Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 27, 2017

သိန်းတစ်ထောင်ဖြင့် မလဲနိုင်သောရိုးသားမှု

 
တက်နေဝင်းထီဆိုင်ပိုင်ရှင် ကိုအောင်နိုင်ဝင်း (ဓာတ်ပုံ - မိုးမင်း) သိန်းတစ်ထောင်ဆုရှင် ဦးအောင်သန်း (ဓာတ်ပုံ - မိုးမင်း)
ကိုအောင်နိုင်ဝင်းတစ်ယောက် အောင်ဘာလေထီဖွင့်လှစ်သော စက်တင်ဘာ ၁ ရက်တွင် ထီပေါက်စဉ်၊ ထီလက်မှတ်စာရင်း (လယ် ဂျာ)များဖြင့် အလုပ်ရှုပ်နေသည်။
ပဲခူးမြို့လယ်တွင် ‘တက်နေဝင်း’ ထီပင်ရင်းအရောင်းဆိုင်ဖွင့် လှစ်ထားသူ ကိုအောင်နိုင်ဝင်းသည် ယခင်လများကထက် အလုပ်ပိုများပြီး စိတ်လည်း လှုပ်ရှားနေ၏။
‘‘ကျပ်သိန်းတစ်ထောင် ဆုကြီးက ကျွန်တော့်ဆိုင်ရဲ့ လယ်ဂျာစာရင်း (ထီလက်မှတ်စာရင်း)ထဲမှာ ပါနေတယ်။ ကိုယ်စားလှယ်ခွဲတွေဆီကလည်း မပေါက်ဘူး။ ဆိုင်က တိုက်ရိုက်ရောင်းတဲ့ဆီကလည်း မပေါက်ဘူး။ စာရင်းထဲတော့ ပါနေတယ်။ အဲဒါကို ရှာနေရတာနဲ့ တစ်နေကုန် အလုပ်တော်တော်ရှုပ်သွားတယ်’’ဟု ကိုအောင် နိုင်ဝင်းက ပြောသည်။

ပြီးခဲ့သည့် (၆)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် အမြင့်ဆုံး ဆုကြီးများအဖြစ် ကျပ်သိန်းတစ်သောင်းဆုတစ်ဆု၊ ကျပ်သိန်းငါးထောင်ဆုနှစ်ဆု၊ ကျပ်သိန်းသုံးထောင်ဆုသုံးဆုနှင့် ကျပ်သိန်းတစ်ထောင်ဆု ခြောက်ဆု ဖွင့်လှစ်ပေးခဲ့ရာ ကျပ်သိန်းတစ်ထောင်ဆုတစ်ဆုသည် တက်နေဝင်းထီဆိုင်၏ ထီလက်မှတ်စာရင်းတွင် ပါဝင်ခြင်းဖြစ်သည်။
ထီဆုကြီးများကို ရောင်းချ ပေးနိုင်ခြင်းဖြင့် ဆိုင်နာမည်ဂုဏ် သတင်းကျော်ကြားစေပြီး ဂုဏ်ယူစရာလည်းဖြစ်သောကြောင့် ထီလက်မှတ်ကို အချိန်ပေး၍ သူတိုက်စစ်သည်။
 သူ့ဆိုင်မှ တစ်ဆင့်ယူ၍ ရောင်းချသူများကို အကြိမ်ကြိမ် ဖုန်းဆက်၍ လှမ်းမေးသော်လည်း သူတို့ထံမှ ပေါက်သူမရှိဟု ဆိုကြသည်။
