Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 26, 2017

ဆေးလိပ်ဖြတ်ကြည့်ရအောင်

ဆေးလိပ်ဖြတ်ကြည့်ရအောင်
---------------------------------
🚬🚬🚬🚬🚬
လူတိုင်းမှာ addiction behavior လို့ခေါ်တဲ့ တစ်ခုခုကို တအားစွဲလုပ်တတ်တဲ့ အကျင့်  အနည်းနဲ့ အများ ရှိပါတယ်။ အဲ့ဒါကို ကောင်းတဲ့နေရာမှာပဲ အသုံးချဖို့ ကိုယ့်ကိုယ်ကို ဦးတည်ထားရပါတယ်။ဆေးလိပ်ဟာ အဲ့ဒီလို စွဲစေတတ်တဲ့ အရာပါပဲ။ မိတ်ဆွေတွေ ကျမ်းမာဖို့အတွက် ဆေးလိပ် ဖြတ်ဖို့ အားပေး ချင်ပါတယ်။ ဆေးလိပ် မကောင်းမှန်းသိတယ် မဖြတ်နိုင်ဖြစ်နေတဲ့သူတွေကို ဖြတ်ဖို့တိုက်တွန်းပေးကြပါ။
ကိုယ်ချစ်တဲ့သူတွေ သောက်နေရင် သူတို့လဲ ထိခိုက်ပါတယ်။ပတ်ဝန်းကျင်လဲ ထိခိုက်ပါတယ်။ သူတို့ ရှူပြီးထုတ်လိုက်တဲ့ မီးခိုးကို ရှူမိရင် second hand smoker လို့ခေါ်တဲ့ မသောက်ပဲ ပို ဒုက္ခရောက်ပါတယ်။ သူတို့ ဆေးလိပ်သောက်လို့ေ၇ာဂါဖြစ်လာရင် ကိုယ်လဲပဲ ဒုက္ခရောက်ရပါတယ်။ ဒါကြောင့် သောက်နေတဲ့သူတွေကို တားပေးပါ။

သောက်တဲ့သူတွေကလဲ ငါ့ဟာငါ ဒုက္ခပေးတာ ဘာဖြစ်လဲလို့ မတွေးပါနဲ့။ ကိုယ့်ကို ချစ်တဲ့သူတွေလဲ ဒုက္ခရောက်ကြတယ်ဆိုတာ သိပေးပါ။ ကိုယ်ရှူသွင်းလိုက်တဲ့ အဆိပ်တွေရဲ့ ၆၀-၇၀% ပဲ ကိုယ်ခန္ဓာကိုယ်ထဲမှာ ကျန်ခဲ့တာဖြစ်ပြီး ကျန်တာတွေက မှုတ်ထုတ်လိုက်တဲ့ မီးခိုးထဲမှာ ပါသွားပါတယ်။ အထူးသဖြင့် Tar လို့ခေါ်တဲ့ လမ်းခင်းတဲ့ ကတ္တရာစေးတွေပါတဲ့ မီးခိုးတွေဟာ ရှူထုတ်လိုက်တဲ့ မီးခိုးမှာ ပိုတောင် ဘေးရှိပါသေးတယ်။ ဥပမာ ကိုယ့်မှာ သားသမီး အိမ်ထောင်ဖက် ရှိမယ်ဆိုရင် ကိုယ့်ဆေးလိပ်ကြောင့် သူတို့လဲ ကျမ်းမာရေးထိခိုက်နေပါပြီ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်တယ်။ ကိုယ့်ကို ချစ်တဲ့သူတွေကို ငဲ့ညှာတယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြပါ။
ကျနော် သိတဲ့ အခြေခံ ဆေးလိပ်ဖြတ်တဲ့ အကြောင်းလေးတွေ ပြောပြပါမယ်။
