"အားနာတတ်တာကို စီမံခန့်ခွဲပါ"
လွန်ခဲ့တဲ့ ၃ရက်လောက်က ကျနော် ရန်ကုန်ကိုရောက်တော့ မိသားစုနဲ့  ညစာစားဖို့ စီစဉ်တယ်၊ ညီအရင်းလိုချစ်ရတဲ့ ညီငယ်တစ်ယောက်ကို မတွေ့ရတာကြာလို့  ညစာအတူစားရအောင် လှမ်းခေါ်လိုက်တယ်။သူနဲ့က လွန်ခဲ့တဲ့ အနှစ်၂၀လောက်ကထဲက အတူတူနေခဲ့ ကြတာ၊အခု သူက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့် ခွဲနေတဲ့ သူတစ်ယောက်ဖြစ်နေပြီ။။ သူကလဲ "အကိုကြီးနဲ့ သိပ်တွေ့ချင်တယ်..လာမယ်".. လို့  ဝမ်းပန်းတသာပဲ ပြောတယ်။ ဒါနဲ့ ကျနောတို့ ည ၇နာရီလောက် ညစာ စစားကြတယ်၊ ၈နာရီ ခွဲ လောက်မှ သူမောမောပန်းပန်းရောက်လာတယ် .."အကိုကြီးရေ..ညနေကျမှ
customer တစ်ယောက်ရောက်လာလို့ သူ့ကိုလဲ အားနာ၊ အကိုကြီး နဲ့ တွေ့ ချင် နဲ
့..အလုပ်ကို အမြန်ပြီးလုပ်ပြီးမှ ထွက်ခဲ့ ရတယ်"လို
့ရောက်ရောက်ချင်းပြောတယ်၊ကျ နော်က
"တို့ ညီအကိုက နောက်နေ့မှ တွေ့ လဲ ရတာပဲကွာ"..ဆိုတော့  "အကိုကြီးလဲ
အားနာတယ်"..တဲ့ ။ ဒါက သူငယ်ငယ်ကတဲက အကျင့် ၊ အလွန်အားနာတတ်တာ..။
"အားနာတာ" နဲ့ ပါတ်သက်လို့ ကျနော်ဆက်စဉ်းစားမိတယ်၊ကျနော်တို့က
တော်တော် အားနာတတ်တယ်၊ဘာကို အားနာရမှန်းမသိကို တစ်ခါတစ်လေ အားနာနေတာ။
မေးစရာရှိတာ အားနာလို့ မမေးဖြစ်ဘူး၊ပြောစရာရှိတာ အားနာလို့ မပြောဖြစ်ဘူး၊
ဈေးဆစ်လို့ ရပေမယ့် အားနာလို့ ဈေးမဆစ်ဖြစ်ဘူး၊ ညှိနှိုင်းရတဲ
့ကိစ္စဆိုရင်လဲ အားနာတာနဲ့ ကိုယ့်ရပိုင် ခွင့်ကို မတောင်းဆို ဖြစ်ဘူး။
ငယ်ငယ်က ကြားဖူးတဲ့ ဟာသပြက်လုံးလေးကို သတိရတယ်..."ကျမက
သိပ်အားနာတတ်တာ၊အားနာတတ်လွန်းလို့  အခုရှိတဲ့ ကလေး ၅ယောက် ရဲ့ အဖေတွေ ဘယ်သူလဲ ဆိုတာတောင်မသိဘူး.တဲ့။
"အားနာတယ်" ဆိုတာ တကယ်တော့ ကိုယ့် အပြုအမူ၊အပြောအဆိုကြောင့် သူများကို ထိခိုက်မှာ၊သူများ စိတ်ဆင်းရဲသွားမှာကို စိုးရိမ်တဲ့ စိတ်ပေါ် အခြေခံတာ။ အခြေခံအားဖြင့် ကောင်းတဲ့ စိတ် ဖြစ်ပေမယ့် ..ဒီ အားနာတာကြီးတာက လွန်လွန်ကျွှံကျွှံ ဖြစ်သွားရင် ကိုယ့် အကျိုးထိခိုက်သလို တစ်ခြားသူ အတွက်လဲ ဘာမှ အကျိုးမရှိဘူး။ အားမနာတတ်သူနဲ့ ဆို ကိုယ်နစ်နာဖို့ များတယ်။ တစ်ခါတစ်လေ counter-productive ဆိုးကျိုးတောင် ဖြစ်သွားနိုင်တယ်။
