Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, September 23, 2017

အထင်ကရ ရုပ်တုတွေထဲက ကမ္ဘာ့နံပတ်(၁) ဖြစ်လာတဲ့ မြန်မာ့ဗုဒ္ဓ ရုပ်ပွားတော်



အင်းဝ မီဒီယာ added 3 new photos.

အထင်ကရ ရုပ်တုတွေထဲက ကမ္ဘာ့နံပတ်(၁) ဖြစ်လာတဲ့ မြန်မာ့ဗုဒ္ဓ ရုပ်ပွားတော်
အခု ကျနော်ပြောပြချင်တာကတော့ နာမည်ကြီး Wonders List ကနေ ရွေးချယ်ဖော်ပြခြင်းခံရတဲ့ ကမ္ဘာတဝှမ်း က လူတို့ ဖန်တီးတည်ဆောက်တဲ့ အမှတ်တရ ရုပ်တုတွေထဲက အကောင်းဆုံးဖန်တီးမှုကြောင့် အဆင့် (၁)နေရာမှာ ရပ်တည်လာ နိုင်တဲ့ မြန်မာပြည်တွင်းက ဗုဒ္ဓရုပ်ပွားတော်အကြောင်းနဲ့ စာရင်းဝင် နာမည်ကြီး ရုပ်တုတွေပဲ ဖြစ်ပါတယ်။
အားလုံးကို စုံအောင် ပြောပြချင်လို့ နိဒါန်းနည်းနည်းနဲ့ပဲ ပြောပါမယ်။


(၁) LayKyun Sekkya Buddha
ပေ ၃၈၀ အမြင့်ရှိတဲ့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ပါ။ ကမ္ဘာမှာ ဒုတိယအမြင့်ဆုံးရုပ်တုအနေနဲ့ ရပ်တည်နေပါတယ်။ ဂေါတမ ဘုရားကို ရည်မှန်းပြီး ဖန်တီးပူဇော်ထားတာပါ။ မုံရွာနယ်ထဲက ဖိုးကောင်းတောင်ပေါ်မှာ တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ် ပွားတော် ဖြစ်လာဖို့ အချိန် ၁၂နှစ်ကြာ တည်ဆောက်ထားရတယ်လို့ သိရပါတယ်။
(၂) The Guan Yin Statue
၃၅၄ ပေထိအောင် မြင့်မားတဲ့ ကွမ်ရင်မယ်တော် ရုပ်တုပါ။ ကမ္ဘာမှာ စတုတ္ထမြောက်အမြင့်ဆုံး ရုပ်တုပါ။ သုံးဘက်မြင် ရုပ် တုပါ၊ မျက်နှာတဖက်ဆီမှာ မတူညီတဲ့ သဏ္ဌာန်တွေ ရှိပါတယ်။ မျက်နှာတခုက ကျွန်းဘက်ကို လှည့်နေပါတယ်၊ ကျန်နှစ် ဖက်ကတော့ တောင်တရုတ်ပင်လက်ဘက်ကို မျက်နှာမူထားတာပါ။
(၃) Emperors Yan and Huang
၃၄၇ ပေထိအောင် အမြင့်ရှိတဲ့ ကမ္ဘာ့ပဉ္စမမြောက်အမြင့်ဆုံး ရုပ်တုပါ။ တရုတ်အလယ်ပိုင်းက ဟီနန်မှာ ရှိပါတယ်။ လူမှုရေး နဲ့စီးပွားရေး အထိမ်းအမှတ်ပွဲတွေကို အဆိုပါ ရုပ်တုနေရာမှာ ကျင်းပလေ့ ရှိပါတယ်။
(၄) The Statue of Liberty
အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ ရှိပါတယ်။ မြေပြင်ကနေ ၃၀၅ပေ မြင့်ပါတယ်။ ပြင်သစ်ကနေ အမေရိကန်ကို လက် ဆောင်ပေးထားတာပါ။ အမျိုးသမီးနတ်ဘုရားတပါးဖြစ်သူ Libertas ကို ပုံဖော်ဖန်တီးထားတာပါ။
ဒီဇိုင်း-ကေ်္မာိုးထိုက်/ ဧရာဝတီ
(၅) Rodina-Mat Zovyot
အမျိုးသမီးတဦးကနေ ဓားကို ဝင့်နေဟန်ရုပ်တုပါ။ ၁၉၆၇ ခုနှစ်ထိအောင် ကမ္ဘာ့အမြင့်ဆုံးရုပ်တု ဖြစ်ခဲ့ပြီး ၂၇၉ပေ မြင့်ပါ တယ်။ ဒီနေ့မှာတော့ ဥရောပမှာ အမြင့်ဆုံး ရုပ်တုဖြစ်ပါတယ်။ တန် ၇၉၀၀ လောက်ထိအောင် အလေးချိန် ရှိပါတယ်။ ကမ္ဘာမှာ အမြင့်ဆုံး အမျိုးသမီးရုပ်တုအဖြစ် ရပ်တည်နေပါသေးတယ်။