၁။ ပထမဆုံး အရေးအကြီးဆုံးက ဘာလို့ သောက်ဖြစ်နေတာလဲဆိုတာ စမ်းစစ်ပါ။ တစ်ချို့တွေက အလုပ်ပင်ပန်းလို့။ တစ်ချို့တွေက အလုပ်မှာ နားချိန်ရရင် သူငယ်ချင်းတွေနဲ့ ထွက်သောက်ဖြစ်နေလို့။ ညပိုင်းပရိုဂရမ်ရေးရင် ဆေးလိပ်လေးနဲ့ ရေးလို့ကောင်းလို့။ စတာတွေ ကို အရင်ရှင်းပါ။ သူငယ်ချင်းတွေနဲ့ဆို သူတို့ကို ခဏဖြတ်ထားပါ။ အဲ့ဒီနေရာတွေ ခဏခဏ မသွားပါနဲ့။ ဆေးလိပ်အစား ပီကေစားတာ။ မြေပဲစားပြီး လက်ဖက်ရည်ကြမ်းလေး သောက်တာ။ စတာမျိုးပေါ့။
၂။ ဆရာဝန်နဲ့ တိုင်ပင်လို့ရ့ပါတယ်။ စိတ်က ပြတ်တာတောင် ကိုယ်က မပြတ်ဖူးဆိုတာ ရှိပါတယ်။ နှစ်ရှည် ကြွေးထားတဲ့ အရာကိုး။ ဆရာဝန်ဆီကနေ နီကိုတင်း ပီကေတို့ ပလာစတာတို့ အကြံတောင်းလို့ရပါတယ်။
၃။ ဆေးလိပ်ဖြတ်တာကို အားပေးတဲ့ သူငယ်ချင်း မိသားစုတွေနဲ့ တိုင်ပင်ပြီး သူတို့ဆီက အားပေးမှုကိုယူပါ။ ဆေးလိပ်ဖြတ်တာ သူတို့ အကူအညီတောင်းပါ။
၎။ အနားယူပါ။ ဆေးလိပ်သောက်ထားတုန်းက လူက ပိုလုပ်နိုင်သလို ဖြစ်နေတဲ့ နစ်ကိုတင်းရဲ့ သဘာဝတွေကြောင့် အခု ဖြတ်တဲ့အခါ စိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် ခရီးရက်တိုသွားတာ။ အေးအေးဆေးဆေးနားနေတာမျိုးလုပ်ပါ။
၅။ အရက်ဘီယာ ရှောင်ပါ။ အဲ့ဒီကောင်တွေဟာ ဆေးလိပ် သောက်ဖို့အားပေးပါတယ်။
၆။ ပတ်ဝန်းကျင်မှာရှိတဲ့ ဆေးလိပ် နဲ့ ပတ်သတ်တာတွေ ဖြတ်ပစ်ပါ။ ဆေးလိပ်ခွက်၊ ဆေးလိပ်ဘူးခွံဟောင်း၊ ဆေးလိပ်နဲ့ ပတ်သတ်သမျှ အားလုံးကို သေခန်း ဖြတ်ပစ်ပါ။
၇။ အကြိမ်ကြိမ်ကြိုးစားပါ။ လူ့ဘ၀မှာ အောင်မြင်မှု ရသူတိုင်းဟာ အကြိမ်ကြိမ် ကျဆုံးဖူးပါတယ်။ နမူနာယူပါ။ ဆေးလိပ်ဖြတ်တာဟာလဲ အောင်မြင်မှု တစ်ခုပါပဲ။ အကြိမ်ကြိမ် ကျဆုံးဖူပါမယ်။ အကြိမ်ကြိမ် ကြိုးစားပါ။ အတော်များများဟာ တစ်ခါတည်းနဲ့ အပြီးပြတ်သွားတာ မဟုတ်ပါဘူး။
၈။ အစားအသောက် ကောင်းကောင်းစားပါ။ အဲ့ဒီလို ဖြတ်နေတဲ့ အချိန်မှာ အစားအသောက် ကောင်းကောင်းစားတာဟာ အထော်ကအကူပြုပါတယ်။ မကောင်းတဲ့ အစာတွေတော့ နင်းကန် မစားနဲ့ပေါ့ဗျာ။ လူကလဲ မကောင်းတာမှ အရသာ ရှိတယ် ထင်တာကိုး။သဘာဝ အတိုင်း အရသာ ရှိပြီး အာဟာရဖြစ်တာတွေ စားပေးပါ။
