#ပြဿနာ စဉ်းစားနည်းသစ်
ဘဝမှာ စိတ်ဖိစီးမှု အရောက်စေဆုံးဟာ ပြဿနာတွေပဲဆိုတာကို လူတိုင်း သဘောတူကြမှာပါ။
ပြဿနာဆိုတာ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး၊ အကြီးအသေးစတာတွေ ကွာခြားကြပါတယ်။ ဒါပေမဲ့ ပြဿနာတွေအားလုံးမှာ တူညီတာတစ်ခုတော့ ရှိပါတယ်။ အဲဒါက ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလေလေ၊ ပြဿနာကို အဝေးဆီသို့ လွှင့်ပါးသွားစေချင်စိတ် များလေလေ ပြဿနာဟာ ပိုကြီးလာသလို ခံစားရတယ်။ စိတ်ဖိစီးသောက ပိုကြီးလာတယ်။
ပြဿနာကို ရှောင်လွှဲမရတဲ့ အတူတူတော့ ပြဿနာကို ဘဝရဲ့ အစိပ်အပိုင်းတစ်ခုလို့ လက်ခံလိုက်ပါ။ အဲဒါဆိုရင် သင့်ရဲ့ စိတ်ဖိစီးမှု အတော်လေး လျော့ကျသွားပါမယ်။ လက်ခံပြီးရင် ဘာလုပ်ရမှာလဲ။ နည်းသစ်တစ်ခု ပြောပြပါမယ်။
လောလောဆယ် သင် အတော်ကြာကြာကတဲက ရင်ဆိုင်နေရတဲ့ ပြသနာတစ်ခုကို စဉ်းစားလိုက်စမ်းပါ။ အခုထိ အဲဒီပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနေသ လဲ။ သင်ဟာ လူအတော်များများလိုပဲဆိုရင် ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရုန်းကန်နေပါလိမ့်မ ယ်။
ပြဿနာကို အကြိမ်ကြိမ်အခါအခါ ထပ်ပြန်တလဲလဲ စဉ်းစားနေမယ်။ စဉ်းစားလေလေ
အရင်ထက်တောင် ပိုပြီးစိတ်ရှုပ်ထွေးလာမယ်။ စိတ်ဖိစီးမှုပိုများလာမယ်။ စိတ်သောက
ပိုရောက်လာမယ်။
အခု အဲဒီပြဿနာကို နည်းတစ်မျိုးနဲ့ စဉ်းစားကြည့်လိုက်ပါ။ ပြသနာကို တွန်းထုတ်ကာကွယ်တာ မဟုတ်ဘဲ လက်ကမ်းကြိုဆိုလိုက်ပါ။ စိတ်ထဲကနေ ပြဿနာကို နှလုံးသားထဲအထိ ဆွဲယူလိုက်ပါ။ ပြီးရင် သင့်ကိုယ်သင် ဒီမေးခွန်းတွေ မေးပါ။ ဒီပြဿနာကနေ ငါ ဘယ်လိုအဖိုးတန်တဲ့ သင်ခန်းစာ ရနိုင်မလဲ။ ဒီပြဿနာဟာ ငါ့ကို ပိုပြီးသတိထားဖို့ ဒါမှမဟုတ် ပိုပြီးစိတ်ရှည်ဖို့ သင်ပေးနေသလား။ ဒီပြဿနာဟာ လောဘကြီးခြင်း၊ မနာလိုခြင်း၊ သတိမမူ ဂရုမစိုက်ခြင်း၊ ခွင့်လွှတ်ခြင်းစတာတွေနဲ့ ပတ်သက်နေသလား။ ဒီပြဿနာထဲမှာ ဘာအခွင့်အလမ်းတွေ ရှိနေသလဲ။
ဒီမေးခွန်းတွေ မေးလိုက်ခြင်းဖြင့် သင် ကြုံတွေ့နေရတာ ဘာပြဿနာပဲ ဖြစ်နေပါစေ၊ ပြဿနာကြောင့်ပေါ်နေတဲ့ စိတ်ဖိစီးမှု အတော်အတန် လျော့ကျသွားပါလိမ့်မယ်။ မေးခွန်းတွေရဲ့ အဖြေတွေကို စိတ်ထဲက အမှန်တကယ် သိချင်စိတ် ပေါ်လာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ သင့်ပြဿနာဟာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးကို ဖြေလိုက်သလို ပျော့ပျော့ပျောင်းပျောင်း ဖြစ်လာလိမ့်မယ်။ စိတ်ထဲမှာ တင်းကျပ်ခံစားနေရတာတွေ လျော့ကျသွားမယ်။ ပြဿနာတွေဟာ သင်ထင်ထားသလောက် မစိုးရိမ် မပြင်းထန်တော့ဘူးဆိုတာကို တွေ့လာပါလိမ့်မယ်။ သင့်ရဲ့ စိတ်ဖိစီးမှု လျော့ကျသွားမယ်။ သင့်စိတ်သက်သက်သာသာ ဖြစ်လာရင် သင် ပြဿနာရဲ့ အဖြေကို ရှာတွေ့နိုင်ပါလိမ့်မယ်။ ကံကောင်းရင် သင်ဟာ ပြဿနာထဲမှာ အခွင့်အလမ်းကိုပါ ရှာတွေ့ပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၂၇-၀၉-၂၀၁၇
