အဖေ (သို့ မဟုတ်) ဓူဝံကြယ်
လောကဓံကို ကျေားခံနိုင်ဖို့  လေ့ကျင့်သင်ကြားပေးခဲ့
တဲ့ အဖေ
လူတကာတွေလို မဆင်နိုင်ပေမယ့် ကိုယ့်သားသမီး
ကိုတော့ မျ က်နှာမငယ်စေရဘူး....
တခါ တလေမှာ အဖေဆွေးနေလောက်တယ်
တခါတလေမှာ အဖေတွေးနေလောက်တယ်
တခါတလေမှာ အဖေပူပန်နေလောက်မှာပါ
ငယ်စဉ်ထဲက အဖေလည်းသူ အမေလည်းသူ ငွေရှာလည်းသူ ထမင်းချက်လည်းသူ
ကျောင်းပို့ လည်းသူ ကျောင်းကြိုလည်းသူ
မရှိတော့ပြီဖြစ်တဲ့ အမေ့ကို တခါတလေတော့သူ
လွမ်းနေလောက်မှာပါ....
အဖေဆိုတာ သားသမီးဘဝအတွက် မီးပြတိုက်တဲ့
ဒါပေမယ့် ကျနော့်အဖေက သားသမီးဘဝအတွက်
ဓူဝံကြယ်တစ်လုံးဆို မမှားဘူး
နွံနစ်နေပါစေ လမ်းမှားနေပါစေ
ချ မ်းသာနေပါစေ နိမ့်ကျ နေပါစေ
အမြဲ မြောက်အရပ်မှာ အဖေရှိနေမှာပါ....
သားသမီးတွေ စားသောက်ပျော်ရွှင်နေတာ ကြည့်ပြီး
အစာမရှိတဲ့ သူ့ ဗိုက်ကိုပွတ်ကာ အဖေ ပီတိဖြစ်နေ
တတ်တယ်
အလုပ်ထဲမှာ ပင်ပန်းခဲ့သမျှ သားသမီးမျက်နှာမြင်ရ
ရင် အမေားပြေသွားတတ်တယ်
သားကျောင်းစရိတ်အတွက်ဆိုပြီး ကျစ်ကျစ်ပါအောင်
စုထားတဲ့ ငွေစက္ကူ လေးတွေ ထုတ်ထုတ်ကြည့်ပြီး
အဖေပြုံးနေတတ်တယ်....
အဖေပညာမသင်ခဲ့ရပေမယ့် သားကိုပညာတတ်ကြီး
ဖြစ်စေချင်တယ်
အဖေ နေပူခံခဲ့ရပေမယ့် သားကိုနေရိပ်စေချင်တယ်
အဖေ ပင်ပန်းခဲ့ပေမယ့် သားကို ရွှင်လန်းစေချင်တယ်
ဂဏန်းသင်္ချာဆိုတာ အဖေမသိပါဘူး
ကကြီးခကွေးဆိုတာ အဖေမသိပါဘူး
အေဘီစီတီဆိုတာ အဖေမသိပါဘူး
ဒါပေမယ့် သားကိုသိစေချင်တယ် သားကိုတတ်စေချင်
တယ်
အဖေ မျှော်လင့်တာက သားကိုပညာတတ်စေချင်ယုံပါ
အဖေ မျှော်လင့်တာက သားကို ချ မ်းသာစေချင်ယုံပါ
အဖေ မျှော်လင့်တာက သားကိုလန်းဖြာစေချင်ယုံပါ
အဖေ မမျှော်လင့်တာက သားဆီကအကျိုးကျေးဇူး
တွေပါ
အဖေ မမျှော်လင့်တာက သားဆီက ဂရုစိုက်မှုတွေပါ
အဖေ မမျှော်လင့်တာက သားဆီက ပေးကမ်းမှုတွေပါ
"ငယ်စဉ်က ခါးထစ်ခွင်
မိုးရွာထဲ ကျောင်းအဝင်လမ်းကို
လိုက်ပို့ ခဲ့တဲ့ အဖေ
အဖေရေ စာအုပ်ဖိုးတဲ့ သားမျက်နှာ မညှိုးစေရဘူး
ကူလီထမ်းလိုက်ပေါ့မယ် ဆိုက်ကားနင်းလိုက်ပေါ့မယ်
နောက်နေ့ ကျောင်းအမှီ သားစာအုပ်ဖိုးအတွက်"
အဖေရယ်လို့  ဖြစ်လာတာ သားသမီးရယ်ဖို့  အတွက်ပါ
အဖေရယ်လို့  ဖြစ်လာတာ သားသမီးပျော်ဖို့ အတွက်
ပါ
အဖေရယ်လို့  ဖြစ်လာတာ သားသမီးပြုံးဖို့ အတွက်ပါ
"လောကဓံကို ကြံကြံခံကာ
သားသမီး လျှောက်ဖို့ 
ဆူးညောင့် ခလုတ်ကို
ဦးအောင် ဖယ်၍
လမ်းကောင်း လမ်းမြတ်
သူဖောက် ပေးသည်
တန်ဖိုးနှိုင်းမရ သူ့ ဘဝ"
ကျ နော့် အတွက်တော့....
အဖေ (သို့ မဟုတ်) ဓူဝံကြယ်..........။
#SSJW@#KZN
Credit ငါလူဆိုး
Via မွန်မလေး ကြယ်စင်မေ
မြန်မာအင်တာနက်စာကြည့်တိုက်
ဖတ်မိရင် မဖတ်ရသေးတဲ့ မင်းသူငယ်ချင်းအတွက် ပြန်ရှယ်ပေးလိုက်ပါ.... https:// salai7cho.blogspot.com/
လောကဓံကို ကျေားခံနိုင်ဖို့  လေ့ကျင့်သင်ကြားပေးခဲ့
တဲ့ အဖေ
လူတကာတွေလို မဆင်နိုင်ပေမယ့် ကိုယ့်သားသမီး
ကိုတော့ မျ က်နှာမငယ်စေရဘူး....
