Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 23, 2017

- တစ်ကောင်တည်း၊ ဒါပေမယ့် ခြင်္သေ့ -

- တစ်ကောင်တည်း၊ ဒါပေမယ့် ခြင်္သေ့ -

(The ugly truth - သင့်ကို စဉ်းစားစရာတွေ၊ ရင်နင့်စရာတွေ ပေးပါလိမ့်မယ်)

အရင်ဆုံးအနေနဲ့ စကားလုံး အသုံးအနှုန်း အနည်းငယ်ပြင်းပြီး ရိုးသားမှာမလို့ ရိုင်းတယ် မထင်စေလို။

အရွယ်ရလာလေ လူတွေကို ပိုစိတ်ပျက်လာရလေ ဖြစ်သလဲ၊ ဘာ့ကြောင့်အဲတာဟာ လူ့သဘာဝဖြစ်သလဲ ???

" လူတွေများ သိပ်မုန်းဖို့ကောင်းလိုက်တာ "

ချစ်စဖွယ်အနေနဲ့ပဲဆိုဆို၊ တစ်ကယ်ပဲ မသိလိုက် မသိဘာသာနဲ့ပဲ ဆိုဆို အရွယ်ရလာလေ ဒီအဆိုဟာ မှန်ကန်လာလေဖြစ်တတ်တာတော့ ငြင်းမရပါဘူး။

တစ်ကယ်။ အမှန်ပြောရရင် သင့်မှာ အရွယ်ရလာတာနဲ့ သိပ်စစ်မှန်တဲ့ သူငယ်ချင်းအရေအတွက် လျော့နည်းသွားတတ်တာပါပဲ။

သင်ဟာ သင့်မိသားစုနဲ့ နီးစပ်တုန်း။ သင့်ရဲ့ အကောင်းဆုံး အဖော်တွေဟာ သင့်အစ်ကို၊ သင့်အစ်မတွေ ဖြစ်တုန်း။ အဲလူတွေရဲ့ အပြင်မှာ သိပ်ရင်းနှီးတဲ့ သူငယ်ချင်း အနည်းအကျဉ်း (လက်တစ်ဖက် မပြည့်) ရှိသေးမယ်။ ဒါပေမယ့် ဒါတွေရဲ့ အပြင်မှာ သင် သောက်ဖက်လုပ်တဲ့ လူ မရှိသလောက်ပါပဲ။ ဟုတ်တယ်ဟုတ်။

" အိုး ၊ အစထဲက သင်ဟာလူကြောက်တက်တဲ့ လူမလို့ အဖော်မရှိတာ "

ဒီလိုအထင်မလွဲပါ။ သင့်မှာ အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းတွေ ၊ သင်ဆယ်ကျော်သက်အရွယ်မှာ များစွာရှိမှာကို ယုံကြည်ပြီးသားပါ။ သင်ဟာ လူတွေနဲ့ ပေါင်းသင်းရမှာ သိပ်ပြသနာမရှိ၊ သင်ရောက်ရာ ကျောင်းမှာ၊ အလုပ်ခွင်မှာ သူငယ်ချင်းတွေ များစွာ ရှိခဲ့မယ်ဟုတ်။ ဒါတင်မကပဲ သိပ်ရင်းနှီးတဲ့ သူငယ်ချင်းများစွာလဲ တွေ့ခဲ့မှာ မလွဲပါဘူး။ ဒီအချိန်မှာ ဒီလိုလူတွေရှိလို့ ဘုရားသခင်ကို သင်ဟာ ကျေးဇူးတင်ခဲ့မှာပါပဲ။

သောက်တလွဲပဲဆိုဆို သင့်မှာ သိပ်ချစ်ခဲ့၊ သိပ်ရင်းနှီးတဲ့ လူတွေလဲ ရှိခဲ့တာဟုတ်။ သွားအတူ၊ စားအတူ၊ ဒါမှမဟုတ် သေးပေါက်ရင်တောင် အတူတူ။အဲကောင်/ကောင်မတွေကို သင့် မင်္ဂလာဆောင်မှာ ရှိစေချင်ခဲ့တာလဲ သင်။ သောက်ဆုံးပြောရရင် သူတို့ရဲ့ ကလေးတွေနဲ့ သင့်ရဲ့ ကလေးတွေကို ပေးစားဖို့ထိတောင် သင်ဟာ ရင်းနှီးခဲ့သူ။ ကလေးတွေကို အတူတကွ ပျိုးထောင်၊ အချိန်တန်ရင် သင်တို့ဟာ သမီး ယောက္ခမတွေ အတူတကွ ဖြစ်မယ်လို့တောင် သင်ဟာတွေးထားခဲ့သူ။

