#သူတို့ကိုလျော့မတွက်ပါနဲ့
********************
တရုတ်ပြည်ကို ခဏသွားတော့
သတိထားမိတဲအချက်က ...
ဌာနတွေမှာ ...
အကြီးအကဲတွေက အရွယ်လွန်တွေ။
ဒါပေမယ့် သူတို့က ရုပ်ပြလောက်ပဲ။
တကယ်ကြောက်စရာကောင်းအောင်
ထက်မြက်တာက ဒုတိယလူတွေ။
သူတို့ကို ...
ဘယ်လိုလေ့ကျင့်ထားတယ်မသိဘူး ။
ကိုယ်တွေပါးစပ်အဟောင်းသားဖြ စ်ရတယ်။
တရုတ်တွေ ...
အင်္ဂလိပ်စာ မကောင်းဘူးမထင်နဲ့။
အဲဒီလူတွေစကားပြောနေတာ ရုပ်မမြင်ရရင်၊
__________________________ ____________
#အမေရိကန်လာပြောနေတယ်ထင်ရတယ်။
__________________________ ____________
သူတို့က ဌာနကို ဦးဆောင်ကွပ်ကဲတာပါပဲ။
အဲဒီ ...
ဒုတိယလူတွေနားမှာ တပည့်လေးတွေ
အနည်းဆုံး လေး ငါး ယောက်ပါတယ်။
၂ဝ ကျော် ၃ဝ အရွယ်လေးတွေ။
ညစာစားပွဲလုပ်တော့
တရုတ်အဖွဲ့တွေက ကျွန်တော့်နားမှာ အဲဒီ
ကလေးတစ်ယောက်ကို နေရာလာချတယ်။
ခင်ဗျားအင်္ဂလိပ်လို
ပြောချင်ရင် ပြောလို့ရအောင်ပါတဲ့။
ငတိလေးက အင်္ဂလိပ်လို သိပ်ကောင်းတယ်။
ကျွန်တော်က
သူတို့ပြည်နယ်ကို
စိတ်ဝင်စားကြောင်း
မြန်မာပြည်အနေအထားနဲ့
ဆင်တူကြောင်း ပြောတော့
သူက တစ်လုံးချင်းထောက်တော့တာပဲ။
နည်းနည်း ရင်းနှီးလာတော့ ...
မင်းက အင်္ဂလိပ်စာသိပ်ကောင်းတယ်။
ဘယ်မှာသင်ခဲ့လဲဆိုတော့
ပီကင်းတက္ကသိုလ်မှာ သင်တာပါတဲ့။
ဟုတ်လား
ငါက ပါရဂူဘွဲ့အတွက်ပြင်ဆင်နေလို့ ၊
မင်းတို့ ပြည်နယ်အကြောင်း
စိတ်ဝင်စားတယ်လို့ ပြောတော့ ...
ကျွန်တော်က ... ခင်ဗျားတို့
ယဉ်ကျေးမှု အကြောင်းအထူးပြု ပြီး
ပီကင်းတက္ကသိုလ်မှာ PhD ယူထားတာဗျ ။
ဒါကြောင့် ခင်ဗျားပြောတာတွေကို
တစ်ခုချင်းပြန်မေးနေတာတဲ့။
ဟိုစကားပြန်ကလေးမဆိုရင် ...
#မြန်မာဘာသာနဲ့မဟာဝိဇ္ဇာယူထားတာတဲ့။
မောင်လင်းတစ်ယောက် ပါးစပ်ပိတ်သွားပြီး
သူတို့ ရှေ့မှာ စကားအပိုမပြောရဲတော့ပါ။
ပြောချင်တဲ့အချက်က ...
သူတို့ နိုင်ငံဟာ
လူကြီးတွေရဲ့ နေရာကို
ဆက်ခံဖို့ ထက်မြက်တဲ့
လူလတ်ပိုင်းတွေ အဆင်သင့်ရှိနေပြီ။
ဒီလူလတ်ပိုင်းတွေကို
အဆင့်မြင့်ပညာတတ် လူငယ်တွေက
ဝန်းရံထားပြီး ဆက်ခံဖို့အဆင်သင့်ဖြစ်နေပြီ ။
မျိုးဆက်တစ်ဆက်ထက်
နောက်တစ်ဆက်က ပိုတော်နေတယ်။
မြန်မာပြည်က လာတဲ့ လူနားကို
မြန်မာပြည်အကြောင်း ကျွမ်းကျင်သူက
အဆင်သင့်ရောက်နေတယ်။
သူတို့ကို ... လျော့မတွက်နဲ့။
အကောင်သေးပေမယ့်
အဆိပ်ပြင်းတဲ့ မြွေပွေးလေးတွေ။
ကိုယ်တွေမှာတော့
မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်၊
ပိုညံ့လာတယ်။
ကိုယ့်ဆရာတွေကို ကိုယ်ကမမီတော့ဘူး။
ဒီတော့ သူတို့ကို အမီလိုက်ဖို့ အသာထား။
ပိုဝေးမသွားအောင် ခြေကုန်ထုတ်မှရလိမ့်မယ်။
#ထွန်းကျော်သူလင်း
********************
တရုတ်ပြည်ကို ခဏသွားတော့
သတိထားမိတဲအချက်က ...