တခါ တလေမှာ အဖေဆွေးနေလောက်တယ်
တခါတလေမှာ အဖေတွေးနေလောက်တယ်
တခါတလေမှာ အဖေပူပန်နေလောက်မှာပါ
ငယ်စဉ်ထဲက အဖေလည်းသူ အမေလည်းသူ ငွေရှာလည်းသူ ထမင်းချက်လည်းသူ
ကျောင်းပို့ လည်းသူ ကျောင်းကြိုလည်းသူ
မရှိတော့ပြီဖြစ်တဲ့ အမေ့ကို တခါတလေတော့သူ
လွမ်းနေလောက်မှာပါ....
အဖေဆိုတာ သားသမီးဘဝအတွက် မီးပြတိုက်တဲ့
ဒါပေမယ့် ကျနော့်အဖေက သားသမီးဘဝအတွက်
ဓူဝံကြယ်တစ်လုံးဆို မမှားဘူး
နွံနစ်နေပါစေ လမ်းမှားနေပါစေ
ချ မ်းသာနေပါစေ နိမ့်ကျ နေပါစေ
အမြဲ မြောက်အရပ်မှာ အဖေရှိနေမှာပါ....
သားသမီးတွေ စားသောက်ပျော်ရွှင်နေတာ ကြည့်ပြီး
အစာမရှိတဲ့ သူ့ ဗိုက်ကိုပွတ်ကာ အဖေ ပီတိဖြစ်နေ
တတ်တယ်
အလုပ်ထဲမှာ ပင်ပန်းခဲ့သမျှ သားသမီးမျက်နှာမြင်ရ
ရင် အမေားပြေသွားတတ်တယ်
သားကျောင်းစရိတ်အတွက်ဆိုပြီ
စုထားတဲ့ ငွေစက္ကူ လေးတွေ ထုတ်ထုတ်ကြည့်ပြီး
အဖေပြုံးနေတတ်တယ်....
အဖေပညာမသင်ခဲ့ရပေမယ့် သားကိုပညာတတ်ကြီး
ဖြစ်စေချင်တယ်
အဖေ နေပူခံခဲ့ရပေမယ့် သားကိုနေရိပ်စေချင်တယ်
အဖေ ပင်ပန်းခဲ့ပေမယ့် သားကို ရွှင်လန်းစေချင်တယ်
ဂဏန်းသင်္ချာဆိုတာ အဖေမသိပါဘူး
ကကြီးခကွေးဆိုတာ အဖေမသိပါဘူး
အေဘီစီတီဆိုတာ အဖေမသိပါဘူး
ဒါပေမယ့် သားကိုသိစေချင်တယ် သားကိုတတ်စေချင်
တယ်
အဖေ မျှော်လင့်တာက သားကိုပညာတတ်စေချင်ယုံပါ
အဖေ မျှော်လင့်တာက သားကို ချ မ်းသာစေချင်ယုံပါ
အဖေ မျှော်လင့်တာက သားကိုလန်းဖြာစေချင်ယုံပါ
အဖေ မမျှော်လင့်တာက သားဆီကအကျိုးကျေးဇူး
တွေပါ
အဖေ မမျှော်လင့်တာက သားဆီက ဂရုစိုက်မှုတွေပါ
အဖေ မမျှော်လင့်တာက သားဆီက ပေးကမ်းမှုတွေပါ
"ငယ်စဉ်က ခါးထစ်ခွင်
မိုးရွာထဲ ကျောင်းအဝင်လမ်းကို
လိုက်ပို့ ခဲ့တဲ့ အဖေ
အဖေရေ စာအုပ်ဖိုးတဲ့ သားမျက်နှာ မညှိုးစေရဘူး
ကူလီထမ်းလိုက်ပေါ့မယ် ဆိုက်ကားနင်းလိုက်ပေါ့မယ်
နောက်နေ့ ကျောင်းအမှီ သားစာအုပ်ဖိုးအတွက်"
အဖေရယ်လို့  ဖြစ်လာတာ သားသမီးရယ်ဖို့  အတွက်ပါ
အဖေရယ်လို့  ဖြစ်လာတာ သားသမီးပျော်ဖို့ အတွက်
ပါ
အဖေရယ်လို့  ဖြစ်လာတာ သားသမီးပြုံးဖို့ အတွက်ပါ
"လောကဓံကို ကြံကြံခံကာ
သားသမီး လျှောက်ဖို့ 
ဆူးညောင့် ခလုတ်ကို
ဦးအောင် ဖယ်၍
လမ်းကောင်း လမ်းမြတ်
သူဖောက် ပေးသည်
တန်ဖိုးနှိုင်းမရ သူ့ ဘဝ"
ကျ နော့် အတွက်တော့....
အဖေ (သို့ မဟုတ်) ဓူဝံကြယ်..........။
#SSJW@#KZN
Credit ငါလူဆိုး
Via မွန်မလေး ကြယ်စင်မေ
မြန်မာအင်တာနက်စာကြည့်တိုက်
ဖတ်မိရင် မဖတ်ရသေးတဲ့ မင်းသူငယ်ချင်းအတွက် ပြန်ရှယ်ပေးလိုက်ပါ.... https://
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။