Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 26, 2017

“ကိုယ့်အကြောင်း ဒီ(၄)ခုတော့ သိရမယ်”

“ကိုယ့်အကြောင်း ဒီ(၄)ခုတော့ သိရမယ်”

မနေ့က ဖေ့စ်ဘွတ်မှာ စိုင်းစိုင်းက သူ့ဓါတ်ပုံတစ်ပုံကို တင်ပါတယ်။ ကောင်မလေးတွေ သည်းသည်းလှုပ်ကြွေကြတဲ့ မြင်နေကျ သူ့ဓါတ်ပုံတွေနဲ့ အနည်းငယ်ကွဲထွက်တယ်ပဲ ဆိုပါတော့ (လွယ်တော့ မလွယ်ဘူး၊ ပြောတတ်ရတာပေါ့)။ အဲဒါနဲ့ပတ်သက်ပြီး သူ့ပရိသတ်တွေက ချီးကျူးကြတယ်၊ 'ဘယ်သူမှ မလှောင်ခင် သူ့ဟာသူ အရင်တင်လိုက်တယ်၊ အိုင်ဒီယာ ဘယ်လိုကောင်းတယ်၊ ဒါကြောင့် ရေရှည်အောင်မြင်တာ' စသဖြင့်ပေါ့။ တကယ်လည်း သူက အဲ့လိုအရင်တင်လိုက်တော့ သူ့ကိုလှောင်ပြောင်မယ့် Troller တွေ လှောင်ရခက်သွားလောက်တယ်။

အဲဒါနဲ့ပဲ ကျွန်တော်က သူ့ကို အားကျပြီး ဓါတ်ပုံလိုက်တင်မယ်ဆိုပါတော့။ ဘာဖြစ်မလဲ။ ဘယ်သူကမှ လှောင်ဖို့ ပြောင်ဖို့ အရေးတယူ စောင့်မနေဘူး။ ကိုယ်ရှိမှန်းတောင် မသိဘူး။ ဒီပုံကို မြင်လိုက်ရတဲ့သူကလည်း ဘယ်လိုပြောကြမလဲ၊ “ဟယ် သူငယ်နာ မစင်ဘူးလား မသိဘူး” “နင်တို့ပြောပြောနေတဲ့ ဒေါက်တာဖြိုးသီဟ ဆိုတာ ဒါကြီးလားဟင် အံ့သြလတ်ထှာ” ဒီလိုတွေပဲ ဖြစ်ကုန်မှာပေါ့။

ဒါဖြင့် ဘာကွာလဲဆိုတော့ “စိုင်းစိုင်းခမ်းလှိုင်” နဲ့ “ဖြိုးသီဟ” ကွာပါတယ်။ မင်းသားက သူ့ရုပ်ဆိုးဆိုးဓါတ်ပုံတင်တော့ ပရိသတ်တွေက အားပေးတယ်။ သာမန်လူတစ်ယောက်က တင်ရင် ရုပ်ဆိုးလိုက်တာ လို့ပဲ မှတ်ယူကြတာပါ။ ဒါကြောင့်မို့ သူများလုပ်လို့ အဆင်ပြေသွားတာမှန်သမျှ ကိုယ်လိုက်လုပ်မယ်ဆိုလို့ မရပါဘူး။ စိုင်းစိုင်းလုပ်တာ လိုက်လုပ်လို့ ဒုတိယစိုင်းစိုင်းလည်း မဖြစ်ပါဘူး။ ငပေါပဲ ဖြစ်မှာပါ။ ငကြောင်လို့ပဲ တံဆိပ်ကပ်ခံရမှာပါ။

ဒီတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်သိဖို့ လိုလာပါတယ်။ ဘာတွေသိထားရမလဲဆိုရင် အနည်းဆုံးတော့ ဒီ(၄)ခု သိထားသင့်တယ်။

၁။ ကိုယ့်အခြေအနေ ကိုယ်သိပါ (Know yourself)