သင်ဟာ ၁၀၀ ရာခိုင်နှုန်း ခံယူထားပါလိမ့်မယ်။ ဒီလူတွေဟာ သင့်ရဲ့ ဘဝထဲက ထွက်မသွားဘူးလို့ပေါ့။ ဒီလူတွေဟာ သင့်ရဲ့ ဆွေမျိုးထက်တောင် သွေးနည်းခဲ့ကြတဲ့ သူတွေ မဟုတ်လား။

ဒါပေမယ့်။ ဟုတ်ကဲ့။

ကြေကွဲ ဇာတ်လမ်းတွေ အားလုံးဟာ ဒါပေမယ့် နဲ့ စပါတယ်။
*****************

ဒါပေမယ့် အချိန်တွေ ကုန်လွန်သွားခဲ့တယ်။

သင်ဟာ ဘွဲ့တွေရ၊ အလုပ်တွေရနဲ့ ဘဝအသစ် သင်ခန်းစာ စခဲ့တယ်။ သင်ဟာ အတောင်အလက် စုံလင်လာခဲ့တယ်။ တစ်နည်းဆိုရရင် သင်ဟာ ရင့်ကျက်ခြင်းကို စနမ်းရှိုက်လာခဲ့တယ်။

ဒီအချိန်မှာ သင် အရမ်းချစ်ခဲ့တဲ့၊ ပုခုံးဖက်ပေါင်းလာတဲ့ လူတွေကပဲ သင့်နှလုံးသားကို စပြီး ချိုးဖျက်လာတော့ပါတယ်။ ဘယ်လိုချိုးဖျက်သလဲ။

သင် သိပ်ယုံကြည်ရတဲ့၊ သင်သိပ်ချစ်ရတဲ့ သူတွေက သင့်ကို စကျောခိုင်းလာတော့တာပါပဲ။ သူတို့မှာ အလုပ်၊ ချစ်သူ ရည်းစား စတဲ့ အကြောင်းပြချက်တွေနဲ့၊ တစ်စစီ တစ်လှမ်းစီ သင့်နှလုံးသားကို ခြေနင်းတော့တာပါပဲ။

သူတို့ စထွက်ခွာတယ်။ ဘယ်တော့မှ မပျက်စီးဘူး ထင်ခဲ့တဲ့ သူငယ်ချင်း ရင်းနှီးမှုတွေကို သူတို့ရဲ့ ခြေလှမ်းတွေက ဘိုင့်ဘိုင်ဆိုပြီး စတင် လှောင်ရယ်တယ်။

ဒီနေရာမှာ " မင်းကမှ သူငယ်ချင်းတွေကို အဆက်အသွယ် မလုပ်ပဲ " လို့ အပြစ်တင်မှာ မဟုတ်ပါဘူး။ သင့်မှာ ဒီလို သူငယ်ချင်းတွေ ဆုံးရှုံးသွားလို့ အပြစ်တင်မယ့် ဆောင်းပါးမဟုတ်ပါဘူး။

သင်ဟာ ဒီလို သူငယ်ချင်းတွေ ဆုံးရှုံးသွားလို့ သောက်တလွဲ ခံစားရမယ်ဆိုတာ နားလည်ပါတယ်။ တစ်ကယ်တော့ ဒီလိုဖြစ်ရတာ သင့်အပြစ်လဲ မဟုတ်ပါ။ တစ်ကယ်တော့ လောကနိယာမ တစ်ခုသာ။

