Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 25, 2017

"တန်ဖိုးတက်ဖို့ စွမ်းရည်ကို အသုံးချစို့"

 
 
"တန်ဖိုးတက်ဖို့ စွမ်းရည်ကို အသုံးချစို့"

လူတိုင်းမှာ ကိုယ်ပိုင်စွမ်းရည်ဆိုတာ ရှိပါတယ်။ ကိုယ့်မှာရှိတဲ့ စွမ်းရည်ကို ကိုယ်တိုင်က သိရှိတဲ့သူ ရှိသလို၊ မသိရှိတဲ့လူလည်း ရှိပါတယ်။ ကိုယ့်မှာရှိတဲ့ စွမ်းရည်ကို မသိရှိတော့ အသုံးမချတတ်ဘူး။ အသုံးမချတတ်တော့ ရည်မှန်းချက် ပန်းတိုင်မရောက်ဘူး။ သိရှိပေမယ့် အသုံးမချတတ်ရင်လည်း ကိုယ့်ပန်းတိုင်ကို မရောက်နိုင်ပါဘူး။ ကိုယ့်ရဲ့ စွမ်းရည်ကို သိရှိတယ်၊ အသုံးချတတ်တယ်ဆိုရင် ကိုယ့်ရည်မှန်းချက်ကို ရရှိပိုင်ဆိုင်မှာဖြစ်တယ်။

လူငယ်တွေကို ပြန်လည်မျှဝေချင်တာကတော့ စွမ်းရည်ကို အုပ်စု(၂)စု ခွဲခြားနိုင်ပါတယ်။ Hard Skills နဲ့ Soft Skillsပါ။ အဲဒီစွမ်းရည်တွေရဲ့ သဘောသဘာဝကို နားလည်မှသာ ကိုယ့်မှာဘယ်လို စွမ်းရည်တွေ ရှိနေသလဲ။ ကိုယ့်လုပ်ငန်းခွင်မှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ၊ ကိုယ့်အလုပ်ခွင်မှာ ဘယ်လိုစွမ်းရည်တွေ ပြန်အသုံးချရင် ကိုယ့်ဆန္ဒကို ပြီးမြောက်အောင်မြင်နိုင်မလဲဆိုတာကို သိရှိမှာဖြစ်တယ်။

Hard Skills ဆိုတာ ကိုယ့်ရဲ့ ဥာဏ်ရည်ကို မှီတည်ပြီး ဖြစ်ပေါ်လာတဲ့ စွမ်းရည်လို့ သတ်မှတ်ရင် ရပါတယ်။ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းကနေ ဖြစ်ပေါ်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ပါ။ ယုတ္တိဗေဒဆန်ပါတယ်။ ဥာဏ်ရည်မြင့်လို့ သူများထက် ပိုမိုပြီး သင်္ချာဘာသာရပ်မှာ ထူးချွန်တာ၊ ကိန်းဂဏန်း အချက်အလက်တွေကို အတိအကျ မှတ်မိနေတာ၊ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်း လိုက်နာဆောင်ရွက်နိုင်တာ...စတဲ့ စွမ်းရည်တွေကို ခေါ်ပါတယ်။

Soft Skills ဆိုတာ ခံစားသိမြင်နိုင်စွမ်း (Emotional Intelligence or EQ)ကို မှီတည်ပြီး ဖြစ်ပေါ်လာတဲ့ စွမ်းရည်ပါ။ ဦးနှောက်ရဲ့ ညာဘက်ခြမ်းကနေ ဖြစ်ပေါ်လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ပါ။ ခံစားသိမြင်နိုင်စွမ်းပေါ် အခြေခံပြီး တုံ့ပြန်လုပ်ဆောင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်တာ၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ပြေလည်ညီညွတ်တာ၊ အသင်းအဖွဲ့နဲ့ အလုပ်လုပ်နိုင်တာ၊ စိတ်ဖိစီးမှုကို ဖြေလျော့နိုင်တာ၊ ပြဿနာတွေကို အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ဖြေရှင်းနိုင်တာတွေ...စတဲ့ စွမ်းရည်တွေကို ခေါ်ပါတယ်။

လူငယ်တွေဟာ မိမိကိုယ်ကိုယ် ပြန်လည်မေးရမယ့် မေးခွန်းကတော့ ကိုယ့်ဘ၀မှာ ဘယ်စွမ်းရည်ကို ပိုမိုလိုအပ်ပါသလဲ။ လူငယ်တွေရဲ့ အသက်မွေးမှု အလုပ်အကိုင်ပေါ် မူတည်ပြီးတော့ ဘယ်လိုစွမ်းရည်တွေ လိုအပ်တယ်ဆိုတာ ပြန်လည်မျှဝေချင်ပါတယ်။ အုပ်စု(၃)စု ခွဲပြီးတော့ ရှုမြင်ကြည့်ကြပါစို့။