နောက်ဆုံး တိုက်စစ်စရာတစ်ခုသာ ကျန်တော့သည်။ သူ့ဆိုင်မှ ထီလက်မှတ်တစ်ဆင့်ခံ ဝယ်ယူရောင်းချသူတစ်ဦးက ဝယ်ယူရန် စရန်သတ်ထားပြီး ထီဖွင့်ပြီးချိန်အထိ လာရောက်ထုတ်ယူခြင်းမရှိသည့် ထီလက်မှတ်အုပ်ရေ နှစ်ရာဖြစ်သည်။
အဆိုပါထီလက်မှတ်ကို ပဲခူးမြို့ မှော်ကန်ရပ်ကွက်နေ ဦးအောင်သန်းဆိုသူက ဝယ်ယူထားသည်။ ဦးအောင်သန်းက တက်နေဝင်း ထီဆိုင်မှ လစဉ်ထီလက်မှတ်အုပ်ရေငါးရာ ပုံမှန်ဝယ်ယူ၍ နီးစပ်ရာ မြို့ရွာများသို့ တစ်ဆင့်ခံ လှည့်လည်ရောင်းချနေသူဖြစ်သည်။
သို့သော် ဦးအောင်သန်းအနေဖြင့် သြဂုတ်လက ထီလက်မှတ်အုပ်ရေသုံးရာကိုသာ ချက်ချင်းငွေချေ၍ ဝယ်ယူခဲ့ပြီး ကျန်းမာရေးမကောင်း၍ ကျန်အုပ်ရေနှစ်ရာကို ထီဖွင့်လှစ်ရန် တစ်ရက်အလိုထိ လာရောက်ထုတ်ယူ၍ ရောင်းချနိုင်ခြင်းမရှိခဲ့ပေ။
လစဉ်အုပ်ရေငါးရာ ပုံမှန်ချန်ခိုင်းကာ ဝယ်ယူလေ့ရှိသည့် ဦးအောင်သန်းက ကတိပျက်မည်စိုးသောကြောင့် ထီမဖွင့်မီတစ်ရက်အလိုတွင် အုပ်နှစ်ရာအတွက် စရန်ငွေကျပ်ငါးသိန်းတစ်သောင်းကို လူကြုံဖြင့် ပေးခိုင်းခဲ့သည်။ အဆိုပါ ထီလက်မှတ်များကို ဆိုင်၌သာ ထိန်းသိမ်းထားရှိပေးရန် မှာခဲ့သည်။
အဆိုပါထီလက်မှတ်အုပ်ရေ နှစ်ရာအတွက် တန်ဖိုးကျပ် ၁၀ သိန်းကျော်ဖြစ်၍ ဦးအောင်သန်းအပြီးငွေချေရန် ကျပ်ငါးသိန်းခန့်ကျန်နေသည်။ အဆိုပါ ထီလက်မှတ်များနံပါတ်ကိုလည်း ဆိုင်တွင် လယ်ဂျာစာရင်းပေးထားခြင်း မရှိ သောကြောင့် သိန်းတစ်ထောင်ဆုလက်မှတ်သည် ယင်းထီစာအုပ်များတွင်ပါနေရန် အခွင့်အလမ်းများနေတော့သည်။
ကိုအောင်နိုင်ဝင်းက ယင်းထီလက်မှတ်များကို စရန်ငွေရယူပြီးကတည်းက ကတ်ထူစက္ကူပုံးအတွင်းထည့်၍ တိပ်ဖြင့် ပါကင်ပိတ်ကာဆိုင်တွင် သိမ်းဆည်းပေးထားခဲ့သည်။

ဦးအောင်သန်း ကျပ်သိန်း ၅၀၀ ဆု ရောင်းနိုင်ခဲ့စဉ်က ဂုဏ်ပြုပွဲပုံ ထီပေါက်စဉ်ပြသနေစဉ် (ဓာတ်ပုံ-မိုးမင်း)
