Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 26, 2017

အီလွန်မတ် (Elon Musk) ဆီက သင်ယူသင့်တဲ့ အလေ့အထ (၄) မျိုး


ကျရှုံးသူ တိုင်းမှာ ရွေးချယ် နိုင်တာတစ်ခု အမြဲရှိနေတယ်လို့ ယုံကြည် ထားသူ ဖြစ်တယ်။ အီလွန်မတ် (Elon Musk) ဆိုတာ အမေရိကန် စီးပွားရေး လောကမှာ တော်တော်ထင်ရှားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ပြီး သူများတွေ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေကို အောင်မြင် အောင်လုပ်ဆောင် ပြနိုင်ခဲ့ပြီး သန်းကြွယ် သူဌေး ဖြစ်လာသူ တစ်ဦးဖြစ်ပါတယ်။ သူမှာရှိနေတဲ့ အလေ့အထကောင်းလေးတွေက ဒီလို အောင်မြင် လာအောင် တွန်းပို့ပေးနိုင်ခဲ့ပြီး ဘယ်သူမှ မလုပ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာတွေကို လုပ်ဆောင်နိုင်အောင် အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

ပြီးတော့ သူ့ကိုသိသူမှန်သမျှကလည်း သူဟာ ထူးချွန်ပြောင်မြောက်လှတဲ့ လူတစ်ယောက်လို့ တစ်ညီတစ်ညွတ်တည်း လက်ခံ ထားကြတယ်။ ဒါ့ကြောင့် သူ့ရဲ့ အလေ့အထ ကောင်းလေးတွေကို စာဖတ်သူအားလုံး လေ့လာနိုင်စေဖို့အတွက် အဓိကကျတဲ့ အလေ့အထိလေးတွေကို ထုတ်နုတ် ဖော်ပြပေးလိုက်ပါတယ်။
(၁) စာအုပ်၊ စာပေကို အငမ်းမရဖတ်လေ့ရှိခြင်း

တစ်နေ့ကို စာမျက်နှာ ပေါင်း ၅၀၀ ဝန်းကျင်လောက်အထိ စာဖတ်ဖို့ အခိုင်အမာဆိုခဲ့တဲ့ ဘတ်ဖက် (Buffett) လိုပါပဲ၊ Elon Musk ကိုလည်း စာကြမ်းပိုး တစ်ယောက်လို့တောင် အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အခြေခံမူလတန်း ကျောင်းသားဘဝလောက်ကဆိုရင် သူဟာ တစ်နေ့ကို ၁၀-နာရီလောက်အထိတောင် စာဖတ် လေ့ရှိခဲ့သူလည်း ဖြစ်ပါတယ်။
သူရဲ့ စာကြည့်တိုက်ထဲမှာရှိသမျှ စာအုပ် အားလုံးကို အငမ်းမရလိုက်ဖတ်နေတတ်ပြီး Encyclopedia Britannica လို ဧရာမ စွယ်စုံ ကျမ်းကြီးတွေကိုတောင် ဝါးစားနိုင်လောက် တဲ့အထိ စာဖတ်ခြင်း မှာ မွေ့လျော်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ၆-လလောက် လေ့လာရမယ့် အခြေခံသင်ရိုးတွေဆိုရင် ၃-ရက်လောက်နဲ့တောင် ပြတ်အောင် လေ့လာဖတ်ရှုနိုင်ခဲ့တယ်။
(၂) သူ စိတ်ဝင်စား သမျှကို ဇွဲနပဲကြီးကြီးနဲ့ တစ်စိုက်မတ်မတ် လိုက်လေ့ရှိတယ်
သူ့ရဲ့စာဖတ် သန်တဲ့ အကျင့် ကိုတော့ မစွန့်ပစ်ခဲ့သလို သူဟာလည်းပဲ ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်သင်ယူမှုနဲ့ ပတ်သက်ပြီးတော့လည်း လုံးဝယုံကြည်လက်ခံထားသူတစ်ယောက်ဖြစ်ပါတယ်။ ၁၂-နှစ်သား အရွယ်လောက်မှာ သူ့ရဲ့ အခြေခံ ကျွမ်းကျင်မှုတွေကို Blastar တီထွင် တဲ့ program မှာ အသုံးချခဲ့တယ်။ အဲဒီဂီမ်းဟာ သူကိုယ်တိုင်တီထွင်ခဲ့တဲ့ ဗွီဒီယိုဂိမ်းတစ်ခုဖြစ်ပြီး PC နဲ့ Office Technology ကုမ္ပဏီ တွေဆီကို ဒေါ်လာ ၅၀၀ နဲ့ ရောင်းချခဲ့တယ်။
ပြီးတော့ Musk ဟာ ရူပဗေဒ နဲ့ ဘာဂဗေဒ ဘာသာရပ် တွေမှာ အဓိကလေ့လာ သင်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဒီအရာနှစ်ခုစလုံး ပေါ်မှာလည်း ဆက်လက်သုတေသနပြုနေခဲ့ပြီး သူ့ရဲ့ ဗွီဒီယို ဂိမ်း အတွက်လည်း ကုမ္ပဏီ တစ်ခု တည်ထောင်ခဲ့တယ်။ အခုဆိုရင် သူဟာ ဒေါ်လာ ၁၄.၅ ဘီလီယံအထိ ချမ်းသာ တဲ့ လုပ်ငန်းရှင် တစ်ယောက်ဖြစ်လာပြီး သူလုပ်နေတဲ့စီးပွားရေးဟာဆိုရင် တခြား ဘယ်သူမှတောင် လုပ်နိုင်မယ့်ပုံ မပေါ်ပါဘူး။
(၃) သူ့ ယုံကြည်မှု အပေါ်မှာ မမောနိုင်မပန်းနိုင်နဲ့ မဆုတ်မနှစ် ကြိုးပမ်းသူဖြစ်တယ်
အောင်မြင်နေတဲ့ စီးပွားရေး သမားအများစုမှာ အဓိကစရိုက်လက္ခဏာ နှစ်မျိုးလောက်တွေ့နိုင်သလိုပဲ Musk လည်းပဲ ဝှက်ဖဲလေး တွေ ရှိပါတယ်။ သူဟာ အမြဲတမ်းလိုလို တွေးတောဆင်ခြင်တတ်တဲ့ သဘောရှိပြီး စိတ်ဇွဲသန်တဲ့ သဘာဝလည်းရှိသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ တီထွင်မှုတွေဖြစ်လာစေတဲ့ လျှို့ဝှက်ချက် ကတော့ သူ့ရဲ့ စိတ်အားထက်သန်မှုကြောင့်ပဲ ဖြစ်ပါတယ်။
သူဟာ မနက်အိပ်ရာက နိုးထလာတိုင်း အနာဂတ် မှာ ပိုကောင်းလာအောင် ဒီနေ့ဘာလုပ်ရမလဲ၊ ဘာလုပ်သင့်လဲဆိုတာကို အမြဲ တွေးလေ့ရှိပြီး နေ့သစ်တိုင်းကို တောက်ပတဲ့နေ့တစ်နေ့ဖြစ်အောင် ဆောင်ရွက်တတ်တဲ့ သဘောထားရှိသူ တစ်ယောက်ဖြစ်တယ်။ ပြီးတော့ Musk ဟာ ကမ္ဘာကြီးအတွက် သူတတ်နိုင်တဲ့ဘက်ကနေ ကောင်းအောင် တစ်နည်းနည်းနဲ့ လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိသူ တစ်ယောက်ဖြစ်ပါတယ်။
(၄) ကျရှုံးသူတိုင်းမှာ ရွေးချယ်နိုင်တာတစ်ခု အမြဲရှိနေတယ်လို့ ယုံကြည်ထားသူ ဖြစ်တယ်