အိုင်ဖုန်းတစ်လုံးဝယ်ဖို့ မိဘကို ပူဆာလိုက်ရုံပဲ ဆိုတဲ့သူအတွက် ဒီဖုန်းကို လိုချင်တာ ပြဿနာမရှိပေမယ့် ဒီငွေရဖို့ (၆)လလောက် စုရမယ်၊ ဘ၀အတွက် အရေးကြီးတဲ့ သင်တန်းတက်စရာ၊ စာအုပ်ဝယ်စရာတွေကို လျှော့ပစ်ရမယ် ဆိုရင်တော့ ဒါ ပြဿနာဖြစ်လာပါပြီ။ အိုင်ဖုန်းက သုံးတတ်သူ၊ အသုံးလိုတဲ့သူအတွက် လိုအပ်ပေမယ့် သာမန်လောက်ပဲ သုံးတတ်တယ်၊ သုံးစရာရှိတယ်ဆို အဲဒီထက် အရေးကြီးတာတစ်ခုကို ဦးစားပေးသင့်ပါတယ်။

မာ့ဇူကာဘတ်က တီရှပ်လေးပဲ ၀တ်တဲ့အခါမှာ လူတွေက ပြောကြတယ်၊ သိပ်ကို အနေအထိုင်ရိုးရှင်းတယ်ပေါ့။ အဲဒီအတိုင်း ၀တ်ပြီး အလုပ်အင်တာဗျူး သွားဖြေကြည့်ပါ။ အာမခံပါတယ်၊ အလုပ်မရစေရပါဘူး။ တကယ်တော့ နှိမ့်ချတယ် ဆိုတဲ့စကားက အမြင့်ရောက်နေသူတွေသာ သုံးခွင့်ရှိတာပါ။ ကိုယ့်အောက်ငုံ့ကြည့်လို့ တစ်ယောက်မှမရှိဘဲ နှိမ့်ချတယ် ဆိုတဲ့စကား သုံးလို့မရပါဘူး။ ပကာသန မမက်ဘူး ဆိုတဲ့ စကား ချမ်းသာမှ၊ ဂုဏ်တွေ ဒြပ်တွေနဲ့ဖြစ်နေမှ သုံးလို့ရတာပါ။ ပိုက်ဆံမရှိတဲ့သူက ဖုန်းအစုတ်လေး ကိုင်ထားလို့ ဘယ်သူကမှ မချီးကျူးပါဘူး။ အဆင့်အတန်းမခွဲခြားဘူး ဆိုတဲ့ ဂုဏ်ပုဒ်ကလည်း တစ်စုံတစ်ရာ အဆင့်နဲ့အတန်းနဲ့ နေနိုင်သူတွေသာ ပြောလို့လှတာပါ။

၂။ ကိုယ့်အားသာချက် ကိုယ်သိပါ (Know your strength)

လူတိုင်းမှာ အားသာချက်ကိုယ်စီ ရှိကြပါတယ်။ ငါးလေးတစ်ကောင်အဖြစ် ပေါ်ထွက်လာတဲ့သူဟာ ကုန်းပေါ်မှာဆို သုံးမရပါဘူး။ မြင်းတစ်ကောင်ရဲ့ အားသာချက်တွေနဲ့ မွေးဖွါးလာသူကိုလည်း အပင်ပေါ် တက်ခိုင်းလို့ မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အားသာချက် ကိုယ်သိဖို့လိုပါတယ်။

ကျောင်းတုန်းက စာသိပ်ညံ့ခဲ့သူတွေ ခုချိန်မှာ အောင်မြင်နေတယ်။ သုံးမရတဲ့လူလို့ အများက သတ်မှတ်ထားတဲ့သူတစ်ယောက်က သူ့ကို အဲ့လိုပြောခဲ့တဲ့သူတွေထက် ပိုအောင်မြင်လာတယ်။ ဘယ်လိုအချိန်မှာလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ငါးတစ်ကောင်လို့ သိပြီး ရေထဲရောက်သွားတဲ့အခါ၊ မြင်းတစ်ကောင်လို့သိပြီး ကုန်းပေါ်မှာ ပြေးလွှားခွင့်ရသွားတဲ့အခါမှာ ဖြစ်ပါတယ်။