‘‘ည ၇ နာရီလောက်ကျတော့ ကျွန်တော် ဦးအောင်သန်းကို ဖုန်း ဆက်လိုက်တယ်။ သူ ပထမယူရောင်းထားတဲ့ အုပ်ရေသုံးရာထဲမှာ သိန်းတစ်ထောင်ဆုပါလားမေးတော့ မပါဘူးပြောတယ်။ ဒါဆို ဆိုင်ကိုအခုလာခဲ့ပါ။ ဦးအောင် သန်း ယူမရောင်းဖြစ်ဘဲ ချန်ခိုင်းထားတဲ့ အုပ်ရေနှစ်ရာကို ဖွင့်ဖောက်ကြည့်မှာဖြစ်လို့ ပြောပြီး ကျွန်တော် ခေါ်လိုက်တယ်’’ဟု ကိုအောင်နိုင်ဝင်းက ပြောသည်။
ဦးအောင်သန်း ရောက်လာသောအခါ ကိုအောင်နိုင်ဝင်းနှင့် ထီအုပ်တစ်ရာစီခွဲ၍ ထီပေါက်စဉ်ဖြင့် တိုက်စစ်ကြသည်။
‘‘ဘယ်လောက်မှ မတိုက်လိုက်ရဘူး။ ကျွန်တော်တိုက်ကြည့်တဲ့ အုပ်တစ်ရာထဲကနေ အဲဒီထီလက်မှတ်ကို တွေ့တာပဲဗျ’’ဟု ကိုအောင်နိုင်ဝင်းက ရယ်မောကာ ပြောသည်။
ထီလက်ကျန်အုပ်နှစ်ရာထဲမှ သိန်းတစ်ထောင်ဆု ကံထူးသွား၍ ဦးအောင်သန်းသာမက ကိုအောင် နိုင်ဝင်းပါ ဝမ်းသာလုံးဆို့ခဲ့သည်။
ဦးအောင်သန်းက သူ သိန်းတစ်ထောင် ပေါက်သည်ကို ချက်ချင်းမယုံကြည်နိုင်လောက်အောင် ဆွံ့အသွားခဲ့သည်ဟုဆိုသည်။
‘‘ကျွန်တော် ထီပေါက်တယ်ဆိုတာ ကျွန်တော့်ကံကြောင့်ဆိုပေမယ့် ထီလက်မှတ်ကို ပိုင်ဆိုင်ခွင့်ရမှသာ ထီဆုကို ခံစားရမှာလေ။ အခု ထီပေါက်ပြီး ထီဆုရတယ်ဆိုတာက ကိုအောင် (ဦးအောင်နိုင်ဝင်း)ရဲ့ ရိုးသားမှု၊ သစ္စာရှိမှုကြောင့်ပဲ’’ဟု ဦးအောင်သန်းက ကိုအောင်နိုင်ဝင်း၏ ရိုးသားမှုကို ချီးကျူးပြောကြားသည်။
သူ့အနေဖြင့် အဆိုပါ ထီလက်မှတ်များကို ငွေအကျေပေးချေရခြင်း မရှိသေးသကဲ့သို့ ထီလက်မှတ်များကိုလည်း ထီဆိုင်တွင်သာ ထားခဲ့သောကြောင့် ဆိုင်ရှင်က မသမာသောနည်းလမ်းဖြင့် ပေါက်သောထီလက်မှတ်ကို အခြားထီလက်မှတ်ဖြင့် လဲလှယ်လိုက်ပါက သူသိမည်ပင် မဟုတ်ပေ။
ဦးအောင်သန်းသည် ထီစာအုပ်နှစ်ရာကိုရောင်းရန် အချိန်မမီ တော့သောကြောင့် အိမ်သို့ သယ်ယူခြင်းပင်မရှိတော့ဘဲ ထီလက်မှတ်ဖိုးထက်ဝက်ပေးချေပြီး ယင်းထီစာအုပ်များကို ဆိုင်၌ပင် အပ်နှံထားခဲ့သည်။ လက်ကျန်ငွေကို ထီဖွင့်ပြီး လေးရက်အကြာတွင် ပေးချေမည်ဟု ကတိပြုထားသည်။