ဌာနတွေမှာ ...
အကြီးအကဲတွေက အရွယ်လွန်တွေ။
ဒါပေမယ့် သူတို့က ရုပ်ပြလောက်ပဲ။
တကယ်ကြောက်စရာကောင်းအောင်
ထက်မြက်တာက ဒုတိယလူတွေ။
သူတို့ကို ...
ဘယ်လိုလေ့ကျင့်ထားတယ်မသိဘူး
ကိုယ်တွေပါးစပ်အဟောင်းသားဖြ
တရုတ်တွေ ...
အင်္ဂလိပ်စာ မကောင်းဘူးမထင်နဲ့။
အဲဒီလူတွေစကားပြောနေတာ ရုပ်မမြင်ရရင်၊
__________________________
#အမေရိကန်လာပြောနေတယ်ထင်ရတယ
__________________________
သူတို့က ဌာနကို ဦးဆောင်ကွပ်ကဲတာပါပဲ။
အဲဒီ ...
ဒုတိယလူတွေနားမှာ တပည့်လေးတွေ
အနည်းဆုံး လေး ငါး ယောက်ပါတယ်။
၂ဝ ကျော် ၃ဝ အရွယ်လေးတွေ။
ညစာစားပွဲလုပ်တော့
တရုတ်အဖွဲ့တွေက ကျွန်တော့်နားမှာ အဲဒီ
ကလေးတစ်ယောက်ကို နေရာလာချတယ်။
ခင်ဗျားအင်္ဂလိပ်လို
ပြောချင်ရင် ပြောလို့ရအောင်ပါတဲ့။
ငတိလေးက အင်္ဂလိပ်လို သိပ်ကောင်းတယ်။
ကျွန်တော်က
သူတို့ပြည်နယ်ကို
စိတ်ဝင်စားကြောင်း
မြန်မာပြည်အနေအထားနဲ့
ဆင်တူကြောင်း ပြောတော့
သူက တစ်လုံးချင်းထောက်တော့တာပဲ။
နည်းနည်း ရင်းနှီးလာတော့ ...
မင်းက အင်္ဂလိပ်စာသိပ်ကောင်းတယ်။
ဘယ်မှာသင်ခဲ့လဲဆိုတော့
ပီကင်းတက္ကသိုလ်မှာ သင်တာပါတဲ့။
ဟုတ်လား
ငါက ပါရဂူဘွဲ့အတွက်ပြင်ဆင်နေလို
မင်းတို့ ပြည်နယ်အကြောင်း
စိတ်ဝင်စားတယ်လို့ ပြောတော့ ...
ကျွန်တော်က ... ခင်ဗျားတို့
ယဉ်ကျေးမှု အကြောင်းအထူးပြု ပြီး
ပီကင်းတက္ကသိုလ်မှာ PhD ယူထားတာဗျ ။
ဒါကြောင့် ခင်ဗျားပြောတာတွေကို
တစ်ခုချင်းပြန်မေးနေတာတဲ့။
ဟိုစကားပြန်ကလေးမဆိုရင် ...
#မြန်မာဘာသာနဲ့မဟာဝိဇ္ဇာယူထာ
မောင်လင်းတစ်ယောက် ပါးစပ်ပိတ်သွားပြီး
သူတို့ ရှေ့မှာ စကားအပိုမပြောရဲတော့ပါ။
ပြောချင်တဲ့အချက်က ...
သူတို့ နိုင်ငံဟာ
လူကြီးတွေရဲ့ နေရာကို
ဆက်ခံဖို့ ထက်မြက်တဲ့
လူလတ်ပိုင်းတွေ အဆင်သင့်ရှိနေပြီ။
ဒီလူလတ်ပိုင်းတွေကို
အဆင့်မြင့်ပညာတတ် လူငယ်တွေက
ဝန်းရံထားပြီး ဆက်ခံဖို့အဆင်သင့်ဖြစ်နေပြီ
မျိုးဆက်တစ်ဆက်ထက်
နောက်တစ်ဆက်က ပိုတော်နေတယ်။
မြန်မာပြည်က လာတဲ့ လူနားကို
မြန်မာပြည်အကြောင်း ကျွမ်းကျင်သူက
အဆင်သင့်ရောက်နေတယ်။
သူတို့ကို ... လျော့မတွက်နဲ့။
အကောင်သေးပေမယ့်
အဆိပ်ပြင်းတဲ့ မြွေပွေးလေးတွေ။
ကိုယ်တွေမှာတော့
မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်၊
ပိုညံ့လာတယ်။
ကိုယ့်ဆရာတွေကို ကိုယ်ကမမီတော့ဘူး။
ဒီတော့ သူတို့ကို အမီလိုက်ဖို့ အသာထား။
ပိုဝေးမသွားအောင် ခြေကုန်ထုတ်မှရလိမ့်မယ်။
#ထွန်းကျော်သူလင်း
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။