ဒါနဲ့ ကျနော် သူ့ ကို ပြောဖြစ်တယ်.."ဒီညမှာ အကိုကလဲ မင်းကို ညစာစားဖို့ ခေါ်တယ်၊ မင်းမှာလဲ လုပ်စရာအလုပ်တွေ ရှိနေတယ် ဆိုကြပါစို့ ။ တကယ်တော့ ငါ့ ညီအနေနဲ လုပ်ရမှာက..အလုပ် နဲ့ ညစာစားတာမှာ ဘယ်ဟာက ဒီညလုပ်မှ ဖြစ်မယ်ဆိုတာ စဉ်းစားရမှာ၊ ဆိုပါတော့ ..အလုပ်ကို နောက်နေ့ ရွှေ့ လို့ ရမလား။ ဒါမှမဟုတ်..နောက်ရက်မှ အကို နဲ့ မနက်စာ (ဒါမှမဟုတ်) ညစာ အတူစားလို့ ရမလား..စဉ်းစားရမှာ။ အဲလို စဉ်းစားနိုင်ဖို့ အတွက်..မင်းမှာ အချက်အလက်တွေ လိုတယ်၊ဒါ့ အတွက် သက်ဆိုင်တဲ့ သူတွေကို မေးရမှာ။ အလုပ်နဲ့ ပါတ်သက်တဲ့ သူတွေကို အလုပ်ရွှေ့ ရမရ မေး၊တကယ်လို့ ရွှေ့ မရရင်လဲ အကို့ ကို ရှင်းပြပြီး နောက်ရက်တွေ့ လို့ ရမရ မေးရမှာ။ ဒါပေမယ့် တစ်ခါတစ်လေ တို့ က အဲဒီလို မေးရမှာကို အားနာတာနဲ့ ပဲ..ဘယ်သူ့ ကိုမှ မမေးပဲ၊ကိုယ့်စိတ်နဲ့ ကိုယ် ဆုံးဖြစ်လေ့ရှိတတ်တယ်။ ဒီတော့ အလုပ်ကို အမြန်ပြီးအောင်လုပ်၊ပြီးတော့ အကိုဆီကို ကတိုက်ကရိုက်ပြေးလာတာပေါ့ ။ အဲဒီတော့ မင်းလဲ ပင်ပန်းတယ်၊အလုပ် ၂ခုလုံးပေါ်မှာ လဲ အပြည့် အ၀ စိတ်မထားနိုင်ဘူး"
"ဟုတ်တယ်အကိုကြီး..ဒါတော့ အမှန်ပဲ..အားနာတတ်တဲ့ စိတ်ကြောင့် တစ်ခါတစ်လေ ကိုယ်ပင်ပန်း၊စိတ်ပင်ပန်း ရတယ်". သူကပြောတယ်။
ဒါနဲ့ ကျနောတို့ ညစာစားရင်း သူ့ ကို မေးဖြစ်တယ်.."ငါ့ညီအနေနဲ့  အခုလို အဖွဲ့ အစည်းကြီးကို ဦးဆောင်ရတော့  ဒီအားနာတတ်စိတ်က ဒုက္ခပေးတာရှိလား"..လို့ ဆိုတော့ ..သူက.."ရှိတာပေါ့ အကိုကြီးရာ..အထူးသဖြင့် ကိုယ့်လက်အောက်က ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တွေက
အားရစရာ မကောင်းဘူးလို့  ခေါ်ဆွေးနွေး feedback ပေးရတဲ့ အခါမျိုးပေါ့၊
ဒီအားနာစိတ်ကြီးကြောင့်  သူ့တို့ ကို သူ့ လုပ်ဆောင်ချက်အကြောင်းပြောရ မှာ ၀န်လေးနေတတ်တယ်၊အဲဒါဘယ်လိုရ မလဲ အကိုကြီး..တဲ့။