‘‘ဦးလေးက အဲဒီထီလက်မှတ်တွေကို လယ်ဂျာလည်း သွင်းထားတာမဟုတ်တော့ ဘာဂဏန်းတွေပါလို့ ပါမှန်းလည်း မသိဘူးလေ။ ယုံကြည်မှုနဲ့ပဲလုပ်တာ။ ယုံကြည် မှုအကျိုးပြန်ရတာလို့လည်း ပြော လို့ရတယ်’’ဟု ဦးအောင်သန်းက ဆိုသည်။
ကိုအောင်နိုင်ဝင်းကမူ သူ့ဆိုင်မှ အဆိုပါသိန်းတစ်ထောင်ဆု ရောင်းပေးလိုက်နိုင်သည့်အတွက်သာ ဂုဏ်ယူမဆုံးဖြစ်နေသည်။
သူ့အနေဖြင့် အဆိုပါပေါက် မဲထီလက်မှတ်ကို ကိုယ်တိုင် ဖောက်ကြည့်၍ အခြားထီလက် မှတ်များဖြင့် လဲလှယ်မည်ဆိုပါက လဲလှယ်နိုင်သော်လည်း ထိုသို့ပြု လုပ်ရန် စိတ်ကူးမရှိခဲ့ဟုဆိုသည်။
‘‘လောဘက လူတိုင်းမှာရှိကြပါတယ်။ ကျွန်တော့်မှာလည်း လောဘရှိတာပေါ့။ ဒါပေမဲ့ မတော်လောဘတော့ ကျွန်တော်မထား ချင်ဘူး။ ရိုးရိုးသားသားရှာဖွေရတဲ့ ပိုက်ဆံပဲ ကျွန်တော် တန်ဖိုးထားတယ်။ ဒါကလည်း ကျွန်တော့်မိဘ တွေရဲ့သွန်သင်မှုတွေကြောင့် ဖြစ် လာတဲ့စိတ်ပါ’’ဟု ကိုအောင်နိုင်ဝင်းက သူ့ခံယူချက်ကိုပြောသည်။
ကိုအောင်နိုင်ဝင်းသည် ထီဆိုင်လုပ်ငန်းကို ဖခင်ထံမှ အမွေဆက်ခံပြီး ၎င်းတို့ထီဆိုင်ကို လွန်ခဲ့သည့် ၄၅ နှစ်ကတည်းက ဖွင့်လှစ်ခဲ့သည်။
လက်ရှိအချိန်တွင် ပဲခူးမြို့၌ တက်နေဝင်းထီဆိုင် ငါးဆိုင်အထိ တိုးချဲ့ဖွင့်လှစ်ထားနိုင်ပြီး ဦးအောင်သန်းကဲ့သို့ ကိုယ်စားလှယ်ခွဲပေါင်းတစ်ရာကျော်ကို တစ်ဆင့်ခံ ရောင်းချနိုင်ခဲ့သည်။
ထိုထီဆိုင်ကနေ၍ လစဉ်ထီစာအုပ်ရေ နှစ်သောင်းကျော် ဖြန့်ဖြူးရောင်းချပေးထားနိုင်သည်အထိ အောင်မြင်မှုရရှိပြီး ဦးအောင် သန်း ပေါက်သည့် ကျပ်သိန်းတစ် ထောင်ဆုသည် ၎င်း၏ ထီဆိုင်သက်တမ်းတစ်လျှောက် အမြင့်ဆုံး ပေါက်သည့်ဆုလည်းဖြစ်သည်။
‘‘ထီလောကမှာက ရှုပ်ထွေးမှု တွေများတယ်။ ကျွန်တော့်သဘောကတော့ ရိုးသားသန့်ရှင်းတဲ့ လောကကြီးအဖြစ်ပဲ ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း ကျွန်တော်ကိုယ် တိုင် ရိုးသားနိုင်အောင် ကြိုးစားတယ်’’ဟု ထီလောကအပေါ် သံ ယောဇဉ်ကြီးပုံကို အသက်(၃၀) ကျော်အရွယ်ရှိ ကိုအောင်နိုင်ဝင်း က ဖွင့်ဟသည်။