အုပ်စု(၁)
Soft Skills နည်းနည်းနဲ့ Hard Skills များများ လိုအပ်သူ

ဥာဏ်ရည်ကို အသုံးချပြီး အသက်မွေးရတဲ့ အလုပ်တွေ။ ဥပမာဆိုပါစို့...ရူပဗေဒပညာရှင်၊ ဇီဝဗေဒပညာရှင်၊ ဆရာဝန်၊ ကွန်ပျူတာပညာရှင်၊ အင်ဂျင်နီယာ...စတဲ့ ထက်မြက်တဲ့ ဥာဏ်ရည်ကို အသုံးချပြီး အသက်မွေးရတဲ့ အလုပ်မျိုးတွေကို လုပ်နေတဲ့သူဆိုရင် Hard Skills ကို ပိုမိုလိုအပ်ပါတယ်။ Soft Skills မလိုအပ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အလုပ်သဘာဝကိုက ပညာရပ်တစ်ခုရဲ့ လေ့လာအားထုတ်မှု၊ တတ်ကျွမ်းမှုတွေကို မှီတည်ပြီးတော့ ရပ်တည်ရပြီး ကိုယ့်ရဲ့ထက်မြက်တဲ့ ဥာဏ်ရည်ကို များစွာအားထုတ်ရတဲ့ အလုပ်တွေဖြစ်နေလို့ပါပဲ။ ဒီလို အလုပ်နဲ့ အသက်မွေးတဲ့ သူတွေမှာ Soft Skills ဖြစ်တဲ့ ပေါင်းသင်းဆက်ဆံရေးတို့၊ အသင်းအဖွဲ့နဲ့ လုပ်ကိုင်တာတို့၊ စကားပြောစွမ်းရည်တို့...စတဲ့အရာတွေမှာ အားနည်းတတ်ပါတယ်။ သတိပြုပါလေ။

အုပ်စု(၂)
Soft Skills ရော Hard Skills ပါ နှစ်မျိုးစလုံး လိုအပ်သူ

အလုပ် တော်တော်များများကတော့ နှစ်မျိုးစလုံးကို လိုအပ်ချက်အဖြစ် ရှိတတ်ပါတယ်။ ဥပမာ ရှေ့နေ၊ ရဲ၊ ကျောင်းဆရာ...စတဲ့ အလုပ်ကို လုပ်ကိုင်နေသူတွေပါ။ ရှေ့နေဆိုပါစို့။ ရှေ့နေ တစ်ယောက်ဟာ ဥပဒေပညာရပ်ကိုလည်း ကျွမ်းကျမ်းကျင်ကျင် သိရှိနာလည်း တတ်မြောက်ဖို့ လိုပါတယ်။ ဒါက သူ့ရဲ့ ဘယ်ဘက်ဦးနှောက်ခြမ်းမှဖြစ်တဲ့ Hard Skillsကို အသုံးချနိုင်စွမ်းပါ။ အမှုသည်၊ ရဲစခန်း၊ တရားရုံး၊ သတင်းမီဒီယာ...စတဲ့ သူ့အနေနဲ့ ဆက်ဆံပတ်သက်ရတဲ့ အသိုင်းအ၀န်းအားလုံးနဲ့လည်း ဆက်ဆံရေးကောင်းစွာ တည်ဆောက်ဖို့၊ စကားပြောစွမ်းရည် ညက်ညောဖို့၊ လူကဲခတ်တတ်ဖို့တွေလည်း လိုအပ်ပါတယ်။ ဒါက ဦးနှောက်ရဲ့ ညာဘက်ခြမ်းမှဖြစ်တဲ့ Soft Skillsကို အသုံးချနိုင်စွမ်းပါ။