(၆) Leshan Giant Buddha
တရုတ်နိုင်ငံ၊ တန်မင်းဆက် လက်ထက်က ဖန်တီးကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ပါ။ မင်ဂျင်း၊ ဒါဒူနဲ့ ကွင်ဂျီမြစ် သုံးခု ပေါင်းဆုံရာ တောင်နံရံကို ထွင်းထုထားတာပါ။ ကမ္ဘာ့အကြီးဆုံး ကျောက်သားဗုဒ္ဓရုပ်ပွားတော် ဖြစ်သလို ယူနက်စကိုရဲ့ရှေး ဟောင်းထိန်းသိမ်းနယ်မြေ သတ်မှတ်ခံထားရပါတယ်။ ၂၃၃ ပေ အမြင့် ရှိပါတယ်။
(၇) The Chaukhtatgyi Buggha
ရန်ကုန်မှာရှိတဲ့ ခြောက်ထပ်ကြီးဘုရား ဖြစ်ပါတယ်။ ၂၁၇ ပေ ထိအောင် အလျား ရှိပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံးစာ ရင်းဝင် လျောင်းတော်မူဘုရားပါ။ ဦးခေါင်းတော်မှာ စိန်ကို ရွှေနဲ့ ကွပ်ပြီး ထည့်သွင်းကိုးကွယ်ထားတယ်လို့ သိရပါတယ်။
(၈) The MotherLand Monument
ယူကရိန်းက ကိဗ်မြို့မှာ ရှိပါတယ်။ ပေ ၂၀ မြင့်ပြီး ဆိုဗီယက်တွေက နာဇီတွေကို စစ်နိုင်ပြီး အမှတ်တရ ဖန်တီးထားတာပါ။ အဆိုပါ မြေနေရာမှာရှိတဲ့ အမြင့်ဆုံးကုန်းပေါ်မှာ ဖန်တီးထားပြီး အဝေးက မြင်နိုင်အောင် ဖန်တီးထားပါတယ်။
(၉) Christ the King Monument
ပိုလန်နိုင်ငံ၊ ဆွစ်ဘိုဇင်မှာ ရှိပါတယ်။ ၁၇၂ပေ မြင့်တဲ့ ရုပ်တုပါ။ မြို့သူ မြို့သားတွေရဲ့ အလှူငွေတွေနဲ့ပဲ ဖန်တီးထားတာပါ။ ထူးခြားချက်က ကျောက်သားရုပ်တုကို ကြေးသရဖူ ဆောင်းပေးထားတာ ဖြစ်ပြီး သရဖူ တခုတည်းနဲ့တင် ၁၀ပေ အမြင့်ရှိ ပါတယ်။
(၁၀) African Renaissance Monument
အမြင့်ပေ ၁၆၀ ရှိပါတယ်။ အတ္တလန်တစ်ပင်လယ်ထဲကနေ လှမ်းမြင်နိုင်အောင် ဖန်တီးထားတာပါ။ အမျိုးသားက လက် ပေါ်မှာ ကလေးငယ်ကို မတင်ထားတယ်၊ အမျိုးသမီးက အမျိုးသား ဘေးမှာ ရပ်နေပြီး မိသားစု ၃ ဦးလုံးက ပင်လယ်ကို ကြည့်နေတဲ့ သဏ္ဌာန်ပါ။ ဒေါ်လာ ၂၇ သန်း အကုန်ကျခံ ဖန်တီးထားတာ ဖြစ်ပါတယ်။
(၁၁) Lord Murugan Statue
မလေးရှားနိုင်ငံ၊ ဆီလန်ဂေါ်အရပ်က ဘာတူလိုဏ်ဂူအနီးမှာ ရှိပါတယ်။ ပေ ၁၄၀မြင့်တဲ့ ရုပ်တု ဖြစ်ပြီး မလေးရှားမှာ အမြင့် ဆုံး ရုပ်တုဖြစ်သလို ကမ္ဘာပေါ်က ဟိန္ဒူရုပ်တုကိုးကွယ်မှု အားလုံးထဲမှာ ဒုတိယအမြင့်ဆုံးပါ။ သံမဏိ တန် ၂၅၀ သုံးပြီး ဖန် တီးထားကာ ရွှေဆေး လီတာ ၃၀၀ သုတ်ထားပါတယ်။
(၁၂) Rock Sculpture of Decebalus
ဒေစီယာ (Dacia)ရဲ့ နောက်ဆုံးဘုရင် Decelalusရဲ့ မျက်နှာကို ကျောက်တောင်မှာ ထွင်းထုထားတာပါ။ ရိုမေးနီးယားနိုင်ငံ၊ Dnaube မြစ်အနီး၊ Iron Gates မှာ ရှိပါတယ်။ ဥရောပမှာ အမြင့်ဆုံး ကျောက်သားရုပ်တု ဖြစ်ပြီး ပေ ၁၃၀ မြင့်ပါတယ်။
ဒီဇိုင်း-ကေ်္မာိုးထိုက်/ ဧရာဝတီ
(၁၃) Genghis Khan Equestrain Statue