လူပေါင်းများစွာဟာ Musk ရဲ့ အိုင်ဒီယာ  တွေဟာ မဖြစ်နိုင်တဲ့ ရယ်စရာတွေဖြစ်ပြီး ကျရှုံးမှုကို ဦးတည်နေတဲ့ အတွေးအမြင်တွေ လို့တောင် ပြောခဲ့ကြပါတယ်။ အဲဒီလူတွေထဲမှာ တချို့ဆိုရင် အရမ်းကို အရည်အချင်းရှိပြီး ကျွမ်းကျင်ပညာရှင်တွေလို့ သတ်မှတ် ခံထားရတဲ့သူတောင် ပါပါသေးတယ်။ ဒါပေမဲ့ Musk ဟာ သူတို့အားလုံးကို ခေါက်ထားလိုက်ပြီး သူဆန္ဒရှိတဲ့အရာတွေကို သူ့နည်း သူ့ဟန်နဲ့ လုပ်ဆောင်ခဲ့တယ်။
မှန်ပါတယ်၊ သူ့ အိုင်ဒီယာ တချို့ကလည်း ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့အရာတွေဖြစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုကို အများကြီး ပိုရရှိခဲ့သလို ထူးချွန်ပြောင်မြောက်တဲ့ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အဖြစ်နဲ့လည်း အားလုံးက တစ်ညီတစ်ညွတ်တည်း အသိအမှတ် ပြုတာကိုလည်း ခံခဲ့ရပါတယ်။ ကျရှုံးနေသူတစ်ယောက်မှာ အနည်းဆုံးတော့ ရွေးချယ်စရာတစ်ခု ရှိပါတယ်။ သင်သာ မကျရှုံးဖူးဘူး ဆိုရင် သင်လည်း အပြည့်အဝ တီထွင် ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ဒါကို လက်စွဲပြုပြီး လက်ခံယုံကြည်ထားသူ ဖြစ်ပါတယ်။
Credit : Duwun

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။