပေါ့ဗျာ။ အခုဆိုရင် guitar lesson ၄၀၀၀ ကျော်ဖန်တီးပြီးသွားပါပြီ။ နေ့တိုင်းလိုလို လုပ်နေတာလေ။ အွန်လိုင်းမှာတင်ထားပေးတယ်။ အချိန်ကြာကြာလေး သင်ယူမယ်ဆိုရင်တော့ ဈေးပိုသက်သာတယ်ဗျ။ ဒါပေမယ့် ၁၆ နာရီကြာပဲသင်ပေးတဲ့ သင်တန်းအတိုလေးလဲရှိတယ်။ ဖြစ်ကတတ်ဆန်းလုပ်ထားတဲ့ကျောင်းမဟုတ်ဘူးလေ။ အသေအချာလုပ်ထားတာ။ နေ့စဉ်နဲ့အမျှ lesson တွေတင်ပေးတယ်။ သင်တန်းသားတွေ တီးထားတာကို နားထောင်တယ်။ အကောင်းအဆိုးပြန်ပြောပြတယ်။

အမေး - ဒါနဲ့မေးရဦးမယ်။ မင်းတို့အဖွဲ့က ဂျပန်နဲ့အတော်အကျိုးပေးတယ်နော်။ မင်းလိုမျိုး ဂစ်တာကိုအမြန်တီးတဲ့ပုံစံတွေက ဂျပန်မှာဘာလို့အရမ်းလူကြိုက်များတယ်လို့ထင်လဲ။

အဖြေ - ပရိတ်သတ်ကိုပဲ အဲဒီမေးခွန်းမေးရမှာပဲဗျ။ ငါ့အတွေ့အကြုံအရပြောရရင်တော့ Mr. Big အဖွဲ့အနေနဲ့ ငါတို့ ဂျပန်မှာအတော်လေး အောင်မြင်ခဲ့တယ်။ Mr. Big မှာက ဂစ်တာကိုအသားကုန်တီးတာလေ။ တကယ်တော့ ဝိုင်းမှာက အခြားသောအရေးပါတဲ့အရာတွေအများကြီးရှိသေးတယ်။ အမိုက်စား အချစ်သီချင်းတွေလဲပါတယ်။ တဝိုင်းလုံးဟာမိုနီလိုက်ထားတဲ့သီချင်းကောင်းတွေလဲ ဖန်တီးခဲ့ကြတယ်။ ငါတော့ ဂစ်တာအမြန်တီးလို့ ငါတို့ဝိုင်းကို ဂျပန်တွေကကြိုက်တယ်ဆိုတာကြီးကိုသိပ်သဘောမကျဘူး။ ပရိတ်သတ်က ဝိုင်းရဲ့သီချင်းတွေကိုကြိုက်ကြလို့ပါ။ သူတို့က ဂစ်တာအမြန်တီးတဲ့ငါ့ကိုပဲကွက်ပြီးသိတာမဟုတ်ပါဘူး။ ဝိုင်းသား ၄ ယောက်စလုံးကိုသိတာပါ။ အဆိုတော် Eric Martin, ဘေ့စ်သမား Billy Sheehan နဲ့ ဒရမ်မာ Pat Torpey တို့ကိုလဲ ပရိတ်သတ်ကသိတယ်လေ။ အလွယ်ပြောရင်တော့ဗျာ ငါက ဂစ်တာအမြန်တီးလို့မို့ ဂျပန်ပရိတ်သတ်က ငါတို့ Mr. Big ကိုကြိုက်ကြတာဟုတ်မယ်မထင်ပါဘူး။

ခင်တဲ့
ကိုဝီ

ရည်ညွန်း - Korea Guitar - ၂၀၁၆

#paulgilbert
#MrBig
#interview
— with Xuaan Piang.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။