၉။ ၀ါသနာပါတဲ့ အားကစား၊ လေ့ကျင့်ခန်း လုပ်ပါ။ တခြားဝါသနာပါတာတဲ့ Activity လေးတွေလဲ လုပ်ဖို့ ကြိုးစားပါ။ ဂစ်တာတီးစသင်တာတို့။ အားကစား တစ်ခုကို စပြီးလေ့ကျင့်တာတို့ လုပ်ပေးပါ။ လူကို ပျင်းရိပြိး အအားမ ထားပါနဲ့။
၁၀။ ကိုယ့်ကိုယ်ကို ဆု ချပါ။ အဲ့ဒါ အရေးကြီးပါတယ်။ ကျေနာ် ကျောင်းတက်တုန်းက အတော် ရုန်းကန်ရပါတယ်။ တစ်ယောက်ထဲလဲဖြစ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ အလုပ်လုပ်။ တနင်္ဂနွေကျတော့ တနင်္လာနေ့တိုင်း စာမေးပွဲ အတွက် စာလုပ်။ အဲ့ဒါမျိုးမှာ စာမေးပွဲက အမှတ်ကောင်းလာတိုင်း ကိုယ့်ကိုယ်ကို ဆုချပါတယ်။ ဆေးလိပ်ဖိုးမကုန်တော့လို့ စုထားပါ။ ဈေးသင့်တော်ပြီး အသုံးတည့်မယ် ပစ္စည်း ကိုယ်လိုချင်တာလေးတွေ ၂ ပတ်နေရင် ငါ ၂ ပတ် ဖြတ်လို့ ကိုယ့်ကိုကိုယ်ဆုချတယ်ဆိုပြီး ၀ယ်ပါ။ သုံးပါ။
အရေးအကြီးဆုံးက ဆေးလိပ် စောစော ဖြတ်ဖြတ်လေလေ ကျမ်းမာရေး ဆုလာဘ်ကြီးမြန်မြန်ရလေ ဆိုတာကို နားလည်ထားပါ။ ဆေးလိပ်သောက်တာ ရပ်ပြီး
မိနစ် ၂၀ နေတာနဲ့ ကိုယ့်ရဲ့ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်ပါတယ်။
၈ နာရီအကြာမှာ ကာဗွန်မိုနောက်ဆိုဒ်လို့ခေါ်တဲ့ ဓါတ်ငွေ့တွေကိုယ်ထဲထွက်သွားပါမယ်။ ( ကာဗွန်မိုနော်ကဆိုဒ်ဟာ စီးကရက်သောက်လို့ ရှူသွင်းတဲ့ ဓါတ်ငွေ့ထဲမှာပါတာပါ။ ကားအိတ်ဇော ပိုက်က ထွက်တဲ့ ဓါတ်ငွေ့နဲ့အတူတူပါပဲ)
၅ ရက်အတွင်းမှာ ကိုယ်ခန္ဓာထဲက နစ်ကိုတင်းတွေ ကုန်သွားပါမယ်။
၁ ပတ်အတွင်းမှာ ပါးစပ်နဲ့ နှာခေါင်းထဲက အာရုံကြောတွေ ပြန်တိုးတက်လာပါတယ်။
၁၂ ပတ် နေရင် အဆုပ်ဟာ သန့်လာပါမယ်။
၃ လ အတွင်းမှာ အဆုပ်ရဲ့ စွမ်းအား ၃၀% တက်လာပါမယ်။
၁ နှစ်နေရင် နှလုံး ရောဂါဖြစ်ဖို့ ရာခိုင်နှုန်း တ၀က် လျော့ကျသွားပါတယ်။
၅ နှစ်အတွင်း ဦးဏှောက်သွေးကြောပြတ်ဖို့၊ လေဖြတ်ဖို့ ရာခိုင်နှုန်းကျသွားပါတယ်။
ဒါလေးတွေ သတိအမြဲရပေးပါ။
ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် ဆေးလိပ်သောက်တာ ရပ်ကြပါခင်ဗျာ။
ကိုယ့်ကိုချစ်တဲ့သူတွေကို သနားတယ်ဆိုရင် ဆေးလိပ်သောက်တာ ရပ်ကြပါခင်ဗျာ။
#can'twait2say
Credit to #WinOO

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။