၃။ ကိုယ့်ပရိသတ် ကိုယ်သိပါ (Know your target audience)

စိုင်းစိုင်းခမ်းလှိုင် စီးပွါးရေးလုပ်တဲ့အခါ ယောကျာ်းလေးသုံး ပစ္စည်းထုတ်ရင် ရောင်းရဖို့ မလွယ်ပါဘူး။ ဘာလို့ဆိုတော့ သူ့ပရိသတ်က မိန်းကလေးအများစု ဖြစ်နေတာမို့ပါ။ SAI ဆိုတာနဲ့ကို ၀ယ်ဖို့အသင့်ဖြစ်နေတဲ့ အစုအဖွဲ့ကို ဦးတည်လို့ အောင်မြင်တာပါ။ ပရိသတ်လို့ ပြောလိုက်ရင် အနုပညာရှင်တွေ၊ စာရေးဆရာတွေနဲ့မှ ဆိုင်တာလား ဆိုတော့ မဟုတ်ပါဘူး။ ပရိသတ်ဆိုတာ တကယ်တော့ ကိုယ်ဦးတည်တဲ့ လူအုပ်စုကို ဆိုလိုတာပါ။ ဒါကြောင့်မို့ လူတိုင်းမှာ ပရိသတ် ရှိပါတယ်။

Professional branding ဆိုတာ ဘာလဲဆိုရင် “ကိုယ့်သက်ဆိုင်ရာနယ်ပယ်နဲ့ ပတ်သက်ပြီး လူတွေက တခုခုလိုအပ်တိုင်း ကိုယ့်ကို တန်းသတိရအောင် လုပ်ထားနိုင်ခြင်း”ပါပဲ။ ကိုယ်တိုင်နဲ့ပဲ ဥပမာပေးပါမယ်။ မျိုးဆက်ပွါးကျန်းမာရေးနဲ့ ပတ်သက်ပြီး တခုခုလိုအပ်တာနဲ့ ဖြိုးသီဟ ရှိတာပဲလို့ သတိရလိုက်တယ်ဆိုရင် ဒါဟာ ကျွန်တော် Branding ကောင်းကောင်း လုပ်ထားနိုင်တာပါပဲ။ ကျွန်တော့်ဟာကျွန်တော်တော့ လုပ်နေတယ်၊ ဒါပေမယ့် လူမသိဘူး၊ ဖြိုးသီဟကိုတော့ သိတယ်၊ သူ ဘာလုပ်မှန်းမသိဘူး ဆိုရင် Branding အားနည်းသေးတယ်လို့ ဆိုနိုင်ပါတယ်။

ဒီအတွက် ကျွန်တော်ဟာ ကျွန်တော်လုပ်နေတာတွေကို ဘယ်သူ့ကို သိစေချင်တာလဲ သိဖို့လိုလာပါတယ်။ ကိုယ်က အခမ်းအနားမှူး MC တစ်ယောက်အနေနဲ့ အသက်မွေးတယ်ဆိုရင် Event လုပ်ပေးတဲ့ အေဂျင်စီတွေ၊ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေက ကိုယ့်ကို သိနေအောင် လုပ်ရပါမယ်။ HR professional တစ်ယောက်ဟာ ဖေ့စ်ဘွတ်ဆယ်လီတွေလိုတော့ ပရိသတ်မများနိုင်ဘူး ဒါပေမယ့် ကုမ္ပဏီတွေက သိထားတယ်ဆို လုံလောက်ပါတယ်။ ဒါမှ သူတို့ကုမ္ပဏီအတွက် သင်တန်းပေးဖို့ လိုတဲ့အခါ ကိုယ့်ကို ကမ်းလှမ်းမှာပါ။