သင်ဟာ သောက်တလွဲ လုပ်ဖြစ်ချင် လုပ်ဖြစ်မယ်၊ ဒါမှမဟုတ် သင့် သူငယ်ချင်းက သောက်တလွဲ လုပ်ဖြစ်ချင် လုပ်ဖြစ်မယ်။ ဒါမှမဟုတ် ဘယ်သူမှ ဘာမှ မလုပ်ပဲ ဒီလိုလေးပဲ ပြီးဆုံးသွားမယ်။ ဘယ်သူများ သိနိုင်မလဲ။ဘာများ အရေးကြီးမလဲ။ အဓိက အချက်က သင်နဲ့ သူတို့ ဝေးကွာသွားတာပဲဟုတ်။

ဟုတ်ပါတယ်။ အကျည်းတန်တဲ့ လောကနိယာမက အချိန်တန်ရင် လူတွေ ထွက်ခွာကြတာပါပဲ။

ဒါ့ထပ် ဘာက ပိုအကျည်းတန်သလဲဆိုတော့

" လူတွေ ထွက်ခွာတာ သဘာဝပါပဲ " ဆိုတဲ့ အချက်ပါပဲ။

အိုး ... သင်ဟာ ထွက်ခွာသွားတဲ့ လူကို တွေးရင် စိတ်မကောင်းဖြစ်နေသလား။

မဖြစ်ပါနဲ့။ ပေးထွက်ခွာလိုက်ပါ ဘေဘီ။

**************

အရွယ်ရလာလေ၊ လူတွေကို သောက်မြင်ကတ်လာလေ။

ဒါဟာ သဘာဝပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ အရွယ်ရလာလေ သောက်ပိုတွေကို သင် မလုပ်ချင်တော့လေမလို့ပါပဲ။

ငယ်ရွယ်နုပျိုစဉ်မှာ သင်ဟာ လူတိုင်းနဲ့ အသိဖြစ်ချင်ခဲ့တယ်။ သူတစ်ကာ ဘယ်လိုတွေးမလဲဆိုတာ သင်ဟာ သိပ် သောက်ဂရုစိုက်ခဲ့တယ်။

တစ်ခါတစ်လေ ရှက်စရာကောင်းတဲ့ အရာတွေ၊ သင်မကြိုက်ခဲ့တဲ့ အရာတွေတောင် လုပ်ဖူးခဲ့လိမ့်မယ်။ ဒါတွေ အားလုံးဟာ သင် အထင်ကြီးစေချင်တဲ့ ကောင်လေး/ ကောင်မလေး တစ်ယောက်အတွက်လဲ ဖြစ်ချင်ဖြစ်ခဲ့မယ်။ သင်ဟာ လူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ အဆိပ်အတောက်တွေကို မြိုချခဲ့သူပေါ့။

ဒါပေမယ့် သင်ဟာ ကျောင်းပြီးသွားခဲ့ပြီ။ သင်ဟာ ဒီလို သောက်တလွဲတွေအတွက် အာရုံမရတော့ပြီ။ ဒီလို မလုပ်တော့လို့ ဘယ်သူတောင်းစားက မကြိုက်ပါဘူးဆိုခဲ့ရင်လဲ သင်ဟာ သောက်ဖက်ကို မလုပ်တော့ပြီ။ တစ်ကယ်တော့ သင်ဟာ ရင့်ကျက်လာလေ သောက်ရေးမပါတဲ့ Drama တွေကို သောက်ဖက် မလုပ်တော့လေ ဖြစ်တော့တာပါပဲ။

သင့်ကို သောက်တလွဲလုပ်တဲ့ လူတွေနဲ့ မိတ်ဆွေဖြစ်မယ့်အစား သင်ဟာ တစ်ယောက်ထဲပဲ ပိုဖြစ်ချင်လာခဲ့ပြီ မဟုတ်လား။

ဝမ်းနည်းစရာကောင်းတာက ဒါဟာ လူ့လောက သဘာဝဖြစ်နေတာပါပဲ။

************

ဘာလို့လဲဆိုတော့ သင်ဟာ အရွယ်ရလာတာနဲ့အမျှ သူငယ်ချင်း အသစ်တွေ ထပ်လုပ်ဖို့ အားမရှိတော့တာဟာ အကြောင်းအရာတစ်ခုပါပဲ။ သင်ဟာ ဘယ်လောက်ပဲ သိပ်ဖော်ရွေတယ်၊ လူအသစ်တွေ တွေ့ချင်ပါတယ်ဆိုနေနေ လက်ရှိရှိနေတဲ့ လူတွေလောက် သင်ဟာ အသစ်တွေကို မယုံကြည်ပါဘူး။