"ဒီအားနာစိတ်ကြီးကြောင့်  သူ့ကို ပြောပြဖို့ ဝန်လေးနေရင်..သူကလဲ သူ့ ဘာဖြစ်နေတယ် ဆိုတာ သိခွင့် ရမှာ မဟုတ်ဘူး။အဲဒီတော့  သူ့အနေနဲ့ပြင်ချင်တဲ့ စိတ်ရှိရင်တောင် မပြင်နိုင်ဘူး၊မင်းရဲ့ အဖွဲ့ အစည်းအနေနဲ့လဲ အရည် အသွေးမပြည်တဲ့၊ စွမ်းဆောင်ရည် မကောင်းတဲ့ ၀န်ထမ်းတစ်ယောက်ရှိတဲ့ အတွက် မကောင်းဘူး။ တကယ်တော့ ဒီလို ကိစ္စမျိုးမှာ အားနာစိတ်ကြောင့် မပြောတာထက် ဒီဝန်ထမ်းကို ဘယ်လို ပြောရမလဲ(How to communicate) က ပိုလို့  အရေးကြီးတယ်လို့  အကို ထင်တယ်" .လို့ ကျနော် ပြောဖြစ်တယ်။
အဲဒီတော့  သူက.."ဒီ သိပ်အားနာတတ်တဲ့ စိတ်ကို ဘယ်လိုပြင်ရင် ကောင်းမလဲ အကိုကြီး" တဲ့ ။
ကျနော် ပြောဖြစ်တာက.." တကယ်တော့  ဒီအားနာတတ်တဲ့စိတ်ဟာ အကျင့် တစ်ခုလို ဖြစ်နေတော့  ပြင်ရတာတော့ နဲနဲ ခက်မယ်၊ ဒါပေမယ့်  ဒီစိတ်ဟာ ကိုယ့် အတွက်ရော၊ကိုယ် အဖွဲ့ အစည်း အတွက်ရော မကောင်းတဲ့ ရလာဒ်တွေ ရမယ်ဆိုရင်တော့  ဒီအားနာတတ်တဲ့ စိတ်ကို စီမံခန့်ခွဲဖို့ လိုမယ်၊ အကို တွေးမိတာကတော့ ..EQ ထဲက Self-awareness(ကိုယ့် ကို ကိုယ် သိတာ) နဲ့ Self-management(ကိုယ့် ကို ကိုယ် စီမံခန့် ခွဲတာ) ကို အသုံးချရင် ရမယ်ထင်တယ်။ ကိုယ်တွေးတာ၊ကိုယ်လုပ်တာတွေ ဟာ
အားနာစိတ်နဲ့ တွေးတာ၊လုပ်တာလား၊ တကယ်လုပ်သင့် တာတွေ လုပ်တာလား..ဆိုတာ
Self-awareness နဲ့ သိအောင် သေချာ စဉ်းစား၊ပြီးရင် မေးသင့်တာကို
မေး၊ပြောသင့် တာကို ပြောရလိမ့်မယ်။ တကယ်တော့  အားနာလို့ မမေးပဲ၊မပြောပဲ
နေတာထက်..ဘယ်လို မေးရမလဲ၊ဘယ်လို ပြောရမလဲ "How"က ပို အရေးကြီးတယ်..လို့ ။
အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(စက်တင်ဘာ ၂၉၊၂၀၁၇)
လွန်ခဲ့တဲ့ ၃ရက်လောက်က ကျနော် ရန်ကုန်ကိုရောက်တော့ မိသားစုနဲ့  ညစာစားဖို့ စီစဉ်တယ်၊ ညီအရင်းလိုချစ်ရတဲ့ ညီငယ်တစ်ယောက်ကို မတွေ့ရတာကြာလို့  ညစာအတူစားရအောင် လှမ်းခေါ်လိုက်တယ်။သူနဲ့က လွန်ခဲ့တဲ့ အနှစ်၂၀လောက်ကထဲက အတူတူနေခဲ့ ကြတာ၊အခု သူက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့် ခွဲနေတဲ့ သူတစ်ယောက်ဖြစ်နေပြီ။။ သူကလဲ "အကိုကြီးနဲ့ သိပ်တွေ့ချင်တယ်..လာမယ်"..