နာမည်ကျော် ဘုရင်ဂျစ်ကျစ်ခန်ရဲ့ မြင်းစီးနေဟန် ရုပ်တုပါ။ ပေ ၁၃၀မြင့် ပါတယ်။ Tuul မြစ်အနီး ကမ်းပါးပေါ်မှာ တည်ရှိ ပြီး ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ ၅သန်း အကုန်ခံပြီး ဖန်တီးထားတာပါ။
(၁၄) The Merlion of Sentosa
စင်ကာပူနိုင်ငံ၊ ဆန်တိုစာကျွန်းမှာ ရှိပါတယ်။ ၁၂၁ပေ မြင့်မားတဲ့ ရုပ်တုပါ။ ခငြေ်္သ့ဦးခေါင်း၊ ငါး ခန္ဓာကိုယ်နဲ့ ဖန်တီးထားလို့ ထူးခြား စိတ်ဝင်စားကြတာပါ။ Lion City ကို လည်ပတ်မှုနဲ့အတူ သွားရောက်သူ များပြားလျက် ရှိပါတယ်။
(၁၅) Youth Mao Zedong Statue
အမြင့် ၁၀၅ပေ ခန့် ရှိတဲ့ ဦးခေါင်းတခုတည်းကိုပဲ ပုံဖော်ဖန်တီးထားတဲ့ ရုပ်တုပါ။ တရုတ်ခေါင်းဆောင် မော်စီတုန်းရဲ့အ သက် ၃၂နှစ်က မျက်နှာကို ပုံဖော်ထားတာပါ။ ဒေါ်လာ ၃၅သန်းခန့် အကုန်အကျခံ ဖန်တီးထားတယ်လို့ သိရပါတယ်။
(၁၆) The Christ the Redeemer
ခရစ်ယာန် ဘုရား Jesus Christရဲ့ ရုပ်တုပါ။ ဘရာဇီးက Rio de Janeiro မှာ ရှိပါတယ်။ မြို့ရဲ့ အထက် ပေ ၂၀၀၀ လောက် အမြင့်ရှိတဲ့ တောင်ပေါ်မှာ ဖန်တီးထားလို့ တမြို့လုံးကနေ မြင်နိုင်ပါတယ်။ ရုပ်တု အမြင့်ကတော့ ပေ၁၀၀လောက် ပဲ ရှိတာပါ။
(၁၇) Mansu Hill Grand Monument
ကြေးနဲ့ ဖန်တီးထားတဲ့ မြောက်ကိုရီးယား ရင်ပြင်ထဲမှာရှိတဲ့ ခေါင်းဆောင် ကင်အီးဆောင်နဲ့ ကင်ဂျုံအီးတို့ရဲ့ ရုပ်တုတွေပါ။ အစက ခေါင်းဆောင်ကင်အီးဆောင်ရုပ်တုတခုပဲ ရှိပေမယ့် ၂၀၁၂အရောက်မှာ နောက်ထပ် ကင်ဂျုံအီးရဲ့ရုပ်တု ထပ်မံ ဖန် တီးထည့်သွင်းထားတာပါ။
(၁၈) The Statue of Mevlana Rumi
၁၃ရာစုအတွင်းက ကျော်ကြားတဲ့ မွတ်စလင် ကဗျာဆရာ၊ တရားဟောဆရာ၊ စာချဆရာ တဦးဖြစ်သူ Mevlana Rumiရဲ့ အမှတ်တရ ရုပ်တုပါ။ ၆၆ ပေ အမြင့် ရှိပါတယ်။ Eray Okkan ကနေ ဒီဇိုင်းဆွဲ ဖန်တီးတည်ဆောက်ခဲ့တာပါ။
(၁၉) Statue of Ganesha
ကမ္ဘာ့အကြီးဆုံး Ganesha တွေထဲက တခုပါပဲ။ ဟန္ဒူရဲ့နတ်ဘုရားရုပ်တုတခု ဖြစ်ပြီး ၅၂ပေ မြင့်မားကာ ၇၈ပေ အကျယ် ရှိ ပါတယ်။ ထိုင်းနိုင်ငံ Chachoengaso မှာ ရှိပါတယ်။
(၂၀) Forever Marilyn
တရုတ်ပညာရှင် တဦးက အခုလို ၂၆ပေမြင့်တဲ့ မာရီလင်းအမှတ်တရ ရုပ်တုကို ၂ နှစ်ကြာ ဖန်တီးခဲ့တာပါ။ ၁၉၅၅ ခုနှစ် ထွက် The Seven Year Itch ဇာတ်ကားထဲက နာမည်ကျော်မင်းသမီး မာရီလင်းမွန်ရိုးရဲ့ဇာတ်ဝင်ခန်းတခုထဲက ပုံစံပါ။ အမေရိကန်မှာရော သြစတြေးလျမှာပါ လှည့်လည် ပြသခံခဲ့ရပါတယ်။
Ref: www.wonderslist.com
ဧရာဝတီ - Facebook စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။
မူရင်း - https://burma.irrawaddy.com/lifest…/…/2017/05/13/134733.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။