အုပ်စု(၃)
Soft Skills များများနဲ့ Hard Skills နည်းနည်း လိုအပ်သူ

Emotional Quotient (EQ) ခံစားသိမြင်နိုင်စွမ်းကို အားပြုပြီး လုပ်ရတဲ့ အလုပ်မျိုးတွေကို ခေါ်တာပါ။ ဥပမာ...အရောင်းဝန်ထမ်း ဆိုပါစို့။ ကားတစ်စီးရဲ့ ထုတ်လုပ်မှုပုံစံကို သူမသိပါဘူး။ ဘယ်လို နည်းပညာတွေ အသုံးပြုထားလဲ သူမသိပါဘူး။ သူသိရမှာက ၀ယ်ယူသူကို ဘယ်လိုစည်းရုံးမလဲ၊ ၀ယ်ယူသူရဲ့ အနေအထားကို အကဲခတ်တတ်ဖို့၊ ၀ယ်သူရဲ့ လိုအပ်ချက်ဟာ ကိုယ့်မှာမရှိတဲ့ ကိုယ့်မှာရှိတဲ့ ကုန်ပစ္စည်းကို ၀ယ်သူမျက်စိကျလာအောင် ဘယ်လိုဆွဲဆောင်မလဲ...စတဲ့အရာတွေကို လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ အဲဒီလို လုပ်နိုင်တဲ့စွမ်းရည်ကို Soft Skillsလို့ ခေါ်တာပါ။ ဆိုလိုချင်တာက အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီးတော့ လိုက်လျောညီထွေမယ့် လုပ်ဆောင်ချက်တွေ၊ ဆုံးဖြတ်နိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းတွေ၊ ပြောဆိုနိုင်စွမ်းတွေ...စတဲ့အရာတွေကို ခေါ်ဆိုတာပါ။

လူငယ်တွေ သတိပြုရမယ့်အရာကတော့ လူတစ်ယောက်ရဲ့ ငယ်စဉ်ဘ၀မှာ Hard Skills တွေကို သင်ယူနေရတဲ့ အချိန်ကာလက ပိုမိုများပါတယ်။ ဘာလို့လဲဆိုတော့ မိဘစကား နားထောင်ရတာ၊ ဆရာတွေဆီမှာ သင်ယူရတာဟာ အချိန်ကာလအားဖြင့် အနည်းဆုံး(၁၈)နှစ်လောက် ကြာမြင့်တတ်ပါတယ်။ သင်ကြားလိုက်နာမှုတွေဟာ Hard Skills ပိုင်းကို တိုးတက်စေပါတယ်။ ဒါပေမယ့် သင်ကြားပြသသူရဲ့ အခန်းကဏ္ဍပေါ် မူတည်ပြီးတော့ လိုက်နာဆောင်ရွက်သူရဲ့ တိုးတက်မှုကို ဖြစ်စေတယ်ဆိုတာကို သတိပြုပါ။

Soft Skills ကိုတော့ ဘ၀ကို လက်တွေ့ကျကျ ပုံဖော်ရင်းနဲ့မှ ရရှိတာပါ။ ကျောင်းသင်ခန်းစာကို သိရှိရုံ၊ ကျွမ်းကျင်ရုံနဲ့ မရနိုင်ပါဘူး။ လူကဲခတ်တတ်ဖို့၊ ဒီလူကို ဒီလိုနည်းနဲ့ စည်းရုံးမှ ကိုယ့်ဘက်ပါဖို့၊ ဘယ်လိုစကားကို ဘယ်လိုအခြေအနေမှာ ဘယ်လိုပုံစံနဲ့ ပြောဆိုဖို့၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားဖို့၊ ဆင်ခြင်နိုင်စွမ်းတွေကို...စတဲ့အရာတွေကို နားလည်သိရှိဖို့ဆိုတာဟာ ဘ၀အတွေ့အကြုံကနေမှ ရရှိနိုင်တာပါ။ ဘ၀ပေးဆင်ခြင်မှုနဲ့ စာတွေ့သိရှိမှုမှာ ကွာဟာမှုတွေရှိနေတယ်ဆိုတာကို သတိပြုပါ။ ဘ၀ပေးဆင်ခြင်မှုဟာ Soft Skillsပါ။

နိဂုံးချုပ်ပြောရရင်တော့ Hard Skillsဆိုတာ သင်ကြားပေးသူဆီကနေ ရရှိလုပ်ဆောင်နိုင်တဲ့ အရာပါ။ Soft Skillsကတော့ ကိုယ်တိုင်က လေ့လာသင်ယူမှသာ မြင့်မြင့်မားမား ရရှိနိုင်မှာဖြစ်တယ်။ မန်နေဂျာကောင်းဖြစ်ချင်ရင် စီမံခန့်ခွဲမှုသင်တန်းတွေတက်ရုံနဲ့ လက်မှတ်တွေ ရယူရုံတင် မဖြစ်နိုင်ပါဘူး။ စာသင်တာဟာ Hard Skills တက်အောင် လုပ်တာပါ။ စိတ်သင်တာကမှ Soft Skills တက်အောင် လုပ်ပေးနိုင်တာပါ။ စိတ်သင်ဖို့ကတော့ လုပ်ငန်းခွင်ကို ၀င်လိုက်တာဟာ အကောင်းဆုံးဆရာပါပဲ။ ဆိုလိုချင်တာက စာလည်းသင်ရမယ်။ စိတ်လည်းသင်ရမယ်။ Soft Skills နဲ့ Hard Skillsကို ပေါင်းစပ်အသုံးချနိုင်မှ တန်ဖိုးတက်မှာဖြစ်တယ်။

#လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။