"အားနာတာ" နဲ့ ပါတ်သက်လို့ ကျနော်ဆက်စဉ်းစားမိတယ်၊ကျနေ
"အားနာတယ်" ဆိုတာ တကယ်တော့ ကိုယ့် အပြုအမူ၊အပြောအဆိုကြောင့် သူများကို ထိခိုက်မှာ၊သူများ စိတ်ဆင်းရဲသွားမှာကို စိုးရိမ်တဲ့ စိတ်ပေါ် အခြေခံတာ။ အခြေခံအားဖြင့် ကောင်းတဲ့ စိတ် ဖြစ်ပေမယ့် ..ဒီ အားနာတာကြီးတာက လွန်လွန်ကျွှံကျွှံ ဖြစ်သွားရင် ကိုယ့် အကျိုးထိခိုက်သလို တစ်ခြားသူ အတွက်လဲ ဘာမှ အကျိုးမရှိဘူး။ အားမနာတတ်သူနဲ့ ဆို ကိုယ်နစ်နာဖို့ များတယ်။ တစ်ခါတစ်လေ counter-productive ဆိုးကျိုးတောင် ဖြစ်သွားနိုင်တယ်။
ဒါနဲ့ ကျနော် သူ့ ကို ပြောဖြစ်တယ်.."ဒီညမှာ အကိုကလဲ မင်းကို ညစာစားဖို့ ခေါ်တယ်၊ မင်းမှာလဲ လုပ်စရာအလုပ်တွေ ရှိနေတယ် ဆိုကြပါစို့ ။ တကယ်တော့ ငါ့ ညီအနေနဲ လုပ်ရမှာက..အလုပ် နဲ့ ညစာစားတာမှာ ဘယ်ဟာက ဒီညလုပ်မှ ဖြစ်မယ်ဆိုတာ စဉ်းစားရမှာ၊ ဆိုပါတော့ ..အလုပ်ကို နောက်နေ့ ရွှေ့ လို့ ရမလား။ ဒါမှမဟုတ်..နောက်ရက်မှ အကို နဲ့ မနက်စာ (ဒါမှမဟုတ်) ညစာ အတူစားလို့ ရမလား..စဉ်းစားရမှာ။ အဲလို စဉ်းစားနိုင်ဖို့ အတွက်..မင်းမှာ အချက်အလက်တွေ လိုတယ်၊ဒါ့ အတွက် သက်ဆိုင်တဲ့ သူတွေကို မေးရမှာ။ အလုပ်နဲ့ ပါတ်သက်တဲ့ သူတွေကို အလုပ်ရွှေ့ ရမရ မေး၊တကယ်လို့ ရွှေ့ မရရင်လဲ အကို့ ကို ရှင်းပြပြီး နောက်ရက်တွေ့ လို့ ရမရ မေးရမှာ။ ဒါပေမယ့် တစ်ခါတစ်လေ တို့ က အဲဒီလို မေးရမှာကို အားနာတာနဲ့ ပဲ..ဘယ်သူ့ ကိုမှ မမေးပဲ၊ကိုယ့်စိတ်နဲ့ ကိုယ် ဆုံးဖြစ်လေ့ရှိတတ်တယ်။ ဒီတော့ အလုပ်ကို အမြန်ပြီးအောင်လုပ်၊ပြီးတော
"ဟုတ်တယ်အကိုကြီး..ဒါတော့ အမှန်ပဲ..အားနာတတ်တဲ့ စိတ်ကြောင့် တစ်ခါတစ်လေ ကိုယ်ပင်ပန်း၊စိတ်ပင်ပန်း ရတယ်". သူကပြောတယ်။