ဘဝမှာ စိတ်ဖိစီးမှု အရောက်စေဆုံးဟာ ပြဿနာတွေပဲဆိုတာကို လူတိုင်း သဘောတူကြမှာပါ။
ပြဿနာဆိုတာ ပုံစံအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး၊ အကြီးအသေးစတာတွေ ကွာခြားကြပါတယ်။ ဒါပေမဲ့ ပြဿနာတွေအားလုံးမှာ တူညီတာတစ်ခုတော့ ရှိပါတယ်။ အဲဒါက ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားလေလေ၊ ပြဿနာကို အဝေးဆီသို့ လွှင့်ပါးသွားစေချင်စိတ် များလေလေ ပြဿနာဟာ ပိုကြီးလာသလို ခံစားရတယ်။ စိတ်ဖိစီးသောက ပိုကြီးလာတယ်။
ပြဿနာကို ရှောင်လွှဲမရတဲ့ အတူတူတော့ ပြဿနာကို ဘဝရဲ့ အစိပ်အပိုင်းတစ်ခုလို့ လက်ခံလိုက်ပါ။ အဲဒါဆိုရင် သင့်ရဲ့ စိတ်ဖိစီးမှု အတော်လေး လျော့ကျသွားပါမယ်။ လက်ခံပြီးရင် ဘာလုပ်ရမှာလဲ။ နည်းသစ်တစ်ခု ပြောပြပါမယ်။
လောလောဆယ် သင် အတော်ကြာကြာကတဲက ရင်ဆိုင်နေရတဲ့ ပြသနာတစ်ခုကို စဉ်းစားလိုက်စမ်းပါ။ အခုထိ အဲဒီပြဿနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနေသ
အခု အဲဒီပြဿနာကို နည်းတစ်မျိုးနဲ့ စဉ်းစားကြည့်လိုက်ပါ။ ပြသနာကို တွန်းထုတ်ကာကွယ်တာ မဟုတ်ဘဲ လက်ကမ်းကြိုဆိုလိုက်ပါ။ စိတ်ထဲကနေ ပြဿနာကို နှလုံးသားထဲအထိ ဆွဲယူလိုက်ပါ။ ပြီးရင် သင့်ကိုယ်သင် ဒီမေးခွန်းတွေ မေးပါ။ ဒီပြဿနာကနေ ငါ ဘယ်လိုအဖိုးတန်တဲ့ သင်ခန်းစာ ရနိုင်မလဲ။ ဒီပြဿနာဟာ ငါ့ကို ပိုပြီးသတိထားဖို့ ဒါမှမဟုတ် ပိုပြီးစိတ်ရှည်ဖို့ သင်ပေးနေသလား။ ဒီပြဿနာဟာ လောဘကြီးခြင်း၊ မနာလိုခြင်း၊ သတိမမူ ဂရုမစိုက်ခြင်း၊ ခွင့်လွှတ်ခြင်းစတာတွေနဲ့ ပတ်သက်နေသလား။ ဒီပြဿနာထဲမှာ ဘာအခွင့်အလမ်းတွေ ရှိနေသလဲ။
ဒီမေးခွန်းတွေ မေးလိုက်ခြင်းဖြင့် သင် ကြုံတွေ့နေရတာ ဘာပြဿနာပဲ ဖြစ်နေပါစေ၊ ပြဿနာကြောင့်ပေါ်နေတဲ့ စိတ်ဖိစီးမှု အတော်အတန် လျော့ကျသွားပါလိမ့်မယ်။ မေးခွန်းတွေရဲ့ အဖြေတွေကို စိတ်ထဲက အမှန်တကယ် သိချင်စိတ် ပေါ်လာလိမ့်မယ်။ တဖြည်းဖြည်းနဲ့ သင့်ပြဿနာဟာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးကို ဖြေလိုက်သလို ပျော့ပျော့ပျောင်းပျောင်း ဖြစ်လာလိမ့်မယ်။ စိတ်ထဲမှာ တင်းကျပ်ခံစားနေရတာတွေ လျော့ကျသွားမယ်။ ပြဿနာတွေဟာ သင်ထင်ထားသလောက် မစိုးရိမ် မပြင်းထန်တော့ဘူးဆိုတာကို တွေ့လာပါလိမ့်မယ်။ သင့်ရဲ့ စိတ်ဖိစီးမှု လျော့ကျသွားမယ်။ သင့်စိတ်သက်သက်သာသာ ဖြစ်လာရင် သင် ပြဿနာရဲ့ အဖြေကို ရှာတွေ့နိုင်ပါလိမ့်မယ်။ ကံကောင်းရင် သင်ဟာ ပြဿနာထဲမှာ အခွင့်အလမ်းကိုပါ ရှာတွေ့ပါလိမ့်မယ်။
ဗန်းမော်သိန်းဖေ
၂၇-၀၉-၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။