၎။ ကိုယ့်အတိုင်းအတာ ကိုယ်သိပါ (Know your limit)

သမိုင်းအဖြစ်အပျက်တစ်ခုကို မှတ်မိသလို ပြန်ရေးပါမယ်။ တိုက်ပွဲတိုင်းမှာ အောင်နိုင်တဲ့ စစ်သူကြီးတစ်ယောက် ရှိပါတယ်။ တအားကို နာမည်ကျော်လာတယ်။ ပြည်သူတွေက အားကိုးလာတယ်။ အဲဒါနဲ့ ဘုရင်ကလည်း သတိထားမိလာပြီး သူ့ကို နန်းတွင်းကိုခေါ် သူကောင်းပြုတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာပဲ ခပ်လှမ်းလှမ်း နေခဲ့ရာကနေ ပြည်သူနဲ့၊ လူတွေနဲ့ အနီးကပ်ဆက်ဆံလာရတဲ့အခါ သူ့အားနည်းချက်တွေက ပေါ်လာတယ်။ စကားတွေ မှားလာတယ်၊၊ တဖြည်းဖြည်း ဝေဖန်ခံလာရတယ်။ နောက်ဆုံး မလှမပ ဇာတ်သိမ်းရတယ်ပေါ့။

ပြောရရင် စစ်သူကြီးဘ၀မှာ အောင်မြင်တယ်ဆိုပေမယ့် ရလာတဲ့ အခွင့်အရေးနောက်ကို ကိုယ့်အတိုင်းအတာကိုယ်မသိဘဲ လိုက်မိတဲ့အခါ ရှုံးနိမ့်မှုနဲ့ ကြုံရတတ်တယ် ဆိုတာပါပဲ။ နိုင်ငံရေးစကား ပြောရရင် ကိုယ့်အတိုင်းအတာ ကိုယ်မသိဘဲ နေရာတကာ ၀င်အုပ်ချုပ်ချင်တာတွေကြောင့် တိုင်းပြည်အနေနဲ့လည်း ပြဿနာဖြစ်ရပါတယ်။

ကိုယ်စာရေးတာ အားပေးကြတာပဲ ဆိုပြီး ပေါ်လာတဲ့ အကြောင်းကိစ္စမှန်သမျှ ထင်မြင်ချက်ဝင်ပေးရင် ကိုယ်မသိတဲ့ကိစ္စကျ နာမည်ပျက်ပါမယ်။ ခေတ်စကားနဲ့ပြောရရင် ကိုယ်ပိန်းတာ လူသိပါမယ်။ ကိုယ့်အပေါ် ရှိနေတဲ့ ယုံကြည်မှုတွေ ပျက်ယွင်းပါမယ်။ နေရာတကာ ၀င်ပါနေခြင်းက ကိုယ့်ရဲ့ Target audience ကို “ဒီလူ ဘာလုပ်တာလဲ မသိဘူး၊ ဟိုစပ်စပ် ဒီစပ်စပ်နဲ့” ဆိုတာမျိုးလည်းေ၀၀ါးသွားစေနိုင်တာမို့ ကိုယ့်ရဲ့ Professional brand ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘာခေတ်စားနေတယ်၊ ဘယ်သူတွေ ဘာလုပ်နေတယ်ဆိုတဲ့ ပေါ်ပင်နောက် မလိုက်ဘဲ ကိုယ့်နယ်ပယ်မှာသာ ကိုယ်အကောင်းဆုံးဖြစ်အောင် အားထုတ်ပါ၊ ကိုယ့်ပုံစံနဲ့ကိုယ် ရှင်သန်ပါ။

ဒေါက်တာ ဖြိုးသီဟ
၂၆.၉.၂၀၁၇

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။