ဒါနဲ့ ကျနောတို့ ညစာစားရင်း သူ့ ကို မေးဖြစ်တယ်.."ငါ့ညီအနေနဲ့  အခုလို အဖွဲ့ အစည်းကြီးကို ဦးဆောင်ရတော့  ဒီအားနာတတ်စိတ်က ဒုက္ခပေးတာရှိလား"..လို့ ဆိုတော့ ..သူက.."ရှိတာပေါ့ အကိုကြီးရာ..အထူးသဖြင့် ကိုယ့်လက်အောက်က ဝန်ထမ်းတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ချက်တေ
"ဒီအားနာစိတ်ကြီးကြောင့်  သူ့ကို ပြောပြဖို့ ဝန်လေးနေရင်..သူကလဲ သူ့ ဘာဖြစ်နေတယ် ဆိုတာ သိခွင့် ရမှာ မဟုတ်ဘူး။အဲဒီတော့  သူ့အနေနဲ့ပြင်ချင်တဲ့ စိတ်ရှိရင်တောင် မပြင်နိုင်ဘူး၊မင်းရဲ့ အဖွဲ့ အစည်းအနေနဲ့လဲ အရည် အသွေးမပြည်တဲ့၊ စွမ်းဆောင်ရည် မကောင်းတဲ့ ၀န်ထမ်းတစ်ယောက်ရှိတဲ့ အတွက် မကောင်းဘူး။ တကယ်တော့ ဒီလို ကိစ္စမျိုးမှာ အားနာစိတ်ကြောင့် မပြောတာထက် ဒီဝန်ထမ်းကို ဘယ်လို ပြောရမလဲ(How to communicate) က ပိုလို့  အရေးကြီးတယ်လို့  အကို ထင်တယ်" .လို့ ကျနော် ပြောဖြစ်တယ်။
အဲဒီတော့  သူက.."ဒီ သိပ်အားနာတတ်တဲ့ စိတ်ကို ဘယ်လိုပြင်ရင် ကောင်းမလဲ အကိုကြီး" တဲ့ ။
ကျနော် ပြောဖြစ်တာက.." တကယ်တော့  ဒီအားနာတတ်တဲ့စိတ်ဟာ အကျင့် တစ်ခုလို ဖြစ်နေတော့  ပြင်ရတာတော့ နဲနဲ ခက်မယ်၊ ဒါပေမယ့်  ဒီစိတ်ဟာ ကိုယ့် အတွက်ရော၊ကိုယ် အဖွဲ့ အစည်း အတွက်ရော မကောင်းတဲ့ ရလာဒ်တွေ ရမယ်ဆိုရင်တော့  ဒီအားနာတတ်တဲ့ စိတ်ကို စီမံခန့်ခွဲဖို့ လိုမယ်၊ အကို တွေးမိတာကတော့ ..EQ ထဲက Self-awareness(ကိုယ့် ကို ကိုယ် သိတာ) နဲ့ Self-management(ကိုယ့် ကို ကိုယ် စီမံခန့် ခွဲတာ) ကို အသုံးချရင် ရမယ်ထင်တယ်။ ကိုယ်တွေးတာ၊ကိုယ်လုပ်တာတွေ
အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(စက်တင်ဘာ ၂၉၊၂၀၁၇)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။