အဆိုပါထီဆုကြီး ပေါက်ခဲ့သဖြင့် ဦးအောင်သန်းသည် ကျပ်သိန်းတစ်ထောင်အပြင် ကိုယ်စားလှယ်ဆု ကျပ် ၁၀ သိန်းကိုပါ ထပ်ဆင့်ရရှိသည်။ ထို့အပြင် ထီအုပ် နှစ်ရာထဲမှ အခြားထီလက်မှတ်များကို ထပ်တိုက်ကြည့်ရာ ကျပ် ငါးသောင်းဆု ၁၀ ဆု ထပ်မံပါဝင်နေပြန်သည်။ ထို့ကြောင့် ဦးအောင်သန်းသည် ထီအုပ်ရေနှစ်ရာမှ စုစုပေါင်းကျပ်သိန်းတစ်ထောင် နှင့် တစ်ဆယ့်ငါးသိန်း ကံထူးလေaတာ့၏။
ထီကိုယ်စားလှယ်များ ထီလက်မှတ်ရောင်းချပါက ကိုယ်စားလှယ်ဆုကြေးရရှိနိုင်စေရန် ပင်ရင်းထီဆိုင်များတွင် ရောင်းချမည့်ထီလက်မှတ် ဂဏန်းနံပါတ်များ ပေးအပ်ကြလေ့ရှိသည်။
ထိုသို့ ထီလက်မှတ်ဂဏန်းနံပါတ်ပေးခြင်းကို လယ်ဂျာပေးခြင်းဟု သုံးနှုန်းသည်။ ထီအရောင်း ကိုယ်စားလှယ်များသည် လယ်ဂျာပေးသည့် ထီဆိုင်မှ ထီလက်မှတ် ဝယ်ယူမှသာမဟုတ်ဘဲ အောင်ဘာလေသိန်းဆုဌာနမှ ကိုယ်တိုင် ဝယ်ယူထုတ်ယူ ရောင်းချပါကလည်း ကြိုက်သည့် ပင်ရင်းထီဆိုင်တစ်ခုတွင် လယ်ဂျာစာရင်း ပေးနိုင်သည်။
ထီကိုယ်စားလှယ်က ရောင်းသည့် ထီလက်မှတ်များထဲမှ ဆုကြီးဆွတ်ခူးနိုင်ခဲ့ပါက လယ်ဂျာလက်ခံထားသည့် ထီဆိုင်က ရောင်းချပေးသူကို ကိုယ်စားလှယ်ဆုပေးအပ်ရသည်။
ကျပ်သိန်းတစ်ထောင်ဆုရှင် ဖြစ်လာသည့် ဦးအောင်သန်းကလည်း ကိုအောင်နိုင်ဝင်းကဲ့သို့ပင် ထီလောကကို သံယောဇဉ်ကြီးသူ ဖြစ်သည်။
ဦးအောင်သန်းက မြောင်းမြဇာတိဖြစ်ပြီး လွန်ခဲ့သော နှစ် ၃၀ ခန့်ကတည်းက ထီအရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။
၎င်းတွင် ဇနီး၊ သားနှင့်သမီး နှစ်ဦးရှိပြီး လွန်ခဲ့သော လေးနှစ်ခန့်က ပဲခူးမြို့သို့ ပြောင်းရွှေ့၍ လက်ရှိနေထိုင်သည့်အိမ်ကို ငှား ရမ်းနေထိုင်ခြင်းဖြစ်သည်။
