
မေမေ မေးရင်ကွယ်

•===•===•===•===•===•

-အသက် ၈ နှစ်လောက်ကတည်းက ဖေဖေ ဟန်ပါပါနှင့် ဆေးလိပ်ဖွာတာကို လူလေး အမြဲ သဘောကျမိသည်။ လူလေး ၁၂ နှစ်ပြည့်တော့ ဆေးလိပ် စတင်ခိုးသောက်သည်။ ကြိုက်၍ ဆက်သောက်သည်။ အသက် ၂၅ တွင် သွေးတိုးရောဂါစ ရသည်။ အသက် ၃၆ တွင် နှလုံးသွေးကြောပိတ်၍ ရုတ်တရက်ဆုံးပါးသည်။

-လူလေး မေမေက လူလေးကို မူကြိုစပို့ကတည်းက ဆရာဝန်ဖြစ်အောင်လုပ်ဖို့ အမြဲပြောသည်။ ၁၀ တန်းတွင် ကျူရှင်အကောင်းစားများပို့ေ

-လူလေး က ၉ နှစ်။ ကိုကိုက လူလေးထက် ၄ နှစ်ကြီးသည်။ အိမ်မှာလူကြီး မရှိလျှင် ကိုကိုက ဗီဒီယို ရုပ်ရှင်ခိုးကြည့်သည်။ ဂိမ်းဆော့သည်။ ဖေဖေမေမေ ပြန်လာလျှင် စာလုပ်သည်ဟု အမြဲလိမ်ပြောသည်။ လူလေး ကိုကို့ကို အားကျသည်။ အရွယ်မရောက်ခင် ကိုကို့ထက် ပိုပြီး လိမ်တတ်လာသည်။ လူလေး ၁၃ နှစ်တွင် ကိုကို့ကိုပါ အလွယ်တကူ လိမ်နိုင်ပြီ။

-လူလေး မိဘများက အလုပ်အလွန်များသော စီးပွားရေးသမားများ ဖြစ်၍ အိမ်မှာ မရှိသည်ကများသည်။ လူလေးက အိမ်ဖော်မမနှင့် ကြီးပြင်းသည်။ အိမ်ဖော် မမက အိမ်တွင် အလွယ်တွေ့သော ပိုက်ဆံခိုးသည်ကို လူလေးအမြဲတွေ့သည်။ လူလေးကြီးလာပြီ။ ပိုက်ဆံချမ်းသာဖို့ အလွယ်လမ်းလိုက်ရင်း လူလေး တစ်နေ့ ထောင်ကျသည်။

-လူလေး သင်္ချာဘာသာရပ်ကိုနှစ်သက်သည်။

နေနေမိုးဆွေ (Child Health Myanmar Page)


Photo Credits to Google
#naynaymoeswe
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။