ဒီလိုပြောလို့ သင်ဟာ အထီးကျန်တဲ့ကောင်လို့ ဆိုလိုလိုက်တာမဟုတ်။ သင်ဟာ ပျော်မြူးစွာ လူတွေနဲ့ ဆက်ဆံနေအုန်းမှာ မလွဲ၊ ဒါပေမယ့် ဟိုးအတွင်းထဲမှာ သင်ဟာ မရေရာ မသင်္ကင်္ာတဲ့ စိတ်တွေ ရှိနေပြီ။

လောကမှာ သင်သိပ်ချစ်တဲ့ သူငယ်ချင်းတွေ ရက်ပိုင်းအတွင်းမှာ သင့်ကို စွန့်ခွာသွားနိုင်တာကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရတာမလို့ သင် အသည်းမာခဲ့တာ။

ဒီလို အသည်းမာခဲ့တာလဲ အပြစ်မဟုတ်။ ရှေ့ဆက်ရမယ့် လက်တွေ့ကျကျ ဘဝမှာ အသည်းမမာရင် သင်ဘယ်လိုလုပ် ရှေ့ဆက်နိုင်မလဲ၊ ဟုတ်တယ်ဟုတ်။
********

ဒီလိုနဲ့ အရွယ်ရလာလေ သင်ဟာ သူတစ်ပါးကို သောက်ဂရုမစိုက်ပဲ တစ်ကိုယ်ကောင်းဆန်လာလေပေါ့။

သင်ဟာ သူတစ်ပါးထင်မြင်ချက်ကို သောက်ဂရုမစိုက်လာလေ၊ သင့်ဘဝက တိုးတက်ပြောင်းလဲလာလေပါပဲ။ မီးခလုတ်တစ်ခု အဖွင့်အပိတ်ပြောင်းလိုက်သလို သင့်ရဲ့ ဆယ်ကျော်သက်ကနေ ရင့်ကျက်တဲ့ ဘဝအပြောင်းအလဲပါပဲ။

သူတစ်ပါး ကျေနပ်အောင် သောက်ပေါက်ကရတွေ လုပ်မယ့်အစား သင့်အတွက် သင်ဟာ ဦးစားပေးတတ်လာပြီ။ ဒီဟာကပဲ သူတို့ သင့်ကို စွန့်ခွာခဲ့တဲ့ အကြောင်းရင်းဖြစ်သလို သင်က သူတို့ကို စွန့်ခွာပြစ်တဲ့ ရိုးရှင်းတဲ့ အကြောင်းအရင်းပါပဲ။

သင်ဒီလို အပိုတွေ အောက်ကျို့မခံတော့တာနဲ့အမျှ သင့်ကို အသုံးချမယ့် လူတွေ စွန့်ခွာ ကုန်တော့တာပါပဲ။

ဒီလိုနဲ့ လက်တွေ့ကျကျ ပျားသကာရည် စကားအလှတွေ မခံတဲ့ ဘဝမှာ သင်ဟာ သင့်ကို ဂရုမစိုက်တဲ့လူတွေကို ဘေးဖယ်ထားမယ်။ ဒါ့ကြောင့်ပဲ သင့်ကို အသုံးချချင်သူတွေက သင့်ကို စွန့်ဖယ်သွားကျမယ်။

သိပ်ချစ်ပါတဲ့ သူငယ်ချင်းတွေလဲ သင့်ကို စွန့်ခွာသွားကျမယ်။ ဒါပေမယ့် ဘယ်လိုလူတွေ စွန့်ခွာပါစေ၊ သင့်အတွက် သင်အမြဲရှိမယ်။

ဒါကပဲ သိပ်အကျည်းတန်တဲ့ လောကနိယာမ မဟုတ်လား။

"မိမိကိုယ်သာ ကိုးကွယ်ရာ" လို့ ရှင်ဗုဒ္ဓလဲ ဟောခဲ့သည်ကိုး။

***********

သင်ဟာ သင့်အတွက်ပါ။

Share if you love ❤️

Like the page for daily awesome contents

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။