ဦးအောင်သန်းသည် တစ်လလျှင် ထီစာအုပ်ရေ ၈၀၀ ခန့် ရောင်းချနိုင်ပြီး ဝင်ငွေ ကျပ်ငါးသိန်းခန့်ရှိသည်။ သို့သော် အခြားကုန်ကျစရိတ်များ ဖယ်လိုက်လျှင် သူ့ဝင်ငွေသည် ကျပ်ငါးသိန်း အောက်တွင်သာရှိ၍ မိသားစုလေးဦး စားလောက်ရုံမျှသာရှိသည်။
ဦးအောင်သန်းသည် ထီလောကသို့ မိုက်ဖြင့်အော်၍ ထီရောင်းရသည့် ဝန်ထမ်းအဖြစ် စတင်ခဲ့သည်။ ၂ နှစ်ခန့်အကြာတွင် ကိုယ်တိုင်ထီကိုယ်စားလှယ်အဖြစ် ပဲခူးတစ်ဝိုက် နယ်လှည့် ရောင်းသည့် အရောင်းသမားအ ဖြစ် ရပ်တည်လုပ်ကိုင်ခဲ့သည်။
ထီရောင်းသည့် အလုပ်က ၎င်းအခုံမင်ဆုံးအလုပ် ဖြစ်လာခဲ့ ပြီး လုပ်ကိုင်ခဲ့သည့် သက်တမ်းတစ်လျှောက် အောင်မြင်မှုများ ကြုံရသကဲ့သို့ ရှုံးနိမ့်မှုများနှင့် လည်း ရင်ဆိုင်ခဲ့ရသည်။
 အမှတ်တရအဖြစ်ဆုံးသည် ကျပ်သိန်း ၅၀၀ ဆု စဖွင့်သောလတွင် သူ့ဆိုင်မှ ကံထူးခဲ့စဉ်ကဖြစ် သည်။ ၂၀၀၆ က သိန်း ၅၀၀ ပေါက်မည့် ထီလက်မှတ်ကို မန္တလေးတွင် ရောင်းချပြီး ထီကံထူးသူက ဦး အောင်သန်းထံ ကျပ်နှစ်သောင်းဖိုး အကြွေးဖြင့် ထိုးခဲ့ခြင်းဖြစ် သည်။
‘‘ထီဖွင့်တော့ အဲဒီထီလက်မှတ်ထဲကနေ ကျပ်သိန်း ၅၀၀ အမြင့်ဆုံးဆုကြီး ပေါက်နေတယ်။ ကျွန်တော်က ထီလက်မှတ်အ ကြွေးသွားတောင်းတော့ အဲဒီအမျိုးသမီးက ထီဖိုး သူ့မှာမရှိဘူး။ ထီလက်မှတ်ပဲ ပြန်ယူလိုက်ပါဆိုပြီး ထုတ်ပေးတယ်။ ပြီးမှ ကျွန်တော်က သူထီပေါက်ကြောင်း ပြောလိုက်မှ ဝမ်းသာသွားတယ်’’ဟု ဦးအောင်သန်းက ပြောသည်။
ထိုစဉ်က ဦးအောင်သန်းက ထီလက်မှတ်ကို ပြန်ယူခဲ့မည်ဆိုပါက ကျပ်သိန်း ၅၀၀ ဆုကို ရရှိမည်ဖြစ်သော်လည်း ထီလက်မှတ်ဖိုးငွေကျပ်နှစ်သောင်းသာ ရယူခဲ့သည်။ ယခု သူကျပ်သိန်းတစ်ထောင်ဆု ကံထူးသည်မှာ အဆိုပါဖြစ်စဉ်နှင့် ခပ်ဆင်ဆင်ပင်ဖြစ်သည်။
အဆိုပါ ထီဆုကြီးရောင်းချပေးနိုင်ခဲ့ခြင်းကြောင့် ကိုယ်စားလှယ်ဆု ကျပ်သိန်း ၁၅၀ ရရှိပြီး မိသားစုဘဝ အနည်းငယ်ချောင်လည်ခဲ့သည်။
ထီရောင်းခဲ့သည့် သက်တမ်းတစ်လျှောက် အခြားအမှတ်ရစရာများသည် လက်ကျန်ထီလက်မှတ်များထဲမှ ဆုငွေကံထူးခြင်းဖြစ်သည်။ နှစ် ၃၀ အတွင်း အကြိမ် ၃၀ ခန့် လက်ကျန်ထီလက်မှတ်မှ ထီဆုငွေရရှိဖူးပြီး အမြင့်ဆုံးအ ဖြစ် ကျပ်သိန်း ၅၀ အထိ ကံထူးဖူးသည်။
ထိုသို့ ရရှိသော ဆုငွေများ နှင့် စုဆောင်းရရှိငွေများဖြင့် ယခင်နှစ်က ဟိုက်ဂျက်ကားတစ်စီးဝယ် ယူကာ ကားဖြင့်လှည့်လည် ထီ ရောင်းချနိုင်ခဲ့သည်။
ယခု ကျပ်သိန်းတစ်ထောင်ဆုသည် သူ့ဘဝအတွက် အမြင့်ဆုံးဆုငွေဖြစ်သည်။ အဆိုပါဆုငွေဖြင့်ပင် ၎င်းတို့မိသားစု ငှားရမ်းနေ ထိုင်သည့် ပဲခူးမြို့ ပုဏ္ဏားစုရပ် ကွက်ရှိ အိမ်ကို ကျပ်သိန်း ၄၅၀ ခန့်ဖြင့် ဝယ်ယူနိုင်ခဲ့သည်။
ထီဆုကြီး ကံထူးသူဖြစ်လာ သော်လည်း ဦးအောင်သန်းအနေ ဖြင့် ထီလောကကို စွန့်ခွာ၍ အခြားလုပ်ငန်းပြောင်းလုပ်ရန် ဆန္ဒမရှိ ပေ။
‘‘ဒီလုပ်ငန်းကို ကျွန်တော် ဝါသနာလည်းပါတယ်။ သံယော ဇဉ်လည်းရှိတယ်။ အသက်အရွယ်အရ လုပ်ငန်းကို ထပ်မချဲ့နိုင်တော့ ပေမယ့် အရင်အတိုင်းပဲ ဆက် ရောင်းနေဦးမှာပါ’’ဟု အသက် (၆၀)ရှိပြီဖြစ်သည့် ဦးအောင်သန်း က သူ၏အစီအစဉ်ကို ပြော သည်။
ဦးအောင်သန်းက သူ့ဆိုင်မှ ယခင် အမြင့်ဆုံးကျပ်သိန်း ၅၀၀ ဆု ရောင်းချပေးနိုင်ခဲ့စဉ်က ကံထူးရှင်နှင့် ထီကိုယ်စားလှယ် သူ့အား ထီဆိုင်က ဂုဏ်ပြုချီးမြှင့်သည့်ပုံ ဗီနိုင်းကို ကားတွင်ကပ်၍ ကြေညာရောင်းချနေခြင်းဖြစ်သည်။ ယခုအခါ သူကိုယ်တိုင် ထီပေါက်သည့်ပုံ ဗီနိုင်းကိုကပ်၍ ရောင်းချနိုင်ပြီဖြစ် သည်။
အဆိုပါ ဗီနိုင်းနှစ်ခုသည် ဦးအောင်သန်းဘဝအတွက် အဓိပ္ပာယ်များစွာရှိသည်။
‘‘ရိုးသားသစ္စာရှိမှုကြောင့် ရတဲ့ဆုလာဘ်တွေအဖြစ် ဦးလေး သတ်မှတ်တယ်။ ရိုးသားမှုတွေ မရှိခဲ့ရင် ဒီဆုတွေ ရခဲ့ကြမှာမဟုတ်ဘူး’’။    ။
 http://www.7daydaily.com/story/108591

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။